နအီးမ် ကာစင်မ်
နအီးမ် ကာစင်မ် (အရဘီ : الشيخ نعيم قاسم ) ဆိုသည်မှာ ရှိက်ခ် နအီးမ် ကာစင်မ် ( မွေးဖွား ခရစ်သက္ကရာဇ် ၁၉၅၃ ခုနှစ် အဖြစ် ကျော်ကြားပြီး လက်ဘနွန် ရှိ ဟစ်ဘွလ္လာဟ် အဖွဲ့၏ စတုတ္တ မြောက် အထွေထွေ အတွင်းရေးမှူး ချုပ်ဖြစ် ပါသည်။ ၎င်းသည် အထွေထွေအတွင်းရေးမှူးချုပ် ဆယက်ဒ် အဘာစ် မူစဝီ နှင့် ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် တို့၏ ရာထူးသက်တမ်းအတွင်း ဒုတိယအထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ရှဟီးဒ် ဖြစ် ပြီးနောက် ရှိ ဟစ်ဘွလ္လာဟ် အဖွဲ့၏ စတုတ္တ မြောက် အထွေထွေ အတွင်းရေးမှူး ချုပ် အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ နအီးမ် ကာစင်မ် သည် အမလ်လှုပ်ရှားရေး အဖွဲ့ ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး အေမာမ် မူစာ ဆဒ်ရ် နှင့်အတူ ဟရ်ကသိုလ်မဲဟ်ရူမီးန် အဖွဲ့ ကိုဖွဲ့စည်းရာတွင်ပါဝင်ခဲ့သူဖြစ်ပါ သည်။ သူသည် လက်ဘနွန်တွင် ဟစ်ဘွလ္လာဟ် အဖွဲ့ကို တည်ထောင်သူများ ထဲမှ တစ်ဦး ဖြစ်ပြီး ၁၉၉၁ ခုနှစ်ကတည်းက ဟစ်ဘွလ္လာဟ် ၏ ဒုဥက္ကဋ္ဌဖြစ်ခဲ့ သူ ဖြစ်ပါသည်။
နအီးမ် ကာစင်မ် သည် ဟစ်ဘွလ္လာဟ် ပါလီမန်ကောင်စီ၏ အကြီးအကဲဖြစ်ပြီး လက်ဘနွန်အစိုးရတွင် ဟစ် ဘွလ္လာဟ် နှင့် နီးစပ်သော ၀န်ကြီးများအား ညှိနှိုင်းဆောင်ရွက်ရာတွင်လည်း တာဝန်ရှိသူဖြစ်ပါသည်။ နအီးမ် ကာစင်မ် သည် ဝေလာယသ် ဖကီးဟ် သီအိုရီကို ယုံကြည်ပြီး သူ၏မြောက်မြားစွာသော လက်ရာနှစ်ခုမှာ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံခေါင်းဆောင်များဖြစ်သော အေမာမ် ခိုမေနီ (ရ.ဟ) နှင့် ဆယက်ဒ် အလီခါမေနာအီ တို့အကြောင်းဖြစ်ပါသည်။
အတ္ထုပ္ပတ္တိ
နအီးမ် ကာစင်မ် ကို လက်ဘနွန်တောင်ပိုင်း နဗ်သီယဟ် ပြည်နယ် ရှိ ကဖ်ရ် ဖီးလာ ရွာ တွင် ခရစ် သက္ကရာဇ် ၁၉၅၃ ခုနှစ် ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ [۱] နအီးမ် ကာစင်မ် သည် ပြင်သစ်ဘာသာစကားကို ကျွမ်းကျင်သူဖြစ်ပါ သည်။ နအီးမ် ကာစင်မ် သည် ၁၉၇၀ ခုနှစ်တွင် လက်ဘနွန်တက္ကသိုလ်မှ ဓာတုဗေဒဘွဲ့ကို ရရှိခဲ့ပြီး ဟောင်ဇဝီ ပညာရပ်များ (ဘာသာရေး ပညာရပ်များ ) တွင် ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ဖွဇ်လ္လာဟ် ၏ တပည့် ဖြစ်ပါသည်။ [۲]