ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ်

wikishia မှ

ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် (အရဘီ : السيد حسن نصر الله ) (ခရစ်သက္ကရာဇ် ၁၉၆၀ - ၂၀၂၄ ) သည် လက်ဘနွန်ရှိ ရှီအဟ် ဘာသာရေးဆရာ နှင့် နိုင်ငံရေးသမားဖြစ်ပြီး လက်ဘနွန် ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ တတိယ အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဟစ်ဘွလ္လာဟ် အဖွဲ့ အား တည်ထောင်သူများ မှ တဦးဖြစ်ပါသည်။ ဟစ်ဘွလ္လာဟ် အဖွဲ့ သည် ၎င်း၏ လက်ထက်တွင် ဒေသဆိုင်ရာ ပါဝါဖြစ်လာခဲ့ပါသည်။ ၂၀၀၀ခုနှစ် တွင် လက်ဘနွန်တောင်ပိုင်းကို ဇီယွန်နစ်အစိုးရ သိမ်းပိုက်မှုမှ လွတ်မြောက်ရေး၊ လက်ဘနွန်အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ၂၀၀၄ခုနှစ် တွင် အစ္စရေးလက်မှ တော်လှန်ရေး အာဇာနည်များ၏ ရုပ်အလောင်းများကို ပြန်လည်ရရှိရေးနှင့် ၂၀၀၆ခုနှစ် တွင် ၃၃ရက်ကြာ စစ်ပွဲ၌ အောင်ပွဲတို့သည့် အထွေထွေအတွင်းရေးမှူး ချုပ် နစရိုလ်လ္လာဟ် လက်ထက်တွင် ဖြစ်ပွားခဲ့ပါသည်။ အာရပ်ကမ္ဘာ၏ အကျော်ကြားဆုံးနှင့် သြဇာအရှိဆုံး ခေါင်းဆောင်အဖြစ် အစ္စရေးကို ခုခံတိုက်ခိုက်ပြီး အောင်ပွဲများစွာဖြင့် လူသိများခဲ့ သူဖြစ်ပါ သည်။

နစရိုလ်လ္လာဟ် သည် ဟောင်ဇေအေလ်မီးယေနဂျဖ် နှင့် ဗာလဗက် ရှိ မဒ်ရ်စဟ် အေမာမ် အလ်မွန်သဇရ် တွင် သာသနာ့ ပညာရပ်များကို ဆည်းပူးခဲ့ပါသည်။ နစရိုလ်လ္လာဟ် သည် ဆယက်ဒ် အဘာစ် မူစဝီ၏ တပည့်များ မှ တစ်ဦး ဖြစ်ပြီး ကွမ်းမြို့ တွင် ဆယက်ဒ် မဲမူဒ် ဟာရှင်းမ်မီ ၊ ဆယက်ဒ် ကာဇင်းမ် ဟာအေရီ နှင့် မုဟမ္မဒ် ဖွာဒွေလ်လန်ကရာနီ တို့၏ မွတ်ဂျ်သဟစ်ဒ် အတန်းများတွင် တက်၍ ပညာသင်ကြားခဲ့ပါသည်။


အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ