ဆဖရ်လ ၁၀ရက်

wikishia မှ
ဆဖရ်လ ၂၀ ရက် အရ်ဗအီးန် မြင်ကွင်း၊ ကရ်ဗလာ

ဆဖရ်လ ၁၀ရက် (သို့မဟုတ်) ဆဖရ်လ ၏နောက်ဆုံး ၁၀ ရက် (အရဘီ: عشرة صفر أو العشرة الأخيرة من صفر) ဆိုသည်မှာ ဆဖရ်လ ရက် ၂၀ ရက်နေ့ မှ ဆဖရ်လ နောက်ဆုံးနေ့ အထိ ဖြစ်ပါသည်။အရ်ဗအီးန် ရှိုဟဒါ ယေကရ်ဗလာ ၊ တမန်တော်မြတ်ကြီး (ဆွ) ၏ ဝဖါးသ်ဖြစ်တော်မူသည့် နေ့ ၊ အေမာမ် ဟစန် (အ.စ) နှင့် အေမာမ် ရေဇာ (အ.စ) တို့၏ ရှဟာဒသ် နေ့ တို့သည် ဤ ၁၀ ရက် တွင် ဖြစ်ပွားခဲ့ပါသည်။ရှီအဟ် များသည် ဤ ၁၀ ရက်အား ဝမ်းနည်း ပူဆွေး ပြီး အဇါဒါရီများ ပြုလုပ်ကြပါသည်။

ဆဖရ်လ၏ ၂၀ ရက်သည် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် အခြားကရ်ဗလာ ရှိ ရှိုဟာဒါ (အာဇာနည် များ ) ရှဟာဒသ် ခံယူခဲ့ သည့် ရက် ၄၀‌ ပြည့်နေ့ ဖြစ်ပါသည်။(1) ထိုနည်းတူစွာ ဆဖရ်လ ၂၈ ရက်နေ့ သည် တမန်တော်မြတ် (ဆွ) ဝဖါးသ် ဖြစ်တော်မူသည့် နေ့ (2) နှင့် အေမာမ် ဟစန်(အ.စ) ၏ရှဟာဒသ်ဖြစ်တော်မူ သည့်နေ့ ဖြစ်ပါသည်။(3) ဆဖရ်လ နောက်ဆုံးရက် နေ့ သည် အေမာမ် ရေဇာ (အ.စ) ၏ ရှဟာဒသ်နေ့ (4) ဖြစ်ပါသည်။

ဆဖရ်လ ၁၀ ရက် ၏ ပထမဆုံးနေ့ (ဆဖရ်လ ၂၀ရက်နေ့) သည် အရ်ဗအီးန် နေ့ အဖြစ် နာမည် ကျော်ကြားခဲ့ပါသည်။(5) ရှီအဟ် ရီဝါယသ်များ အရ ဤ ဆဖရ်လ ၂၀ ရက်နေ့ တွင် ဇေယာရသ် အရ်ဗအီးန် ဖတ်ရန် တိုက်တွန်းလာရှိပါသည်။(6) ဤအခါသမယတွင် အရ်ဗအီးန် ‌ခြေလျင်လျှောက် အစီအစဥ် ကို ကျင်းပပြီး ဒေသအသီးသီးမှ ရှီအဟ်များ သည် အရ်ဗအီးန် နေ့တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ (ကဗဲရ်တော်) အား ဇေယာရသ် ပြု ကြရန် ကရ်ဗလာ သို့ သွားကြပါသည်။(7)

အီရန်နိုင်ငံ တွင် ဤ ဆဖရ်လ ၁၀ ရက်အား မုဟော်ရမ် ၁၀ ရက် အတိုင်း အဇါဒါရီများ နှင့် ဝမ်းနည်းဖွယ် မဂျ်လစ်များ ပြုလုပ်ကြပါသည်။

ဆက်နွယ်နေသည့် ဆောင်းပါးများ

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ