စူရဟ်အဲဟ်ဇါဗ် ၏ အာယသ်တော် အမှတ် ၂၃
စူရဟ်အဲဟ်ဇါဗ် ၏ အာယသ်တော် အမှတ် ၂၃ သည် မိုအ်မင်များ အကြောင်းဖြစ်ပါသည်။ အလ္လာဟ် ဟို အရှင်မြတ် နှင့် ၎င်းတို့၏ ပဋိညာဉ်ကို စောင့်ထိန်း ခဲ့ကြသူများ ဖြစ်ပါသည်။ ၎င်းတို့ မှ အချို့မှာ ရှဟာဒသ် ဖြစ်သွားကြပြီး ဖြစ်ပြီး အချို့မှာ ရှဟာဒသ် ခံယူရန် စောင့်မျှော်နေကြဆဲဖြစ်ပါသည်။ အလာမဟ် သွဗာသွဗာရီ မှ ထိုပဋိညာဉ်၏ အဓိပ္ပါယ်မှာ ရန်သူနှင့် ရင်ဆိုင်ရသောအခါ ထွက်မပြေးဘဲ တမန်တော်မြတ် (ဆွ)၏ ဘက်မှ ရပ်တည်ပြီး ရင်ဆိုင်ခြင်း ဖြစ်ကြောင်း ဆိုထားပါသည်။
ဤအာယသ်တော် အတွက် အမျိုးမျိုးသော ရှာနေနိုဇူလ် များကို ဖော်ပြထားပါသည်။ သဖ်စီးရ် မန်ဟဂျွတ်ဆ် ဆွာဒေကီးန် ၏အဆိုအရ ဟဒီးစ် မိုဖစေရ် အများစု နှင့် ဟဒီးစ် ပါရဂူအများစု သည် ဤ အာယသ် တော် သည် အေမာမ် အလီ (အ.စ) ၊ ဟမ်ဇဟ် ဘင်န် အဗ်ဒိုလ်မိုသွလစ်ဗ် ၊ ဂျအ်ဖရ် ဘင်န် အဘီ သွာလစ်ဗ် နှင့် အိုဗိုင်းဒဟ် ဘင်န် ဟာရေစ် အတွက် ကျရောက်လာသည်ဟု ဆိုထားပါသည်။ ဤအကြောင်း အရာနှင့် ပတ်သက်၍ အေမာမ် အလီ (အ.စ) မှ ရီဝါယသ် တစ်ခု ဆင့်ပြန် လာရှိပါသည်။ စွန်နီ သဖ်စီးရ် ကျမ်းရင်း မြစ်များတွင်လည်း ဤ အာယသ်တော် ၏ ရှာနေနိုဇူလ် မှာ ဆွဟာဗဟ်များ မှ တစ်ပါး ဖြစ်သည့် အနစ် ဘင်န် နဇ်ရ် အတွက် ဖြစ်သည်ဟု ဆိုထားပါသည်။
ရှီအဟ် သဖ်စီးရ်ကျမ်း တွင် «مَنْ قَضى نَحْبَه» အဓိပ္ပာယ် ရှဟာဒသ် ခံယူသွားသူများ ဆိုသည်မှာ ဟမ်ဇဟ် နှင့် ဂျအ်ဖရ် ဘင်န် အဘီ သွာလစ်ဗ် တို့ ဖြစ်ကြပြီး ရှဟာဒသ် ကို စောင့်မျှော်နေသူများ ဆိုသည် မှာ အလီ (အ.စ) ဖြစ်ကြောင်း ဆိုထားပါသည်။ အဲဟ်လေ့စွန္နသ် ၏ ကျမ်းရင်းမြစ်များတွင်လည်း ဟမ်ဇဟ် နှင့် ဗဒဲရ် နှင့် အိုဟွတ်ဒ် စစ်ပွဲများတွင် ရှဟီးဒ် ဖြစ်ခဲ့သူများကို «مَنْ قَضى نَحْبَه» အဓိပ္ပာယ် ရှဟာဒသ် ခံယူသွားသူများ ၏ နမူနာများ ဖြစ်ကြောင်း ဆိုထားပါသည်။ နစေရ် မကာရေမ်မိုရှီရာဇီး ၏အဆိုအရ သဖ်စီးရ်ကျမ်းများ အကြား ဤအာယသ် တော် အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် ဥပမာများအကြား ဆန့်ကျင် မှု မရှိကြပါ။ အဘယ် ကြောင့်ဆို သော် အာယသ်တော်၏ ဆိုလိုသည့်အဓိပ္ပာယ် မှာ ကျယ်ပြန့်သည့် အတွက်ကြောင့် ရှဟီးဒ်(ခ) အာဇာနည်များ အားလုံးနှင့် ရှဟာဒသ် ကို အာဇာနည် ဖြစ်မှု ကို စောင့်မျှော်နေသူများအားလုံး ပါဝင် သောကြောင့်ဖြစ်ပါသည်။
ဤအာယသ်တော် သည် ရှဟီးဒ်များ (ခ) အာဇာနည်များ နှင့် ပတ်သက်၍ တွင်ကျယ်စွာ အသုံးပြုပါသည်။ ဥပမာအားဖြင့် အေမာမ် ဟိုစိုင်းန် (အ.စ) သည် မွတ်စလင်မ် ဘင်န် အောင်စဂျဟ် နှင့် မွတ်စလင်မ် ဘင်န် အကီးလ် တို့ ရှဟီးဒ် ဖြစ်ပြီးနောက် ဤအာယသ်တော် အား သေလာဝသ် ပြုခဲ့ပါသည်။ ထိုနည်းတူစွာ အာဇာနည် များ နှင့် ပတ်သက်သော ဝမ်းနည်းကြောင်း စာတိုများတွင်လည်း အသုံးပြုခဲ့ကြပါသည်။