မာတိကာသို့ ခုန်သွားရန်

စူရဟ်ဘကရဟ် ၏ အာယသ်တော် အမှတ် ၂၁၆

wikishia မှ

စူရဟ်ဘကရဟ် ၏ အာယသ်တော် အမှတ် ၂၁၆ သည် မွတ်စလင်များအပေါ် ဂျေဟာဒ် ၏ ဝိုဂျူဗ် (တာဝန်ဝတ္တရား ) အကြောင်း ပြောထားခြင်းဖြစ်ပါသည်။သဖ်စီးရ်ပညာရှင်များ က ဤအာယသ်တော် ၌ ဝိုဂျူဗ် ဗေ ဂျေဟာဒ် ၏ ဆိုလိုချက် မှာ ဝါဂျစ်ဗ်ဗေ ကေဖာရီ ဖြစ်ကြောင်း ဆိုထားကြပါတယ်။ သဖ်စီးရ် ပညာရှင်များ ၏ အမြင်တွင် ဤအာယသ်တော် သည် သိရှိနားလည်း မှု အားနည်း ၍ မနုဿ လူသားအနေဖြင့် အချို့လုပ်ရပ်များ ကို မိမိ အတွက် မနှစ်သက်ကြချေ။အမှန်တကယ် ထိုလုပ်ရပ်များသည် ၎င်း အတွက် ကောင်းခြင်း နှင့် မတ်ဆ်လဟသ် ဖြစ်ပါသည်။ ဤအခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး အချို့သောလုပ်ရပ် များကို နှစ်သက်သော်လည်း လက်တွေ့တွင်မူ ထိုလုပ်ရပ် များသည် သူ့အတွက် မကောင်းသည့် လုပ်ရပ် များ ဖြစ်နေပါသည်။ ဤအာယသ်တော် ပါ အကြောင်းအရာများကို အခြေခံ၍ ဂျေဟာဒ် သည် မွတ်စလင်မ်များအတွက် ခက်ခဲပြီး မနှစ်မြို့ဖွယ်ဖြစ်လင့်ကစား စစ်ပွဲ၏ သဘာဝအခက်အခဲများအတွက် အစားထိုးပေးမည့် ရလဒ် များ ကို ရရှိ စေမည်ဟု သဖ်စီးရ် ပညာရှင်များကဆိုထားပါသည်။ ဤအာယသ်တော် ၏ နောက်ထပ် အဓိပ္ပာယ် ဖွင့်ဆို ချက်မှာ ၎င်း၏ကန့်သတ်ချက်များကြောင့် လူ့အသိပညာသည် လူ့ဘဝအစီအစဉ်ကို ဆုံးဖြတ်ရန် မလုံ လောက်ဘဲ နှစ်လိုဖွယ်မရှိဖြစ်ပေသည်။ ဤအတွက်ကြောင့် မနုဿ လူသားသည် အလ္လာဟ် ဟို အရှင်မြတ် ၏ အကန့်အသတ်မရှိသောအသိပညာကို အားကိုးရမည်ဖြစ်ပါသည်။

မွတ်စလင်မ်များ အပေါ် ဂျေဟာဒ် ၏တာဝန် ဝတ္တရား မှာ ကေဖာရီ ဖြစ်

စူရဟ်ဘကရဟ် ၏ အာယသ်တော် အမှတ် ၂၁၆ သည် ဂျေဟာဒ် အကြောင်း ဖြစ်ပါသည်။ပြီးနောက် မွတ်စလင် များအပေါ် ဂျေဟာဒ် ၏ ဝိုဂျူဗ် (တာဝန်ဝတ္တရား ) ကေဖာရီ ဖြစ်ကြောင်း ပြောထားခြင်း ဖြစ်ပါ သည်။ [1]ဒအာအေမိုလ်အစ္စလာမ် စာအုပ် တွင် ဂျေဟာဒ် သည် မွတ်စလင်မ်များ အပေါ် ဝါဂျစ်ဗ်ဗေ ကေဖာရီ ကြောင်း အေမာမ် အလီ (အ.စ) ထံ မှဆင့်ပြန်လာရှိထားသည့်ရီဝါယသ် တစ်ခုအား ဖော်ပြထားပါသည်။ [2] ရှီအဟ် သဖ်စီးရ် ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် နစေရ် မကာရေမ်မိုရှီရာဇီး မှ ဤအာယသ်တော် သည် စူရဟ် ဘကရဟ် ၏ အာယသ်တော် အမှတ် ၂၁၅ လာ အလ္လာဟ် ဟို အရှင်မြတ် ၏လမ်း ၌ စည်းစိမ်ဥစ္စာကို လှူဒါန်း ခြင်း နောက်ဆက်တွဲ အဖြစ် အလ္လာဟ် ဟို အရှင်မြတ် ၏ လမ်းတွင် အသက်စတေး ခြင်း ကို တိုက်တွန်း ထား ကြောင်း လာရှိ ခြင်း ဖြစ်ပါသည်။ [3]သဖ်စီးရ် အန်ဝါရ် ဒရတ်ခ်ရှာန်း ၏အဆိုအရ ဤအာယသ် သည် စစ်ပွဲ ၏ အခက်အခဲများ ကြောင့် ဂျေဟာဒ် အမိန့်ကို ဆန့်ကျင်နေသော မွတ်စလင်မ် များအား ပြစ်တင်ဆုံးမသော်လည်း အလ္လာဟ်အရှင်မြတ်၏ ဤအမိန့်တော်သည် အစ္စလာမ့် လူ့အဖွဲ့အစည်း အကျိုးအတွက်ညနှင့် အစ္စလာမ်သာသနာပြန့်ပွားရေးလမ်းစဉ်တွင် အတားအဆီးများကို ဖယ်ရှားပေးခဲ့ သည့် အချက် ကို သတိမမူမိကြခြင်း ဖြစ်ပါသည်။ [4]

ထို့အပြင် သဖ်စီးရ် ပညာရှင် များအဆိုအရ စူရဟ်ဘကရဟ် ၏ အာယသ်တော် အမှတ် ၂၁၆ တွင် လူသား သည် အလ္လာဟ် ဟို အရှင်မြတ် လမ်းတော်၌ ဂျေဟာဒ် ကဲ့သို့သော ဘဝဖြစ်ရပ်မှန်များကို မသိခြင်းကြောင့် ၎င်း တို့အား မှားယွင်းစွာ ပိုင်းခြားစိတ်ဖြာသည်ဟူသောအချက်ကို အလေးပေးဖော်ပြထားပါသည်။ ထို အကြောင်း ကြောင့် မကောင်းသောအရာသည် မိမိအတွက် ကောင်းသည်ဟု မှတ်ယူကာ ဆန့်ကျင်ဘက် အားဖြင့် ကောင်းသောအရာ သည် မိမိအတွက် မကောင်းဟု ရှုကြလေ ၏။ [5]ရှီအဟ် သဖ်စီးရ် ပညာရှင် တစ်ပါး ဖြစ်သည့် ဖွဇ်လ် ဘင်န် ဟစန် သွဗရစီ ၏ အဆိုအရ ဤအာယသ်တော် ၏ အသွာအ် ဘင်န် အဘီ ရေယာဟ် မှ အပ ဤအာယသ် တော် လာ ဝိုဂျူဗ် ဗေ ဂျေဟာဒ် အား ဆွဟာဗဟ် များ အတွက် သီးသန့် ဖြစ်ကြောင်း ဆိုထားပါသည်။ ကျန် သဖ်စီးရ် ပညာရှင်များ သည် ဤအာယသ်တော် သည် မွတ်စလင်မ်များ အားလုံး ဆိုလိုထာကြောင်း အစ်ဂျ်မအ် (ခ) တညီတညွတ် တည်း အဖြစ် ဆိုထားပါသည်။ [6]

كُتِبَ عَلَيْكُمُ ٱلْقِتَالُ وَهُوَ كُرْهٌ لَّكُمْ ۖ وَعَسَىٰٓ أَن تَكْرَهُوا۟ شَيْـًٔا وَهُوَ خَيْرٌ لَّكُمْ ۖ وَعَسَىٰٓ أَن تُحِبُّوا۟ شَيْـًٔا وَهُوَ شَرٌّ لَّكُمْ ۗ وَٱللَّهُ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ


(အဓိပ္ပာယ် - အသင်တို့ပေါ် စစ်တိုက်ခြင်းကို ထိုစစ်တိုက်ခြင်းသည် အသင်တို့အတွက် မနှစ်မြို့ ဖွယ်ရာဖြစ် ပါလျက် ဝါဂျစ်ဗ် (မဖြစ်မနေထမ်းဆောင်ရန် )အဖြစ်ပြဋ္ဌာန်းထားခဲ့ပါ သည်။ ထို့ပြင် အသင်တို့သည် တစ်စုံ တစ်ရာ ကို ထိုအရာသည် အသင်တို့အတွက် အကောင်းဖြစ်နေပါလျက်နှင့် စက်ဆုပ်ရွံရှာကြသည်လည်း ဖြစ်နိုင်ပါသည်။ ထို့ပြင် အသင်တို့သည် တစ်စုံတစ်ရာကို ထိုအရာသည် အသင်တို့အတွက် အဆိုးဖြစ်နေပါ လျက်နှင့် နှစ်သက်ကြသည်လည်း ဖြစ်နိုင်ပါ သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သာ (အကြွင်းမဲ့ ) သိရှိ တော်မူပါ သည်။ အသင်တို့မှာမူ သိနားလည်ခြင်းမရှိကြချေ။)



စူရဟ် ဘကရဟ် ၏ အာယသ်တော် အမှတ် ၂၁၆


စစ်ပွဲသည် မွတ်စလင်မ် များအတွက် အဘယ်ကြောင့် အဆင်မပြေဖြစ်ရပါသနည်း?

အလာမဟ် သွဗာသွဗာရီ ၊ ဂျဝါဒ်ဒီ အာမိုလီ နှင့် ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ဖဇ်လွလ္လာဟ် ကဲ့သို့သော မှသဖ်စီးရ် ပညာရှင် များသည် မွတ်စလင်မ် များသည် စစ်ပွဲ ၏ ကြမ်းတမ်းသော သဘောသဘာဝကြောင့် စစ်ပွဲကို မကြိုက်ကြောင်း လက်ခံယုံကြည်ကြပါသည်။ ထို့ကြောင့် ၎င်းတို့သည်အလ္လာဟ် ဟို အရှင်မြတ် ၏ နှစ်မြို့ မှု ရစေရန် ဂျေဟာဒ် ကိုသာ လက်ခံကြပါသည်။ [7] အခြားတစ်ဖက်တွင် မိုဟမ္မဒ် ဂျဝါဒ် မွတ်ဂ်နီ ယေဟ် ၏ အဆိုအရ တမန်တော်မြတ် (ဆွ) ၏ ဆွဟာဗဟ် တော် များ ၏ အပြုအမူကို လေ့လာကြည့် မည်ဆိုလျင် ဂျေဟာဒ် သည် ၎င်းတို့အတွက် ခက်ခဲခြင်း သို့မဟုတ် မနှစ်မြို့ဖွယ် မဟုတ်ကြောင်း တစ်နည်းအားဖြင့် ဂျေဟာဒ် ကို ပြုလုပ်ရန် စိတ်အားထက်သန်နေကြောင်း စစ်ပွဲမှာ ရှဟီးဒ် မဖြစ်ခဲ့လျင် သူတို့ကိုယ်သူတို့ အရှုံးသမားလို့ ယူဆကြကြောင်း ကျွန်ုပ်တို့ တွေ့မြင်ရမည် ဖြစ်ပါသည်။ မိုဟမ္မဒ် ဂျဝါဒ် မွတ်ဂ်နီယေဟ် ၏ အဆိုအရ စစ်ပွဲကို မွတ်စလင်မ်များ မကြိုက်ရခြင်းမှာ စစ်ပွဲ ၏ ကြမ်းတမ်းသော သဘောသဘာဝကြောင့်မဟုတ်ဘဲ မွတ်စလင်မ် တို့သည် ကာဖေရ် များ နှင့်ယှဥ် လျှင် လူအရေအတွက် နည်းခြင်း နှင့် ပစ္စည်းကိရိယာ ချို့တဲ့မှု ကြောင့် ဆုံးရှုံးနိုင်ခြေ ပိုများလာသည်ဟု ခံယူကြသည့် အတွက်ကြောင့် ဖြစ်ပါ သည်။ [8]

စိတ်ဆန္ဒ အပေါ် အခြေခံ၍ လူ့အသိပညာ နှင့် လုပ်ဆောင်ချက်

သဖ်စီးရ်ကုရ်အာန် မဲဟ်ရ် ကျမ်း တွင် မိုဟမ္မဒ်အလီ ရေဇာရီ အစ္စဖဟန်နီ အိစ်ဖာဟာနီ မှ စူရဟ်ဘကရဟ် ၏ အာယသ်တော် အမှတ် ၂၁၆ ၏ အလယ် နှစ်ကြောင်း ဖြစ်သည့် « ထို့ပြင် အသင်တို့သည် တစ်စုံ တစ်ရာ ကို ထိုအရာသည် အသင်တို့အတွက် အကောင်းဖြစ်နေပါလျက်နှင့် စက်ဆုပ်ရွံရှာကြသည်လည်း ဖြစ်နိုင်ပါသည်။ ထို့ပြင် အသင်တို့သည် တစ်စုံတစ်ရာကို ထိုအရာသည် အသင်တို့အတွက် အဆိုးဖြစ်နေပါ လျက်နှင့် နှစ်သက်ကြသည်လည်း ဖြစ်နိုင်ပါ သည်။  » ဟု ဆိုထားရာ လူသားများသည် များသောအားဖြင့် မိမိ တို့၏ အသိပညာနှင့် လုပ်ရပ် ၏ အခြေအမြစ် ကို မိမိတို့၏ စိတ်ဆန္ဒများ အရ ထားကြပါသည်။ ဤအတွက် ကြောင့် ဤအာယသ်တော် အရ ဤနည်းလမ်းသည် မမှန်ကန်ကြောင်း ‌ရေးသားထားပါသည်။ မိုဟမ္မဒ်အလီ ရေဇာရီ အစ္စဖဟန်နီ အိစ်ဖာဟာနီ ၏ အဆို အရ မနုဿလူသားသည် မိမိ အတွက် အမှန်တကယ် ဆိုးကျိုးဖြစ်စေ သည့် အရာများ ကို အလွန် နှစ်သက်ကြပါသည်။ ပမာအားဖြင့် ပျင်းရိခြင်း ၊ စည်းစိမ်ကိုလိုက်စားခြင်း၊ ဟရာမ် (တားမြစ် ) ထား သောအစားအစာများကို စားသုံးခြင်း နှင့် အပြစ်များကို ကျူးလွန် ခြင်း တို့ ဖြစ်ပါသည်။ အခြားတစ်ဖက် တွင် မနုဿ လူသားသည် မိမိအတွက် အကျိုးဖြစ်စေသည့် ကောင်းသည့် အရာများ ကို မနှစ်သက် ကြချေ။ ပမာအားဖြင့် လူနာကို ကုသဖို့ ဆရာဝန်က ညွှန်ကြားထားတဲ့ ခါးသက်ပြီး မနှစ်မြို့ဖွယ် ဆေးဝါး တစ်ခုလိုပဲဖြစ်ပါသည် ။ [9] သဖ်စီးရ် ရာဟ်နိုမာ တွင် အကောင်းနှင့်အဆိုးအတွက်စံနှုန်းသည် လူသား၏ ပျော်ရွှင်မှု သို့မဟုတ် နာကျင်မှုမဟုတ်ကြောင်းနှင့် လူ့စိတ်ခံစားမှုများသည် အလ္လာဟ် ဟို အရှင်မြတ် ၏ပညတ်တော်များကို ဆောက်ရွက် ခြင်း သို့မဟုတ် မဆောင်ရွက်ခြင်း အတွက် တားဆီးခြင်း မပြုသင့်ဟုလည်း ဖော်ပြထားပါသည်။ [10]

အကျိုးကျေးဇူးများနှင့် အန္တရာယ်များနှင့်ပတ်သက်ပြီး အလ္လာဟ် ၏ ပညာ အပေါ် ယုံကြည်ခြင်း

ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ဖဇ်လွလ္လာဟ် သည် စူရဟ်ဘကရဟ် ၏ အာယသ်တော် အမှတ် ၂၁၆ ကို ကိုးကားပြီး မိုအ်မင်န် အီမာန် ယုံကြည်သူသည် မလွဲမသွေ အလ္လာဟ် ဟို အရှင်မြတ် ၏ ပညတ်တော်များကို ယုံကြည်ရမည်ဖြစ်ကြောင်း အကြောင်းမှာ အလ္လာဟ် ဟို အရှင်မြတ် သည် အရာခပ်သိမ်း၏ လျှို့ဝှက်နက် နဲဆုံး အရာများနှင့် ဥပဒေပြုချက်များ ကို အကြွင်းမဲ့ သိရှိ တော်မူသည့် ပညာ ကို အခြေခံထားသောကြောင့် ဖြစ်ကြောင်း ဆိုထားပါသည်။ ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ဖဇ်လွလ္လာဟ် ၏ ခံယူချက်အရ အလ္လာဟ် ဟို အရှင်မြတ် ၏ ဥပဒေသများ ကို သက်ဝင်ယုံကြည်သူ မိုအ်မင် ၏ ယုံကြည်မှုသည် လူသားထံ မှ အကောင်းကို ဆွဲဆောင်ပြီး မကောင်းမှုကို တွန်းလှန်ပေးလိမ့်မည် ဖြစ်ကြောင်း ဖြစ်ပါသည် ။ [11] နစေရ် မကာရေမ် မိုရှီရာဇီး မှ မနုဿ လူသားများသည် မိမိ တို့၏ ကံကြမ္မာကို မိမိ တို့၏ အကန့်အသတ်ရှိသော အသိပညာနှင့် နားလည်မှုနှင့် ချိတ်ဆက်ခြင်းမပြုသင့်ကြောင်း၊ အထူးသဖြင့် အလ္လာဟ် ဟို အရှင်မြတ် ၏ ဥပဒေပြုရေး ဆိုင်ရာ ဥပဒေများတွင်၊ အလ္လာဟ်ဟို အရှင်မြတ်၏ အကန့်အသတ်မရှိသောအသိပညာနှင့် မိမိကို ချိတ်ဆက် ဖို့ ကြိုးစားရန် မပြုရန် အရေးကြီးလိုအပ်ကြောင်း ဆိုထားပါသည်။ [12] အချို့ သဖ်စီးရ် ပညာရှင်များ အနေဖြင့်လည်း မနုဿ လူသား ၏ အကန့်အသတ် ရှိသည့် ပညာအား အလ္လာဟ်ဟို အရှင်မြတ် ၏ ဥပဒေသများ ၏ ရှေ့ တွင် အာရုံစိုက်ခြင်း သည် ကျိုးနွံမှု ၊နှိမ့်ချမှု တို့အား ခိုင်မာစေ သည့် အကြောင်းခံ ဖြစ် ကြောင်း ဆိုထားပါသည်။ [13]

ရှိက်ခ် သူစီ အနေဖြင့် အဆိုပါ အာယသ်တော် ၏ နောက်ဆုံး အစိတ်အပိုင်း ဖြစ်သည့် «والله یعلم و انتم لا تعلمون» ရှင်းလင်းတင်ပြရင်း ဤအာယသ် သည် ဂျဗ်ရ် ဝါဒါကို လက်ခံသူများ ၏ အမြင် ကို ကန့်ကွက်ကြောင်း အကြောင်း မှာ အလ္လာဟ် ဟို အရှင်မြတ် သည် ဂျေဟာဒ် တွင် ရှိနေသည် မဆ်လဟသ်များ အကျိုး ကျေးဇူးများ ကို အခြေပြု၍ မွတ်စလင်မ်များ| အား ဂျေဟာဒ် ပြုရန် အမိန့်ပေးတော် သည့် အတွက်ဖြစ် ကြောင်း ဆိုထားပါသည်။ [14] ဟာရှေမီ ရဖ် ဇာန်ဂျာနီ ၏ အမြင်အရ ဤအာယသ်တော် မှ မီးမောင်းထိုးပြ နေသည် မှာ ဥပဒေပြဋ္ဌာန်းသူ သည် မလွဲမသွေ စစ်မှန်သည့် မဆ်လဟသ်များ နှင့် စစ်မှန် သည့် အကျင့် ပျက်ခြစား မှုများကို သိရမည် ဖြစ် ကြောင်း ထိုမှသာ အပြင်ပိုင်းဆိုင်ရာ တင့်တယ် မှုသို့မဟုတ် မမှန်ကန်သည့် လူမှုရေး အမူအကျင့်များ ၏ ဖြားယောင်း လှည့်ဖြားမှုကို မခံနိုင်ရန် ဖြစ်ကြောင်း ဖြစ်ပါသည်။ [15]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ