စလ်မာန်နိုမင်န်နာအဲဟ်လေ့ဘိုက်(သ)
စလ်မာန်နိုမင်န်နာအဲဟ်လေ့ဘိုက်(သ) (အရဘီ : سَلْمانُ مِنّا أهلَ البيت ) ဆိုသည်မှာ အဓိပ္ပာယ် မှာ « စလ်မာန် သည် ကျွန်ုပ်တို့ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဖြစ်ချေသည်။ » ဖြစ်ပါသည်။ ကျော်ကြားသည့် ဟဒီးစ်တော် တစ်ပါး ဖြစ်ပါသည်။ မိုသဝါသရ် ဟဒီးစ် တော် နှင့် ဆဟီးဟ်ဟွစ်စနဒ် ဟဒီးစ်တော် ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွ) ထံတော် မှ ဆင့်ပြန်လာ ရှိပြီး စလ်မာန် ဖွာရစီ ၏ ကြီးကျယ် မြင့်မြတ် မှု နှင့် အဆင့်အတန်း အကြောင်းကို တင်ပြနေသည့် ဟဒီးစ်တော် ဖြစ်ပါသည်။ အချို့သော ရှီအဟ် အေမာမ် များဖြစ်သည့် အေမာမ် အလီ (အ.စ) ၊ အေမမ် စဂျာဒ် (အ.စ) နှင့် အေမာမ် ဘာကဲရ် (အ.စ) တို့သည်လည်း ဤဟဒီးစ် တော်အား တိုက်ရိုက် သို့မဟုတ် ရစူလွလ္လာဟ် (ဆွ) ထံမှ ကိုးကား၍ မိန့်ကြားထား ခဲ့ကြပါသည်။
အဟ်ဇာဗ် စစ်ပွဲ တွင် ကတုတ်ကျင်းတူးခြင်း နှင့် အုမရ်ဘင်န် ခသွာဗ် မှ အာရပ်မဟုတ်သူဖြစ်ခြင်းကြောင့် စလ်မာန် ဖွာရစီ ကို ကဲ့ရဲ့ခြင်း ကဲ့သို့သော အဖြစ်အပျက်များကြောင့် တမန်တော်မြတ် (ဆွ) ဘက် မှ ဤဟဒီးစ်တော် မိန့်ကြားခဲ့ကြောင်း တင်ပြချက် လာရှိရပါသည်။
ရှိက်ခ် ဆူဒူက် ၊ ရှိက်ခ်သူစီ နှင့် ရှိက်ခ် မိုဖီးဒ် ကဲ့သို့ အချို့ ရှီအဟ် အိုလမာ နှင့် အစ်ဗ်နေ စအ်ဒ် နှင့် အစ်ဗ်နေဟရှာမ်း ကဲ့သိူ့ စွန်နီ အိုလမာ တို့သည် မိမိတို့၏ ကျမ်းများ တွင် ဤ ဟဒီးစ်တော် အား ဆင့်ပြန် ထားကြပါသည်။
ရစူလွလ္လာဟ် (ဆွ) ၏ ဟဒီးစ်တော် « စလ်မာန်နို မင်န်နာ အဲဟ်လေ့ဘိုက်(သ) » ၏ ဆိုလိုသည် အဓိပ္ပာယ် မှာ စလမာန် သည် ကျွန်ုပ်တို့၏ သာသနာ ပေါ်တွင် ရှိသည်ဟု ဖြစ်ကြောင်း အချို့ ပညာရှင်များ ကဆိုထား ကြပါသည်။ အချို့ ပညာရှင်များ က ဤ ဟဒီးစ်တော် အား ဟဇရသ် စလ်မာန် ၏ ယုံကြည်ချက်၊ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တတို့ သည် တမန်တော်မြတ် (ဆွ) နှင့် နီးစပ်ကြောင်း ၎င်း၏ အဆင့် အတန်း ကို ဖော်ပြနေခြင်းဖြစ်ကြောင်း ဆိုထားကြပါသည်။
ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ်တွင် မိုဟမ္မဒ် အလီ အက်စ်ဘရ် မှ « စလ်မာန်နို မင်န်နာ အဲဟ်လေ့ဘိုက်(သ) » ဆိုသည့် ခေါင်းစဥ် ဖြင့် စာအုပ် တစ်အုပ် အားရေးသား၍ ဘေရွတ် မြို့ တွင် ထုတ်ဝေခဲ့ပါသည်။ ဤ စာအုပ် တွင် စလ်မာန် ဖွာရစီ ၏ ဘဝသမိုင်း နှင့် အခြေအနေများ အကြောင်း ပြီး ဤ ဟဒီးစ်တော် « စလ်မာန်နို မင်န်နာ အဲဟ်လေ့ဘိုက်(သ) » အကြောင်း ရေးသားထားပါသည်။
အဓိပ္ပာယ် ဖွင့်ဆိုချက် နှင့် ၎င်း ၏ အရေးပါမှု
« စလ်မာန်နိုမင်န်နာအဲဟ်လေ့ဘိုက်(သ) ၊ စလ်မာန် သည် ကျွန်ုပ်တို့ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဖြစ်ချေ သည်။ » ဟဒီးစ်တော် သည် ရှီအဟ် သုတေသီများ ၏ အဆိုအရ တမန်တော်မြတ် (ဆွ) မှ ပထမဆုံး အကြိမ် မိန့်ကြားတော် မူခဲ့သည့် ဟဒီးစ်တော် ဖြစ်ပါသည်။ [1] ဟဒီးစ် ရင်းမြစ်များအပေါ် အခြေခံ၍ အချို့သော ရှီအဟ် အေမာမ် များသည် ဤ ဟဒီးစ်တော် အား တိုက်ရိုက် သို့မဟုတ် တမန်တော်မြတ် (ဆွ)ထံမှ တဆင့် ကိုးကား၍ မိန့်တော်မူပါသည်။ [2] ဥပမာအားဖြင့်၊ စလ်မာန် အေမာမ် အလီ (အ.စ) က ၎င်းကို အဲဟ်လေ့ ဘိုက် (သ) (အ.စ) မှ ဖြစ်ကြောင်း တင်ပြ မိန့်တော်မူ ခဲ့ပါသည်။ [3] ရှိက်ခ် ကိုလိုင်းနီ ( ကွယ်လွန် ဟီဂျရီ သက္ကရာဇ် ၃၂၉ ခုနှစ် ) သာ် မိမိ၏ ကျမ်း ကာဖီ ကျမ်း တွင် အေမာမ် စဂျာဒ် (အ.စ) ထံ မှဆင့်ပြန် လာရှိသည့် ဟဒီးစ် တော် တစ်ပါး ဖြစ်သည့် စလ်မာန် သည် ကျွန်ုပ်တို့ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဖြစ်ချေ သည်။ ဆိုသည့် ဟဒီးစ်တော် အား ကွဲပြားသောအဓိပ္ပာယ်ဖွင့်ဆိုချက်များဖြင့် ရေးသားတင်ပြထားပါသည်။ [4] ထိုနည်းတူစွာ ဖသာလ် နိုင်ရှားပူရ်ရီ ၏ ရောင်ဇသိုလ်ဝါအေဇီးန် ကျမ်းတွင် တင်ပြလာရှိသည့် ဟဒီးစ်တော် တစ်ပါး အရ အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) ထံတော်တွင် စလ်မာန် ဖွာရစီ နှင့် ပတ်သက်ပြီး စကားပြောဆို သည့် အခါ အေမာမ် (အ.စ) မှ ၎င်းတို့အား နှုတ်ဆိတ်နေကြရန် မိန့်တော် မူပြီး စလ်မာန် ဖွာရစီအား စလ်မာန် မိုဟမ္မဒ်ဒီ ဟု ခေါ်ဆို အကြောင်း မှာ စလ်မာန် သည် ကျွန်ုပ်တို့ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဖြစ်ချေ သည် ဟု မိန့်ကြား ခဲ့ပါသည်။ [5] ရဂျာလ်ကရှီးတွင်လည်း အေမာမ် ဂျအ်ဖရ်ဆွာဒဏ်က် (အ.စ) ထံတော် မှ « စလ်မာန်နို မင်န်နာ အဲဟ်လေ့ဘိုက်(သ) ၊ စလ်မာန် သည် ကျွန်ုပ်တို့ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဖြစ်ချေ သည်။ » ဆိုသည့် ခေါင်းစဥ် ဖြင့် ဟဒီးစ်တော် တစ်ပါး ဆင့်ပြန် လာရှိပါသည်။ [6]
ဟဒီးစ်၏ မူလအစ
ဤ ဟဒီးစ်တော် စတင် ပေါ်ပေါက်စေသော အဖြစ်အပျက် အကြောင်းအရာ နှင့်ပတ်သက်၍ အရင်း အမြစ်များတွင် ကွဲလွဲမှုများ ရှိပါသည်။ [7] ရှီအဟ် သဖ်စီးရ် ပညာရှင် သွဗရစီ နှင့် စွန်နီ သမိုင်း ပညာရှင် အစ်ဗ်နေသအ်ဒ် အနေဖြင့် ရေးသားထားသည်မှာ - တမန်တော်မြတ် (ဆွ) သည် အဟ်ဇာဗ် စစ်ပွဲ တွင် ကတုတ်ကျင်း တူးရန် မွတ်စလင်မ်များ အား နေရာကန့်သတ် သတ်မှတ်ပေးတော်မူခဲ့ပါသည်။ မိုဟာဂျေရ် နှင့် အန်ဆွာ တို့ အကြား စလ်မာန် နှင့် ပတ်သက်ပြီး သဘောထား အကွဲအလွဲများဖြစ်လာကြပါသည်။ အကြောင်း မှာ စလ်မာန် ခွန်အားရှိသူ တစ်ဦး ဖြစ်ပါသည်။ ဤအတွက်ကြောင့် နှစ်ဖွဲ့ စလုံး စလ်မာန် ကို မိမိတို့ အဖွဲ့ တွင် ရှိစေချင်ကြပါသည်။ ဤအတွက်ကြောင့် အစ္စလာမ့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မှ « စလ်မာန်နို မင်န်နာ အဲဟ်လေ့ဘိုက်(သ) ၊ စလ်မာန် သည် ကျွန်ုပ်တို့ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဖြစ်ချေ သည်။ » ဟုမိန့်တော် မူခဲ့ပါသည်။[8]
ဤ ဟဒီးစ်တော် စတင် ပေါ်ပေါက်စေသော အဖြစ်အပျက် အကြောင်းအရာ နှင့်ပတ်သက်၍ ရှိက်ခ် မိုဖီးဒ် ရေးသားသည်မှာ - ဟဇရသ် မိုဟမ္မဒ် (ဆွ) သည် အုမရ်ဘင်န် ခသွာဗ် မှ စလ်မာန် ဖွာရစီ အား အာရပ်မဟုတ်သူဖြစ်ခြင်းကြောင့် ပြောသည်ကို ကြားတော် မူသည့် အခါ ကိုယ်တော်မြတ် (ဆွ) သည် မင်ဘရ် ပေါ်သို့ ကြွမြန်းတော်မူသွားပြီး ခွသ်ဗဟ်တစ်ခုမိန့်ကြားတော် မူခဲ့ပါသည်။ ဤခွသ်ဗဟ်တွင် မနုဿာလူသားတို့ ၏ ကြီးကျယ် မြင့်မြတ် မှု၏ စံမှတ်ကျောက်သည် အရောင်အသွေး ၊ မျိုးနွယ် ၊ လူမျိုး မဟုတ်ဘဲ သက္က်ဝါး (သီလ၊သမာဓိ) ဖြစ်ကြောင်း မိန့်ကြားတော်မူပြီး စလ်မာန် အား အဆုံးမဲ့မြစ်နှင့် အဆုံးမဲ့ ရတနာတစ်ပါး အဖြစ် သတ်မှတ်ကာ စလ်မာန် သည် ကျွန်ုပ်တို့ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဖြစ်ချေ သည် ဟု မိန့်တော် မူခဲ့ပါသည်။ [9] စိုလိုင်းမ်ဘင်န် ကိုက်ဇ် ကျမ်းတွင် လည်း ဟဒီးစ်တော် တစ်ပါး ဆင့်ပြန်လာရှိပါသည်။ ထိုဟဒီးစ်တော် တွင် တမန်တော်မြတ် (ဆွ) သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ အပ အားလုံး ကို ထိုင်ဝိုင်း အပြင်သို့ ထွက်ကြရန် အမိန့်ပေးတော်မူခဲ့ပါသည်။ ထိုအချိန် စလ်မာန် လည်းဘဲ အပြင် ထွက်သည်အခါ ရစူလွလ္လာဟ် (ဆွ) မှ ၎င်းထိုင်ဖို့ အမိန့်ပေးတော်မူပြီး စလ်မာန်အား အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဖြစ်ကြောင်း မိန့်တော်မူခဲ့ပါသည်။ [10]