စဂ်ျဒဟ် အစိတ်အပိုင်းများ

wikishia မှ

စဂ်ျဒဟ် အစိတ်အပိုင်းများ ဆိုသည်မှာ ကိုယ်ခန္ဓာ အစိတ်အပိုင်း ခုနှစ်ခု သည် စဂ်ျဒါ ပြုလုပ်သည့်အခါ မြေပြင်အပေါ်၌ ရှိနေရမည်။ ရှီအဟ် ဖီကဟ် ပညာရှင်များ၏ အမြင်အရ စဂ်ျဒဟ် ပြုလုပ်သည့်အချိန် နဖူး ၊ လက်ဖဝါး နှစ်ဖက် ၊ ဒူးခေါင်းနှစ်ခု နှင့် ခြေမထိပ်နှစ်ခု တိုသည် မြေပြင်အပေါ်၌ ရှိရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ နှာခေါင်းထိပ် သည် မြေပြင်နှင့် ထိရမည်မှာ မွစ်သဟဘ် ဖြစ်သည်။ ဖကီးဟ် အများစု၏ အမြင်၌ စဂ်ျဒါ ပြုလုပ်ရာ၌ ကိုယ်ခန္ဓာ အစိတ်အပိာင်းအားလုံး မြေပြင်ပေါ်၌ ရှိရမည်မှာ ဝါဂျီဘ် မဟုတ်ပေ။ သိုသော် မြေပြင်နှင့် အနည်းဆုံး ထိတွေ့လိုက်ရုံဖြင့် လုံလောက်ပေသည်။ သိုသော် နဖူးသည် ဤပညတ်ချက်မှ ခြွင်းချက်ဖြစ်သည်။ ထိုနောက် အချို ဖကီးဟ် ပညာရှင်များသည် နဖူးသည် မြေပြင်နှင့် ဒီရ်ဟမ် တစ်ခု အတိုင်းအတာလောက် ထိတွေ့ရခြင်းမှာ ဝါဂျီဘ် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ နမာဇ် ဖတ်သူ၏ နဖူးနှင့် ထိတွေ့ရမည့် အရာသည် မြေကြီးအမျိုးအစား သိုမဟုတ် မြေကြီးမှ ထွက်ပေါ်လာသည့်အရာ ဖြစ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ သိုသော် အစားအစာ နှင့် အ၀တ်အစား မဖြစ်ရပေ။

ဝေါဟာရ အနက်ပါဓိပ္ပါယ်

စဂ်ျဒါ အစိတ်အပိုင်း များကို နမာဇ် ၀တ်ပြုချိန်အတွင်း စဂ်ျဒါ ပြုလုပ်သည့်အခါ မြေပြင်ပေါ်တွင် ထားရန် ဝါဂျီဘ် ဖြစ်သည့် ခန္ဓာကိုယ်၏ အစိတ်အပိုင်း ခုနစ်ပိုင်း ဟုခေါ်ဆိုသည်။ [၁] ထိုခန္ဓာကိုယ်၏ အစိတ်အပိုင်းများမှာ : နဖူး ၊ လက်ဖဝါး နှစ်ဖက် ၊ ဒူးခေါင်းနှစ်ခု နှင့် ခြေမထိပ်နှစ်ခု တိုဖြစ်သည်။ [၂] စဂ်ျဒါ အစိတ်အပိုင်းများ နှင့် ပတ်သက်ပြီး ဆွလာသ် ဟူသော အပိုင်းဖြင့် ဖီကဟ် စာအုပ်များ လာရှိထားသည်။ [၃]

ဥပဒေသများဆိုင်ရာများ

စဂ်ျဒါ အစိတ်အပိုင်းများ ၏ အချို ဥပဓဒသများမှာ အောက်ပါတိုဖြစ်သည် ရှီအာ ဖီကဟ် ပညာရှင် ယူစွဖ် ဘဟ်ရာနီ( ဟီဂျရီ၁၁၈၆၌ကွယ်လွန်) ၏ ပြောဆိုချက်အရ ကျော်ကြားသော ရှီအာ ဖီကဟ်ပညာရှင်များ၏ အမြင်အရ စဂ်ျဒါ ပြုလုပ်ရာ၌ စဂ်ျဒါ အစိတ်အပိုင်း ခုနှစ်ခုအား မြေပြင်အပေါ်တွင် ထားရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ [၄] စဂ်ျဒါ အစိတ်အပိုင်း ခုနှစ်ခု အနက်မှ နဖူးမှ လွဲပြီး ကျန်ရှိသော အစိတ်အပိုင်းများအားလုံး အနည်းဆုံး မြေပြင်အပေါ်၌ ထိတွေ့လိုက်သည် ဆိုပါက လုံလောက်ပေသည်ဟု သတ်မှတ်ထားသည်။ [၅] အချို ဖီကဟ်ပညာရှင်များ နဖူးသည်လည်း မြေပြင်နှင့် အနည်းဆုံး ထိ့‌တွေ့လိုက်ရုံဖြင့် လုံလောက်သည်ဟု လက်ခံထားကြသည်။ [၆] သိုသော် အချို ဖီကဟ်ပညာရှင်တစ်စုသည် နဖူးသည် မြေပြင်အပေါ်၌ ဒီရ်ဟမ်တစ်ခုစာလောက် ထိတွေ့ရမည်မှာ ဝါဂျီဘ် ဖြစ်သည် ဟု လက်ခံထားသည်။ [၇] စဂ်ျဒါ ဇီကီရ် ဖတ်ရွတ်နေချိန် ခန္ဓာကိုယ်၏ အစိတ်အပိုင်း ခုနှစ်ခုအား ရည်ရွယ်ချက်ရှိရှိ ဖယ်ချလိုက်ပါက နမာဇ်အား ပျက်ပြားစေသည်။ [၈] အာယသွလ္လာဟ် စီစ်သနီ ၏ ဖသ်ဝါအရ နမာဇ်ဖတ်နေသူသည် စဂ်ျဒါ ဇီကီရ် ဖတ်ရွတ်နေချိန်မဟုတ်သောလည်း အကယ်၍ စဂ်ျဒါ အစိတ်အပိုင်းများကို မြေပြင်မှ ဖယ်ရှားလိုက်ပါက အဟ်သေယာသ်အရ ၎င်း၏ နမာဇ်သည် ပျက်ပြားသွားပေသည်။ [၉]

မွစ်သဟဘ္ဘာသ်

နှာခေါင်းအား မြေပြင်အပေါ်ထားခြင်း ၊ ဖကီးဟ်ပညာရှင်များသည် စဂ်ျဒါ ပြုလုပ်နေချိန်၌ နှာခေါင်းအား မြေပြင်အပေါ်ထားခြင်းကို မွစ်သဟဘ် ဖြစ်သည်ဟု လက်ခံထားကြသည်။ [၁၀] ဤဥပဒေသ၏ အထောက်အထားမှာ အေမာမ်ဆွာဒီက်(အစ) ထံမှ လာရှိထားသည့် ရေဝါယသ်တစ်ခု ကြောင့်ဖြစ်ပြီး ယင်း၌ မိန့်ဆိုထားသည်မှာ နှာခေါင်းအား မြေကြီးလူးခြင်းသည် တမန်တော်မြတ်(ဆွ) ၏ စွန္နသ်တော် ဖြစ်သည်ဟု [၁၁] မိတ်ဆက်ထားလေသည် ။ [၁၂] အလ္လာမဟ် ဟီလ္လီ၏ အမြင်အရ နှာခေါင်းအား မြေပြင်အပေါ်ထားခြင်း သည် အလေးအနက် တိုက်တွန်းထားသော မွစ်သဟဘ် အရာ ဖြစ်သည်။ [၁၃] သက်ခ်ဝီယဟ် : စဂ်ျဒါ ပြုလုပ်နေချိန် လက်မောင်းနှစ်ဖက်အား ဖွင့်(ကား)ထားခြင်း ၊ တစ်ထောင်ဆစ်များကို မြေပြင်အပေါ်၌ မထားထားခြင်း သည် အမျိုးသားများအတွက် မွစ်သဟဘ် ဖြစ်သည်။ [၁၄] ထိုအတူ အမျိုးသမီးများအဖို စဂ်ျဒါ ပြုလုပ်နေချိန် လက်မောင်းနှစ်ဖက်အား မြေပြင်အပေါ်ထားခြင်း နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို တစ်ခုနှင့်တစ်ခု ကပ်ထားခြင်းသည် မွစ်သဟဘ် ဖြစ်သည်။ [၁၅]

စဂ်ျဒါ အစိတ်အပိုင်းများ နေရာ၏ ဥပဒေသများ

ကျော်ကြားသော ရှီအာ ဖီကဟ် ပညာရှင်များ၏ အမြင်အရ စဂ်ျဒါ အစိတ်အပိုင်းများအနက် နဖူးချမည့်နေရာ သာလျှင်( နေရာ သိုမဟုတ် နဖူးချမည့်အရာ တစ်ခုခု) သန့်ရှင်းမှုရှိရမည်မှာ ဝါဂျီဘ် ဖြစ်ပေသည်။ [၁၆] သိုသော် ဟီဂျရီ လေးရာစု နှင့် ငါးရာစု ရှီအာ ဖီကဟ်ပညာရှင် ဖြစ်သူ အဘူဆွလာဟ် ဟလ်ဘီသည် စဂ်ျဒါ ပြုလုပ်မည့် အစိတ်အပိုင်းများ ၏ နေရာမှ အညစ်အကြေးများကို ဖယ်ရှားရမည်မှာ ဝါဂျီဘ် ဖြစ်သည်ဟု လက်ခံထားသည်။ [၁၇]


စဂ်ျဒါပြုလုပ်မည့်နေရာ : နမာဇ် ဖတ်သူ၏ နဖူးချမည့် နေရာ သိုမဟုတ် အရာတစ်ခုခု ဖြစ်ပြီး ထိုအရာသည် မြေကြီး သိုမဟုတ် မြေကြီးမှ ထွက်ပေါ်လာသည့် အရာ ဖြစ်ရမည်မှာ ဝါဂျီဘ်ဖြစ်သည်။ သိုသော် အစားအစာ တှင့် အ၀တ်အစား မဖြစ်ရပေ။ [၁၈] ဤဥပဒေသ၏ ‌အထောက်အထားမှာ ဟဒီးစ်တော်များ နှင့် ဖီကဟ်ပညာရှင်များအားလုံး၏ သဘောတူညီမှု ဖြစ်သည်။ [၁၉] ထိုကြောင့် မြေကြီး နှင့် မြေကြီးမှထွက်‌ေပါ်လာသည့်အရာ မဟုတ်‌ေသာ အရာအပေါ် သို နဖူးထားခြင်းသည် မမှန်ကန်ပေ။ ဥပမာ ရွှေ၊ ငွေ ၊ အကီးက်ကျောက် နှင့် ဖေရိုဇာကျောက် စသည်တိုသည် တွင်းထွက်ပစ္စည်းများဖညစ်သောလည်း ၎င်းတိုအပေါ် နဖူးဖြင့် စဂ်ျဒါ ပြုလုပ်ချင်းသည် မမှန်ကန်ပေ။ [၂၀]

  1. ၁၀
  2. ၁၁
  3. ၁၂
  4. ၁၃
  5. ၁၄
  6. ၁၅
  7. ၁၆
  8. ၁၇
  9. ၁၈
  10. ၁၉
  11. ၂၀