နမာဇ်၏ မဏ္ဍိုင်များ

wikishia မှ

နမာဇ်၏ မဏ္ဍိုင်များ ဆိုသည်မှာ နမာဇ်၌ ဝါဂျီဘ် မဖြစ်မနေ လုပ်ဆောင်ရမည့် အစိတ်အပိုင်းများ ဖြစ်ပြီး ၎င်းတိုအား အတိုး အလျှော့ ပြုလုပ်ခြင်းသော် လည်းကောင်း ၊ နောက်ဆုံး အမှတ်မထင် ပျက်ကွပ်လိုက်ခြင်း သော်လည်းေကာင်း နမာဇ် အား ပျက်ပြားစေသည်။ ရှီအာ ကျော်ကြားသော ဖိကဟ် ပညာရှင်များသည် နီယသ် ၊ ကေယာမ် ၊ သက္က်ဘီးရသွလ် အဟ်ရာမ် ၊ ရူကူအ် နှင့် စဂ်ျဒါဟ် နှစ်ခု အား နမာဇ်၏ မဏ္ဍိုင်များ ဟု သတ်မှတ်ထားကြသည်။

မဏ္ဍိုင်များ အား အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း

မဏ္ဍိုင် ဆိုသည်မှာ အရာအားလုံး၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ရှရ်အီ တရားတော်၌ ပြဌာန်းထားသည့် အေဘာဒသ် ၀တ်ပြုမှု၌ ထိုအေဘာဒသ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ယင်းအား ရည်ရွယ်ချက်ရှိရှိ အတိုး အလျော့ ပြုလုပ်ပါက သိုမဟုတ် အမှတ်မထင် မေ့လျော့ပြီး အတိုး အလျော့ ပြုလုပ်လိုက်ပါက ထိုအေဘာဒသ်အား ပျက်ပြားစေသည်။ [၁] နမာဇ်၏ အစိတ်အပိုင်းအချို၊ ဟဂ်ျ နှင့် အွမ်ရာ တိုသည် ၎င်းတို၏ မဏ္ဍိုင်များဖြစ်သည်။ [၂]

နမာဇ်၏ မဏ္ဍိုင်များ

ကျော်ကြားသော အဆိုအရ နမာဇ်၏ မဏ္ဍိုင်များမှာ နီယသ် ၊ ကေယာမ် ၊ သက္က်ဘီးရသွလ် အဟ်ရာမ် ၊ ရူကူအ် နှင့် စဂ်ျဒါဟ် နှစ်ခု တိုဖြစ်ကြသည်။ [၃]

ကေယာမ် ဆိုသည်မှာ ၊ သက္က်ဘီးရသွလ် အဟ်ရာမ် ရွတ်ဆိုသည့် အချိန်၌ မတ်တပ်ရပ်ခြင်း ဖြစ်သည်။ ထိုအတူ ကေယာမ် နှင့် ရူကူအ်သည် ဆက်စပ်နေပေသည်။ တစ်နည်းဆိုရသော် ကေယာမ်ပြုလုပ်ပြီးနောက် ရူကူအ် ပြုလုပ်ခြင်းဖြစ်သည်။ [၄]

အချိုများသည် သက္က်ဘီးရသွလ် အဟ်ရာမ် ရွတ်ဆိုသည့် အချိန်၌ ကိဗ်လဟ် ဘက်သို မျက်နှာမှုခြင်းအား နမာဇ်၏ မဏ္ဍိုင်များ အနက်မှ တစ်ခု ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ [၅] ထိုအတူ အချို ဖကီးဟ် ပညာရှင်များသည်လည်း ကေရာအသ် ( စူရဟ်ဖတ်ရွတ်ခြင်း) အား နမာဇ်၏ မဏ္ဍိုင်များ အနက်မှ တစ်ခု ဖြစ်သည်ဟု ဖော်ပြထားကြသည်။ [၆]

နမာဇ်၏ မဏ္ဍိုင်များ အား အတိုး အလျော့ ပြုလုပ်ခြင်း

ကျော်ကြားသော် ဖကီးဟ် ပညာရှင်များသည် နမာဇ်၏ မဏ္ဍိုင်များ အား ရည်ရွယ်ချက် ရှိရှိနှင့်ဖြစ်စေ အမှတ်မထင် မေ့လျော့၍ ဖြစ်စေ အတိုး အလျော့ ပြုလုပ်ခြင်းသည် နမာဇ်ကို ပျက်ပြားစေသည်ဟု သတ်မှတ်ထားသည်။ [၇]သိုသော် အချို ဖကီးဟ် ပညာရှင်များသည် နမာဇ်၏ မဏ္ဍိုင်အား အမှတ်မထင် မေ့လျော့၍ အပိုထည့်မိခြင်းကို နမာဇ်အား မပျက်ပြားစေပေ ဟု သတ်မှတ်ထားလေသည်။ [၈]

= နမာဇ်၏ မဏ္ဍိုင်အား မေ့လျော့၍ လျော့ခြင်း

မည်သည့်အချိန်မဆို နမာဇ် ဖတ်သူသည် အမှတ်မထင် မေ့လျော့၍ နမာဇ်၏ မဏ္ဍိုင် တစ်ခုအား ပျက်ကွပ်ခဲ့ပါက အခြား မဏ္ဍိုင် တစ်ခုသို မရောက်ရှိသေးသည့်အချိန် ထို ပျက်ကွပ်ခဲ့သည့် မဏ္ဍိုင် ကို လုက်ဆောင်ရမည်။ [၉]

မှတ်စုများ

  1. نجفی، محمدحسن، جواهرالکلام، ج۹، ص ۲۳۹.
  2. خمینی، روح الله، تحریرالوسیله، ج۱، ص۱۵۳.
  3. علامه حلی، مختلف الشیعة، ۱۴۱۲ق، ج۲، ص۱۳۹-۱۴۰.
  4. یزدی، العروة الوثقی، ۱۴۱۹ق، ج۲، ص۴۷۳.
  5. ابن حمزه طوسی، الوسیلة، ۱۴۰۸ق، ص۹۳.
  6. شیخ طوسی، المبسوط، مکتبة المرتضویة، ج۱، ص۱۰۵.
  7. شیخ طوسی، المبسوط، مکتبة المرتضویة، ج۱، ص۱۰۵.
  8. نجفی، جواهر الکلام، دار احیاء التراث العربی، ج۹، ص۲۳۹-۲۴۱.
  9. نجفی، جواهر الکلام، دار احیاء التراث العربی، ج۱۲، ص۲۳۸-۲۳۹.

ကျမ်းကိုးမျာ

  • ابن حمزه طوسی، محمد بن علی، الوسیلة الی نیل الفضیلة، تحقیق محمد الحسون، قم، مکتبة آیت الله المرعشی النجفی، ۱۴۰۸ق.
  • حلی، حسن بن یوسف، مختلف الشیعة فی احکام الشریعه، به کوشش مرکز الابحاث والدراسات الاسلامیة، قم، دفتر تبلیغات اسلامی، ۱۴۱۲ق.
  • شهید ثانی، زین الدین، الروضة البهیة فی شرح اللمعة الدمشقیه، تهران، انتشارات علمیه اسلامیه، [بی‌تا].
  • طوسی، محمد بن حسن، المبسوط فی فقه الامامیه، به کوشش محمدباقر بهبودی، تهران، مکتبة المرتضویة، [بی‌تا].
  • نجفی، محمدحسن، جواهر الکلام فی شرح شرایع الاسلام، بیروت،‌ دار احیاء التراث العربی، ۱۳۶۲ق.
  • یزدی، سید محمدکاظم، العروة الوثقی، قم،‌ دار التفسیر، اسماعیلیان، ۱۴۱۹ق.