ခွေး၏နဂျီစ်ဖြစ်ခြင်း

wikishia မှ
ဤရေးသားချက်သည် ဓမ္မသတ်နှင့်သက်ဆိုင်သော ရေးသားချက်တစ်ခုသာဖြစ်ပြီး သာသနာမှပြဌာန်းထားသောကျင့်ဆောင်မှုများအတွက် စံနှုန်းတစ်ခုမဟုတ်ပါ။ ကျင့်ဆောင်မှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရင်းမြစ်များတွင် လေ့လာနိုင်ပါသည်။


ခွေး၏နဂျီစ်ဖြစ်ခြင်း (အာရဘီ - نجاسة الكلب) ခွေး၏အစိတ်အပိုင်းအားလုံးတို့သည် နဂျီစ်ဖြစ်သည်။ ခွေးသည် ပင်ကိုယ်နဂျီစ်သားကောင်ဖြစ်ပြီး သာသနာမှပြဌာန်းထားသော မည်သည့်နည်းလမ်းနှင့်မျှ ၎င်းကို ပါးက်လုပ်၍ မရနိုင်ပါ။ သို့သော် အစ်သေဟာလာ(အသွင်ပြောင်းခြင်း)နည်းလမ်းဖြင့် ၎င်းသည် ပါးက်ဖြစ်သွားနိုင်သည်။ ထိုအတိုင်းပင် အမဲလိုက်ခွေးနှင့် ခြံစောင့်သည့်ခွေးမှအပ ရောင်းဝယ်ခြင်းမပြုနိုင်ပါ ။ဟရာမ်ဖြစ်သည်။ ခွေးသားရေဖြင့်ပြုလုပ်ထားသော အရာဝတ္ထုများဖြင့် စားခြင်းသောက်ခြင်းမပြုနိုင်ပါ။ ခွေး၏လျှာ့ဖြင့်လျှက်ထားသော အိုးခွက်(သို့) ခွေးစားသောက်ထားသော အိုးခွက် များကို မြေကြီးဖြင့် သုတ်လိမ်းပြီးမှ ၎င်းတို့ကို ပါးက်ပြုလုပ်နိုင်မည်ဖြစ်သည်။ခွေး၏(ညစ်ညမ်း)နဂျီစ်ဖြစ်မှုနှင့်ပတ်သက်ပြီး ပြောဆိုမှုများတွင် ဖျံအမျိုးအစားများမပါဝင်ပါ။

ခွေး(ညစ်ညမ်း)နဂျီစ်ဖြစ်ခြင်းဆိုသည်မှာ

ခွေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးနှင့် အမွှေး ၊ ခြေဖဝါး ၊ လက်ဖဝါး ၊ လက်သည်း နှင့် ခြေသည်း ၎င်းမှထွက်သောအရည်အားလုံးတို့သည် နဂျီစ်ဖြစ်သည်။ [၁] သို့ပေမဲ့လည်း ရှီအာတို့၏အကျော်အမော်ပညာရှင်ကြီးတစ်ပါးဖြစ်သူ ဆယိဒ်မွရ်သဒွါက ခွေးနှင့်ဝက်တို့၏ အမွှေးသည် ၎င်းတို့၏သက်မဲ့အစိတ်အပိုင်းများအတွင်းမှ ဖြစ်သည့်အတွက်ကြောင့် နဂျီစ်မဟုတ် ဟု ဆိုထားပေသည်။ [၂]ဆယိဒ်မွရ်သဒွါဖှသ်ဝါသည် ရှီအာဓမ္မသတ်ပညာရှင်အများစု၏ဖှသ်ဝါနှင့် ခြားနားနေသနေဟု မိုဟမ္မဒ်ဟစန်နဂျဖှီမှ ဆိုထားပေသည်။[၃] ထိုအပြင် အဲဟ်လေစွန္နသ်အတွင်းရှိ မဇ်ဟဘ်လေးမျိုးထဲမှ ဓမ္မသတ်ပညာရှင်တစ်ပါးဖြစ်သူမာလိက်ဘင်န်အနစ်မှ ခွေးသည်ပါးက်ဖြစ်သည်ဟု မှတ်ယူထားပေသည်။[၄] ခွေးသည် နဂျီစ်ဖြစ်ကြောင်းနှင့်ပတ်သက်ပြီး သက်သေအထောက်အထားများမှာ မာအ်စူမ်အေမာမ်များထံမှ ဆင့်ပြန်ထားသော ရေဝါယသ်(ဆင့်ပြန်မှုများ)ဖြစ်ပေသည်။ထိုရေဝါယသ်တော်များသည် ဝဆာအိလ်လွလ်ရှီအာကျမ်းရှိ «بَابُ نَجَاسَةِ الْكَلْبِ وَ لَوْ سَلُوقِيّا (ခွေးနဂျီစ်ဖြစ်ခြင်း မည်မျှပင် အမဲလိုက်ခွေးဖြစ်ပါစေ)ဟူသော အခန်းဂဏ္ဍနှင့်[၅] «بَابُ نَجَاسَة سُؤْرِ الْکَلْبِ وَ الْخِنْزِیرِ» [၆] အခန်းဂဏ္ဍများတွင် ဖေါ်ပြပါရှိထားလေသည်။

မြေကြီးဖြင့်သုတ်လိမ်းခြင်း

ခွေးလျှက်ထားသော အိုးခွက်(သို့) ခွေးသောက်ထားသောအိုးခွက်များကို ပါးက်ပြုလုပ်ရန် ဦးစွာ မြေကြီးဖြင့်သုတ်လိမ်းရမည်။ပြီးမှရေအနည်း(သို့) ကွရ်ရေဖြင့် ဆေးကြောသန့်စင်ရပေမည်။ [၇]မြေကြီး သုတ်ခြင်းမပြုပဲ အခြားသောနည်းလမ်းဖြင့် ပါးက်မဖြစ်နိုင်ပါ။[၈]

ရောင်းဝယ်ခြင်း ဥပဒေသ

ဓမ္မသတ်ပညာရှင်ကြီးများ၏အမြင်တွင် ခွေးအား အရောင်းအဝယ်လုပ်ခြင်းသည် ဟရာမ်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ခွေးသည် ၎င်း၏မူရင်း နဂျီစ်ဖြစ်သည့်အတွက် တန်ဖိုးမရှိပေ။[၉]ထို့ကြောင့်ရောင်းဝယ်မှုမပြုနိုင်ပေ။ ထိုဥပဒေသသည် အလေအလွင့်ခွေးများ အတွက်ဖြစ်ပြီ[၁၀]း အမဲလိုက်ခွေးနှင့် ခြံစောင့်ခွေးတို့သည် အကျိုးအမြတ်ရှိသည့်အတွက် ၎င်းအမိန့်သည် ထိုခွေးများအား ရောင်းဝယ်ခြင်းအပေါ် သက်ရောက်မှုမရှိပါ။[၁၁]

ခွေးမွေးခြင်း

အာယသုလ္လာဟ်မကာရင်မ်ရှေရာဇီ၏ဖှသ်ဝါအရ အကျိုးပြုသောခွေး ဥပမာ ခြံစောင့်ခွေး ။ ထောက်လှမ်းရေး၌ အသုံးပြုသောခွေးစသဖြင့်တို့အား မွေးခြင်းသည် ပြဿနာမရှိပါ။ မွေးခွင့်ရှိသည်။ ၎င်းတို့သည် မည်မျှပင် နဂျီစ်များဖြစ်ကြပါစေ။သို့သော် အလှခွေးများမွေးပြီး ၎င်းတို့နှင့်အတူနေ ဆော့ကစားခြင်းသည် တရားတော်နှင့်ညိစွန်းပေသည်။ ထိုသို့သောခွေးများကို မွေးခြင်းသည် မွစ်လင်မ်တစ်ဦး၏ အရိုက်အရာနှင့်မအပ်စပ်ပေ။ အချို့သော ဓမ္မသတ်ပညာရှင်များကမူ နေအိမ်တွင်ခွေးမွေးခြင်းသည် မက္ကရူဟ်ဟု သတ်မှတ်ထားကြသည်။

အခြားသော ဥပဒေသများ

  • အကယ်၍ ခွေးနှင့်အရာဝတ္ထုတစ်ခု ထိတွေ့ခဲ့ပြီး ခွေးမှ စိုထိုင်းမှုတစ်စုံတစ်ရာ ထိုအပေါ်သို့ သက်ရောက်ခဲ့ပါက ထိုအရာသည်နဂျီစ်ဖြစ်သွားပေမည်။
  • ရှီအာဓမ္မသတ်ပညာရှင်ကြီးများ၏ ဖှသ်ဝါတွင်ခွေး နဂျီစ်ဖြစ်ခြင်း ဆိုသည်မှာ ကုန်းပေါ်နေသော ခွေးများကို ဆိုလိုပေသ။
  • ခွေးသားရေဖြင့်ပြုလုပ်ထားသော ပန်းကန်ခွက်များဖြင့် အသုံးပြုစားသောက်ခြင်းသည် ဟရာမ်ဖြစ်သည်။ ထိုအတိုင်းပင် သွဟာရသ်လိုအပ်သော လုပ်ဆောင်မှုများ ဥပမာ ဝူဇူ နှင့် ဂွစ်လ် ပြုရာတွင် ထိုသို့သော ခွက်များအသုံးပြုခွင့်မရှိပါ။ ခွေးနှင့်ဝက်တို့၏သားရေတို့အား စားသောက်ခြင်းမဟုတ်သော ကိစ္စရပ်များတွင် အသုံးပြုခွင့် မရှိဟု များစွာသော ဓမ္မသတ်ပညာရှင်များက ဆိုထားကြသည်။
  • ခွေးသည် မူရင်းနဂျီစ်ကောင်ဖြစ်သည်။ထို့ကြောင့် အစ်သေဟာလဲ(အသွင်ပြောင်းခြင်း) ဖြင့်သာ ပါးက်ဖြစ်နိုင်ပြီး အခြားနည်းလမ်းများနှင့် ပါးက်မဖြစ်နိုင်ပါ။
  • ခွေးသည် ကာကွယ်ဆေးထိုးပေးရုံဖြင့် ပါးက်မဖြစ်သွားနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ခွေးနဂျီစ်ဖြစ်ခြင်းသည် ညစ်ပေခြင်းကြောင့်ဖြစ်သည်ဟူ၍ သက်သေတစ်စုံတစ်ရာမရှိပါ။

မှတ်စုများ

  1. မကာရေမ်ရှီရာဇီ၊ ရေဆာလဟ်သောဝ်ဇီဟူလ်မဆာအီလ်၊ ဟိဂျရီ ၁၄၂၉၊ စာမျက်နှာ ၃၅; ရှဘီရီဇန်ဂျာနီ၊ ရေဆာလဟ်သောဝ်ဇီဟူလ်မဆာအီလ်၊ ဟိဂျရီ ၁၄၃၀၊ စာမျက်နှာ ၂၈။
  2. ဆိုင်ယီဒ်မွရ်တဇာ၊ အလ်မဆာအိလ်နာဆီရီယာသ်၊ ဟိဂျရီ ၁၄၁၇၊ စာမျက်နှာ ၁၀၀။
  3. နဂျဖီ ၊ ဂျဝါဟိရ်ကာလာမ်၊ ဟိဂျရီ ၁၄၀၄၊ အတွဲ ၅၊ စာမျက်နှာ ၃၃၁။
  4. အိဗ်နေဂျလာဘ်၊ သဖ်ရီအ်ဖီဖိက်ဟ်အေမာမ်မာလိက်ဘင်န်အနက်စ်၊ ခရစ်နှစ် ၂၀၀၇၊ အတွဲ ၁၊ စာမျက်နှာ ၅၂။
  5. ဟူရ်အာမိုလီ၊ ဝဆာအိလ်ရှီအဟ်၊ ဟိဂျရီ ၁၄၀၉၊ အတွဲ ၃၊ စာမျက်နှာ ၄၁၄-၄၁၇။
  6. ဟူရ်အာမိုလီ၊ ဝဆာအိလ်ရှီအဟ်၊ ဟိဂျရီ ၁၄၀၉၊ အတွဲ ၃၊ စာမျက်နှာ ၂၂၅-၂၂၇။
  7. ရေဆာလဟ်သောဝ်ဇီဟူလ်မဆာအီလ်၊( မရာဂျေအ်) ၊ အတွဲ ၁၊ စာမျက်နှာ ၁၀၁။
  8. ရှိခ်အန်ဆွာရီ၊ ဆွေရာသ်နေဂျဟ်၊ ဟိဂျရီ ၁၄၁၅၊ စာမျက်နှာ ၅၂၊; ဘဟ်ဂျသ်၊ အိစ်သိဖ်သာအာသ်၊ ဟိဂျရီ ၁၄၂၈၊ အတွဲ ၁၊ စာမျက်နှာ ၁၀၄; အေမာမ်ခိုမေနီ သောဝ်ဇီဟူလ်မဆာအီလ်၊ဟိဂျရီ ၁၄၂၄၊ အတွဲ ၁၊ စာမျက်နှာ ၁၀၁.
  9. ရှိခ်အန်ဆွာရီ၊ အလ်မကာစီဘ်၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၁၊ စာမျက်နှာ ၅၄-၅၇; မိရှ်ကီနီအူရ်ဒဘီလီ၊ မွတ်စ်သွလေဟာသ်ဖိက်ဟ်၊ ဟိဂျရီ ၁၄၁၉၊ စာမျက်နှာ ၄၄၇။
  10. မိရှ်ကီနီအူရ်ဒဘီလီ၊ မွတ်စ်သွလေဟာသ်ဖိက်ဟ်၊ ဟိဂျရီ ၁၄၁၉၊ စာမျက်နှာ ၄၄၇; ဘေဘဟာနီ၊ ရေဆာလဟ်အမလီယဟ်မိုသာဂျိရ်ဝဟီးဒ်ဘေဘဟာနီ, ၁၃၁၀၊ စာမျက်နှာ ၁၇-၁၈၊; နရာဖီ၊ အနီးစ်သိဂျာရ်၊ ဟိဂျရီ၊ ၁၄၂၅၊ ၃၆-၃၇။
  11. မိရှ်ကီနီအူရ်ဒဘီလီ၊ မွတ်စ်သွလေဟာသ်ဖိက်ဟ်၊ ဟိဂျရီ ၁၄၁၉၊ စာမျက်နှာ ၄၄၇။


ကျမ်းကိုးမျာ

  • အိဗ်နေဂျလာဘ်၊ အဗ်ဒူလ္လာဟ်ဘင်န်ဟိုစိုင်းန်၊ သဖ်ရီးအ်ဖိက်ဟ်အေမာမ်မာလိက်ဘင်န်အနက်စ်၊ ဆိုင်ယီဒ်ကစရဝီဟဆန်၏သုတေသန၊ ဘေရွသ်၊ ဒါရ်ရူလ်ကိသာဘ် အိလ်မီယဟ်၊ ခရစ်နှစ် ၂၀၀၇။
  • < အဟ်ကာမ်နေဂဟ်ဒါရီဟိုင်ဝါနာသ် >၊ ဟဇရသ်အာယသွလ္လာမကာရေမ်ရှီရာဇီရုံးအချက်အလက်အခြေခံ၊ စစ်ဆေးခြင်း အီရန်သက္ကရာဇ် ၁၃၉၉၊ ၁၂ ဘဟ်မန်။
  • အေမာမ်ခိုမေနီ၊ ဆိုင်ယီဒ်ရူဟ်ဟူလ္လာဟ်၊ သောဝ်ဇီဟူလ်မဆာအိလ်( မဟ်ရှီ )၊ ကွမ်း၊ ကွမ်းမြိူရှိဟောဝ်ဇာအိလ်မီယဟ်နှင့်ဆက်စပ်နေသော အစ္စလာမီဖြန့်ချီရေးရုံး၊ ဟိဂျရီ ၁၄၂၄။
  • ဘနီဟာရှင်မီ ခိုမေနီ၊ မိုဟမ္မဒ်ဟဆန်၊ ရေဆာလ်သောဝ်ဇီဟူလ်မဆာအိလ်( မရာဂျေအ် )၊ အစ္စလာမီဖြန့်ချီရေးရုံး၊ ဘီသာ။
  • ဘေဘဟာနီ၊ မိုဟမ္မဒ်ဘာကိရ်ဘင်န်မိုဟမ္မဒ်အိက်မာလ်၊ ရေဆာလဟ်အမလီယဟ်ဝဟီးဒ်ဘေဘဟာနီဘာသအ်လီကာသ်မီရ်ဇာရှီရာဇီ၊ တီဟ်ရန်၊ ဟာဂ်ျရှိခ်ရေဇာသာဂျိရ်တီဟ်ရာန်နီ၊ ဟီဂျရီ ၁၃၁၀။
  • ဗဟ်ဂျသ်၊ မိုဟမ္မဒ်သကီ၊ အိစ်သိဖ်သာအာသ်၊ ကွမ်း၊ အာယသွလ္လာဟ်ဗဟ်ဂျသ်ရုံး၊ ဟိဂျရီ ၁၄၂၈။
  • ဟူရ်အာမိုလီ၊ မိုဟမ္မဒ်ဘင်န်ဟဆန်၊ ဝဆာအိလ်ရှီအာဟ်၊ ကွမ်း၊ အာလေဘိုသ် အ.စ ဌာန၊ ဟိဂျရီ ၁၄၀၉။
  • စွဘ်ဟာနီ သဗ်ရီဇီ၊ ဂျအ်ဖရ်၊ ရေဆာလဟ်သောဝ်ဇီဟူလ်မဆာအိလ်၊ ကွမ်း၊ အေမာမ်ဆွာဒေက် အ.စ ဖြန့်ချီရေး ဌာန၊ ဟိဂျရီ ၁၄၂၉။
  • ဆိုင်ယီဒ်မွရ်တဇာ၊ အလ်မဆာအိလ်နာဆိရီယာသ်၊ တီဟ်ရာန်၊ ရာဘေတဟ်စကာဖဟ်ဝါအလာကာသ်အစ္စလာမီယဟ်၊ ဟိဂျရီ ၁၄၁၇။
  • ရှဘီရီဇန်ဂျာနီ၊ ဆိုင်ယီဒ်မူစဝီ၊ ရေဆာလဟ်သောဝ်ဇီဟူလ်မဆာအိလ်၊ ကွမ်း၊ ဆလ်ဆဘီးလ်ဖြန့်ချီရေး၊ ဟိဂျရီ ၁၄၃၀။
  • ရဇိခ်အန်ဆွာရီ၊ မွရ်တဇာ ဘင်န် မိုဟမ္မဒ် အမီးန်၊ အလ်မကာစိဘ်၊ မိုဟမ္မဒ်ကလာန်တရ်၏သုတေသန၊ ကွမ်း၊ ဒါရ်ရူလ်ကိသာဘ်၊ ဟိဂျရီ ၁၄၁၀။
  • ရှိခ်အန်ဆွာရီ၊ မွရ်တဇာဘင်န်မိုဟမ္မဒ်အမီးန်၊ ဆွေရာသ်နိဂျာဟ်၊ ကွမ်း၊ ရှိခ်အအ်ဇမ်အန်ဆွာရီ၏ ကမ္ဘာ့ဂုဏ်ထူးဆောင်ကွန်ဂရက်၊ ဟိဂျရီ ၁၄၁၅။
  • မိရှ်ကီနီ အူရ်ဒဘီလီ၊ အလီ၊ မွဆ်သွလေဟာသ်ဖိက်ဟ် ဝါ မိုအဇ်ဇမ်အနာဝီနဟ်မောဝ်ဇူအီယဟ်၊ ကွမ်း၊ နရှ်ရ်အလ်ဟာဒီ ဟိဂျရီ ၁၄၁၉။
  • မကာရေမ်ရှီရာဇီ၊ နာဆိရ်၊ အိစ်သိဖ်သာအာသ်ဂျဒီးဒ်၊ ကွမ်း၊ အေမာမ်အလီဘင်န်အဘီတွာလိဘ် အ.စ ဖြန့်ချီရေး၊ ဟိဂျရီ ၁၄၂၇။
  • မကာရေမ်ရှီရာဇီ၊ နာဆိရ်၊ ရေဆာလဟ်သောဝ်ဇီဟူလ်မဆယအိလ်၊ ကွမ်း၊ အေမာမ်အလီဘင်န်အဘီတွာလိဘ် အ.စ ဖြန့်ချီရေး၊ ဟိဂျရီ ၁၄၂၉။
  • မူစဝီဂူလ်ပိုင်ဂါနီ၊ ဆိုင်ယီဒ်မိုဟမ္မဒ်ရေဇာ၊ မဂ်ျမာအ်မဆာအိလ်၊ ကွမ်း၊ ဒါရ်ရူလ်ကူရ်အာန်၊ ဟိဂျရီ ၁၄၀၉။
  • နရာကီ၊ မွလ္လာမိုဟမ္မဒ်မဟ်ဒီဘင်န်အဘီဇရ်၊ အနီးစ်သေဂျာရ်၊ ကွမ်း၊ ကွမ်းမြိုဒဖ်သရ်သဘ်လီဂါသ်အစ္စလာမီဟေယဝ်ဇာအိလ်မီယဟ်ရုံး၏ ဖြန့်ချီရေး၊ ဟိဂျရီ ၁၄၂၅။
  • ဝဟီးဒ်ခိုရာဆာနီ ၊ ဟိုစိုင်းန်၊ ရေဆာလဟ် သောဝ်ဇီဟူလ်မဆာအိလ်၊ ကွမ်း၊ ‌အေမာမ်ဘာကီရ် အ.စ ကျောင်းဖြန့်ချီရေး၊ ဟိဂျရီ ၁၄၂၈။
  • နဂျဖီ၊ မိုဟမ္မဒ်ဟဆန် ၊ဂျဝါဟိရ်ကလာမ်ဖီရှရ်ဟ်ရှရာအိအ်အစ္စလာမ်၊ အဘ္ဘားစ်ကူချာနီ၊ အလီအာခူးန်ဒီ၏သုတေသန၊ ဘေရွသ်၊ ဒါရ်အဟ်ယာအ်သိုရာစ်အာရဗီ၊ ဟိဂျရီ ၁၄၀၄။