ကာဇင်းမ် (ဘွဲ့တော်)

wikishia မှ

ကာဇင်းမ် သည် အေမာမ် မူစာ ဘင်န် ကာဇင်းမ် (အ.စ) ၏ အကျော်ကြားဆုံး ဘွဲ့တော်များ မှ တစ်ခု ဖြစ်ပါသည်။ (1) ရှီအဟ်များ၏ သတ္တမမြောက် အေမာမ် အား ကာဇင်းမ်ဟု ခေါ် ရခြင်း အကြောင်း ရင်းမှာ မိမိ ဒေါသကို ထိန်းချုပ်ထားနိုင် ခြင်းကြောင့် ဖြစ်သည်။ (2) ညှဉ်းဆဲ သောသူတို့၏ ညှဉ်းဆဲခြင်းကို သည်းခံ၍ ဒေါသမဖြစ်တော်မူချေ။ (3) ကိုယ်ကျင့် တရား နှင့် စာရိတ္တ ဆိုင်ရာ စာအုပ်များ တွင်လည်း မိမိ ဒေါသကို အလွန် ထိန်းချုပ် နိုင်သူကို ကာဇင်းမ် ဟု ခေါ် ကြောင်း ဖော်ပြထားပါသည်။ (4) သဇ်ကေရသိုလ်ခဝါဇ် စစ်ဘ်ဘင်န် ဂျောင်ဇီ (ကွယ်လွန် ၆၅၄ ဟီဂျရီ) စာအုပ်တွင် အေမာမ် မူစာ ကာဇင်းမ် (အ.စ) အား ကာဇင်းမ် ဟု ခေါ်ဆိုရသည့် အကြောင်း မှာ အေမာမ် ထံ မည်သူဘက်မှ ဖြစ်စေ ပစ္စည်း တစ်ခုခု ရောက်လာတိုင်း ၎င်းအတွက် ငွေ ပြန်ပို့သည့် အတွက်ကြောင့် ဟုဖော်ပြထားပါသည်။(5) ဆယက်ဒ် ဟာရှင်မ် မအ်ရူဖ် အလ်ဟစန်နီ ( ကွယ်လွန် ခရစ်သက္ကရာဇ် ၁၉၈၄ခုနှစ်) သည် လည်းပဲ မိမိ၏ စာအုပ် စီရသိုလ်အအေမဟ်အလ်အက်စ်နာအရှရ် တွင်လည်း ကာဇင်းမ် အမည် တွင်ကြောင်း ၊ အကြောင်းမှာ တစ်ဦးတစ်ယောက် ၏ ငွေကြေးလိုအပ်ချက်များ ကို မြင်ရတိုင်း ဖြည့် ဆည်းပေးသည့် အတွက်ကြောင့် ဖြစ်ပါသည်။ (6) အေမာမ် ကာဇင်းမ် (အ.စ) သည် ရန်သူများနှင့် မကောင်း ပြုသူများ နှင့်ပတ်သက်ပြီး မိမိ ၏ ‌ဒေါသ ကို ထိန်းချုပ် နိုင်ကြောင်း အကိုးအကား အရင်းအမြစ်များ အမျိုးမျိုး တွင် လာရှိပါသည်။ (7) သာဓက အားဖြင့် အုမရ် ဘင်န် ခသွာဘ် ၏ မြေးများ မှ တစ်ဦးတစ်ယောက် သည် အေမာမ် ကာဇင်းမ် (အ.စ) ၏ ရှေ့ မှောက် တွင် အေမာမ် အလီ (အ.စ) အား စော်ကားခဲ့ပါသည်။ ထိုအခါ အေမာမ် ၏ အပေါင်းအဖော် များ မှ ထိုသူကို တိုက်ခိုက်ရန် ဆန္ဒ ရှိသော်လည်း အေမာမ် (အ.စ) မှ တားဆီး ပြီးနောက် ထိုသူ၏ လယ် ရှိရာ သို့သွားကြွမြန်းသွား ခဲ့ပါသည်။ ထိုသူမှ အေမာမ် (အ.စ) ကို မြင်သည့် အခါ သူ၏ သီးနှံများကို မနင်းရန် အော်ဟစ်လေသည်။ အေမာမ် (အ.စ) မှ ထိုသူ ထံ ချဥ်း ကပ်ပြီး သင့် လယ်ယာ စိုက်ပျိုးရန် မည်မျှ သုံးစွဲခဲ့ပါသနည်း? ဟု မေးလေ၏။ ထိုလူ မှ ဒီနာ ၁၀၀ ဟုဖြေလေ၏။ ပြီးနောက်အေမာမ် (အ.စ)မှ မည်မျှ ရိတ်သိမ်း နိုင်မည်ဟု မျှော်လင့်ကြောင်း မေးမြန်းလေ၏။ ထိုလူမှ ဖြေလေ၏။ ကျွန်တော် အကွယ် က ပညာ ကို မသိပါ။ အေမာမ် မှ ပြန် မိန့်တော်မူ ၏။ ကျွန်ုပ် အနေဖြင့် မည်မျှခန့် ရိတ်သိမ်း နိုင်မည်ဟု မျှော်လင့် ကြောင်း မေးခြင်းဖြစ် သည် ဟုမိန့်လေ၏။ ထိုလူမှ အဖြေပေး လေ၏။ ဒီနာ ၂၀၀ ။ အေမာမ် ထိုလူအား ဒီနာ ၃၀၀ ပေးပြီးနောက် ဤ ဒီနာ ၃၀၀ သည် အသင်အတွက် ဖြစ်ပါသည်။ ရိတ်ဖို့ကျန်တာလည်း အသင်အတွက် ဖြစ်ပါသည်ဟု မိန့်လေ၏။ပြီးနောက် မတ်စ်ဂျစ်ဒ် (ဗလီ) သို့ ကြွမြန်း သွားလေ၏။ ထိုလူသည် အေမာမ် ထက်အလျင် မတ်စ်ဂျစ်ဒ် သို့ အရောက်သွား လေ၏။ ပြီးနောက် အေမာမ် (အ.စ) ကို မြင်သည်နှင့် ထရပ် ပြီး ဤအာယသ်တော် اللَّه أَعْلَمُ حَيْثُ يَجْعَلُ رِ‌سَالَتَهُ အဓိပ္ပာယ် မှာ အလ္လာဟ် ဟို အရှင်မြတ် သည်သာလျှင် မိမိစေလွတ်ရမည့် တမန်တော် ဂုဏ်အား မည်သူကို ချီးမြှင့်ထိုက်သည်ကို အသိဆုံး အရှင်ပင် ဖြစ်တော်မူ၏။ (ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် ၆ ၊ အာယသ်တော် အမှတ် ၁၂၄ ) အား ကျယ်လောင် စွာ သေလာဝသ် (ရွတ်ဖတ်) လေ၏၊ (၈)

ဆက်စပ်နေသည့် ဆောင်းပါးများ

ရေဇာ(ဘွဲ့)ဘာကဲရ်ဗါဗိုလ်ဟဝါအေဂျ်ဆွာဒစ်က် (ဘွဲ့ ) ၊ အဗ်ဒို ဆွာလေဟ်

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ