ဆွာဒစ်က် (ဘွဲ့ )

wikishia မှ

ဆွာဒစ်က် (Arabic: الصادق (لقب)) သည် အေမာမ် ဆွာဒစ်က် (အ.စ) ၏ အကျော်ကြား တကာ အကျော်ကြားဆုံး ဘွဲ့ ဖြစ်ပါသည်။[၁] ဤဘွဲ့ တော်သည် အပြော နှင့် အလုပ် တွင် မှန်ကန်သည့် အထောက်အထား သက်သေအတွက် ရှီအဟ်များ ၏ ခြောက်ပါး မြောက် အေမာမ် ကိုခေါ်တွင်ရခြင်းဖြစ်ပါသည်။[၂] အေမာမ် ဆွာဒစ်က် (အ.စ) ၏ ဘဝ တွင် မည်သည့် မှားယွင်းတိမ်းစောင်မှု မှမ ရှိသည်ကို တွေ့ရသည့် အတွက် ကြောင့် ဆွာဒစ်က် ဟု ဘွဲ့ ပေးခေါ် ခြင်း ဖြစ်ပါသည်။[၃]

အေမာမ် စဂျာဒ် (အ.စ) ၏ ရေဝါယသ် တော်အရ ခြောက်ပါးမြောက် အေမာမ် အား ဆွာဒစ်က် ဟု ခေါ် ဆိုရခြင်းမှာ ဂျအ်ဖရ် ကဇားဗ် နှင့် ခွဲခြားသိမြင်နိုင်ရန် ဖြစ်ကြောင်း သိရှိရပါသည်။[၄] အထက်ဖော်ပြ ရီဝါယသ်တော် အရ ရှီအဟ်များ ၏ လေးပါး မြောက် အေမာမ် အေမာမ် အလီ ဘင်န် ဟိုစိုင်းန် (အ.စ) ထံ ကောင်းကင်များရှိ တမန်များသည် ဆဋ္ဌမ မြောက် အေမာမ် ကို ဆွာဒစ်က် ဟု အဘယ်ကြောင့် ခေါ်ဝေါ်ကြပါသနည်း ? အမှန်တော့ လူကြီးမင်းတို့အားလုံး ( မအ်စူမ်အေမာမ်များ (အ.စ)) သည် ဆွာဒစ်က် နှင့် အမှန်ပြောဆိုသူများ ဖြစ်က့ပါသနည်း ? ဟု မေးမြန်း သည့် အခါ အေမာမ် (အ.စ)အဖြေပေးမိန့်တော်မူ၏။ ကျွန်တော်၏ဖခင် သည် မိမိ၏ ဘိုးတော် ရစူလ်လွလ္လာဟ် (ဆွ) ထံမှ သတင်းအား ဆင့်ပြန် တင်ပြပါသည်။ မိန့်တော်မူသည်မှာ “ ဂျအ်ဖရ်ဘင်န် မိုဟမ္မဒ် ဘင်န်အလီ ဘင်န် ဟိုစိုင်းန် “ မွေးဖွားတော်သည့် အခါ ၎င်း အာ ဆွာဒစ်က် ဟု အမည် ပေးမည် ဖြစ်ပါသည်။ အကြောင်းသည်ကား ၎င်း၏ ပဉ္စမမြောက်သား ၏ အမည် မှာ ဂျအ်ဖရ် ဖြစ်ပေမည်။ သူသည် အေမာမ်မသ် ကို တာဝန် လိမ်ညာ ပြီး ယူပေလိမ့်မည်ဖြစ်ပြီး ၊ အလ္လာဟ်၏ အမြင်တွင် ဂျအ်ဖရ် ကဇားဗ် ဖြစ်ပြီး အလ္လာဟ်ဟို အရှင်မြတ် အား လိမ်လည်မည်သူဖြစ်ပါသည်။[၅]

အေလလ်လွရှ်ရှရာအေအ် ကျမ်းတွင်လည်း နာမည် ခေါ်ဝေါ်ရသည့်အကြောင်းကို ညွှန်းပြ ထားပါသည်။[၆]

အချို့က ပြောကြသည်မှာ - အေမာမ် ဆွာဒစ်က် (အ.စ) သည် ခေတ်ကာလတွင် တော်လှန် ရေးများတွင် ရှောင်ကြဥ်သူ ဖြစ်သည့် အတွက် ဆွာဒစ်က် ဆိုသည့် ဘွဲ့ကို ဆွတ်ခူးထားကြောင်း ပြောကြားပါသည်။ အကြောင်းသည်ကား ထို ခေတ် ကာလ တွင် မည်သူမဆို လူထု ကို စုရုံးပြီး အစိုးရအား ဆန့်ကျင် တော်လှန် ရေး လှုပ်ရှား သူကို ကာဇစ်ဗ် (လိမ်ပြောသူ) ဟု ခေါ်ဝေါ် ကြသည့် အတွက်ကြောင့် ဖြစ်ပါသည်။[၇]

ထိုနည်းတူစွာ အဘူအလ်ဖရဂျ်အစ္စဖဟန်နီ ( ၂၈၄ - ၃၅၆ ဟီဂျီရီကွယ်လွန်) အနေဖြင့် မကာသေလ် အလ်သွာလေဘီးန် တွင် ဆင့်ပြန်ထားသည်မှာ - မန်ဆူရ်အဘာစ်စီ (နန်းစံ - ၁၃၆- ၁၅၈ဟီဂျရီ) အာဏာရနန်း ရလာပြီးနောက် ရှီအဟ်များ ၏ ‌ခြောက်ပါးမြောက် အေမာမ် ၏ ‌ ရှေ့ ပြေး စကားအတိုင်း မိုဟမ္မဒ် ဘင်န် အဗ်ဒိုလ္လာဟ် ဘင်န် ဟစန် ခေါ် နဖ်စေဇကီးယဟ် အသတ်ခံခဲ့ရ၍ ဆွာဒစ်က် ဟု ခေါ်ဆို ကြောင်း ဖော်ပြထားပါသည်။[၈]

အောက်ခြေ မှတ်စုများ

  1. မဂျ်လေစီ ၊ ဂျလာအိုအိုယွန်းန် ၊ အီရန်သက္ကရာဇ် ၁၃၈၂ ၊ စာမျက်နှာ ၈၆၉။
  2. မိုဆဖရ် ၊ အလ်အေမာမ်မိုလ်ဆွာဒစ်က် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၁ ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၉၀။
  3. မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ အီရန်သက္ကရာဇ် ၁၃၆၃ ၊ အတွဲ ၄၇၊ စာမျက် နှာ ၈၆၉။
  4. ကွမ်းမီ ၊ မွန်သဟီယိုလ်အာမာလ် ၊ အီရန်သက္ကရာဇ် ၁၃၇၉ ၊ အတွဲ၊ ၂ ၊ စာမျက်နှာ ၁၃၃၆။
  5. ကွမ်းမီ ၊ မွန်သဟီယိုလ်အာမာလ် ၊ အီရန်သက္ကရာဇ် ၁၃၇၉ ၊ အတွဲ၊ ၂ ၊ စာမျက်နှာ ၁၃၃၆။
  6. ဆူဒူက် ၊ အေလလ်လွရှ်ရှရာအေအ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ၊ အတွဲ ၁။ စာမျက်နှာ ၂၇၄။
  7. ပါက်သဂျီ ၊ ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၊ အေမာမ်၊ စာမျက်နှာ ၁၈၁။
  8. အဘူအလ်ဖရဂျ်အစ္စဖဟန်နီ ၊ မကာသေလ် အလ်သွာလေဘီးန် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၅


ကျမ်းကိုးများ

  • အဘူအလ်ဖရဂျ်အစ္စဖဟန်နီ ၊ အလီဘင်န် ဟိုစိုင်းန် ၊ မကာသေလ် အလ်သွာ လေဘီးန် ၊ မိုကဒမေဟ် ကာဇင်းမ် အလ်မိုစဖရ် ၊ ကွမ်း ၊ ဒါရိုလ် ကေသာဗ် လေသွဘာအဟ် ဝန်နရှ်ရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၅ ၊ ခရစ် သက္ကရာဇ် ၁၁၉၆၅။
  • ပါက်သဂျီ ၊ အဲဟ်မဒ် ၊ ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၊ အေမာမ်၊ တီဟီရန် ၊ ဒါယေရသိုလ် မအာ‌‌ရေဖ် ဘူဇူရ်က် အစ္စလာမ်မီ ၊ အတွဲ ၁၈ ၊ မရ်ကဇ် ဒါယေရသိုလ် မအာ‌‌ရေဖ် ဘူဇူရ်က် အစ္စလာမ်မီ ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၉။
  • ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န် အလီ ၊ အေလလ်လွရှ်ရှရာအေအ် ၊ ဘေရွတ် ၊ အင်သေရှာရာသ် သေ အအ်လမီ ၊ ဟီဂျရီ သက္ကရာဇ်၁၄၀၈။
  • ကွမ်းမီ ၊ ရှိက်ခ် အဘာစ် ၊ မွန်သဟီယိုလ်အာမာလ် ဖိ သဝါရီခွန်နဘီ ဝလ်အာလ် ၊ ကွမ်း၊ဒလီးလ်လေမာ ၊ အီရန်သက္ကရာဇ် ၁၃၇၉။
  • မဂျ်လေစီ ၊ မိုဟမ္မဒ် ဘာကေရ် ၊ ဘေဟာရိုလ်အန်နဝါရ် ၊ တီဟီရန် ၊ အစ္စလာမ်မီယေ ၊ အီရန်သက္ကရာဇ် ၁၃၆၃ ။
  • မဂျ်လေစီ ၊ ၊ မိုဟမ္မဒ် ဘာကေရ် ၊ ဂျလာအိုအိုယွန်းန် ၊ကွမ်း ၊စရူရ် ၊ အီရန်သက္ကရာဇ် ၁၃၈၂။
  • မိုဆဖရ် ၊ မိုဟမ္မဒ် ဟိုစိုင်းန် ၊ အလ်အေမာမ်မိုလ်ဆွာဒစ်က် (အ.စ)၊ ကွမ်း၊ ဂျအ်မေအ် မိုဒရစင်းန် ၊ဟီဂျရီ သက္ကရာဇ် ၁၄၂၁။