မာတိကာသို့ ခုန်သွားရန်

ကိုသွဗ်ဘေအရ်ဗအ်

wikishia မှ
ကိုသွဗ်ဘေအရ်ဗအ်

ကိုသွဗ်ဘေအရ်ဗအ် (အရဘီ : الكتب الأربعة) သို့မဟုတ် အူဆူလေအရ်ဗအ် သည် ဟဒီးစ်ကျမ်းကြီး လေးကျမ်း ဖြစ်ပါသည်။ ရှီအဟ် မွတ်စလင်မ်များ သည် ဤဟဒီးစ်ကျမ်းကြီး လေးကျမ်းကို စိတ်အချရဆုံး မိမိတို့၏ ဟဒီးစ် ရင်းမြစ်များ အဖြစ် လက်ခံထားကြပါသည်။ ထိုဟဒီးစ်ကျမ်း ကြီး လေးကျမ်း မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ အလ်ကာဖီကျမ်း ၊ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း ၊ သဲဟ်ဇီးဗ်ဗိုလ်အဲဟ်ကာမ်ကျမ်း နှင့် အလ်အစ် သစ်ဗ်ဆွာရ် ကျမ်းတို့ ဖြစ်ကြပါသည်။ ကာဖီကျမ်း ပြုစုရေးသားသူမှာ ကိုလိုင်းနီ ဖြစ်ပြီး မန်လာယဟ်ဇိုရိုဟို လ်ဖကီးယဟ် ကျမ်း ပြုစုရေးသားသူမှာ ရှိက်ခ် ဆူဒူက် ဖြစ်ပါသည်။ သဲဟ်ဇီးဗ်ဗိုလ် အဲဟ်ကာမ်ကျမ်း နှင့် အလ်အစ်သစ်ဗ်ဆွာရ် ကျမ်း နှစ်ကျမ်း အား ပြုစု ရေးသား သူမှာ ရှိက်ခ် သူစီ ဖြစ်ပါသည်။ ရှဟီးဒ် စာနီ မှ ပထမဆုံး အကြိမ် ရီဝါယသ်တော်များ ကို ဆင့်ပြန်ခွင့် ကိစ္စ တစ်ခု ကို ညွှန်းပြရင်း ကိုသွဗ်ဘေ အရ်ဗအ် ဆိုပြီး ပညာရပ် ဆိုင်ရာ အသုံးအနှုန်းကို သုံးခဲ့ခြင်းဖြစ်ပါသည်။ ပြီးနောက် ဤ ပညာရပ်ဆိုင်ရာ အသုံးအနှုန်း အား ဖေက်ဟီ (ဓမ္မသတ်) စာပေများ တွင် သုံးလာပြီး တဖြည်းဖြည်း အမည်တွင် သွားခြင်း ဖြစ်ပါသည်။ ရှီအဟ် အိုလမာ အချို့ သည် ကိုသွဗ်ဘေအရ်ဗအ် ဟဒီးစ်တော် များ အားလုံး ကို စစ်မှန်သည်ဟု ယူဆကြပါသည်။ သို့သော် အများစု မှာ မိုသာဝါသေရ် ဟဒီးစ်တော် များ (သို့) စနဒ် (ဆင့်ပြန်မှု အထောက် အထား) ခိုင်လုံသည့် ဟဒီးစ်များကိုသာ စစ်မှန်သည်ဟု လက်ခံထားကြပါသည်။

အဆင့်အတန်း၊နေရာ၊ရာထူး

ရှီအဟ် မွတ်စလင်မ်များသည် ကျမ်းကြီး လေးကျမ်း ဖြစ်သည့် အလ်ကာဖီကျမ်း ၊ မန်လာယဟ်ဇိုရိုဟိုလ် ဖကီးယဟ် ကျမ်း ၊ သဲဟ်ဇီးဗ်ဗိုလ်အဲဟ်ကာမ်ကျမ်း နှင့် အလ်အစ်သစ်ဗ်ဆွာရ် ကျမ်းတို့ အမှန်ကန်ဆုံး အစစ်မှန်ဆုံး ဟဒီးစ်အရင်းအမြစ်များ အဖြစ် ခံယူထားပါသည်။ ၎င်းကျမ်းကြီးလေးကျမ်းကို ကိုသွဗ်ဘေ အရ်ဗအ် (ကျမ်းကြီးလေးကျမ်း)ဟုခေါ်ဆိုကြပါသည်။[] မိုရ်သဇာ မိုသွဟရီ ၏ အဆိုအရ ဤကျမ်းကြီး လေးကျမ်းသည် ရှီအဟ် များအတွက် ကုရ်အာန်ပြီးနောက် အခိုင်လုံ ဆုံးနှင့် အမြင့်မြတ်ဆုံးသော အရင်း အမြစ်ဖြစ်သည်ဟု ယူဆပါသည်။[] သို့သော် ရှီအဟ် အိုလမာ အများစု သည် ဤကျမ်း လေး ကျမ်းပါ ရီဝါယသ်တော်များ (ဟဒီးစ်တော်များ ) အားလုံး အပေါ် လိုက်နာ ကျင့်သုံးရန် ဝါဂျစ်ဗ် (မပြု မနေရ )အဖြစ် မခံယူထားကြချေ။ ဟဒီးစ်တော် များ ၏ အထောက်အထား အကိုးအကားများ နှင့်ညွှန်းပြမှုများ ကို စိစစ်ပြီးမှလိုက်နာ ကျင့်သုံး ကြပါသည်။[]

ပညာရပ်ဆိုင်ရာအသုံးအနှုန်း ၏နောက်ခံသမိုင်း

ရှဟီးဒ် စာနီ သည် ကျမ်းကြီး လေးကျမ်း ကို ကိုသွဗ်ဘေအရ်ဗအ် ဆိုသည် ပညာရပ်ဆိုင် ရာ အသုံးအနှုန်း ဖြင့် ပထမဆုံး စသုံးခဲ့သည် အာလင်မ် ဖြစ်ပါသည်။ ၎င်းအနေဖြင့် ဟီဂျရီ ၉၅၀ ခုနှစ်တွင် ရီဝါယသ်တော်များ ကို ဆင့်ပြန်ခွင့် ကိစ္စ တစ်ခု ကို ညွှန်းပြရင်း ကိုသွဗ်ဘေ အရ်ဗအ် ဆိုပြီး ပညာရပ် ဆိုင်ရာ အသုံးအနှုန်းကို သုံးခဲ့ခြင်းဖြစ်ပါသည်။ပြီးနောက် အခြား ဝါယသ်တော်များ ကို ဆင့်ပြန်ခွင့် ကိစ္စ တွင် “အလ်ကိုသွဗ် ဘိုလ်အရ် ဗအ် “ ဆိုသည့် စကားစု ကို အသုံး ပြုခဲ့ပါသည်။[] ပြီးနောက် ဆယ်စုနှစ် သုံးစု တွင် မိုဟကစ်က် အရ်ဒဘိုင်လီ မှ ဤ ပညာရပ်ဆိုင်ရာ အသုံးအနှုန်း ကို မိမိ ၏ ဖေက်ဟ်ဟီ စာအုပ် ဖြစ်သည့် “မဂျ်မအိုလ်ဖါအစ်ဒ် ဝါအလ်ဘိုရ်ဟန်” ဟီဂျရီ ၉၇၇ခုနှစ်မှ စရေးပြီး ဟီဂျရီ ၉၈၅ တွင် အဆုံးသတ်ခဲ့သည့် စာအုပ် တွင် အသုံးပြုခဲ့ပါသည်။ ဤနည်းအားဖြင့် ဤ ပညာရပ် ဆိုင်ရာ အသုံးအနှုန်း သည် ဟဒီးစ် နယ်ပယ် မှ ဖေက်ဟီ စာအုပ်များ နယ်ပယ်တွင်လည်း အသုံးပြုလာကြပါသည်။ ထို့နောက် ၎င်းကို အစဥ်အလိုက် ဇိုဗ်ဒသိုလ်ပရန်း (ဟီဂျရီ ၉၈၉ ခုနှစ် တွင်ရေးသား)၊ မွန်သကီယိုလ်ဂျိုမာန် (ဟီဂျရီ ၁၀၀၆ ခုနှစ် တွင်ရေးသား) နှင့် အလ်ဝဖီယဟ် (ဟီဂျရီ ၁၀၅၉ ခုနှစ် တွင်ရေးသား) တို့တွင် အသီးသီး အသုံးပြုခဲ့ကြပါသည်။[]

ကိုသွဗ်ဘေအရ်ဗအ် ၏ မှန်ကန် မှု

ရှီအဟ် ဖေကဟ်ပညာရှင်များ မှ ကိုသွဗ်ဘေအရ်ဗအ် ၏ မှန်ကန် မှု ၊တရားဝင်မှု ကို အတည်ပြုလက်ခံ ထားကြပါသည်။ရှိက်ခ်အန်ဆွာရီအနေဖြင့် ဤ ကျမ်းကြီး လေးကျမ်းအပါအဝင် အခြား နာမည်ကြီး ကျမ်းများကို စစ်မှန်မှု ၊ တရားဝင်မှုကို အတည်ပြုလက်ခံခြင်း ဟာ ဂိုဏ်းတရား၏ မရှိမဖြစ် အရေးကြီး လိုအပ်ချက်များ မှဟု ဆိုထားပါသည်။[] ဤအခြေအနေမှာပတ်သက်ပြီး ရှီအဟ် ပညာရှင်များ အကြား ကတ်သွအီယိုဆိုဒူရ် ဖြစ်ခြင်း နှင့် မဖြစ်ခြင်း ၊ ရီဝါယသ်များ (ဟဒီးစ်တော်များ ) အားလုံး ၏ မှန်ကန်မှု နှင့် တရားဝင်မှု နှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲ မှုများ လာရှိပါသည်။ ဤသဘောထား ကွဲလွဲမှု နှင့် ပတ်သက်ပြီး အမြင် ရှူထောင့် သုံး ရပ် ကို တင်ပြနိုင်ပါသည်။

  • ဟဒီးစ်တော်များ အားလုံး သည် ကတ်သွအီယိုဆိုဒူရ် ဖြစ်ပြီး မှန်ကန်ခြင်း

အက်ခ်ဘာရီဂိုဏ်းဝင်များသည် ကိုသွဗ်ဘေအရ်ဗအ် ပါ ဟဒီးစ်တော်များ အားလုံး ကို မှန်ကန်ကြောင်း ဤကျမ်းများ ပါ ရီဝါယသ်တော်များ အားလုဲးသည် ကတ်သွအီယိုဆိုဒူရ် (ခ) မအ်စူမီးန် (အ.စ) များ ထံမှ လုံးဝ သေချာ ကြောင်း ယုံကြည် လက်ခံကြ ပါသည်။[] ဆယက်ဒ် မိုရ်သဇာ ၏ အမြင်သည် က်ခ်ဘာရီ ဂိုဏ်း ဝင်များ ၏ အမြင် နှင့်နီးစပ်ပါ သည်။ ၎င်းအနဖြင့် ဤကျမ်းကြီး လေးကျမ်းလာ ဟဒီးစ်တော် အများစု အား မိုသဝါသေရ် ဟဒီးစ်များ သို့မဟုတ် ကတ်သွအီယိုဆိုဒူရ် ဟဒီးစ်များဟု ခံယူထားပါသည်။

  • ဟဒီးစ်တော်များ အားလုံးသည် မှန်ကန် ပြီး ကတ်သွအီယိုဆိုဒူရ် မဖြစ်ခြင်း

ဤအမြင်ရှိသူများမှာ အချို့ဖေကဟ်ပညာရှင်များဖြစ်ကြပြီး ပမာအားဖြင့် ဖွာဇေလ်သူနီ ၊မွတ်လာ အဲဟ်မဒ် နရာကီ ၊ မီးရ်ဇာ မိုဟမ္မဒ် ဟိုစိုင်းန် နာယီနီ ၊ တို့ဖြစ်ပါသည်။ ကိုသွဗ်ဘေအရ်ဗအ် ပါ ဟဒီးစ်တော်များ အားလုံး ကို ကတ်သွအီယိုဆိုဒူရ် (မအ်စူမီးန် (အ.စ) ဘက်မှ လုံးဝ သေချာကြောင်း) ဖြစ်ကြောင်း ကို လက်မခံထားချေ။ သို့သော် ၎င်းကျမ်း၏ ဟဒီးစ်တော်များ မှန်ကန် ကြောင်း ကို လက်ခံထားကြပါသည်။[]

  • ဟဒီးစ်တော်အများစုသည် ဇန်နီယိုလ် ဆိုဒူရ် ဖြစ်ပြီး ကတ်သွအီယိုဆိုဒူရ် သာလျှင် စံမှတ်ကျောက်ဖြစ်ခြင်း

ရှီအဟ်ဖေကဟ်ပညာရှင်များ နှင့် အူဆူလီပညာရှင်များ အများစု အနေဖြင့် ကာဖီကျမ်း၏ အချို့ ဟဒီးစ်တော်များသာ မိုသဝါသေရ် ဟဒီးစ်တော်များ ဖြစ်ပြီး ကျန် ဟဒီးစ်တော် များ အားလုံးသည် ဇန်နီယိုလ် ဆိုဒူရ် ဖြစ်ကြောင်း လက်ခံယုံကြည်ထားကြပါသည်။ စနဒ်(ဆင့်ပြန်သူများ)မှန်ကန်သည့် ဟဒီးစ်များသာလျှင် စံမှတ်ကျောက် ဖြစ်ပါသည်။ သို့သော်ဟဒီးစ်တော် အတွက် စံမှတ်ကျောက် သတ်မှတ်မှု စည်းမျဥ်း စည်းကမ်း များ နှင့် ပတ်သက်ပြီး ၎င်းတို့ အကြားတွင် သဘောထား ကွဲလွဲမှုများ ရှိပါသည်။[]

အလ်ကာဖီ

မူရင်းဆောင်းပါး - အလ်ကာဖီ ကာဖီကျမ်းအား အဘူဂျအ်ဖရ်ကိုလိုင်းနီ (ဟီဂျရီ ၃၂၉ ခုနှစ် ကွယ်လွန်) မှ ဂိုက်ဘသ်သေဆိုဃရာ အချိန်တွင် ရေးသားပြုစုခဲ့ပါသည်။[၁၀] စာအုပ်တွင် ဟဒီးစ်တော်ပေါင်း ၁၆၀၀၀ခန့်ပါရှိပြီး အူဆူလ်၊ဖရူအ် နှင့်ရောင်ဇာဟ် ဆိုပြီး အပိုင်းသုံး ပိုင်းပါရှိပါသည်။[၁၁] အူဆူလ်လေကာဖီ သည် ယုံကြည်ချက်ဆိုင်ရာ ဟဒီးစ်တော်များ ဖြစ်ပြီး ဖရူအ်အေကာဖီ သည် ဖေက်ဟီဆိုင်ရာ ဟဒီးစ်တော်များ ပါဝင်ပါသည်။ ရောင်ဇဟ်ကာဖီ တွင် ဟဒီးစ်တော်ပေါင်းစုံ ပါဝင်ပါသည်။[၁၂]

မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ်

မူရင်းဆောင်းပါး - မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ဤကျမ်းအား ရေးသားပြုစုသူမှာ ရှိက်ခ်ဆူဒူက် (ဟီဂျရီ ၃၈၁ ခုနှစ် ကွယ်လွန်) ဖြစ်ပါသည်။ ဤစာအုပ်တွင် ဟဒီးစ်တော်ပေါင်း ၆၀၀၀ ခန့်ပါဝင်ပြီး ၎င်းခေါင်းစဥ်များ မှာ ဖေက်ဟီ နှင့် လက်တွေ့ အဲဟ်ကာမ် ဖြစ်ပါသည်။ ရှိက်ခ်ဆူဒူက် ဤစာအုပ်ပါ ဟဒီးစ်တော် များ ကို မှန်ကန် သည်ဟု လက်ခံပြီး ကိုယ်တိုင် ဤဟဒီးစ်တော်များ ကို အခြေပြု၍ ဖသ်ဝါ များ ပေးခဲ့ပါသည်။[၁၃]

သဲဟ်ဇီးဗ်ဗိုလ်အဲဟ်ကာမ်

မူရင်းဆောင်းပါး - သဲဟ်ဇီးဗ်ဗိုလ်အဲဟ်ကာမ် သဲဟ်ဇီးဗ်ဗိုလ်အဲဟ်ကာမ်ကျမ်းအား ရေးသားပြုစုသူမှာ ရှိက်ခ်ဆူစီ (ဟီဂျရီ ၄၆၀ ခုနှစ် ကွယ်လွန်) ဖြစ်ပါ သည်။ဤကျမ်းတါင် အခန်းပေါင်း ၃၉၃ခန်းပါဝင်ပြီးဟဒီးစ်တော်ပေါင်း ၁၃၅၉၀ ပါရှိပါသည်။ ဤကျမ်း၏ ခေါင်းစဥ် မှာ ဖေက်ဟ် ဖြစ်ပါသည်။ ရှိက်ခ်ဆူစီ အနေဖြင့် ရှိက်ခ် မိုဖီးဒ် ရေးသားထားသည့် “မွတ်က်နေအဟ် ကျမ်း” ၏ အကျယ် နှင့် ရှင်းလင်းချက်အတွက် ပြီးနောက် ရှိက်ခ် မိုဖီးဒ် ၏ ညွှန်ကြားချက်အရ ဤကျမ်းအား ရေးသား ခဲ့ခြင်း ဖြစ်ပါသည်။[၁၄]

အလ်အစ် သစ်ဗ်ဆွာရ်

မူရင်းဆောင်းပါး - အလ်အစ် သစ်ဗ်ဆွာရ် ဤကျမ်း၏ အရဘီ အမည် မှာ (الاستبصار فی ما اختلف من الاخبار) ဖြစ်ပြီး ရှိက်ခ်ဆူစီ အနေဖြင့် သဲဟ်ဇီးဗ် ဗိုလ်အဲဟ်ကာမ်ကျမ်းအား ရေးသားပြုစု ပြီးနောက် မိမိ၏ အချို့ တပည့် များ၏ မေတ္တာရပ်ခံချက် ကြောင့် ရေးသား ပြုစု ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းအနေဖြင့် ဤကျမ်းတွင် ဖေက်ဟီဆိုင်ရာ အကြောင်းအရာမျိုးစုံ ၏ မိုသာအာရေဇ် ဟဒီးစ်တော်များ (အကွဲအလွဲဟဒီးစ်တော်များ) ကိုသာလျှင် စုစည်းပြုစုထားပါသည်။ ဤ အတွက် ကြောင့် ဤကျမ်းတွင် ဖေက်ဟီဆိုင်ရာ ကဏ္ဍ အားလုံး မပါဝင်ချေ။[၁၅]

ဆက်စပ်နေသည့် ဆောင်းပါးများ

အူဆူလေအရ်ဗအ်မေအာဟ်ဆေဟာဟေစစ်သဟ်

အောက်ခြေ မှတ်စုများ

  1. အမီးနီ ၊ အလ်ဂဒီးရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၃၈၃- ၃၈၄။
  2. မိုသွဟရီ ။ အာရှနာယီ ဗါ ကုရ်အာန် (၁) ၊ အီရန်သက္ကရာဇ် ၁၃၈၉ ခုနှစ် ၊ စာမျက်နှာ ၈ ။
  3. အမီးနီ ၊ အလ်ဂဒီးရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၃၈၃- ၃၈၄။
  4. ဘာကဲရ်ရီ ၊ « ဂျဟ်ရ် ကေသာဗ် ဗေ ဟဒီးစ်စီ ယေ အေမာမ် မီယဟ် ဝ ရဝါဂျ်ဂျေ အစ်ဆ်သွလာဟ် « အလ်ကိုသွဗ်ဘေအရ်ဗအ် » နက်ဒီ ဗရ် ဒီးဒ်ဂါဟ် အန်ဒရူနီယွန်နေမန်  » ။
  5. ဘာကဲရ်ရီ ၊ « ဂျဟ်ရ် ကေသာဗ် ဗေ ဟဒီးစ်စီ ယေ အေမာမ် မီယဟ် ဝ ရဝါဂျ်ဂျေ အစ်ဆ်သွလာဟ် « အလ်ကိုသွဗ်ဘေအရ်ဗအ် » နက်ဒီ ဗရ် ဒီးဒ်ဂါဟ် အန်ဒရူနီယွန်နေမန်  » ။
  6. ကြည့်ပါ - ရှိက်ခ်အန်ဆွာရီ ၊ ဖရာအစ်ဒ် ဒိုလ်အူဆိုလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၈ ခုနှစ် ၊ အတွဲ ၁၊ စာမျက်နှာ ၂၃၉ ။
  7. အက်စ်သရ် အာဗါဒ်ဒီ ၊ အလ်ဖဝါယစ်ဒ်ဒိုလ်မဒီနဟ် ၊ စာမျက်နှာ ၁၁၂။
  8. ကြည့်ပါ - ဖါဇေလ်သူနီ ၊ အလ်ဝါဖီယဟ် ဖီ အူဆူလေလ်ဖေက်ဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ် ၊ စာမျက်နှာ ၁၆၆ ။
  9. ခူဝီ ၊ မိုအ်ဂျန်မ် မို ရေဂျာလ် လေ ဟဒီးစ် ၊ အီရန်သက္ကရာဇ် ၁၃၇၂ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၈၇ - ၉၇။
  10. မူဒီးရ် ရှာနဟ်ဂျီ ၊ သာရီးခ် ဟဒီးစ် ၊ အီရန်သက္ကရာဇ် ၁၃၈၁ ခုနှစ် ၊ စာမျက်နှာ ၉၆ ။
  11. မူဒီးရ် ရှာနဟ်ဂျီ ၊ သာရီးခ် ဟဒီးစ် ၊ အီရန်သက္ကရာဇ် ၁၃၈၁ ခုနှစ် ၊ စာမျက်နှာ ၉၆ - ၉၇ ။
  12. မူဒီးရ် ရှာနဟ်ဂျီ ၊ သာရီးခ် ဟဒီးစ် ၊ အီရန်သက္ကရာဇ် ၁၃၈၁ ခုနှစ် ၊ စာမျက်နှာ ၉၆ - ၉၇ ။
  13. မူဒီးရ် ရှာနဟ်ဂျီ ၊ သာရီးခ် ဟဒီးစ် ၊ အီရန်သက္ကရာဇ် ၁၃၇၇ ခုနှစ် ၊ စာမျက်နှာ ၁၃၀ - ၁၃၅။
  14. မူဒီးရ် ရှာနဟ်ဂျီ ၊ သာရီးခ် ဟဒီးစ် ၊ အီရန်သက္ကရာဇ် ၁၃၇၇ ခုနှစ် ၊ စာမျက်နှာ ၁၃၇ - ၁၄၀၀။
  15. မူဒီးရ် ရှာနဟ်ဂျီ ၊ သာရီးခ် ဟဒီးစ် ၊ အီရန်သက္ကရာဇ် ၁၃၇၇ ခုနှစ် ၊ စာမျက်နှာ ၁၄၈ - ၁၅၀ ။

ကျမ်းကိုးများ

  • အမီးနီ ၊ အဗ်ဒိုလ်ဟိုစိုင်းန် အလ်ဂဒီးရ် ဖီလ်ကေသာဗ် ဝလ် စွန္နဟ် ဝလ်အဒဗ် ၊ကွမ်း ၊ မရ်ကဇ် ဇိုလ်ဂဒီးရ် လေလ်ဒရာစာသိုလ် အစ္စလာမ်မီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ခုနှစ်။
  • ရှိက်ခ်အန်ဆွာရီ ၊ မိုရ်သဇာ ၊ ဖရာအစ်ဒ် ဒိုလ်အူဆိုလ် ၊ ကွမ်း ၊ မဂျ်မအ်အိုလ် ဖေက်ရေလ် အစ္စလာမ်မီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၈ ခုနှစ်။
  • ဘာကဲရ်ရီ ၊ ဟမီးဒ် ၊ «ကေသာဗ် ဗေ ဟဒီးစ်စီ ယေ အေမာမ် မီယဟ် ဝ ရဝါဂျ်ဂျေ အစ်ဆ်သွလာဟ် « အလ်ကိုသွဗ် ဘေအရ် ဗအ် » နက်ဒီ ဗရ် ဒီးဒ်ဂါဟ် အန်ဒရူနီယွန်နေမန်» ၊ ဝက်ဘ်ဆိုက် တူမာရ် အန်ဒီရှေ ၊ ကြည့်သည့်နေ့ - ဖရ်ဝဒီးန် ၆ ရက်နေ့ ၊ အီရန် သက္ကရာဇ် ၁၃၉၇ ခုနှစ် ။
  • ခူဝီ ၊အဘူလ်ကာစင်မ် ၊ မိုအ်ဂျန်မ် မို ရေဂျာလ် လေ ဟဒီးစ် ဝသဖ်ဆီလို သွဗကာသ် သိုလ်ရဝါဟ် ၊ ကွမ်း ၊ မရ်ကဇ် ဇို နရှ်ရိုလ် စကာဖသိုလ်အစ္စလာမ်မီယဟ် ဖီးလ်အာလန်မ် ၊ အီရန် သက္ကရာဇ် ၁၃၇၂ ခုနှစ် ။
  • ဖါဇေလ်သူနီ ၊ အဗ်ဒွလ္လာဟ် ဘင်န် မိုဟမ္မဒ် ၊ အလ်ဝါဖီယဟ် ဖီ အူဆူလေလ်ဖေက်ဟ် ၊ သဲဟ်ကီးက် ရဇဝီ ကက်ရှ်မီရီ၊ ကွမ်း ၊ မဂျ်မအ်အိုလ် ဖေက်ရေလ် အစ္စလာမ်မီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ် ။
  • အက်စ်သရ် အာဗါဒ်ဒီ ၊မိုဟမ္မဒ် ဘင်န် မိုဟမ္မဒ် ရှရီးဖ် ၊ အလ်ဖဝါယစ်ဒ်ဒိုလ်မဒီနဟ် ၊ သဗ်ရေဇ် ၊ ပုံနှိပ်တိုက် မသိ ၊ ဟီဂျရီ သက္ကရာဇ် ၁၃၂၁ ခုနှစ် ။
  • ကာရ်ကီ၊ ဟိုစိုင်းန် ဘင်န် ရှဟဘွတ်ဒ်ဒီးန် ၊ ဟိဒယာသူလ်အ်အဗ်ရာရ် အေလာ သွရစ်က်ကိုလ် အယ်အအေ မသိုလ်အသွဟာရ် ၊ ၊ သဲဟ်ကီးက် ရဟူဖ် ဂျမားလ်လွတ်ဒ်ဒီးန် ၊ နဂျဖီ ၊ မိုအ်စစေ အဲဟ်ယာအိုလ်အဲဟ်ယာအ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၆ ခုနှစ် ။
  • မူဒီးရ် ရှာနဟ်ဂျီ ၊ ကာဇင်းမ် ၊ သာရီးခ် ဟဒီးစ် ၊ကွမ်း ၊ ဒဖ်သရ် အင်န်သေရှာရာသ် သေ အစ္စလာမ်မီ ၊ ၁၆ကြိမ်မြောက် ပုံနှိပ် ၊ အီရန်သက္ကရာဇ် ၁၃၈၁ ခုနှစ် ။
  • မူဒီးရ် ရှာနဟ်ဂျီ ၊ ကာဇင်းမ် ၊ သာရီးခ် ဟဒီးစ် ၊တီဟီရန် ၊ အင်န်သေရှာရာသ် သေ စမ်သ် ၊ အီရန်သက္ကရာဇ် ၁၃၇၇ ခုနှစ် ။
  • မိုသွဟရီ ၊ မိုရ်သဇာ ၊ အာရှနာယီ ဗါ ကုရ်အာန် (၁) ၊ဆဒ်ရာ ၊ အီရန်သက္ကရာဇ် ၁၃၈၉ ခုနှစ်။