အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏ အသက်ရှည်မှု
အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏ အသက်ရှည်မှု (အရဘီ : طول عمر الإمام المهدي (ع) ) ဆိုသည်မှာ အေမာမ် မဲဟ်ဒီ (အ.ဂျ) သည် ဟီဂျရီ သက္ကရာဇ် ၂၅၅ ခုနှစ် မှ ဇဟူရ် (လူသိရှင်ကြားပွင့်တော်မူခြင်း) အထိ သက်ရှိ ထင်ရှားရှိ နေမည် ဟု အေမာမ်မီယဟ် တို့ ၏ သက်ဝင် ယုံကြည်ချက်များ မှ တစ်ခုဖြစ်ပါသည်။ အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏ သက်တမ်း သည် ဟီဂျရီ သက္ကရာဇ် ၁၄၄၆ ခုနှစ် အထိ နှစ်ပေါင်း ၁၁၉၀ ကျော်ရောက်ရှိခဲ့ပြီး ဖြစ်ပါ သည်။ အစ်ဗ်နေသိုင်းမီယဟ် နှင့် နာဆေရ် အလ်ကဖါရီ အပါအဝင် အေမာမ်မီယဟ် ၏ အတိုက်အခံများက ထိုသို့သော အသက်မျိုးကို မဖြစ်နိုင်ဟု ယူဆကြပြီး အေမာမ် မဲဟ်ဒီ (အ.စ) ၏ မွေးဖွား ခြင်း ကို ငြင်းဆိုရန် အထောက်အထား အဖြစ် ယူဆကြပါသည်။
ဥာဏ်ပညာအရ ပုံမှန်မဟုတ်သော အသက်ရှည်ခြင်း ဖြစ်နိုင်ခြေကို အေမာမ်မီယဟ် ပညာရှင်များက ယူဆကြ ပြီး ယင်းကို သက်သေပြရန်အတွက် ဟဇရသ် နူးဟ်(ခ)နောဧ (အ.စ) ၊ ဟဇရသ် ခိဇ်ရ် (အ.စ) နှင့် ဟဇရသ် အီစာ (ခ) ယေရှု (အ.စ) တို့၏ အသက်တာရှည်ချက်များကို ကိုးကားကြပါသည်။ထိုနည်းတူစွာ အေမာမ် မဲဟ်ဒီ (အ.စ) ၏အသက်ရှည်လျား မှုကို သက်သေ ထူရန် အတွက် အသက်ရှည်သူများ သမိုင်း အထောက်အထား ပမာများ ၊ အေမာမ် မဲဟ်ဒီ (အ.စ) ၏ အသက်ရှည်လျားမှု ကို ဖော်ပြ ထားသည့် ရီဝါယသ်တော် များ ၊ သက်ရှည် ဘဝ၏ ဖြစ်နိုင်ခြေကို မျက်မြင်ကိုယ်တွေ့ နှင့် သိပ္ပံနည်းကျအားဖြင့် ကိုးကားပြထားပါသည်။
အေမာမ်မဲဟ်ဒီ (အ.စ) ၏ အသက်ရှည်ခြင်းအကြောင်း တိုက်ရိုက် စာအုပ်များ ရေးသားထား ပါသည်။ ၎င်းတို့ အနက်မှ ဟီဂျရီ သက္ကရာဇ် ၄၂၇ ခုနှစ် တွင် အဘူလ်ဖသ်ဟ် ကရာဂျကီ ရေးသားထားသော အလ်ဘူရ်ဟာန် အလာ ဆေဟ်ဟသေ သူလေ အုမ်ရ် ရေလ်အေမာမ် ဆွာဟေဗွန်ဇ် ဇမာန်း ဖြစ်ပါသည်။ ထို့အပြင် ဟီဂျရီ သက္ကရာဇ် ၃၇၀ ခုနှစ် နောက်ပိုင်းတွင် ရေးသားခဲ့သည့် ဟဒီးစ် စာအုပ်အချို့တွင်လည်း ဤအကြောင်း အရာအတွက် သီးသန့် ရည်ညွှန်းထား ပါသည်။
အရေးပါမှု နှင့် နောက်ခံအကြောင်းအရင်း
အေမာမ် မဲဟ်ဒီ (အ.စ) ၏ အသက်ရှည်ခြင်းဆိုသည်မှာ အေမာမ် မဲဟ်ဒီ (အ.စ) ဟီဂျရီ သက္ကရာဇ် ၂၅၅ ခုနှစ် တွင် မွေးဖွားတော်မူပြီးနောက် ဇဟူးရ် ဖြစ်တော်မူမည့် ချိန်အထိ သက်တော်ရှိနေတော်မူခြင်း ဖြစ်ပြီး အေမာမ်မီယဟ် ၏ သက်ဝင် ယုံကြည်ချက်များ မှတစ်ခုဖြစ်ပြီး[၁] နှင့် အချို့သော စွန်နီပညာရှင်[၂] တို့၏ သက်ဝင်ယုံကြည်ချက်ဖြစ်ပါသည်။ယင်းကိုအခြေခံ၍ အေမာမ် မဲဟ်ဒီ (အ.စ) ၏ သက်တော် သည် ဟီဂျရီ သက္ကရာဇ် ၂၅၅ ခုနှစ် မှ ဟီဂျရီ သက္ကရာဇ် ၁၁၉၀ ခုနှစ် အထိ နှစ်ပေါင်း ၁၁၉၀ ကျော်ရှိမည်ဖြစ်ပါသည်။
အေမာမ်မီယဟ်အဆိုအရ ၎င်းသည် ပုံမှန်ထက်ပို၍အသက်ရှည်ရန် ဖြစ်နိုင်ချေရှိပြီး ယင်း၏ ဥပမာများရှိပါ သည်။[၃] သို့ရာတွင် အေမာမ်မီယဟ် ၏ ဆန့်ကျင်ဘက်များက ဤမျှရှည်လျားသောအသက်တာ သည် မဖြစ်နိုင်ဟုယူဆကာ အေမာမ် မဲဟ်ဒီ (အ.စ) မမွေးသည် အတွက် သက်သေ တစ်ခု အဖြစ် သတ်မှတ်ကြပါ သည်။[၄] ၎င်းတို့ထဲတွင် အစ်ဗ်နေသိုင်းမီယဟ် (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၇၂၈ ခုနှစ်)[၅] နှင့် အာရေဗျနိုင်ငံမှ ဝဟာဘီ စာရေးဆရာ နာဆေရ် အလ်ကဖါရီ တို့ဖြစ်ပါသည်။ [၆]
ပြုလုပ်ခဲ့သော သုတေသနများကို အခြေခံ၍ ဟီဂျရီ ၃၇၀ ခုနှစ် နောက်ပိုင်းတွင် အေမာမ် မဲဟ်ဒီ (အ.စ) ၏ အသက်ရှည်ခြင်းကိစ္စ ကို အေမာမ် မီယဟ် တို့ ၏ မဲဟ်ဒဝီယသ် နှင့် သက်ဆိုင်သည့် လက်ရာများတွင် ဂရုပြခဲ့ကြသည်ကို သိရှိရမည် ဖြစ်ပါသည်။ ဟီဂျရီ သက္ကရာဇ် ၃၇စ ခုနစ် မတိုင်မီ ၏ လက်ရာများဖြစ်သည့် ဗဆွာအေရိုဒ်ဒရဂျာသ် ၊ အလ်ကာဖီ နှင့် အလ်ဂိုက်ဗဟ် နိုအ်မာနီ ကဲ့သို့ ကျမ်းများ တွင်အေမာမ် မဲဟ်ဒီ (အ.စ) ၏ ဘဝသည် အားလုံးသိနေသည့် ဖြစ်သောကြောင့် အေမာမ် မဲဟ်ဒီ (အ.စ) သက်တော် ရှည် ခြင်းဆိုင်ရာကိစ္စ ကို ထည့် သွားရေးသားထားကြခြင်း မပြုထားချေ။[၇] ဤစာစောင်အတွက် ကဏ္ဍ တစ်ခု ရည်ညွှန်းသော ပထမဆုံးစာအုပ်ကို ရှိက်ခ်ဆူဒူက် (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၃၈၁ ခုနှစ် ) မှ ရေးသားသီးကုံးထားသည့် ကမာလွန်ဒ်ဒီးန် ဝသမာမွန်န်နေအ်မဟ် ဖြစ်ပါသည်။[၈]
ထူးခြားသော အသက်ရှည်နိုင်ခြေကို သက်သေပြခြင်း

ဆင်ခြင်တုံတရား အရ ဖြစ်နိုင်ချေ
ဤအကြောင်းကြောင့် ထူးကဲသော အသက်ရှည်ခြင်းသည် မဖြစ်နိုင်ပါ၊ အလ္လာဟ် ဟို အရှင်မြတ် သခင်သည် အကြွင်းမဲ့သိတော်မူ ၍ အစွမ်းရှိတော် မူသည့် အတွက်ကြောင့် အလိုတော်ရှိလျှင် အသက်ရှည်နိုင်သည်။[၁၀] မိုဟမ္မဒ် ဘာကဲရ် ဆဒ်ရ် (ကွယ်လွန် - ဟီဂျရီသက္ကရာဇ် ၁၄၀၀ ခုနှစ် ) သည် အံ့ဖွယ်အမှုများ သို့မဟုတ် အခြားနည်းဖြင့် ကိစ္စ တစ်ခု၏ ထူးထူးခြားခြားဖြစ်မှုအား မဖြစ်နိုင်ကြောင်းဆို၍ ပြောမရကြောင်း ယုံကြည် ထားပါသည်။[၁၁]ရှီအဟ် ဒဿနိကပညာရှင် အဗ်ဒွလ္လဟ် ဂျဝါဒ်ဒီ အာမိုလီ ( မွေးဖွား - အီရန် သက္ကရာဇ် ၁၃၁၂ ခုနှစ် ) သည် လူ့ဝိညာဉ်ကြီးထွားလာပါက ၎င်း၏ကိုယ်ခန္ဓာအပါအဝင် ရုပ်လောကကို သိမ်းပိုက်နိုင်ပြီး ၎င်း တွင် ရုပ်ဝတ္ထုဆိုင်ရာဘဝအခြေအနေများကို ထိန်းသိမ်းနိုင်သည့် စုံလင်မှုရှိကြောင်း ယုံကြည်ပါသည်။[၁၂]
ကုရ်အာန် ကျမ်းမြတ် နှင့် သောင်ရာသ် ကျမ်း မြတ် တွင် အသက်ရှည် ရှိသူများကို ကိုးကားဖော်ပြခြင်း
စူရဟ် အန်ကဘူသ် ၏ အာယသ်တော် အမှတ် ၁၄ တွင် ဟဇရသ် နူးရ် (ခ) နောဧ (အ.စ) ၏နှစ်ပေါင်း ၉၅၀ တမန်တော်မြတ် တာဝန် ဝတ္တရား ကို ထမ်းဆောင် ခဲ့ကြောင်းကို ဖော်ပြခြင်းသည် အသက်ရှည်နိုင်ခြေနှင့် ပတ်သက်၍ အေမာမ် မီယဟ်ပညာရှင်များ တင်ပြထားသော ကုရ်အာန်ကျမ်းတော်မြတ် ၏သက်သေ အထောက် အထား များ မှ တစ်ခုဖြစ်ပါ သည်။[၁၃]ကျမ်းတော်မြတ်ကုရ်အာန် အရ ဟဇရသ် ခေဇ်ရ် (အ.စ) သည် ဟဇရသ် မူစာ (အ.စ) လက်ထက် အထိ သက်ရှည် ထင်ရှား ရှိတော် မူကြောင်း ဖြစ်ပါသည်။[၁၄]ရှိက်ခ် မိုဖီးဒ် (ကွယ်လွန် - ဟီဂျရီသက္ကရာဇ် ၄၁၃ ခုနှစ် ) နှင့် အတ္ထုပတ္တိပညာရှင်များ ၏ တစ်ညီ တစ်ညွတ် တည်း သဘော တူညီမှုအရ ဟဇရသ် ခေဇ်ရ် (အ.စ) သည် ယနေ့ အထိ အသက်ရှည် လျက် ရှိကြောင်း ဖြစ်ပါသည်။[၁၅] အေရ်ဘေလီ (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၆၉၂ ခုနှစ် ) အနေဖြင့် စူရဟ် နေစာ ၏အာယသ်တော် အမှတ် ၁၅၉ ကိုရည်ညွှန်းပြီး ဟဇရသ် အီစာ (ခ) ယေရှု (အ.စ) သည် ယခု အချိန်တိုင်အောင် အသက်ရှင် နေကြောင်း မိတ်ဆက်ပေးခဲ့ပါသည်။[၁၆]
ရှီအဟ် မရ်ဂျအ် တစ်ပါး ဖြစ်ပြီး မဲဟ်ဒဝီယသ် ၏ သုတေသီ ဖြစ်သူ လွတ်ဖ်ဖိုလ္လာဟ် ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၁၄၄၃ ခုနှစ် ) ၏ အဆိုအရ အသက်ရှည်သူများ တည်ရှိမှုသည် အေလာဟီ သာသနာ(ဖန်ဆင်းရှင် တစ်ပါးတည်းကို ကိုးကွယ်ကြသည့် ဘာသာများ ) ၏ တူညီသည့် သက်ဝင် ယုံကြည် မှု တစ်ခု ဖြစ်ကြောင်း ဆိုထားပါသည်။ ဥပမာအားဖြင့် သောင်ရာသ်ကျမ်း မြတ် ၏ စေဖ်ရ်သက်ကဝီးန် ၏ အစ်ဆ်ဟာဟ် ၅ ၊ အာယသ်တော် များ အမှတ် ၅ ၊ ၈၊ ၁၁၊ ၁၄၊ ၁၇၊ ၂၀ ၊၂၇ ၊ ၃၁ နှင့် အခြား နေရာများ တွင် အလွန်ကြာရှည်စွာနေထိုင်ခဲ့ကြသည့် အချို့ တမန်တော်မြတ်များ (အ.စ) နှင့် အခြား လူပုဂ္ဂိုလ်များ အကြောင်း ကို ဖော်ပြထားပါသည်။[၁၇]
အေမာမ် မဲဟ်ဒီ (အ.စ) ၏ အသက်ရှည်ခြင်းကို ညွှန်ပြသော ဟဒီးစ်တော်များ
ရှိက်ခ်သူစီ (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၄၆၀ ခုနှစ် ) သည် အေမာမ် မဲဟ်ဒီ (အ.စ) ၏ ထူးခြားသော အသက်ရှည်ခြင်းကို ရည်ညွှန်းသော အလ်ဂိုက်ဗဟ် ကျမ်းတွင် ဟဒီးစ်တော် များကို ဖော်ပြထားပါသည်။[၁၈]အေရ်ဘေလီ နှင့် အခြား ရှီအဟ် ဟဒီးစ် ပါရဂူများ အနေဖြင့် ကရှ်ဖိုလ်ဂန်မဟ် ကျမ်း တွင် ဟဇရသ် အလ်ယားစ် (အ.စ) ၊ ဟဇရသ် အီစာ (အ.စ) ၊ ဟဇရသ် ခေဇ်ရ် (အ.စ) ကဲ့သို့ အချို့ တမန်တော်မြတ်များ (အ.စ) ၏ သက်တော် ရှည် ခြင်းဆိုင်ရာ ဟဒီးစ်တော် များ ကို ဖော်ပြခဲ့ပြီး အေမာမ် မဲဟ်ဒီ (အ.စ) သည် ဇဟူရ် ဖြစ်သည့် အထိ သက်တော် ရှည် မည် ဖြစ်ကြောင်း ဟဒီးစ်တော် များ လာရှိကြောင်း ဖော်ပြထားပါသည်။[၁၉]အစ်ဗ်နေ မိုင်းစန်မ် ဘေဟ်ရာနီ ( ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၆၉၉ ခုနှစ် ) အနေဖြင့်လည်း ရှီအဟ်နှင့် စွန်နီများ အကြား တစ်ညီတစ်ညွတ် တည်း တမန်တော် မြတ်များ (အ.စ) တွင် ဟဇရသ် အေလ်ယားစ် (အ.စ) ၊ ဟဇရသ် ခေဇ်ရ် (အ.စ) နှင့် မကောင်းဆိုးဝါးများ မှ စာမရီ နှင့် ဒဂျာလ် တို့ အသက်ရှင်လျက် ရှိကြောင်း လက်ခံကြသည်ကို ညွှန်ပြထားပါသည်။ ဤအတွက်ကြောင့် ဤ ပုဂ္ဂိုလ်များ အသက် ရှည်စွာနေထိုင်နိုင်လျင် အလ္လာဟ် ဟု အရှင်မြတ်၏ အချစ်တော် သည်လည်း အသက်ရှည် စွာ နေနိုင် မည်ဖြစ်ပါသည်။[၂၀] ဖိုက်ဇ် ကာရှာနီ (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၁၀၉၁ ခုနှစ် ) အနေဖြင့် အေမာမ် မဲဟ်ဒီ (အ.စ) ၏ သက်တော် ရှည် ခြင်း နှင့် ပတ်သက်သည့် တမန်တော်မြတ် (ဆွ) နှင့် အေမာမ်များ (အ.စ) ဘက်မှ လာရှိသည့် ဟဒီးစ်တော် များ ကို သဝါသိုရ် အဆင့် အထိ ရှိကြောင်း ဆိုထားပါသည်။[၂၁]
အေမာမ် စဂျာဒ် (အ.စ) မိန့်တော် မူသည်။
တမန်တော်မြတ်များ (အ.စ) ၏ အချို့ ၏ စွန္နသ်တော်များ အား ကျွန်ုပ်တို့၏ ကာအေမ် (အေမာမ် မဲဟ်ဒီ (အ.စ) ) အတွင်း တွေ့နိုင်ပါသည်။ ... ဟဇရသ် အာဒံမ် (အ.စ) နှင့် ဟဇရသ် နူးရ် (အ.စ) ၏ စွန္နသ်တော်သည် သက် တော် ရှည် ခြင်း ဖြစ်ပါသည်။[၂၂]
ပင်ကိုယ်သိပ္ပံပညာအရ အသက်ရှည်နိုင်ခြေရှိခြင်း
သိပ္ပံပညာအရ သေခြင်းတရားအတွက် အကြောင်းပြချက်တစ်ခု လိုအပ်ပါသည်။ သို့သော် အသက် ဆက်လက် ရှင် ရန် အတွက် အထောက်အထား မလိုအပ်ချေ။သေခြင်းဆိုသည်မှာ ဘဝရှင်သန်ရန် စည်းမျဥ်း စည်းကမ်းများ မရှိခြင်းကို ခေါ်ဆိုပါသည်။ ရောဂါ၏အကြောင်းအရင်းနှင့် အသက်ကြီးရင့်မှုဆိုင်ရာ အကြောင်း အရာများ ကို မသိရှိခြင်း ၊ အသိပညာ ဗဟုသုတ နည်းပါးမှုကြောင့် လူသည် ၎င်းတို့အား မထိန်း နိုင်ဘဲ သေဆုံးရပါသည်။ အကယ်၍ အာဟာရ၊ ပတ်ဝန်းကျင်၊ မျိုးရိုးဗီဇ စသည်တို့ကို ထိန်းချုပ်ရန် လိုအပ် သော အသိပညာနှင့် ကိရိယာများ ရှိပါက အလွန်ရှည်လျားသည့် သက်တမ်း နှင့် ထာဝရအသက်ကိုပင် ရရှိနိုင် ပါ သည်။[၂၃]
အေမာမ် မဲဟ်ဒီ (အ.စ) ၏ အသက်ရှည်ခြင်း ဆိုင်ရာ သမိုင်းဆိုင်ရာ အတည်ပြုချက်များ
ရှိက်ခ်ဆူဒူက် အနေဖြင့် ကမာလွန်ဒ်ဒီးန် ဝသမာမွန်န်နေအ်မဟ် ကျမ်းတွင် မိုအန်မ်မရီးန် (တာရှည်နေထိုင် သူများအကြောင်း ) အခန်း ကဏ္ဍ သီးသန့် ရေးသားထားပါသည်။ ရှိက်ခ် ဆူဒူက် အနေဖြင့် အသက်ရှည်သူများ ၏ လူဒါဇင်ပေါင်းများစွာကို နာမည်ပေးထားပါသည်။ ဒီလူတွေထဲမှာ အသက် ၁၂၀ ကနေ ၃၀၀၀ အရွယ်များ ပါရှိပါသည်။ ရှိက်ခ်ဆူဒူက် သည် ဤလူများ၏ အစီရင်ခံစာကို ရှီအဟ် အတွက် သီးသန့်အဖြစ် မယူဆဘဲ ထိုကဲ့သို့သော လူများရှိကြောင်း စွန်နီစာအုပ်များတွင် အတည်ပြုခဲ့သည်ဟု ဆိုထားပါသည်။[၂၄] ရှိက်ခ်ဆူဒူက် အနေဖြင့် ဤဥပမာများကို ဖော်ပြခဲ့ပြီး ယခင် အွန်မသ် များ၏ အဖြစ်အပျက်များကို အစ္စလမ်၏ အွန်မသ် တွင် ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ထိုကဲ့သို့သော အသက်အရွယ်ကို အေမာမ် မဲဟ်ဒီ (အ.စ) အတွက် ဖြစ်နိုင်သည်ဟု ဆိုထားပါသည်။[၂၅]
ရှိက်ခ် မိုဖီးဒ်[၂၆] ၊ ကရာဂျကီ[၂၇] (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၄၄၉ ခုနှစ် )၊ ရှိက်ခ်သူစီ[၂၈] အမီးန်နိုလ်အစ္စလာမ် သွဗရစီ[၂၉] (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၅၄၈ ခုနှစ် )၊ ခွာဂျဟ် နဆီရ်သူစီ[၃၀] (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၆၇၂ ခုနှစ် ) ၊ အစ်ဗ်နေမိုင်းစန်မ် ဗေဟ်ရာနီ[၃၁] ၊ အလာမဟ် ဟစ်လီ (ကွယ်လွန်- ဟီဂျရီ သက္ကရာဇ် ၇၂၆ ခုနှစ် )[၃၂] ၊ အလာမဟ် မဂျ်လေစီ[၃၃](ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၁၁၁၀ ခုနှစ် ) ၊ လွတ်ဖ်ဖိုလ္လာဟ် ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ[၃၄] နှင့်အီဗရာဟီးမ် အမီးနီ[၃၅] (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၁၃၉၉ ခုနှစ် ) တို့သည် ပုံမှန်မဟုတ်သော အသက်ရှည်နိုင်ခြေကို သက်သေပြရန် သမိုင်းဆိုင်ရာ အကြောင်းပြချက်များကို အားကိုးခဲ့ကြသော အခြားသော ရှီအဟ် ပညာရှင် များထဲတွင် ပါဝင်ပါသည်။
မိုနိုဂရက်ဖီ

အေမာမ် မဲဟ်ဒီ (အ.စ) ၏ သက်တော် ရှည်ခြင်း ကိစ္စ နှင့်ပတ်သက်ပြီး သီးသန့် စာအုပ်များ များလာရှိပါသည်။ ပမာ အားဖြင့်
- အလ်ဘူရ်ဟာန် အလာ ဆေဟ်ဟသေ သူလေ အုမ်ရ် ရေလ်အေမာမ် ဆွာဟေဗွန်ဇ် ဇမာန်း - ရေးသားသူ မှာ ရှိက်ခ် မိုဖီးဒ် ၏ တပည့် များ မှ တစ်ဦး ဖြစ်ပြီး အေမာမ်မီယဟ် မွတ်သကလေမီးန် များ မှ တစ်ပါး ဖြစ်သည့် အဘူလ်ဖသ်ဟ် ကရာဂျကီ ဖြစ်ပါသည်။ ဤစာအုပ်တွင် အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက် ဆိုင်ရာ အက်လ်လီ ( ဆင်ခြင်တုံတရားဆိုင်ရာ) အထောက် အထား နှင့် ၊ နကလီ (ကျမ်းတော်မြတ်ကုရ်အာန် နှင့် ဟဒီးစ်တော်များဆိုင်ရာ ) အထောက်အထား ကို ဖြင့် အတိတ်က အသက်ရှည်သူများ ၏ အုပ်စု အကြောင်း ကို ဖော်ပြထားပါသည်။ ကန်ဇိုလ်ဖဝါအစ်ဒ် စာအုပ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ဤကျမ်း ၏ပထမအကြိမ်ထုတ်ဝေခြင်းကို ဟီဂျရီ သက္ကရာဇ် ၁၃၂၂ခုနှစ် တွင် သဗ်ရေဇ် တွင် စန်ကီပုံနှိပ်မှု ပြုလုပ်ခဲ့ ပြီး မိုဟမ္မဒ် ဘာကဲရ် ကမရဟ်အီ မှ ရှီအဟ် အေမာမ်မမီယဟ် သွန်သင်ချက်များ၏ ဘဏ္ဍာအဖြစ် ဘာသာပြန်ဆိုခဲ့ပါသည်။[၃၆]စာရေးသူအနေဖြင့် ဤစာအုပ် ၏ ရေးသားမှုမှာ ဟီဂျရီ သက္ကရာဇ် ၄၂၇ ခုနှစ် မှ စခဲ့သည်ဟု ဆိုထားပါသည်။[၃၇]
- ဒဖ်အို ရှိုဗ်အသေသူလေအုမ်ရေလ်ဟွတ်ဂျဟ် (အ.ဂျ) - ရေးသားသူ - မဲဟ်မူဒ် ဘင်န် မိုဟမ္မဒ် ဟစန် ရှရီအသ် မဒါရ် ။[၃၈]
- သူလေအုမ်ရ် ဟဇရသ် ဝလီယေ အဆ်ရ် (အ.ဂျ) - ရေးသားသူ - လွတ်ဖ်ဖိုလ္လာဟ် ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ။[၃၉]
- မွန်သဇေရ်ရေဂျဟာန် ဝရာဇ်ဇေ သူလေအုမ်ရ် - ရေးသားသူ - ဆယက်ဒ် အဲဟ်မဒ် အေလ်မိုလ်ဟိုဒါ ။[၄၀]
- ရှေကစ်ဖ်သကီ ဒဲရ် ဂျီးစ် ? - ရေးသားသူ - မိုဟမ္မဒ် ဆွာလေဟီ အာဇရီ ။[၄၁]
- အစ်ဗါသ်သေသူလေအုမ်ရ်ရေ အေမာမ် ဇမာန်း (အ.ဂျ) - ရေးသားသူ - ဆယက်ဒ် မိုရ်သဇာ မီးရ် စအီးဒ် ဃာဇီ ။[၄၂]
- ဗဟ်စီပီရာမွန်နေ သူလေအုမ်ရ်ရေ အေမာမ် ဂါအစ်ဗ် - ဒါရိုလ်သဗ်လီးဂ် အစ္စလာမ်မီ ၊ ကွမ်း မှ ထုတ်ဝေ ပါသည်။[၄၃]
- သူလေအုမ်ရ်ရေ အေမာမ် ဇမာန်း (အ.ဂျ) အဇ် ဒီးဒ်ဂါဟ်ဟေ အူလူးမ် ဝ အဒယာန်း - ရေးသားသူ - အလီအက္က်ဘဲရ် မဲဟ်ဒီပူရ် ။[၄၄]
- အေမာမ် မဲဟ်ဒီ (အ.ဂျ) ၊ သူလေအုမ်ရ် - ရေးသားသူ - ဟာဒီ ဟိုစိုင်းန်နီ။[၄၅]
အောက်ခြေ မှတ်စုများ
- ↑ ရေဇ်ဝန်နီ ၊ သဝလွတ်ဒ် ဟဇရသ် မဲဟ်ဒီ (အ.စ) ၊ အီရန် သက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ စာမျက်နှာ ၆၀၊ ၆၁။ နမူနာ ကြည့်ရန် - အလ်ကာဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ၁ ၊ စာမျက်နှာ ၅၁၄။ ရှိက်ခ် မိုဖီးဒ် ၊ အလ်အေရ်ရှာဒ် ၊ အီရန် သက္ကရာဇ် ၁၃၇၂ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၃၉ ။ ရှိက်ခ် သူစီ ၊ အလ်ဂိုင်းဗဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၅ ခုနှစ်၊ စာမျက်နှာ ၄၁၉။ သွဗရစီ ၊ အအ်လာန်မ်မိုလ်ဝရာ ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၀ ခုနှစ်၊ စာမျက်နှာ ၄၁၈။ အေရ်ဘေလီ ၊ ကရှ်ဖိုလ်ဂန်မဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၁ ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၄၃၇။အလာမဟ် မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ခုနှစ်၊ အတွဲ ၅၁ ၊ စာမျက်နှာ ၂။
- ↑ အလ်အမီဒီ ၊ အလ်မဲဟ်ဒီ ယိုလ်မွန်သဇရို ဖီးလ်ဖေက်ရ်ရေလ် အစ္စလာမ်မီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၅ ခုနှစ်၊ စာမျက်နှာ ၁၃၆ ၊ ၁၄၁ ။ မဲဟ်မူဒ် ၊ ဝေလာဒသ်သိုလ်အေမာမ် မဲဟ်ဒီ ဖီးကူသွတ်ဗ် ဗေလ် ဖေရ်ကိုင်းန် အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ်၊ စာမျက်နှာ ၃၅၇၊ ၄၀၂။နမူနာကြည့်ရန် - နဆီဘီ ရှာဖေအီ၊ မသွာလစ်ဗ်အက်စ်စိုအူလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၉ ခုနှစ်၊ စာမျက်နှာ ၃၁၁၊၃၁၉။အစ်ဗ်နေဂျောင်ဇီ ၊ သဇ်ကေရသိုလ်ခဝါဆ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၀၆ ၊ ၅၀၇။ ဂန်ဂျီ ရှာဖေအီ ၊ အလ်ဗယာန်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ခုနှစ် ၊ စာမျက်နှာ ၅၂၁။ဟမဝီဂျိုဝိုင်နီ ၊ ဖဝါအစ်ဒ်ဒိုစ်စင်မ်သိုင်းန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၀ ခုနှစ်။ အတွဲ ၂၊ စာမျက်နှာ ၁၃၄ ။
- ↑ ဇိုင်လီ ၊ အေမာမ် မဲဟ်ဒီ (အ.စ) ဝသူလေအုမ်ရ် ( ပီရှီးနေဟ် ဝဒလာအေလ် ) ၊ စာမျက်နှာ ၂၂၂၊၂၂၃။
- ↑ ဇိုင်လီ ၊ အေမာမ် မဲဟ်ဒီ (အ.စ) ဝသူလေအုမ်ရ် ( ပီရှီးနေဟ် ဝဒလာအေလ် ) ၊ စာမျက်နှာ ၂၂၃။
- ↑ အစ်ဗ်နေသိုင်းမီယဟ်ဟရ်ရာနီ ၊ မင်န်ဟာဂျိုစ်စွန္နသ်သန်နဗဝီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ခုနှစ် ၊ စာမျက်နှာ ၉၁၊ ၉၄ ။
- ↑ ကဖါရီ ၊ အူစူလ် မဇ်ဟဗ်ဗေရှ်ရှီအဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၈၆၆။
- ↑ ဇိုင်လီ ၊ အေမာမ် မဲဟ်ဒီ (အ.စ) ဝသူလေအုမ်ရ် ( ပီရှီးနေဟ် ဝဒလာအေလ် ) ၊ စာမျက်နှာ ၂၂၃။
- ↑ ဇိုင်လီ ၊ အေမာမ် မဲဟ်ဒီ (အ.စ) ဝသူလေအုမ်ရ် ( ပီရှီးနေဟ် ဝဒလာအေလ် ) ၊ စာမျက်နှာ ၂၂၄။
- ↑ «အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏အမည်သည် မတ်စ်ဂျစ်ဒ် ဒွန်နဗဝီ ၏ နံရံတွင် မိုဟမ္မဒ် အလ်မဲဟ်ဒီ (အ.ဂျ) အဖြစ် ရှိနေပါသည်။ » ဟဂ်ျနှင့် ဘုရားဝတ်ပြုခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ဘာသာရေးအုပ်ထိန်းသူများ ကိုယ်စားပြုသည့် နယ်ပယ်၏ ဝဘ်ဆိုဒ်။
- ↑ ခွာဂျဟ် နဆီရ်သူစီ ၊ သလ်ခီးဆိုလ်မိုဟ်ဆလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၅ ခုနှစ်၊ စာမျက်နှာ ၄၃၃ ။ အလာမဟ် ဟစ်လီ ၊ မင်န်ဟာဂျိူလ်ယကီးန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ်၊ စာမျက်နှာ ၄၈၂ ။
- ↑ ဆဒ်ရ် ၊ ဗဟ်စေ ဟောင်လေလ်မဲဟ်ဒီ (အ.ဂျ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ ခုနှစ်၊ စာမျက်နှာ၅၃။ ၅၆ ။
- ↑ ဂျဝါဒ်ဒီ အာမိုလီ ၊ အေဆွာရဟ် ခေလ်ကသ် ၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ်၊ စာမျက်နှာ၂၄။
- ↑ နမူနာ ကြည့်ရန် - ရှိက်ခ် မိုဖီးဒ် ၊ အလ်မစာအေလိုလ်အရှ်ရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ ခုနှစ်၊ စာမျက်နှာ ၉၃ ။ သွဗရစီ ၊ အအ်လာန်မ်မိုလ်ဝရာ ၊ ဒါရိုလ်ကိုသွဗ်ဗေအစ္စလာမ်မီယဟ် ၊ စာမျက်နှာ ၄၇၂။ အစ်ဗ်နေ မိုင်းစန်မ် ဗေဟ်ရာနီ ၊ ကဝါအစ်ဒ်ဒိုလ်မရာမ် ၊ စာမျက်နှာ ၁၉၁ ။ ဖိုက်ဇ် ကာရှာနီ ၊ အေလ်မိုလ် ယကင်းန် ၊ အီရန် သက္ကရာဇ် ၁၃၇၇ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၉၆၆။
- ↑ စူရဟ် ကာဖ် ၊ အာယသ်တော် အမှတ် ၆၅၊ ၈၂ ။
- ↑ ရှိက်ခ် မိုဖီးဒ် ၊ အလ်မစာအေလိုလ်အရှ်ရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ ခုနှစ်၊ စာမျက်နှာ ၈၃။
- ↑ အေရ်ဘေလီ ၊ ကရှ်ဖိုလ်ဂန်မဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၁ ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၄၇၉။
- ↑ ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ ၊ စေလ်စေလဟ် မဗ်ဟက်စ်စေ အေမာမ်မသ် ဝ မဲဟ်ဒဝီယသ် ၊ အီရန် သက္ကရာဇ် ၁၃၉၁ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၁၆၆ ၊ ၁၆၇။
- ↑ ရှိက်ခ် သူစီ ၊ အလ်ဂိုင်းဗဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၅ ခုနှစ်၊ စာမျက်နှာ ၄၁၉၊ ၄၂၂။
- ↑ အေရ်ဘေလီ ၊ ကရှ်ဖိုလ်ဂန်မဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၁ ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၄၈၉၊၅၁၉။
- ↑ အစ်ဗ်နေ မိုင်းစန်မ် ဗေဟ်ရာနီ ၊ ကဝါအစ်ဒ်ဒိုလ်မရာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ခုနှစ် ၊ စာမျက်နှာ ၁၉၂ ။
- ↑ ဖိုက်ဇ် ကာရှာနီ ၊ အေလ်မိုလ် ယကင်းန် ၊ အီရန် သက္ကရာဇ် ၁၃၇၇ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၉၆၅။
- ↑ ရှိက်ခ်ဆူဒူက် ၊ ကမာလွန်ဒ်ဒီးန် ဝသမာမွန်န်နေအ်မဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၅ ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၃၂၂ ။
- ↑ ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ ၊ မွန်သခက်ဗ်ဗိုလ်အစရ် ၊ အီရန်သက္ကရာဇ် ၁၃၈၀ ခုနှစ်၊ အတွဲ ၂ ၊ စာမျက်နှာ ၂၇၆ ၊ ၂၈၂ ။ ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ ၊ စေလ်စေလဟ် မဗ်ဟက်စ်စေ အေမာမ်မသ် ဝ မဲဟ်ဒဝီယသ် ၊ အီရန် သက္ကရာဇ် ၁၃၉၁ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၁၆၁ ၊ ၂၁၇။ အမီးနီ ၊ ဒါဒ်ဂွတ်စ်သရ်ဂျဟာန် ၊ အီရန် သက္ကရာဇ် ၁၃၈၀ ခုနှစ် ၊ စာမျက်နှာ ၁၇၅ ၊ ၂၀၁။
- ↑ ရှိက်ခ်ဆူဒူက် ၊ ကမာလွန်ဒ်ဒီးန် ဝသမာမွန်န်နေအ်မဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၅ ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၅၅၂၊၅၇၆။
- ↑ ရှိက်ခ်ဆူဒူက် ၊ ကမာလွန်ဒ်ဒီးန် ဝသမာမွန်န်နေအ်မဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၅ ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၅၇၆။
- ↑ ရှိက်ခ် မိုဖီးဒ် ၊ အလ်မစာအေလိုလ်အရှ်ရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ ခုနှစ်၊ စာမျက်နှာ ၉၄၊ ၁၀၃။
- ↑ ကရာဂျကီ ၊ ကန်ဇိုလ် ဖဝါအစ်ဒ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၁၄ ။
- ↑ ရှိက်ခ် သူစီ ၊ အလ်ဂိုင်းဗဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၅ ခုနှစ်၊ စာမျက်နှာ ၁၁၃၊၁၂၆။
- ↑ သွဗရစီ ၊ အအ်လာန်မ်မိုလ်ဝရာ ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၀ ခုနှစ်၊ စာမျက်နှာ ၄၇၃။၄၇၆။
- ↑ ခွာဂျဟ် နဆီရ်သူစီ ၊ သလ်ခီးဆိုလ်မိုဟ်ဆလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၅ ခုနှစ်၊ စာမျက်နှာ ၄၃၃ ။
- ↑ အစ်ဗ်နေ မိုင်းစန်မ် ဗေဟ်ရာနီ ၊ ကဝါအစ်ဒ်ဒိုလ်မရာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ခုနှစ် ၊ စာမျက်နှာ ၁၉၁ ။
- ↑ အလာမဟ် ဟစ်လီ ၊ မင်န်ဟာဂျိူလ်ယကီးန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ်၊ စာမျက်နှာ ၄၈၂ ။
- ↑ အလာမဟ် မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ခုနှစ်၊ အတွဲ ၅၁ ၊ စာမျက်နှာ ၂၂၅၊ ၂၉၃။
- ↑ ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ ၊ မွန်သခက်ဗ်ဗိုလ်အစရ် ၊ အီရန်သက္ကရာဇ် ၁၃၈၀ ခုနှစ်၊ အတွဲ ၂ ၊ စာမျက်နှာ ၂၇၅၊၂၇၆။
- ↑ အမီးနီ ၊ ဒါဒ်ဂွတ်စ်သရ်ဂျဟာန် ၊ အီရန် သက္ကရာဇ် ၁၃၈၀ ခုနှစ် ၊ စာမျက်နှာ ၂၀၁၊ ၂၀၂။
- ↑ အာဂါ ဗိုဇူက် တီဟီရန်နီ ၊ အဇ်ဇရီအဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ်၊ အတွဲ ၃ ၊ ၉၂။ ရေဖာအီ ၊ မိုအ်ဂျန်မို မါကူသွဗ်ဗို အန်နေရ်ရစူလ် ဝ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၉ ၊ စာမျက်နှာ ၁၁၅ ။ ရိုင်းရှဲဟ်ရီ ၊ ဒါနစ်ရှ်နာမေဟ် အေမာမ် မဲဟ်ဒီ (အ.ဂျ) ၊ အီရန် သက္ကရာဇ် ၁၃၉၃ ခုနှစ် ၊ အတြွ ၁၀ ၊ စာမျက်နှာ ၂၄၈ ။
- ↑ ကရာဂျကီ ၊ ကန်ဇိုလ် ဖဝါအစ်ဒ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၁၄ ။
- ↑ အာဂါ ဗိုဇူက် တီဟီရန်နီ ၊ အဇ်ဇရီအဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ်၊ အတွဲ ၈ ၊ ၂၃၀။ ရေဖာအီ ၊ မိုအ်ဂျန်မို မါကူသွဗ်ဗို အန်နေရ်ရစူလ် ဝ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၉ ၊ စာမျက်နှာ ၁၆၀ ။
- ↑ ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ ၊ သူလေအုမ်ရ် ဟဇရသ် ဝလီယေ အဆ်ရ် (အ.ဂျ) ၊ အီရန် သက္ကရာဇ် ၁၃၈၄ ခုနှစ် ၊ ရှနာစနာမေဟ် ကေသာဗ် ။
- ↑ ရေဖာအီ ၊ မိုအ်ဂျန်မို မါကူသွဗ်ဗို အန်နေရ်ရစူလ် ဝ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၉ ၊ စာမျက်နှာ ၂၆၇ ။
- ↑ ရေဖာအီ ၊ မိုအ်ဂျန်မို မါကူသွဗ်ဗို အန်နေရ်ရစူလ် ဝ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၉ ၊ စာမျက်နှာ ၁၉၄ ။
- ↑ ရေဖာအီ ၊ မိုအ်ဂျန်မို မါကူသွဗ်ဗို အန်နေရ်ရစူလ် ဝ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၉ ၊ စာမျက်နှာ ၈၅။
- ↑ ရေဖာအီ ၊ မိုအ်ဂျန်မို မါကူသွဗ်ဗို အန်နေရ်ရစူလ် ဝ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၉ ၊ စာမျက်နှာ ၁၁၄ ။
- ↑ မဲဟ်ဒီပူးရ် ၊ ရာဇ် သူလေအုမ်ရ် အေမာမ် ဇမာန်း (အ.ဂျ) အဇ် ဒီးဒ်ဂါဟ် အေလ်မ် ဝအဒ်ယာန်း ၊ အီရန် သက္ကရာဇ် ၁၃၇၈ ခုနှစ် ၊ ရှနာစနာမေဟ် ကေသာဗ် ။
- ↑ ဟိုစိုင်းန်နီ ၊ အေမာမ် မဲဟ်ဒီ (အ.ဂျ) ၊ သူလေအုမ်ရ် ၊ အီရန် သက္ကရာဇ် ၁၃၈၁ ခုနှစ် ၊ ရှနာစနာမေဟ် ကေသာဗ် ။
ကျမ်းကိုးများ
- အာဂါ ဗိုဇူက် တီဟီရန်နီ ၊ မိုဟမ္မဒ် မိုဟ်စင် ၊ အဇ်ဇရီအသိုအေလာ သဆွာနီဖေရှ်ရှီအဟ် ၊ ကွမ်း၊ အီစ္စမာအီလီယာန်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ်။
- အာယသ်သီ ၊ နဆရွတ်သွလ္လာဟ် ၊ ဒလီလ်လေရောင်ရှန်း ( ဗါစွတ်ခ် ဗေ ရွတ်ဗ်ဟာသ် ကဖါရီ ဒရ်ဗါရဟ် အန်ဒီရှေဟ် မဲဟ်ဒဝီယသ် ) ၊ ကွမ်း ၊ အာယန်ဒေဟ် ရောင်ရှန်း ၊ အီရန် သက္ကရာဇ် ၁၃၉၃ ခုနှစ်။
- အစ်ဗ်နေဂျောင်ဇီ ၊ ယူစွဖ် အစ်ဗ်နေ ကဇါဝဂလီ၊ သဇ်ကေရသိုလ်ခဝါဆွ် ၊ ကွမ်း ၊ အလ်မဂျ်မအ် အိုလ်အာလေမီ လေအဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ မရ်ကဇိုလ် သွဗါအဟ် ဝန်နရှ်ရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ ခုနှစ်။
- အစ်ဗ်နေ မိုင်းစန်မ် ဗေဟ်ရာနီ ၊ မိုင်းစန်မ် ဘင်န် အလီ ၊ ကဝါအစ်ဒ်ဒိုလ်မရာမ် ဖီးအေလ်မေလ်ကလာမ် ၊ ကွမ်း ၊ မက်သဗသို အာယာသွလ္လာဟ် အလ်အွဇ်မာ မရ်အရှီ အန်နဂျဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ခုနှစ်။
- အစ်ဗ်နေသိုင်းမီယဟ်ဟရ်ရာနီ ၊ အဲဟ်မဒ် ဘင်န် အဗ်ဒွလ်ဟလီးမ် ၊ မင်န်ဟာဂျိုစ်စွန္နသ်သန်နဗဝီယဟ် ဖီး နက်ဇေ ကလာမ်မေရှ်ရှီအဟ် သေလ်ကဒရီယဟ် ၊ရေယာဇ် ၊ ဂျာမေအသိုလ် အေမာမ် မိုဟမ္မဒ် ဘင်န် မတ်စ်အူဒ် အလ်အစ္စလာမ်မီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ခုနှစ် ။
- အေရ်ဘေလီ ၊အလီဘင်န် အီစာ၊ ကရှ်ဖိုလ်ဂန်မဟ် ဖီး မအ်ရေဖသေလ်အအေမဟ် ၊ သဗ်ရေဇ် ၊ ဘနီ ဟာရှင်မီ ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၁ ခုနှစ်။
- ဂျဝါဒ်ဒီ အာမိုလီ ၊ အေဆွာရဟ် ခေလ်ကသ် ၊ ဒရ်ဗါရဟ် အေမာမ် ဇမာန်း (အ.ဂျ) ၊ ကွမ်း၊ အက်စရာအ် ၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ်။
- ဟိုစိုင်းန်နီ ၊ ဟာဒီ ၊ အေမာမ် မဲဟ်ဒီ (အ.ဂျ) ၊ သူလေအုမ်ရ် ၊ မရှ်ဟဒ် ၊ အန်သေရှာရာသ်သေ အွန်စ်သာန် နေကွတ်ဒ်စ် ရဇဝီ ၊ ရှေရ်ကသ် ဗေ နရှ်ရ် ၊ အီရန် သက္ကရာဇ် ၁၃၈၁ ခုနှစ်။
- ဟမဝီးဂျိုဝိုင်နီ ၊ အီဗရာဟီးမ် ဘင်န် မိုဟမ္မဒ် ၊ ဖဝါအစ်ဒ်ဒွတ်စ်စမ်သိုင်းန် ဖီး ဖဇွာအေလ်လေမိုရ်သဇာ ဝလ်ဘသူလ် ဝလ်စ်စဗ်သိုင်းန် ဝလ် အအေမဟ် မင်န် ဇူရီယသေဟင်မ် (အ.စ) ၊ သဲဟ်ကီးက် မိုဟမ္မဒ် ဘာကဲရ် ၊ အလ်မဲဟ်မူဒီ ၊ ဘေရွတ် ၊ မိုအ်စေစေသိုလ်မဲဟ်မူဒီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၀ ခုနှစ်။
- ခွာဂျဟ် နဆီရ်သူစီ ၊ မိုဟမ္မဒ်ဘင်န် မိုဟမ္မဒ် ၊ သလ်ခီးဆိုလ်မိုဟ်ဆလ် ၊ ဘေရွတ် ၊ ဒါရိုလ်အဇ်ဝါအ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၅ ခုနှစ်။
- «အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏အမည်သည် မတ်စ်ဂျစ်ဒ် ဒွန်နဗဝီ ၏ နံရံတွင် မိုဟမ္မဒ် အလ်မဲဟ်ဒီ (အ.ဂျ) အဖြစ် ရှိနေပါသည်။ » ဟဂ်ျနှင့် ဘုရားဝတ်ပြုခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ဘာသာရေးအုပ်ထိန်းသူများ ကိုယ်စားပြုသည့် နယ်ပယ်၏ ဝဘ်ဆိုဒ်။တင်သည့် ရက်စွဲ မိုရ်ဒါဒ် ၂၅ ရက်နေ့ အီရန် သက္ကရာဇ် ၁၃၉၆ ခုနှစ် ၊ လည်ပတ် ရက်စွဲ အိုရ်ဒီဗေဟစ်ရှ် ၉ ရက် နေ့ အီရန် သက္ကရာဇ် ၁၄၀၃ ခုနှစ်။
- ရေဇ်ဝန်နီ ၊ အလီအဇ်ဂဲရ် ၊ သဝလွတ်ဒ် ဟဇရသ် မဲဟ်ဒီ (အ.စ) ၊ ကွမ်း ၊ နရှ်ရ် မတ်စ်ဂျစ်ဒ် ဂျန်မ်ကရာန် ၊ အီရန် သက္ကရာဇ် ၁၃၈၆ ခုနှစ်။
- ရေဖာအီ ၊ အဗ်ဒိုလ်ဂျဗါရ် ၊ မိုအ်ဂျန်မို မါကူသွဗ်ဗို အန်နေရ်ရစူလ် ဝ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ တီဟီရန်၊ ဝေဇါရာသ် သေ ဖရ် ဟန်ဂန် ဝ အေရ်ရှာဒ် အစ္စလာမ်မီ ၊ စာဇမာန် ဂျာဗ် ဝ အန်သေရှာရာသ် ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ်။
- ဇိုင်လီ၊ဂိုလာန်မိုဟ်စင်၊« အေမာမ် မဲဟ်ဒီ (အ.စ) ဝသူလေအုမ်ရ် ( ပီရှီးနေဟ် ဝဒလာအေလ် ) » ၊ အန်သေဇါရ် မောင်အူဒ် မဂ္ဂဇင်း၊ နံပါတ် ၆၊ စီးရီး ၆၊ ဒိုင်လ အီရန် သက္ကရာဇ် ၁၃၈၁ ခုနှစ်။
- ရှိက်ခ်ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န် အလီ ၊ ကမာလွန်ဒ်ဒီးန် ဝသမာမွန်န်နေအ်မဟ် ၊ တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်ဗေလ် အစ္စလာမ်မီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၅ ခုနှစ်။
- ရှိက်ခ် သူစီ ၊ မိုဟမ္မဒ်ဘင်န် ဟစန် ၊ အလ်ဂိုင်းဗဟ် ၊ မိုအ်စေစသိုလ်မအာရေဖိုလ် အစ္စလာမ်မီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၅ ခုနှစ်။
- ရှိက်ခ် မိုဖီးဒ် ၊ မိုဟမ္မဒ်ဘင်န် မိုဟမ္မဒ် ၊ အလ်အေရ်ရှာဒ် ဖီး မအ်ရေဖသေ ဟွတ်ဂျဂျေလ္လာဟ်အလာလ်အေဗါဒ် ၊ ကွမ်း ၊ မိုအ်စေစသို အာလိုလ်ဘိုက်(သ)( အ.စ) လေအဟ်ယာအ် အေလ်သိုရာစ် ၊ အီရန် သက္ကရာဇ် ၁၃၇၂ ခုနှစ်။
- ရှိက်ခ် မိုဖီးဒ် ၊ မိုဟမ္မဒ်ဘင်န် မိုဟမ္မဒ် ၊ အလ်မစာအေလိုလ်အရှ်ရ် ဖီးလ် ဂိုင်းဗဟ် ၊ ကွမ်း ၊ ဒလီလေ မါ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ ခုနှစ် ။
- ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ ၊ လွတ်ဖ်ဖိုလ္လာဟ် ၊ စေလ်စေလဟ် မဗ်ဟက်စ်စေ အေမာမ်မသ် ဝ မဲဟ်ဒဝီယသ် ၊ ကွမ်း ၊ ဒဖ်သရ် သန်ဇီးမ် ဝ နရှ်ရ် အာစာရ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ၊ အီရန် သက္ကရာဇ် ၁၃၉၁ ခုနှစ်။
- ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ ၊ လွတ်ဖ်ဖိုလ္လာဟ် ၊ သူလေအုမ်ရ် ဟဇရသ် ဝလီယေ အဆ်ရ် (အ.ဂျ) ၊ ကွမ်း ၊ ဒဖ်သရ် သန်ဇီးမ် ဝ နရှ်ရ် အာစာရ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ၊ အီရန် သက္ကရာဇ် ၁၃၈၆ ခုနှစ်။
- ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ ၊ လွတ်ဖ်ဖိုလ္လာဟ် ၊ မွန်သခက်ဗ်ဗိုလ်အစရ် ဖီးလ်အေမာမ် မစ်စာနီအရှ်ရ် ၊ ကွမ်း ၊ မတ်က်သဗသို အာယာသွလ္လာဟ် အလ်အွဇ်မာ ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ၊ဝဟ်ဒသွန်န်နရှ်ရေလ်အာလေမီယဟ်၊ အီရန် သက္ကရာဇ် ၁၃၈၀ ခုနှစ်။
- ဆဒ်ရ် ၊ မိုဟမ္မဒ်ဘာကဲရ် ၊ ဗဟ်စေ ဟောင်လေလ် မဲဟ်ဒီ (အ.ဂျ) ၊ ဘေရွတ် ၊ မရ်ကဇ်ဇိုလ်ဂဒီးရ် လေလ်ဒရာ စာသိုလ် အစ္စလာမ်မီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ ခုနှစ်။
- သွဗရစီ ၊ ဖါဇ်လ်ဘင်န် ဟစန် ၊ အအ်လာန်မ်မိုလ်ဝရာ ဗေအလ်လာန်မိုလ်ဟိုဒါ ၊ တီဟီရန် ၊ ဒါရိုလ်ကို သွဗ်ဗေလ် အစ္စလာမ်မီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၀ ခုနှစ်။
- အလာမဟ် ဟစ်လီ ၊ဟစန်ဘင်န် ယူစွဖ်၊ မင်န်ဟာဂျိူလ်ယကီးန် ဖီး အူစူလေဒ်ဒီးန် ၊ တီဟီရန်၊ မွန်ဇမသိုလ်အောင်ကာဖ် ဝလ်ရှိုအူန်နေလ်ခိုင်းရီယသေ ဒါရိုအက်စ်ဝဟ် လေလ်သွဗါအစေဝန်နရှ်ရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ်။
- မဂျ်လေစီ ၊ မိုဟမ္မဒ် ဘာကဲရ် ၊ ဘေဟာရိုလ်အန်နဝါရ် ရိုလ်ဂျမေအသို လေဒရ်ရေအက်ခ်ဗာရိုလ် အအေ မသိုလ်အသွဟာရ် ၊ ဘေရွတ်၊ ဒါရိုလ်ဟယာအိုသိုရာစေလ်အရဘီ ၊ဒုတိယအကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ခုနှစ် ။
- အလ်အမီဒီ ၊ ဆယက်ဒ် စာမေရ် ဟာရှင်မ် အလ်မဲဟ်ဒီ ယိုလ် မွန်သဇရ် ဖီးလ်ဖေက်ရ်ရေလ် အစ္စလာမ်မီ ၊ ကွမ်း၊ မရ်ကဇ်ဇိုလ်ရေစာလဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၅ ခုနှစ် ။
- ဖိုက်ဇ် ကာရှာနီ ၊ မိုဟမ္မဒ် ဘင်န်ရှားဟ် မိုရ်သဇာ ၊ အေလ်မိုလ် ယကင်းန် ၊ကွမ်း ၊ ဘီးဒါရ် ၊ အီရန် သက္ကရာဇ် ၁၃၇၇ ခုနှစ်။
- ကဖါရီ ၊ နာဆေရ် ၊ အူစူလ် မဇ်ဟဗ်ဗေရှ်ရှီအဟ် အလ်အေမာမ်မီယဟ် အလ်အစ်နာအရှ်ရီယဟ် ၊ နေရာမသိ ၊ ပုံနှိပ် တိုက်မသိ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ခုနှစ်။
- ကရာဂျကီ ၊ မိုဟမ္မဒ်ဘင်န် အလီ ၊ ကန်ဇိုလ် ဖဝါအစ်ဒ် ၊ သဲဟ်ကီးက် အဗ်ဒွလ္လာဟ် နေအ်မဟ် ၊ ဘေရွတ် ၊ ဒါရိုလ်အဇ်ဝါအ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၅ ခုနှစ်။
- ကိုလိုင်းနီ၊ မိုဟမ္မဒ် ဘင်န် ယအ်ကူးဗ် ၊အလ်ကာဖီ ၊တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ်။
- ဂန်ဂျီ ရှာဖေအီ ၊ မိုဟမ္မဒ် ဘင်န် ယူစွဖ် ၊ အလ်ဗယာန်း ဖီး အက်ခ်ဗါရ်ရို ဆွာဟေဗွတ်ဇ်ဇမာန်း ၊ တီဟီရန် ၊ ဒါရိုအဲဟ်ယာ အိုသိုရာစို အဲဟ် လေ့ဘိုက်(သ) (အ.စ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ခုနှစ်။
- မိုဟမ္မဒ်ဒီ ရိုင်းရှဲဟ်ရီ ၊ မိုဟမ္မဒ် ၊ ဒါနစ်ရှ်နာမေဟ် အေမာမ် မဲဟ်ဒီ (အ.ဂျ) ဗရ်ဗါယေဟ် ကုရ်အာန် ၊ဟဒီးစ် ဝသရီးခ် ၊ မိုအ်စေစေ အေလ်မီ ဖရ်ဟန်ဂန်ဂီ ဒါရိုလ်ဟဒီးစ် ၊ စာဇမာန် ဂျာဗ် ဝ နရှ် ၊ အီရန် သက္ကရာဇ် ၁၃၉၃ ခုနှစ် ။
- မဲဟ်မူဒ် ၊ အေရ်ဖာန် ၊ ဝေလာဒသ်သိုလ်အေမာမ် မဲဟ်ဒီ ဖီးကူသွတ်ဗ် ဗေလ် ဖေရ်ကိုင်းန် ၊ နရှ်ရိုလ်ဖိုကာဟဟ် ၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ် ။
- မဲဟ်ဒီပူးရ် ၊ အလီအက္က်ဘရ် ၊ ရာဇ် သူလေအုမ်ရ် အေမာမ် ဇမာန်း (အ.ဂျ) အဇ် ဒီးဒ်ဂါဟ် အေလ်မ် ဝအဒ်ယာန်း ၊ တီဟီရန် ၊ သွာအူစ် ဗေဟစ်ရှ် ၊ အီရန် သက္ကရာဇ် ၁၃၇၈ ခုနှစ်။
- နဆီဘီ ရှာဖေအီ ၊ မိုဟမ္မဒ် ဘင်န် သွလဟဟ် ၊ မသွာလစ်ဗ်အက်စ်စိုအူလ် ဖီး မနာကစ်ဗ် ဗေ အာလေရ်ရစူလ် ၊ ဘေရွတ် ၊ မိုအ်စေစသိုလ်ဗေလာဂ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၉ ခုနှစ