အီရန် မှ အစ္စရေးအား တိုက်ခိုက် ခြင်း

wikishia မှ
ဤဆောင်းပါး သို့မဟုတ် ဤဆောင်းပါး ၏ တစ်စိတ်တစ်ပိုင်း သည် လက်ရှိဖြစ်ရပ်ကို အကျုံးဝင်သည်။ သတင်းအချက်အလက်သည် အချိန်နှင့်အမျှ လျှင်မြန်စွာ ပြောင်းလဲနိုင်ပါသည်။ ကနဦးအစီရင်ခံစာများသည် မှားယွင်းနေနိုင်ပြီး ဤဆောင်းပါး အတွက် နောက်ဆုံး အပ်ဒိတ် များ သည် ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး ဖြစ်ပျက်နေသည့်အရာအားလုံးကို ထင်ဟပ်စေမည်မဟုတ်ပါ။

အီရန် မှ အစ္စရေးအား တိုက်ခိုက်ခြင်း (အရဘီ : الهجوم الإيراني على إسرائيل) သို့မဟုတ် ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး (မှန်ကန်သည့် ကတိသစ္စာ စစ်ဆင်ရေး )၊ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စရေး အပေါ်ပြုလုပ်သည့် စစ်ဆင်ရေး ဖြစ်ပြီး ဧပြီလ ၁၄ ရက်နေ့ ၂၀၂၄ ခုနှစ် တွင် အစ္စရေး ဇီယွန် အစိုးရ မှ ဆီးရီးယား နိုင်ငံ ဒမတ်စကတ် မြို့ ရှိ အီရန်ကောင်စစ်ဝန်ရုံး အား လေကြောင်းဖြင့်တိုက်ခိုက်ခဲ့မှု ကို တုံ့ပြန် အဖြေပေးသည့် စစ်ဆင်ရေးဖြစ်ပါသည်။ ဤ စစ်ဆင်ရေးတွင် ဒုံးကျည်အများအပြားကို အီရန်ပိုင်နက်မှ တိုက်ရိုက်ပစ်ခတ်ခြင်းဖြစ်ပါသည်။ ပြီးနောက် အစ္စရေး ၏ ကာကွယ်ရေး စနစ်များ ကို ဖြတ်သန်းပြီးနောက် ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေများရှိ စစ်ပစ်မှတ်များကို ထိမှန်စေခဲ့ပါသည်။

စစ်ဆင်ရေး အား ရှင်းလင်းချက်

ဤစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်နှောင်းပိုင်းနှင့် ၁၅ ရက် နံနက်အစောပိုင်းတို့တွင် "ယာရာစူလွလာဟ်" ဆိုသည့် ကုဒ် ဖြင့် ပြုလုပ်ခဲ့ပြီး အီရန်မှ ဒါဇင်နှင့်ချီသော ဒုံးပျံများနှင့် ဒရုန်းများကို အစ္စရေးဘက်သို့ ပစ်လွှတ်ခဲ့သည်။[၁] ဤစစ်ဆင်ရေးသည် အီရန်နဲ့ အစ္စရေးကြား ပထမဆုံး တိုက်ရိုက် ထိပ်တိုက်တွေ့မှု ဖြစ်ပါတယ်။[၂] အစ္စရေး စစ်ဘက်အရာရှိများ၏အဆိုအရ အဆိုပါစစ်ဆင်ရေးတွင် ဒရုန်း ၁၈၅ စင်း ၊ မြေပြင်မှ မြေပြင်ပစ်ဒုံးကျည် ၁၁၀ စင်းနှင့် ခရုဇ်ဒုံးကျည် ၃၆ စင်းတို့ကို အစ္စရေးနိုင်ငံသို့ ပစ်ခတ်ခဲ့ပြီး အများစုမှာ အီရန်မှဖြစ်ပြီး အချို့မှာ အီရတ်နှင့် ယီမင်မှဖြစ်သည်။[၃] နဝေသင်းမ် ( Navatim) လေတပ်စခန်းကို တိုက်ခိုက်ခြင်းသည် အစ္စရေးဇီယွန်ဝါဒီများ၏ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနှင့် အီရန်၏ ဒုံးကျည်များ နှင့် ဒရုန်းများ စစ်ဆင်ရေး၏ ပစ်မှတ်များမှ တစ်ခုဖြစ်ပါသည်။[၄] အီရွန်းနယူစ် (Euronews ) ၏ အဆိုအရ အဆိုပါ စစ်ဆင်ရေးတွင် ယီမင်မှ ဟူသီများ၊ အီရတ် မှ ပြည်သူ့စစ်များ နှင့် လက်ဘနွန်မှ ဟစ်ဇ်ဘွလ္လာဟ်ပါဝင်ခဲ့ပါသည်။ အစ္စရေးတို့ သိမ်းပိုက်ထားသော နယ်မြေများ၏ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများနှင့် ဂျောင်လန် ကုန်းမြင့်တို့သည် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။[၅] ဤစစ်ဆင်ရေးကို ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု၊ အီရန်သမိုင်းတွင် အကြီးမားဆုံး ဒုံးကျည်တိုက်ခိုက်မှု[၆] နှင့် ၎င်း၏ မကြုံစဖူးဆုံးတိုက်ခိုက်မှု [၇] ဖြစ်ပါသည်။

အီရန်၏ မောင်းသူမဲ့လေယာဉ်များသည် ပစ်မှတ်များကို ထိမှန်ခဲ့ပါသလား?

သတင်းရင်းမြစ်များ ၏ အဆိုအရ အမေရိကန် ၊ အင်္ဂလန်[၈] နှင့် ဂျော်ဒန်[၉] ကဲ့သို့သော နိုင်ငံအချို့သည် အီရန်ဒရုန်းများကို ကြားဖြတ်ဟန့်တားရာတွင် အစ္စရေးကို ကူညီပေးခဲ့ပါသည်။ သို့သော်လည်း သိမ်းပိုက်ထားသော ပါလက်စတိုင်းရှိ ရာမွန် (Ramon) နှင့် နဝေသင်းမ် ( Navatim) လေတပ်စခန်းများကို ဒုံးကျည်အများအပြား ထိမှန်ခဲ့ကြောင်း သတင်းများအရ သိရပါသည်။[၁၀] အီရန်အရာရှိများ၏ ပြောကြား ချက်အရ စစ်ဆင်ရေးအတွင်း ဝင်ရောက်လာသော မောင်းသူမဲ့လေယာဉ်များသည် ၎င်းတို့၏ ရည်မှန်း ချက်များကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်စေရန် ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော မည်သူ တစ်ဦး တစ်ယောက်ကိုမျှ သေစေလိုသည့် အတွက်မဟုတ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ ပြီးနောက် အစ္စရေး၏ ကာကွယ်ရေးစနစ်များ အလုပ်ရှုပ်သွားအောင်ပြုလုပ်စေပြီး ဒုံးကျည်များကို ပစ်မှတ်များကို ထိမှန်စေရန် ပစ်လိုက်ခြင်းဖြစ်ပါသည်။[၁၁]

အဘယ်အတွက်ကြောင့် အီရန်မှ အစ္စရေးကို တိုက်ခိုက်ခဲ့ရပါသနည်း?

ဒမတ်စကတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက (ဧပြီ ၁ ရက်၊ ၂၀၂၄ခုနျစ် ) တွင် တိုက်ခိုက်ခဲ့ရာ အီရန်က အစ္စရေးကို ပြန်၍ တိုက်ခိုက်ခဲ့ပါသည်။

ဆီးရီးယား နိုင်ငံ ဒမတ်စကတ်မြို့ရှိ အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံးအား အစ္စရေးမှ ရက်နေ့ ၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန် မှ တိုက်ခိုက်ခြင်းဖြစ်ပါသည်။[၁၂] အီရန်သက္ကရာဇ် ၁၄၀၃ခုနှစ် ဖရ်ဝရ်ဒီးန်လ ၁၃ရက် နေ့ ခရစ်သက္ကရာဇ် အားဖြင့် ၂၀၂၄ ခုနှစ် ဧပြီလ ၁ရက်နေ့ တွင် ဆီးရီးယား နိုင်ငံရှိ[၁၃]အီရန် ကောင် စစ်ဝန် အဆောက် အအုံကို အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ကွတ်ဒ်စ် (Quds) တပ်ဖွဲ့၏ ထိပ်တန်းဗိုလ်မှူး တစ်ဦး ဖြစ် သည့် မိုဟမ္မဒ် ရေဇာ ဇာဟေဒီ အပါအဝင် အစ္စလမ်တော်လှန်ရေးအစောင့်တပ်မှ အဖွဲ့ဝင်ခုနစ်ဦး ရှဟီးဒ် ဖြစ် ခဲ့ကြပါ သည်။[၁၄] ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း နှင့် တရားဝင်သော ကာကွယ်ရေးဆိုင်ရာ[၁၅] အပိုဒ် ၅၁ ကို အခြေခံ ၍ အီရန်၏ စစ်ရေးဆောင်ရွက်မှုကို ကုလသမဂ္ဂတွင် အီရန်၏ ကိုယ်စား လှယ်များက သုံးသပ် တင်ပြခဲ့ပါသည်။[၁၆]

ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ဟု အမည်ပေးရခြင်း

အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဤ စစ်ဆင်ရေးသည် ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး (မှန်ကန်သည့် ကတိသစ္စာ စစ်ဆင်ရေး) ဟု ခေါ်ဆိုခဲ့ပြီး အီရန်နိုင်ငံ၏ အမြင့်ဆုံး အမျိုးသား လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော် ၏ လက်နက်ကိုင် တပ်ဖွဲ့များ၏ ကွပ်ကဲမှု အောက်တွင် လုပ်ဆောင်ခဲ့သည့် အစ္စရေးအား ပြစ်ဒဏ်ပေးခြင်း များမှ တစ်စိတ်တစ်ပိုင်းဟု ခေါ်ဆိုခဲ့ပါ သည်။[၁၇] ဤ စစ်ဆင်ရေးတွင် အီရန် စစ်တပ်၏ ထောက်ခံမှုနှင့် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန၏ ထောက်ခံမှုကိုလည်း ကြေညာခဲ့သည်။[၁၈] ပြီးနောက် နောင်တ ရစေသည့် တုံ့ပြန်မှု ဟု ဆိုထားပါသည်။[၁၉]

တုံ့ပြန်မှုများ

« ဝဟ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ပြီး အတွက် ဟမ်ဒါန် ပြည်သူ့ လူထု မှ ဂျရှ်န် ပြုလုပ်  » ဟောင်ဇေဟ် သတင်းဌာန ။

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC ) ၏ စစ်ဆင်ရေး နှင့် တစ်ချိန်တည်းတွင် အီရန်နိုင်ငံရှိ မြို့ကြီးများအသီးသီးဖြစ်သည့် ပမာအားဖြင့် တီဟီရန် ၊ အစ္စဖဟန် နှင့်ကေရ်မာန်[၂၀] နှင့် လက်ဘနွန် တို့ [၂၁] အီရတ်[၂၂] တို့ မှ ပြည်သူ လူထု သည် လမ်းမများပေါ်သို့ ရောက်လာကြပြီး ဝမ်းမြောက်ခဲ့ကြသည်။ ထိုနည်းတူစွာ အီရန်သက္ကရာဇ် ၁၄၀၃ခုနှစ် ဖရ်ဝရ်ဒီးန်လ ၂၆ ရက် နေ့ ခရစ်သက္ကရာဇ် အားဖြင့် ၂၀၂၄ ခုနှစ် ဧပြီလ ၁၄ရက်နေ့တွင် အီရန် နိုင်ငံ ၏ မြို့များ[၂၃] နှင့် အခြားနိုင်ငံများတွင်[၂၄] လည်း အလိုလိုစုဝေး ထောက်ခံ ပွဲများပြုလုပ်ခဲ့ကြပါသည်။

မွတ်စလင်မ် များအတွက် ကျေနပ်မှုနှင့် ဂုဏ်ယူမှု ရင်းမြစ်ဖြစ်သည်ဟု အိုလမာ နှင့် အရေးပါအရာရောက် သည် ဘာသာရေး နှင့် နိုငါငံရေး ဆိုင်ရာ ပုဂ္ဂိုလ် များ ပမာအားဖြင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမိုရှီးရာဇီး အပါအဝင် အခြား မရ်ဂျာတော် များဆိုကြပါသည်။[၂၅] ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရီဟန်မ်ဒါနီ မှ လည်း ဤ စစ်ဆင်ရေးကို ထောက်ခံခဲ့ပါသည်။ [၂၆]မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ မှလည်း ဤစစ်ဆင်ရေးကို အစ္စရေး ဇီယွန်ဝါဒီအစိုးရအတွက် ကြီးမားသော ရှုံးနိမ့်မှု တုံ့ပြန် အဖြေ ဟု အကဲဖြတ်ခဲ့ သည်။[၂၇]ထို့အပြင် လူမှုကွန်ရက်တွင် အိုမန်နိုင်ငံတော်၏ ဖွဖ်သီချုပ် ဖြစ်သူ အဲဟ်မဒ်ဘင်န် ဟမ်ဒ် အလ်ခလီးလီ မှ စာမျက်နှာပေါ်တွင် အီရန်နိုင်ငံ၏ ဤလုပ်ရပ်ကြောင့် အမှန်တကယ် ပျော်ရွှင်မိကြောင်း ဖော်ပြရေးသားထားခဲ့ပါသည်။[၂၈] အမေရိကန်နှင့် ဗြိတိန်နှင့် ဂျာမနီကဲ့သို့သော ဥရောပနိုင်ငံအချို့က အစ္စရေးကို ထောက်ခံသည့် အနေဖြင့် ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး အား ရှုတ်ချခဲ့ကြပါသည်။[၂၉]ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ ရုရှား၊ တရုတ်နှင့် အာရပ်နိုင်ငံအချို့ကလည်း ထိန်းထိန်းသိမ်းသိမ်းကျင့်သုံးရန် အီရန်နှ င့် အစ္စရေးတို့ကို မေတ္တာရပ်ခံခဲ့ကြပါသည်။[၃၀]

သင်ခန်းစာများ

ဒေသတွင်းနှင့် ကမ္ဘာတွင် အီရန်၏ ဒုံးကျည်နှင့် မောင်းသူမဲ့လေယာဉ် စွမ်းအားကိုသိရှိခဲ့ ကြပြီး အီရန်အပေါ် ခြိမ်းခြောက်မှုမှန်သမျှကို တုံ့ပြန် အဖြေပေး နိုင်စွမ်းရှိကြောင်း ကို ဤစစ်ဆင်ရေး၏ အကျိုးသက်ရောက်မှုနှင့် အကျိုးဆက်များထဲမှ တစ်ခုဖြစ် သိရှိရပါ သည်။[၃၁] Iron Dome၊ Flakhan Dawood နှင့် Pygan 3 ကဲ့သို့သော အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ရှိနေသည့် ကြားမှ အီရန် ကျွမ်းကျင်သူ အချို့မှ အစ္စရေး သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများသို့ အီရန် ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များ ပို့ဆောင်ပြခဲ့ပြီး အီရန်၏ စစ်ရေးစွမ်းရည်ကို သရုပ်ပြခဒြကြပါသည်။ ဤသည်အစ္စရေး ဇီယွန်ဝါဒီများ အတွက် ရှုံးနိမ့်မှုဖြစ်ပါသည်။[၃၂] ဤ စစ်ဆင်ရေးကို အစ္စရေး ဇီယွန်ဝါဒီများ၏ အနီရောင်လိုင်းများကို နင်းချပြလိုက်ခြင်း ဖြစ်သည်ဟုလည်းဆိုထားပါသည်။[၃၃]

အစ္စရေးကို အီရန်၏ ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ပြီးနောက် အစ္စရေးအရာရှိအချို့မှ ပြင်းပြင်း ထန်ထန် နှင့် နောင်တရဖွယ် ဖြစ်အောင် တုံ့ပြန်မည်ဟု ကတိပြုခဲ့ကြပါသည်။ အစ္စရေး၏ အကြီးမားဆုံး ထောက်ခံသူနှင့် မဟာမိတ်ဖြစ်သော အမေရိကန် မှဤ ပြန်လည်အဖြေပေးတုံ့ပြန် မည့် ကိစ္စ ကို ထောက်ခံမှုနှင့် သဘောတူညီချက်မပေးခဲ့ချေ။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ဖုန်းခေါ်ဆိုပြီး စကားပြောသည့် အချိန် တွင် အီရန်၏ တိုက်ခိုက်မှုကို တုံ့ပြန်ခြင်းမပြုရန် သတိပေးခဲ့ပြီး အစ္စရေးက တုံ့ပြန်ပါက အမေရိကန်၏ ထောက်ခံမှုကို မမျှော်လင့်သင့်ကြောင်း ပြောကြားခဲ့ပါ သည်။[၃၄] ဤအချိန်တါင် ဗြိတိန်ဂါးဒီးယန်းသတင်းစာတွင် အီရန်အပေါ် အစ္စရေး၏တိုက်ရိုက်တုံ့ပြန်မှုသည် မသေချာကြောင်းနှင့် နေတန်ယာဟုသည် ယင်းကိစ္စနှင့် ပတ်သက်၍ တရားဝင်ဆုံး ဖြတ်ချက်မချရ သေးကြောင်းကို အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ၏ အစီရင်ခံမှု ကို ကိုးကား ဖော်ပြခဲ့ ပါသည်။[၃၅] အစ္စရေးနိုင်ငံ အမျိုးသားလုံခြုံရေးလေ့လာရေးသိပ္ပံမှ သုတေသီ Raz Zimmit ၏ အစီရင်ခံစာအရ အစ္စရေးသည် အီရန်အပေါ် တုံ့ပြန်ရာတွင် ပြဿနာသုံးခုကို ရင်ဆိုင်နေရကြောင်း ၎င်းတို့မှာ အစ္စရေး၏ တုံ့ပြန်မှုတိုင်း ကို အီရန်က ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဖြစ် ခြင်း၊ အမေရိကန်၏ ပံ့ပိုးကူညီမှုမရှိခြင်းနှင့် ဂါဇာ စစ်ပွဲတွင် အစ္စရေး အလုပ်ရှုပ်နေခြင်းတို့ ဖြစ်ပါသည်။[၃၆]

ကုလသမဂ္ဂရှိ အစ္စရေးကိုယ်စားလှယ်က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုလုပ်ဆောင်ရန်နှင့် အကြမ်းဖက်အဖွဲ့များစာရင်းတွင် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်များ ပါဝင်ရန် တောင်းဆိုခဲ့ပါ သည်။[၃၇] ချို့သော သတင်းရင်းမြစ်များက အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်အတွက် အမေရိကန်၏ ဆုံးဖြတ်ချက် ရှိသည်ဟု ပြောဆိုကြပါသည်။[၃၈]

အစ္စရေးဇီယွန်နစ်သတင်းစာ Yediot Akhroonut ကို ကိုးကား၍ အယ်လ်ဂျာဇီးယား၏ အဆိုအရ အစ္စရေးသည် ဒေါ်လာ ၁.၀၈ မှ ၁.၃၅ ဘီလီယံကြား သုံးစွဲခဲ့ပြီး အီရန်၏ မောင်းသူမဲ့ လေယာဉ်များနှင့် ဒုံးကျည်များကို တန်ပြန်ရန် ယင်းပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်ကို အီရန်က အသုံးပြုခဲ့သည်။ [၃၉]

ကုလသမဂ္ဂတွင် အစ္စရေးကိုယ်စားလှယ်က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုလုပ်ဆောင်ရန်နှင့် အကြမ်း ဖက်အဖွဲ့များစာရင်းတွင် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်များ ပါဝင်ရန် တောင်းဆိုခဲ့ပါ သည်။[၄၀]အချို့သော သတင်းရင်းမြစ်များက အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်အတွက် အမေရိကန်၏ ဆုံးဖြတ်ချက်ကိုဖော်ပြ ခဲ့ကြပါသည်။[၄၁]

ဇီယွန်နစ်သတင်းစာ Yediot Akhroonut ကို ကိုးကား၍ အလ်ဂျဇီးရဟ် သတင်း ဌာန၏ အဆိုအရ အစ္စရေး သည် ဒေါ်လာ ၁.၀၈ မှ ၁.၃၅ ဘီလီယံကြား သုံးစွဲခဲ့ပြီး အီရန်၏ မောင်းသူမဲ့ လေယာဉ်များနှင့် ဒုံးကျည်များ ကို တန်ပြန်ရန် ယင်းပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်ကို အီရန်က အသုံးပြုခဲ့ကြောင်းဖြစ်ပါ သည်။[၄၂] TRT သတင်းဌာန (တူရကီနိုင်ငံပိုင်ရေဒီယိုနှင့်ရုပ်မြင်သံကြား၏တရားဝင်ဝဘ်ဆိုဒ်) ၏အဆိုအရဒေါ်လာ ၁.၃၅ ဘီလီယံသည်ဒရုန်းများကိုချေပရန်ကုန်ကျစရိတ်မျှသာဖြစ်ပြီး ဒုံးကျည်များ လေယာဉ်ဒါဇင်များစွာ ပျံသန်း ခြင်း နှင့် ပျက်စီးဆုံးရှုံးမှု များ မပါဝင်သေးကြောင်း ဆိုထားပါသည်။[၄၃]

ဗြိတိန်သတင်းစာ Guardian မှ ထုတ်ဝေသည့် ခွဲခြမ်းစိတ်ဖြာမှု အရ ဂျော်ဒန်သည် ခက်ခဲသော အခြေ အနေ တစ်ရပ်ကို ရင်ဆိုင်ခဲ့ရပြီး အစ္စရေးနှင့် ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် အီရန်၏ မောင်းသူမဲ့ လေယာဉ်များကို ကြားဖြတ်ဟန့်တားနိုင်ခြင်းကြောင့် နိုင်ငံနှင့် ဒေသအတွင်း ပြည်သူများ၏ ဒေါသဖြစ် ခဲ့ရကြောင်း ဖော်ပြထားပါသည်။[၄၄]

ဆက်နွယ်နေသည့် ဆောင်းပါး များ

သူဖန်နိုလ်အက်ဆွာ

အောက်ခြေ မှတ်စုများ

  1. « သိမ်းပိုက်ခံထားရသည့် နယ်မြေများသို့ ဒရုန်းနှင့်ဒုံး ဒါဇင်နှင့် ချီပြီး ပစ်ခတ်ခဲ့  » IRNA သတင်းဌာန။
  2. « True Promise’: Why and how did Iran launch a historic attack on Israel?  » Al Jazeera Media Network.
  3. «နယူးယောက်တိုင်းမ် - အစ္စရေးသည် အီရန်၏ တိုက်ခိုက်မှု ကြောင့် အလွန်ခေတ်မီပြီး အဆင့်မြင့် လက်နက်များ နှင့် ရင်ဆိုင်ခဲ့ရ  » ISNA သတင်းအေဂျင်စီ ။
  4. «  အီရန်၏ တုံ့ပြန် အဖြေပေး တိုက်ခိုက်မှု မှုအတွက် Navatim အခြေစိုက် စခန်း ပျက်စီး မှု ၏ ပထမဆုံး ဂြိုဟ်တု ဓာတ်ပုံများ » ISNA သတင်းအေဂျင်စီ ။
  5. « Tel Aviv ၏ တီဟီရန် အပေါ် ဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှု၊ အစ္စရေး၏ လေတပ်သည် အီရန်အား နိုင်နင်း နိုင်မည်လား? » Euronews.
  6. « True Promise’: Why and how did Iran launch a historic attack on Israel?  » Al Jazeera Media Network .
  7. « Tel Aviv ၏ တီဟီရန် အပေါ် ဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှု၊ အစ္စရေး၏ လေတပ်သည် အီရန်အား နိုင်နင်း နိုင်မည်လား? » Euronews.
  8. «အမေရိကန် နှင့် ဗြိတိန်တပ်ဖွဲ့များသည် အစ္စရေးသို့ မရောက်ရှိမီ အီရန် ဒုံး ၁၀၀ ကျော်ကို ကြားဖြတ်တားဆီးခဲ့  » arabic.rt .
  9. «ဂျော်ဒန် - ကျွန်ုပ်တို့ ၏ လေပိုင်နက်ထဲသို့ ပျံသန်းလာသော အရာဝတ္ထုများကို ကျွန်ုပ်တို့ ပစ်ချခဲ့ » အလ်ဂျဇီးရဟ် သတင်း ဌာန ၊ အရဘီ ကဏ္ဍ ။
  10. «  အေ၊ဘီ၊စီ နယူး - အီရန် ဒုံးကျည် ၉ စင်းသည် အစ္စရေးအခြေစိုက်စခန်း ၂ ခုကို ထိမှန်ခဲ့ကြောင်း  » RNA သတင်းအေဂျင်စီ။
  11. «အီရန်၏ အသံထက်မြန်သော ဒုံးကျည်သည် အစ္စရေးပစ်မှတ်များကို ထိမှန်ခြင်း / ဆွစ်ဇာလန်သံ အမတ်အား နိုင်ငံခြားရေးဌာနအစား IRGC သို့ ဆင့်ခေါ်ခြင်း / ၁၅ မိနစ်အတွင်း အစ္စရေးသို့ ပဲ့ထိန်းဒုံးကျည်များ ရောက်ရှိခဲ့  » အွန်လိုင်းသတင်း။
  12. «အီရန်၏ အကြီးစား ဒုံးကျည်နှင့် မောင်းသူမဲ့ လေယာဉ်ဖြင့် အစ္စရေးကို တိုက်ခိုက်ခြင်း စတင်  » Tasnim သတင်းဌာန။
  13. «  ဗိုလ်မှူးချုပ် ဘာကဲရ်ရီ - Iron Dome သည် ကျွန်ုပ်တို့၏ စစ်ဆင် ရေးများကို သိသိသာသာ တန်ပြန် မလုပ် ဆောင်နိုင်ခဲ့» အလ်အာလန်မ် သတင်းဌာန။
  14. « ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက တိုက်ခိုက်မှုနဲ့ IRGC အကြီးတန်းအဖွဲ့ဝင် ၇ ဦး ရှဟီးဒ် ဖြစ်(ဗီဒီယိုနှင့် ဓာတ်ပုံ)  » Asr Iran.
  15. « အီရန်၏ကိုယ်စားလှယ်အဖွဲ့သည် အစ္စရေးကိုသတိပေးသည်- စစ်ရေးဆောင်ရွက်မှုသည် ကုလ သမဂ္ဂ ပဋိညာဉ် စာတမ်း ၏ အပိုဒ် ၅၁ ကိုအခြေခံထား  » IRNA သတင်းဌာန။
  16. «ဟိုစိုင်းန် အလာယီ - အီရန်နိုင်ငံကို ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင့်မြင့် တိုက်လေယာဥ် ၁၂၀ ပျံသန်းခဲ့ ပေမယ့် လည်း ...  » အွန်းလိုင်းသတင်း။
  17. « သိမ်းပိုက်ခံထားရသည့် နယ်မြေများသို့ ဒရုန်းနှင့်ဒုံး ဒါဇင်နှင့် ချီပြီး ပစ်ခတ်ခဲ့  » IRNA သတင်းဌာန။
  18. « သိမ်းပိုက်ခံထားရသည့် နယ်မြေများသို့ ဒရုန်းနှင့်ဒုံး ဒါဇင်နှင့် ချီပြီး ပစ်ခတ်ခဲ့  » IRNA သတင်းဌာန။
  19. « နမာဇ် ဇေ အီးဒ်‌ဒေ ဖေသ်ရွ် ၏ ခွသ်ဗဟ်များ  » ဒဖ်သရ် ဟေဖ်ဇ် ဝ နရှ် အာစာရ် ဟဇရသ် အာယာသွလ်လ္လာ အလ်အွဇ်မာ ခါမေနာအီ ဆိုက်ဒ် ။
  20. «  ဗိုလ်ချုပ်ကြီး မိုဟမ္မဒ် ရေဇာ ဇါနှင့် ၎င်း၏ ရဲဘော်ရဲဘက်များ ၏ အာဇာနည်နောက်ဆက်တွဲ သတင်း စကား » ဒဖ်သရ် ဟေဖ်ဇ် ဝ နရှ် အာစာရ် ဟဇရသ် အာယာသွလ်လ္လာ အလ်အွဇ်မာ ခါမေနာအီ ဆိုက်ဒ် ။
  21. « ဝဟ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ပြီး အတွက် ဟမ်ဒါန် ပြည်သူ့ လူထု မှ ဂျရှ်န် ပြုလုပ်  » ဟောင်ဇေဟ် သတင်းဌာန ။
  22. « အီရန် ပြည်သူလူထု မှ အစ္စရေးပေါ် တိုက်ခိုက်ခြင်း အတွက် ဂျန်ရှ် ပြုလုပ် » အလ်ဂျဇီးရဟ် သတင်း ဌာန ၊ အရဘီ ကဏ္ဍ ။
  23. « ဇီယွန်ဝါဒီ အစိုးရကို ဆန့်ကျင်တဲ့ အီရန်ရဲ့စစ်ဆင်ရေးကို လက်ဘနွန် မှ ဂုဏ်ပြု  » မတ်ရှ်ရေက် သတင်း ဌာန။
  24. «အီရန်ရဲ့ ဒုံးကျည်နဲ့ အစ္စရေးကို မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် ဘဂ္ဂဒက်မြို့က လမ်းတွေပေါ်မှာ အီရတ်ပြည်သူတွေ ပျော်ရွှင်  » Aparat ။
  25. ဥပမာအားဖြင့် ကြည့်မည်ဆိုလျှင် - « ဝဟ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေးကို ဟောင်ဇဟ်သားများ ထောက်ခံ ပွဲ  » ဟောင်ဇေဟ်နယူးစ် ။ « ဇီယွန်ဝါဒီအစိုးရအပေါ် IRGC ၏တရားဝင်တုံ့ပြန်မှုကို ထောက်ခံသော တက္ကသိုလ် ကျောင်းသားများ စုပေါင်း ထောက်ခံပွဲ  » Fars သတင်းအေဂျင်စီ။
  26. ဥပမာအားဖြင့် ကြည့်မည်ဆိုလျှင် - « ဝဟ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေးကို ပါကစ္စတန် နိုင်ငံသားများ မှ လမ်းမများပေါ်ထွက်လာပြီး ထောက်ခံ ပွဲ ပြုလုပ်  » IRNA သတင်းဌာန။
  27. « ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမို ရှီးရာဇီး ၏ မိန့်ခွန်း » သဗ်လီးဂ်နယူးစ်။
  28. «ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူရီဟမ်ဒ်ဒါနီ ၏ မိန့်ခွန်း » ဒဖ်သရ် ဟဇရသ်/ အာယာသွလ္လာဟ် အလ်အွဇ်မာ နူရီဟမ်ဒ်ဒါနီ။
  29. «အာယာသွလ္လာဟ် ရမ်ဒွါန်နီ - ဇီယွန်ဝါဒီအစိုးရသည် ကင်ဆာအကျိတ်ဖြစ်ပြီး လူ့ကမ္ဘာအတွက် ခြိမ်းခြောက်မှုတစ်ခု / အစ္စရေးက အမှားလုပ်ပါက အီရန်၏တုံ့ပြန်မှုသည် ပိုမိုပြင်းထန်လိမ့်မည်  » အဗ်နာ သတင်း ဌာန။
  30. «  စလ်သနသ် အိုမန် ၏ ဖုဖ်သီချုပ် - ဇီယွန် အစိုးရ အား အီရန် မှ တိုက်ခိုက် အဖြေပေးမှုသည် အမှန် တကယ် စိတ်နှလုံး ကို အေးချမ်းသေကြောင်း » အဗ်နာသတင်းဌာန ၊ အရဘီ ကဏ္ဍ ။
  31. « လုံခြုံရေးကောင်စီ အစည်းအဝေးတွင် အီရန် နှင့် အစ္စရေးတို့ကြားစစ်ပွဲ ဆွေးနွေး  » Euronews . « အီရန်မှ အစ္စရေးကို တိုက်ခိုက်တယ်။ ကမ္ဘာ့နိုင်ငံများ ၏ တုံ့ပြန်မှုက ဘယ်လိုလဲ  ?  » ဘီဘီစီ ပါရှန်း ကဏ္ဍ ။
  32. « လုံခြုံရေးကောင်စီ အစည်းအဝေးတွင် အီရန် နှင့် အစ္စရေးတို့ကြားစစ်ပွဲ ဆွေးနွေး  » Euronews . « အီရန်မှ အစ္စရေးကို တိုက်ခိုက်တယ်။ ကမ္ဘာ့နိုင်ငံများ ၏ တုံ့ပြန်မှုက ဘယ်လိုလဲ  ?  » ဘီဘီစီ ပါရှန်း ကဏ္ဍ ။
  33. « ဝဟ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ပြီးနောက် ဒေသဆိုင်ရာ ပျမ်းမျှ အခြေအနေ  » ဒွန္နယာယေ အေက်သေဆွာဒ် သတင်းစာ။
  34. « ဝဟ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ပြီးနောက် ဒေသဆိုင်ရာ ပျမ်းမျှ အခြေအနေ  » ဒွန္နယာယေ အေက်သေဆွာဒ် သတင်းစာ။
  35. « ဝဟ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ပြီးနောက် ဒေသဆိုင်ရာ ပျမ်းမျှ အခြေအနေ  » ဒွန္နယာယေ အေက်သေဆွာဒ် သတင်းစာ။
  36. «ဟိုစိုင်းန် အလာယီ - အီရန်နိုင်ငံကို ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင့်မြင့် တိုက်လေယာဥ် ၁၂၀ ပျံသန်းခဲ့ ပေမယ့် လည်း ...  » အွန်းလိုင်းသတင်း။
  37. « Tel Aviv ၏ တီဟီရန် အပေါ် ဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှု၊ အစ္စရေး၏ လေတပ်သည် အီရန်အား နိုင်နင်း နိုင်မည်လား? » Euronews.
  38. « How will Israel respond to Iran’s attack and could it cope with a war? » The Guardian.
  39. «  rael respond to Iran’s attack and could it cope with a war? » The Guardian.
  40. «  လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ အီရန် နှင့် အစ္စရေးကြား စစ်ပွဲ ဆွေး‌နွေး» Euronews .
  41. «  Shalal and Lawder, «US to hit Iran with new sanctions in "coming days", Yellen says » Reuters.
  42. « အီရန်တိုက်ခိုက်မှုကို တန်ပြန်ဖို့ တစ်ညတည်းမှာ အစ္စရေးက ဒေါ်လာ ၁.၅ ဘီလီယံ သုံးစွဲခဲ့  » အလ်ဂျဇီးရဟ် သတင်း ဌာန ၊ အရဘီ ကဏ္ဍ ။
  43. «  အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အစ္စရေးရဲ့ စီးပွားရေး ထိခိုက်မှုဟာ ဒေါ်လာ ၁.၃၅ ဘီလီယံ လောက်ရှိ တယ်လို့ TRT ဝက်ဘ်ဆိုက်မှာ ခန့်မှန်းထား  »။
  44. «Jordan faces difficult balancing act amid row over role in downing Iranian drones»،The Guardian.

ကျမ်းကိုးများ

  • «အီရန်၏မောင်းသူမဲ့လေယာဉ်ဖြင့် အစ္စရေးအပေါ် တိုက်ခိုက်မှုကြောင့် စီးပွားရေးထိခိုက်မှုမှာ ခန့်မှန်းခြေ ဒေါ်လာ ၁.၃၅ ဘီလီယံ ရှိ» TRT ဝက်ဘ်ဆိုက် ၊ ပို့စ်တင်သည့်နေ့စွဲ - ဧပြီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှုသည့် နေ့စွဲ - ဧပြီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «ဝဟ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေးကို ဟောင်ဇဟ်သားများ ထောက်ခံ ပွဲ  » ဟောင်ဇေဟ်နယူးစ် ။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှုသည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «ဂျော်ဒန် - ကျွန်ုပ်တို့ ၏ လေပိုင်နက်ထဲသို့ ပျံသန်းလာသော အရာဝတ္ထုများကို ကျွန်ုပ်တို့ ပစ်ချခဲ့ » အလ်ဂျဇီးရဟ် သတင်း ဌာန ၊ အရဘီ ကဏ္ဍ ။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှုသည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «အီရန်တိုက်ခိုက်မှုကို ရပ်တန့်ရန် တစ်ညတည်းတွင် အစ္စရေးက ဒေါ်လာ ၁.၅ ဘီလီယံသုံးစွဲ» အလ်ဂျဇီးရဟ် သတင်း ဌာန၊ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှုသည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «အီရန်၏တုံ့ပြန်မှုတွင် Navatim အခြေစိုက်စခန်းပျက်စီးမှု၏ပထမဆုံးဂြိုလ်တုဓာတ်ပုံများ » SNA သတင်းဌာန ၊ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှုသည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • « အေ၊ဘီ၊စီ နယူး - အီရန် ဒုံးကျည် ၉ စင်းသည် အစ္စရေးအခြေစိုက်စခန်း ၂ ခုကို ထိမှန်ခဲ့ကြောင်း  » RNA သတင်းအေဂျင်စီ။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှုသည့် နေ့စွဲ - ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။
  • « Tel Aviv ၏ တီဟီရန် အပေါ် ဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှု၊ အစ္စရေး၏ လေတပ်သည် အီရန်အား နိုင်နင်း နိုင်မည်လား? » Euronews. ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှုသည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • « ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမို ရှီးရာဇီး ၏ မိန့်ခွန်း » သဗ်လီးဂ်နယူးစ်။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှုသည့် နေ့စွဲ - ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူရီဟမ်ဒ်ဒါနီ ၏ မိန့်ခွန်း » ဒဖ်သရ် ဟဇရသ်/ အာယာသွလ္လာဟ် အလ်အွဇ်မာ နူရီဟမ်ဒ်ဒါနီ။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှုသည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «ဗိုလ်ချုပ်ကြီး မိုဟမ္မဒ် ရေဇာ ဇါနှင့် ၎င်း၏ ရဲဘော်ရဲဘက်များ ၏ အာဇာနည်နောက်ဆက်တွဲ သတင်း စကား » ဒဖ်သရ် ဟေဖ်ဇ် ဝ နရှ် အာစာရ် ဟဇရသ် အာယာသွလ်လ္လာ အလ်အွဇ်မာ ခါမေနာအီ ဆိုက်ဒ် ။ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှုသည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • « ဇီယွန်ဝါဒီအစိုးရအပေါ် IRGC ၏တရားဝင်တုံ့ပြန်မှုကို ထောက်ခံသော တက္ကသိုလ် ကျောင်းသားများ စုပေါင်း ထောက်ခံပွဲ  » Fars သတင်းအေဂျင်စီ။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • « လုံခြုံရေးကောင်စီအစည်းအဝေးတွင် အီရန် နှင့် အစ္စရေးကြား စစ်ပွဲ ဆွေးနွေး » Euronews ပို့စ်တင် သည့်နေ့စွဲ - ဧပြီ လ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။
  • « ဝဟ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေးကို ပါကစ္စတန် နိုင်ငံသားများ မှ လမ်းမများပေါ်ထွက်လာပြီး ထောက်ခံ ပွဲ ပြုလုပ်  » IRNA သတင်းဌာန။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «ဟိုစိုင်းန် အလာယီ - အီရန်နိုင်ငံကို ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင့်မြင့် တိုက်လေယာဥ် ၁၂၀ ပျံသန်းခဲ့ ပေမယ့် လည်း ...  » အွန်းလိုင်းသတင်း။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ် ။
  • « အီရန် ပြည်သူလူထု မှ အစ္စရေးပေါ် တိုက်ခိုက်ခြင်း အတွက် ဂျန်ရှ် ပြုလုပ် » အလ်ဂျဇီးရဟ် သတင်း ဌာန ၊ အရဘီ ကဏ္ဍ ။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «အီရန်၏ အကြီးစား ဒုံးကျည်နှင့် မောင်းသူမဲ့ လေယာဉ်ဖြင့် အစ္စရေးကို တိုက်ခိုက်ခြင်း စတင်  » Tasnim သတင်းဌာန။ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • « ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက တိုက်ခိုက်မှုနဲ့ IRGC အကြီးတန်းအဖွဲ့ဝင် ၇ ဦး ရှဟီးဒ် ဖြစ်(ဗီဒီယိုနှင့် ဓာတ်ပုံ)  » Asr Iran. ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • « နမာဇ် ဇေ အီးဒ်‌ဒေ ဖေသ်ရွ် ၏ ခွသ်ဗဟ်များ  » ဒဖ်သရ် ဟေဖ်ဇ် ဝ နရှ် အာစာရ် ဟဇရသ် အာယာသွလ်လ္လာ အလ်အွဇ်မာ ခါမေနာအီ ဆိုက်ဒ် ။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • « သိမ်းပိုက်ခံထားရသည့် နယ်မြေများသို့ ဒရုန်းနှင့်ဒုံး ဒါဇင်နှင့် ချီပြီး ပစ်ခတ်ခဲ့  » IRNA သတင်းဌာန။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «  ဗိုလ်မှူးချုပ် ဘာကဲရ်ရီ - Iron Dome သည် ကျွန်ုပ်တို့၏ စစ်ဆင် ရေးများကို သိသိသာသာ တန်ပြန် မလုပ် ဆောင်နိုင်ခဲ့» အလ်အာလန်မ် သတင်းဌာန။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «အီရန်ရဲ့ ဒုံးကျည်နဲ့ အစ္စရေးကို မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် ဘဂ္ဂဒက်မြို့က လမ်းတွေပေါ်မှာ အီရတ်ပြည်သူတွေ ပျော်ရွှင်  » Aparat ။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၇ရက်၊ ၂၀၂၄ ခုနှစ် ။
  • «အမေရိကန် နှင့် ဗြိတိန်တပ်ဖွဲ့များသည် အစ္စရေးသို့ မရောက်ရှိမီ အီရန် ဒုံး ၁၀၀ ကျော်ကို ကြားဖြတ်တားဆီးခဲ့  » arabic.rt . ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • « ဇီယွန်ဝါဒီ အစိုးရကို ဆန့်ကျင်တဲ့ အီရန်ရဲ့စစ်ဆင်ရေးကို လက်ဘနွန် မှ ဂုဏ်ပြု  » မတ်ရှ်ရေက် သတင်း ဌာန။ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «ဝဟ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ပြီးနောက် ဒေသဆိုင်ရာ ပျမ်းမျှ အခြေအနေ  » ဒွန္နယာယေ အေက်သေဆွာဒ် သတင်းစာ။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။
  • « စလ်သနသ် အိုမန် ၏ ဖုဖ်သီချုပ် - ဇီယွန် အစိုးရ အား အီရန် မှ တိုက်ခိုက် အဖြေပေးမှုသည် အမှန် တကယ် စိတ်နှလုံး ကို အေးချမ်းသေကြောင်း » အဗ်နာသတင်းဌာန ၊ အရဘီ ကဏ္ဍ ။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။
  • ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် အပြည်ပြည်ဆိုင်ရာတရားရုံးတရားမျှတမှုဆိုင်ရာဥပဒေ၊ ကုလသမဂ္ဂ သတင်းအချက် အလက်စင်တာ၊ တီဟီရန်၊ ၇ ကြိမ်မြောက်ထုတ်ဝေမှု ၂၀၁၄ ခုနှစ် ။
  • « အီရန်၏ကိုယ်စားလှယ်အဖွဲ့သည် အစ္စရေးကိုသတိပေးသည်- စစ်ရေးဆောင်ရွက်မှုသည် ကုလ သမဂ္ဂ ပဋိညာဉ် စာတမ်း ၏ အပိုဒ် ၅၁ ကိုအခြေခံထား  » IRNA သတင်းဌာန။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «နယူးယောက်တိုင်းမ် - အစ္စရေးသည် အီရန်၏ တိုက်ခိုက်မှု ကြောင့် အလွန်ခေတ်မီပြီး အဆင့်မြင့် လက်နက်များ နှင့် ရင်ဆိုင်ခဲ့ရ  » ISNA သတင်းအေဂျင်စီ ။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «အာယာသွလ္လာဟ် ရမ်ဒွါန်နီ - ဇီယွန်ဝါဒီအစိုးရသည် ကင်ဆာအကျိတ်ဖြစ်ပြီး လူ့ကမ္ဘာအတွက် ခြိမ်းခြောက်မှုတစ်ခု / အစ္စရေးက အမှားလုပ်ပါက အီရန်၏တုံ့ပြန်မှုသည် ပိုမိုပြင်းထန်လိမ့်မည်  » အဗ်နာ သတင်း ဌာန။ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၅ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «အီရန်၏ အသံထက်မြန်သော ဒုံးကျည်သည် အစ္စရေးပစ်မှတ်များကို ထိမှန်ခြင်း / ဆွစ်ဇာလန်သံ အမတ်အား နိုင်ငံခြားရေးဌာနအစား IRGC သို့ ဆင့်ခေါ်ခြင်း / ၁၅ မိနစ်အတွင်း အစ္စရေးသို့ ပဲ့ထိန်းဒုံးကျည်များ ရောက်ရှိခဲ့  » အွန်လိုင်းသတင်း။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ် ။
  • « ဝဟ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ပြီး အတွက် ဟမ်ဒါန် ပြည်သူ့ လူထု မှ ဂျရှ်န် ပြုလုပ်  » ဟောင်ဇေဟ် သတင်းဌာန ။ ပို့စ်တင် သည့်နေ့စွဲ - ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။ ဝင်ရောက်ကြည့်ရှု သည့် နေ့စွဲ - ဧပြီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ် ။
  • «How will Israel respond to Iran’s attack and could it cope with a war?», The Guardian, Accessed: 17 April 2024.
  • Motamedi, Maziar, "‘True Promise’: Why and how did Iran launch a historic attack on Israel?», Al Jazeera Media Network, Published: 14 April 2024, Accessed: 16 April 2024.
  • Shalal and Lawder, «US to hit Iran with new sanctions in "coming days", Yellen says», Reuters, Published: 17 April 2024, Accessed: 17 April 2024
  • «Jordan faces difficult balancing act amid row over role in downing Iranian drones»، The Guardian, Published: 15 April 2024, Accessed: 17 April 2024.