သူဖန်နိုလ်အက်ဆွာ

wikishia မှ

သူဖန်နိုလ်အက်ဆွာ (အရဘီ- طوفان الأقصى ) အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး ဆိုသည်မှာ ဟားမတ်စ် စစ်သား များ ၏ အစ္စရေးပေါ် စစ်ဆင်ရေး နှင့် ဇီယွန်ဝါဒီ (အစ္စရေး) အစိုးရ၏ ပါလက်စတိုင်းတို့အား သတ်ဖြတ်ခြင်းနှင့် အက်ဆွာ ဗလီဝတ်ကျောင်းတော်အားစော်ကား ခြင်းဆိုသည့် ရာဇဝတ်မှုအားတုံ့ပြန်သည့် စစ်ဆင်ရေး ကိုခေါ်ဆိုပါသည်။ ဤစစ်ဆင်ရေးကို အောက်တိုဘာလ ၇ ရက်နေ့ ခရစ်သက္ကရာဇ် ၂၀၂၃ခုနှစ် တွင် ဂါဇာနှင့် ပါလက်စတိုင်းတို့ ၏ သိမ်းပိုက်ခံ ထားသော နယ်မြေများကြား တွင် စတင်ခဲ့ပြီး နောက်ထပ် ရက်များ ဆက်လက် လုပ်ဆောင်နေမည်ဖြစ်ပါသည်။အောက်တိုဘာလရက်နေ့ စစ်ဆင်‌ရေးများ အပြီးတွင် ယွန်ဝါဒီ အစိုးရ ၏ ဆက်လက်သိမ်းပိုက်မှုကို တုံ့ ပြန်ရန် သိမ်းပိုက်ခံ ထားရသည့် နယ်မြေများကို ဒုံးကျည်များ ဖြင့် စတင်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခံ ထားသော နယ်မြေများကို ကုန်းကြောင်းဖြင့် ဝင်ရောက် တိုက်ခိုက် ခဲ့ကြပါ သည်။ ဤစစ်ဆင်ရေးကြောင့် အစ္စရေး ၁၄၀၀ ကျော် သေဆုံးခဲ့ ပြီး ၃၀၀၀ ဒဏ်ရာရခဲ့ပါသည်။ ဤစစ်ဆင်ရေးသည် အစ္စရေးအတွက် မကြုံစဖူး ပျက်စီးကျရှုံး မှုကိုဖြစ်စေခဲ့ပါသည်။ ဤစစ်ဆင်ရေး အပြီးမှာ အစ္စရေးတပ်ဖွဲ့တွေက ဂါဇာကမ်းမြှောင်ကို တိုက်ခိုက်ခဲ့ပြီး ရက်အတော်ကြာ ဗုံးကြဲတိုက်ခိုက်မှုကိုပြုခဲ့ပါသည်။ ဤအတွက်ကြောင့် လူပေါင်း ၄၀၀၀ ကျော် သေဆုံးပြီး ၁၃၀၀၀ ကျော် ဒဏ်ရာရခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ပါသည်။ အရပ်သားများကို သတ်ဖြတ်ခြင်း နှင့် လူနေရပ်ကွက်များကို အစ္စရေးက ဗုံးကြဲခြင်းများကြောင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် တုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့ပါ သည်။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ နှင့် အခြားသော ရှီအဟ် မရ်ဂျာတော်များ မှ ဂါဇာရှိ ပြည်သူများဘက်မှ ရပ်တည် ထောက်ခံ အားပေးခဲ့ပါသည်။

အရေးပါနှုနှင့်ရည်ရွယ်ချက်များ

ခရစ်နှစ် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဟားမတ်စ်တပ်ဖွဲ့များသည် သိမ်းပိုက်ခံ ထားသည့် ပါလက်စတိုင်းနယ်မြေများတွင် အစ္စရေးအား သူဖန်နိုလ်အက်ဆွာ (အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး) ဟု လူသိများ သော စစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ အစ္စရေးမီဒီယာများက ဤစစ်ဆင်ရေးသည် သမိုင်းတွင် အနှိုင်းမဲ့ပြီး အစ္စရေး အစိုးရအတွက် ကြီးမားသော ကျရှုံးမှုဖြစ်သည်ဟု ယူဆကြပါသည်။(1) ထို့အပြင် ဖမ်းဆီးခံထားရသည့် ဟားမတ်စ်စစ်သားများကို ကိုးကား၍ မီဒီယာအချို့၏ ထုတ်ပြန်ချက်များအရ ဤ စစ်ဆင်ရေး ကို တစ်နှစ် အရင် စီစဥ် ထားသည် ဖြစ်ကြောင်း ဖြစ်ပါသည်။ (2)

ဟားမတ်စ်၏ စေ့ဆော်မှု

ဤတိုက်ခိုက်မှု စစ်ဆင်ရေး အတွက် ဟားမတ်စ်၏ စေ့ဆော်မှုသည် ပါလက်စတိုင်းလွတ်မြောက်ရေးနှင့် အစ္စရေး၏ သိမ်းပိုက်မှု နှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကို ထိပ်တိုက်ရင်ဆိုင်ရန်ဖြစ်ပါသည်။(3) ဟားမတ်စ် အဖွဲ့ကို တိုက်ခိုက်ရခြင်း၏ အကြောင်းရင်းများမှာ ပါလက်စတိုင်းများကို သတ်ဖြတ်ခြင်းတွင် အစ္စရေး၏ ဆက်တိုက် ရာဇ၀တ်မှုများကို တုံ့ပြန်ခြင်း၊ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို စော်ကားခြင်း၊ အစ္စရေး အစောင့်တပ် များ၏ စည်းကမ်း ချိုးဖောက်ခြင်း နှင့်ပါလက်စတိုင်းတွင် ကျူးကျော် နေထိုင်နေသည့် ဇီယွန်ဝါဒီများ၏ တိုက်ခိုက်မှုကို ထောက်ခံခြင်း တို့ကြောင့် ဖြစ်ကြောင်း ဟားမတ်စ် လိုလားသော မီဒီယာများက ဖော်ပြခဲ့ကြပါသည်။(4) တိုက်ပွဲသုံးရက်မြောက်နေ့ တွင် ထုတ်ပြန်ခဲ့ သည့် ဟားမတ်တပ်မှူး၏ ကြေညာချက်တွင် ဇီယွန်ဝါဒီများသည် မွတ်စလင်မ် များ၏ မြင့်မြတ်သော အရာများကို စော်ကားခြင်း၊ ၎င်းတို့အပေါ် ရက်စက်ကြမ်းကြုတ်ခြင်း နှင့် ပါလက်စတိုင်း နယ်မြေ များ အား ကျူးကျော်သိမ်းပိုက် ခြင်းကြောင့် ဖြစ်ကြောင်း ဆိုထားပါသည်။ (5)

အကောင်အထည်ဖော်ဆောင်ရွက်မှု

ခရစ်သက္ကရာဇ် ၁၄၀၂ခုနှစ် မဲဟ်ရ် လ ၁၅ ရက်နေ့ ခရစ် နှစ်အားဖြင့် အောက်တိုဘာလ ၇ ရက်နေ့ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ် တွင် ဂါဇာကမ်းမြှောင်တွင် တပ်စွဲထားသော ဟားမတ်စ်တပ်ဖွဲ့များသည် အစ္စရေးတို့ သိမ်းပိုက်ထားသော နယ်မြေများကို အံ့အားသင့်ဖွယ် စစ်ဆင်ရေးတစ်ခု စီစဉ်ပြီး အကောင် အထည်ဖော် စစ်ဆင် ရေးကို ပြုခဲ့ကြပါသည်။ စစ်ဆင်ရေး ၏ ပထမမိနစ်တွင် သိမ်းပိုက်ခံနယ်မြေများဆီသို့ ဒုံးကျည်ပေါင်း ၅၀၀၀ ပစ်ခတ်ခဲ့ပါသည်။ ထို့နောက်တွင် ဟားမတ်စ်တပ်ဖွဲ့ဝင်များသည် ဂါဇာကမ်းမြှောင်နှင့် သိမ်းပိုက်ခံထားရသော နယ်မြေများကြားရှိ အတားအဆီးတံတိုင်းကို ဖြတ်ကျော်ကာ ဇီယွန်နစ် အခြေချ နေထိုင်ရာများ ကို မြေပြင်တိုက်ခိုက်မှူများပြုခဲ့ကြပါသည်။(7) ကစာမ် တပ်ရင်း၏ တပ်မှူးများထဲမှ တစ်ဦးဖြစ်သူ မိုဟမ္မဒ် ဇိုက်ဖ် က စစ်ဆင်ရေး အမိန့် ထုတ်ပြန်ခဲ့ပါ သည်။ စစ်ဆင်ရေး ၏ အစောပိုင်း နာရီများတွင် ဇီယွန်ဝါဒီနိုင်ငံသားများနှင့် စစ်သားတစ်စုကို ဟားမတ်စ်တို့က ဖမ်းဆီးခဲ့ပြီး ဂါဇာသို့ အကျဉ်းသားအဖြစ် ခေါ်ဆောင်သွားခဲ့ပါ သည်။ စစ်ဆင်မှု လှိုင်းလုံးကြီး၏ အစတွင် ဇီယွန်ဝါဒီ အစိုးရ၏ စစ်ဝန်ကြီးက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါသည်။(8) ဟားမတ်စ်တပ်ဖွဲ့များဘက်မှ ဤစစ်ဆင်‌ရေး တွင် ပါဝင်သည့် တပ်ဖွဲ့အရေအတွက်မှာ ၁၀၀၀ နီးပါးရှိပြီး သိမ်းပိုက်ထားသော နယ်မြေများသို့ ဝင်ရောက်သည့် စစ်ဆင်ရေး ပစ်မှတ် များမှာ ၁၅ မှတ်ဖြစ်ပါသည်။(9) အစ္စရေးစာရင်း ဇယားများ အရ အစ္စရေးလူမျိုး ၁၄၀၀ သေဆုံးပြီး ၃၅၀၀ ဒဏ်ရာရရှိခဲ့ပြီး သိမ်းပိုက်ထား သောနယ်မြေများကို ဟားမတ်စ်တိုက်ခိုက်မှုစတင်ပြီးနောက် ၁၂ ရက်မြောက်နေ့အထိ စာရင်း ဖြစ်ပါ သည်။ (10)

တုံ့ပြန်မှုများ

ဤ စစ်ဆင်ရေးသတင်းကို မီဒီယာများတွင် လွှင့်တင်ပြီးနောက်၊ အီရန် (11) အာဖဂန်နစ္စတန်(12)နှင့် အီရတ်(13) ကဲ့သို့သော နိုင်ငံအသီးသီးရှိ မွတ်စလင်မ် များသည် ပီတိဖြစ် ရွှင်မြူးကာ တော်လှန်ရေး အောင်ပွဲ အား ဂုဏ်ပြုခဲ့ကြပါသည်။ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ(14) လက်ဘနွန်မှ ဟစ်ဇ်ဘွလ္လာဟ် (15) နှင့် ယီမင်နိုင်ငံမှ အန်ဆွာရိုလ္လာဟ် (16) တို့သည် ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကို ထောက်ခံ ခဲ့ကြ ပါသည်။ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ မှ ဤစစ်ဆင်ရေးသည် အစ္စရေးအတွက် ပြန်လည်ပြုပြင်၍ မရသော ကျရှုံးမှုဟု မိန့်ဆိုခဲ့ပါသည်။ (17) အီရန်နိုင်ငံလုံးဆိုင်ရာ ဟောင်ဇေလ်အေလ်မီယေ ၏ ကျောင်းအုပ်ဆရာတော်ဟဇရသ် အာယာသွလ္လာဟ် အလီ‌ရေဇာ အအ်ရာဖီ မှ ဤစစ်ဆင်ရေး အားသည် အစ္စလာမ့်ကမ္ဘာတွင် အဓိက တိုးတက်မှု တစ်ခုအဖြစ် အကဲဖြတ်ခဲ့ပါ သည်။ (18)

အမေရိကန် အနေဖြင့် အစ္စရေးအား ထောက်ပံ့ကုညီရန် မိမိ၏ လေယာဉ်တင် စစ်သင်္ဘောများကို ထို ဒေသတွင်း သို့ စေလွှတ်ခဲ့ပါသည်။(19)

အစ္စရေး၏ ဂါဇာကို ရှိ အရပ်သားများ ကို တိုက်ခိုက် သတ်ဖြတ်ခြင်း

အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး ပြီးနောက် အစ္စရေး၏ ဂါဇာကို တိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ

ဟားမတ်စ် စစ်ဆင်ရေးကြောင့် အံ့အားသင့်ခဲ့ရပြီးနောက် အစ္စရေးတို့သည် ဂါဇာကမ်းမြှောင်ရှိ လူနေအိမ်များနှင့် စစ်ဘက်ဆိုင်ရာနေရာများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြပါ သည်။ ရေနှင့် လျှပ်စစ် ဓာတ်အား ဖြတ်တောက်ခြင်း၊ လူနေရပ်ကွက်များကို ဗုံးကြဲခြင်း၊ အရပ်သားများ၊ အမျိုးသမီးများ နှင့် ကလေးငယ်များ ကို သတ်ဖြတ်ခြင်း၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ဆေးရုံများကို ဗုံးကြဲတိုက်ခိုက် ခြင်း၊ တားမြစ်လက်နက်များကို အသုံးပြုခြင်းတို့ကို ဟားမတ်စ်တပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့စဉ်တွင် အစ္စရေးမှ ပြုလုပ်ခဲဲ့ပါတယ်။ ဤအစ္စ‌ရေး လုပ်ဆောင်ချက် ကို နိုင်ငံအသီးသီးက ဝေဖန်ရှုတ်ချ ခဲ့ကြပါသည်။(20) အစ္စရေးတပ်ဖွဲ့များသည် သတ်မှတ်အချိန်အတွင်း ဂါဇာမြောက်ပိုင်းမှ ဂါဇာရှိပြည်သူများအား ထွက်ခွာရန် ကြေငြာခဲ့ပါသည်။ ယင်းလုပ်ရပ်ကို လူ့အခွင့်အရေးအသိုင်းအဝိုင်းများက ဆန့်ကျင်ခဲ့ကြပါသည်။(21)

အစ္စရေး၏ တန်ပြန်တိုက်ခိုက်မှု ဆယ့်နှစ်ရက်အတွင်း လူနေအိမ် ၁၃၅၀၀၀ ကျော် ပျက်စီးခဲ့ပြီး ဂါဇာရှိ ရပ်ကွက်များ သည် မြေပြင် နှင့် တစ်ပြေးတည်းဖြစ်သွားခဲ့ရပါသည်။(22) ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်း ဇယားများအရ အဆိုပါတိုက်ခိုက်မှုများကြောင့် ၁၄ ရက်မြောက်နေ့အထိ ပါလက်စတိုင်း ၄၁၃၇ ဦး သေဆုံးပြီး ၁၃၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါသည်။(23) ပါလက်စတိုင်းကျန်းမာရေး ဝန်ကြီးဌာနကို ကိုးကား၍ အမေရိကန် သတင်းဌာန NBC အင်န်ဘီစီ မှ‌ အောက်တိုဘာ ၁၈ရက်နေ့ အီရန်သက္ကရာဇ် ၁၁၄၀၂ခုနှစ် မဲဟ်ရ်လ ၂၆နေ့ တွင် ပါလက်စတိုင်းသေဆုံးသူ ၃၄၇၈ ဦးနှင့် ဒဏ်ရာရရှိသူဦးရေ ၁၂၀၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။(24) အလ်ဂျဇီရဟ် သတင်းဌာန၏ အဆိုအရ သေဆုံးသူနှင့် ဒဏ်ရာရသူများ၏ ၇၀ ရာခိုင်နှုန်း သည် အမျိုး သမီးများ နှင့် ကလေးငယ်များဖြစ်ပါ သည်။(25) ယူရိုသတင်းဌာန ၏ အဆိုအရ အစ္စရေး၏ ဂါဇာ ကမ်းမြောင်ဒေသကို တိုက်ခိုက်မှုကြောင့် အီရန်သက္ကရာဇ် ၁၁၄၀၂ခုနှစ် မဲဟ်ရ်လ ၂၆နေ့ ၊ ခရစ် သက္ကရာဇ် ၂၀၂၃ခုနှစ် အောက်တိုဘာ၂၉ ရက်နေ့ အထိ သေဆုံးသူများထဲတွင် ကလေး ၁၇၅၆ ဦးနှင့် အမျိုးသမီး ၉၆၇ ဦး ပါဝင်ခဲ့ကြောင်း ဖြစ်ပါသည်။(26) ထို့အပြင်၊ အစ္စရေး တိုက်လေယာဉ်များ ၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဂါဇာရှိဗလီခုနစ်လုံး ပျက်စီးခဲ့ကြောင်း ယူရို သတင်းဌာန မှ ဖော်ပြခဲ့ပါ သည်။(27)

နိုင်ငံအသီးသီးတွင် လူထုဆန္ဒပြပွဲများ

လန်ဒန်တွင် ဇီယွန်ဝါဒီဆန့်ကျင်ရေး ဆန္ဒပြပွဲ

ဂါဇာကမ်းမြောင်ဒေသတွင် ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုအပြီးတွင် ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးစစ်တပ်၏ လုပ်ရပ်ကို ကန့်ကွက်ရန်အတွက် အစ္စလာမ့်ကမ္ဘာနှင့် မွတ်စလင်မ် မဟုတ်သော နိုင်ငံအသီးသီးတွင် ဆန္ဒပြ ချီတက်ပွဲများ စတင်ခဲ့ကြပါသည်။ တူရကီ၊ အီရန်၊ မလေးရှား၊ သြစတြေးလျ၊ အင်္ဂလန်နှင့် အမေရိကနိုင်ငံများသည် ဟားမတ်စ် တော်လှန်ရေးတပ်ဖွဲ့များနှင့်ပါလက်စတိုင်းပြည်သူများ ကို ထောက်ခံသည့် ချီတက်ပွဲအား မျက်မြင် တွေ့ခဲ့သည့် နိုင်ငံများတွင် ပါဝင်ခဲ့ပါ သည်။ (28)

ရှီအဟ်အိုလမာ နှင့်မရ်ဂျာများ ၏ တုံ့ပြန်မှု

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၊ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ မှ မိမိ မိန့်ခွန်းတွင်လည်းကောင်း နဂျဖ် တွင် သတင်းသုံး နေထိုင်နေသည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ မှ မိမိထုတ်ပြန်ကြေညာ ချက်တွင်လည်းကောင်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု ကို ရှုတ်ချ ခဲ့ကြပါသည်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူရီဟမ်ဒါနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မိုရှီးရာဇီး ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုပဟာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ် အာမိုလီ တို့ မှလည်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ရှုတ်ချပြီး ပါလက်စတိုင်းပြည်သူလူထု ကို ‌ထောက်ခံ အားပေးခဲ့ကြပါသည်။ (29) ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၊ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံခေါင်းဆောင် ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ အနေဖြင့် အစ္စရေးမှ ပါလက်စတိုင်းများအား သတ်ဖြတ်ခြင်း အား လူမျိုးတုံး သတ်ဖြတ်မှု အဖြစ် ပွင့်လင်းမြင်သာစွာ ဖော်ပြခဲ့ပြီး ဇီယွန်ဝါဒီအစိုးရအား စုံစမ်းစစ်ဆေးရန်နှင့် ဂါဇာကို ဗုံးကြဲခြင်း အား ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ပါ သည်။ (30)

အလ်မအ်မဒါနီ ဆေးရုံ အား အစ္စရေး မှ တိုက်ခိုက်ခြင်း

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ

ပင်မဆောင်းပါး အလ်မအ်မဒါနီ ဆေးရုံ လူသတ်ပွဲ ကိုကြည့်နိုင်ပါသည်။ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၇ရက်နေ့တွင် ဒဏ်ရာရလူနာများ အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်းများ နှင့် ပြည့်နေသည့် အလ်မအ်ဒါနီ ဆေးရုံ အား အစ္စရေး မှ လေကြောင်းဖြစ် တိုက်ခိုက် ခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုတွင် အမေရိကန် တစ်တန်ခွဲ ဗုံးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ (31) အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ပါသည်။(32)ဤအစ္စရေးတိုက်ခိုက်မှုသည် လူမျိုးတုံးသတ်ဖြတ်မှုဟု မီဒီယာအများအပြားက ယူဆကြပါသည်။ ထို့အပြင် အစ္စလာမ့်နှင့် အစ္စလာမ်မဟုတ်သော နိုင်ငံများတွင် လူထု စုဝေးဆန္ဒပြ မှုများ ပြုလုပ်ခဲ့ကြပါသည်။ ဂျော်ဒန်နိုင်ငံ တွင် အစ္စရေးသံရုံးကို မီးရှို့ခဲ့ကြပါသည်။(33) အီရန်နှင့် အီရတ်ကဲ့သို့သော အစ္စလာမ်မစ် နိုင်ငံအချို့တွင်၊ တစ်ရက် သို့မဟုတ် ထို့ထက်ပိုသော လူထုဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ကြပါသည်။ (34) အီရန်တွင် အေမာမ် ‌ရေဇာ (အ.စ) ရောင်ဇာတော် အမိုးခုံး အပေါ် ရှိ အလံ၏ အရောင်ကို အနက်ရောင်သို့ ပြောင်းလဲခဲ့ပါသည်။ (35)

စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အကျိုးဆက်များ

သူဖန်နိုလ်အက်ဆွာ(ခ) အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အကျိုး ဆက် အချို့မှာ အောက်ပါအတိုင်းဖြစ်ပါ သည်။

အစ္စရေး၏ဘဏ္ဍာရေးစျေးကွက်ပြိုကွဲ

စတော့ဈေးကွက် ပြင်းထန်စွာ ကျဆင်းမှု၊ ငွေကြေးတန်ဖိုး ကျဆင်းမှုနှင့် နိုင်ငံတကာ အသိုက်အဝန်းရှိ အစ္စရေး အပေါ် ယုံကြည်မှု အဆင့် ကျဆင်းမှုတို့သည် ဤတိုက်ခိုက်မှု၏ အကျိုးဆက်များအဖြစ် အကဲဖြတ်ခဲ့ကြပါသည်။ ဤစစ်ဆင်ရေး ၏ ရေရှည်အကျိုးဆက်များထဲမှ တစ်ခုသည် အစ္စရေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ လျော့ကျသွားခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားပါသည်။ (36) ထို့အပြင် ဖါရ်စ် သတင်းဌာန ၏သတင်းထုတ်ပြန်ချက် အရ သည် သိမ်းပိုက်ထားသည့် နယ်မြေများရှိ ဆွစ်ဇာလန်ကုမ္ပဏီ နက်စ်သေလ် နှင့် စပိန်ကုမ္ပဏီ အင်ဒီတက်စ် ကဲ့သို့သော နိုင်ငံတကာကုမ္ပဏီများ၏ ဘဏ်ခွဲများကို ပိတ်ပစ် ကြောင်း ကြေညာထားသည်ဟုသိရှိ ရပါသည်။ (37)

ဆော်ဒီအာရေးဗီးယား နှင့် အစ္စရေးတို့ကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် ဆိုင်းငံ့သွားခြင်း

အချို့သော သတင်းများအရ သူဖန်နိုလ်အက်ဆွာ(ခ) အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး အပြီးတွင် ဆော်ဒီ အာရေးဗီးယားသည် အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် အစီအစဉ်ကို ရပ်ဆိုင်းခဲ့ကြောင်း ဖြစ်ပါသည်။ (38)

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး နှင့် ဟေစ်ဘွလ္လာဟ်စစ်ပွဲများဖြစ်

ဟားမတ်စ်တိုက်ခိုက်မှုအပြီး ဒုတိယနေ့တွင်၊ လက်ဘနွန်မှ ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့မှလည်း ဤ စစ်ဆင်‌ရေး လှုပ်ရှားမှုကို ထောက်ခံခဲ့ပြီး ဇီယွန်စစ်တပ်၏ နေရာသုံးနေရာကို တိုက်ခိုက်ခဲ့သည်ဟု အခိုင်အမာဆိုခဲ့ပါ သည်။(39) ထို့အပြင် တတိယမြောက်နေ့တွင်၊ လက်ဘနွန်၏ ဟေစ်ဘွလ္လာဟ်အဖွဲ့သည် အစ္စရေး၏ တပ်ဖွဲ့ဝင်အများ အပြားကို သတ်ဖြတ်ခြင်းအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဇီယွန်နစ် အခြေစိုက်စခန်း နှစ်ခုကို ဒုံးကျည်များနှင့် မော်တာများဖြင့် တိုက်ခိုက်ခဲ့ပါသည်။ (40)

သိမ်းပိုက်ထားသော နယ်မြေများမှ ဇီယွန်ဝါဒီများ၏ ပြောင်းပြန် ရွေ့ ပြောင်းခြင်း

နိုင်ငံတကာရေးရာ ကျွမ်းကျင်သူတစ်ဦး၏ ခွဲခြမ်းစိတ်ဖြာချက်အရ သူဖန်နိုလ်အက်ဆွာ(ခ) အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး သည် သိမ်းပိုက်ခံနယ်မြေများမှ ဇီယွန်ဝါဒီများ၏ ရွေ့ ပြောင်းနေထိုင်မှုကို ပြင်းထန်လာ စေခြင်း ဖြစ်ပါသည်။ (41)ထို ပြင် မဟာဗျူဟာရေးရာ ကျွမ်းကျင်သူ မိုဟမ္မဒ် ဟိုစိုင်းန် ကာဒရီ အဗ်ယာနဟ် ၏ အဆိုအရ သူဖန်နိုလ်အက်ဆွာ(ခ) အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး စစ်ဆင်ရေးဖြင့် သိမ်းပိုက် ထားသောနယ်မြေများသို့ ရွေ့ပြောင်းသွား လာမှုကို ရပ်တန့်စေရုံသာမက၊ ယင်းအစား သိမ်းပိုက် ခံနယ် မြေများ မှ ရွှေ့ပြောင်းနေထိုင်မှု စတင်ခဲ့သည်။သိမ်းပိုက်ထားသောနယ်မြေများသို့ ရွေ့ ပြောင်းသွား လာမှုကို ရပ်တန့် စေရုံသာမက ယင်းအစား ကျူးကျော် သိမ်းပိုက်ခံနယ်မြေများမှ ရွှေ့ပြောင်းနေထိုင်မှု စတင်ခဲ့ပါ သည်။(42)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ