မာတိကာသို့ ခုန်သွားရန်

အာယာသ်သေဗရာအသ်

wikishia မှ
ဤဆောင်းပါးသည် စူရဟ် သောင်ဗဟ် ၏အစပိုင်း အာယသ်တော် များအကြောင်းဖြစ်ပါသည်။ ဗရာအသ် အာယသ်တော်များ ထုတ်ပြန်ခဲ့ခြင်း ကိုနားလည် သဘောပေါက်ရန် အတွက် ဗရာအသ် အာယသ်တော်များ ထုတ်ပြန်ခဲ့ခြင်း ဆိုသည့် ဆောင်းပါး ကို ကြည့်နိုင်ပါသည်။

အာယာသ်သေဗရာအသ် (အရဘီ : آيات البراءة ) သည် မွတ်ရှ်ရေက်များ နှင့် မွတ်စလင်မ်များ၏ ဆက်ဆံရေး နှင့် ပတ်သက်၍ နောက်ဆုံးစီရင်ထုံးများကိုရှင်းပြသော စူရဟ် သောင်ဗဟ် ၏ အစပိုင်း အာယသ်တော် များ အကြောင်း ဖြစ်ပါသည်။ဤအာယသ်တော်များ တွင် အလ္လာဟ်ဟို အရှင်မြတ် သည် တမန်တော်မြတ် (ဆွ) နှင့် မွတ်စလင်မ်များ အား မွတ်ရှ်ရေက်များကို ပေါ်တင် မုန်းတီးရန် နှင့် ၎င်းတို့ နှင့် ချုပ်ဆိုထားသည့် ပဋိညာဉ်များ ကို ပယ်ပျက်ရန် ၊ အစ္စလာမ် သာသနာ ကို လက်မခံသည့် အခြေအနေ တွင် ၎င်းတို့အား စစ်ကြေငြာရန် မိန့်ကြား ခဲ့ပါသည်။ ဤအာယသ်တော်များ သည် အေမာမ် အလီ (အ.စ) မှ တဆင့် ကုရ်ဘာနီ အီးဒ် နေ့ တွင် မွတ်ရှ်ရေက်များ အပေါ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

သဖ်စီးရ်ပညာရှင်များ၏ အဆိုအရ မွတ်ရှ်ရေက်များ နှင့် ပြုလုပ်ထားသော သဘောတူ ပဋိညာဉ် များကို တစ်ဖက်သတ် ဖျက်သိမ်း ခြင်းသည် ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ၊ ယင်းအစား မွတ်ရှ်ရေက်များက ဦးစွာ ချိုးဖောက်ခဲ့ကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဤအာယသ်တော် များ အရ မိမိ တို့၏ ပဋိညာဉ်ကို မဖောက်ဖျက်သော မွတ်ရှ်ရေက်များ နှင့် ပဋိညာဉ် များကို ၎င်းတို့၏ သက်တမ်း ကုန်ဆုံးချိန်အထိ မွတ်စလင် များက လေးစားခဲ့ကြ ပါသည်။ ယင်းသဘောတူညီချက်များသည် ကနဦးတွင် ယာယီဖြစ်ကြောင်းလည်း သဖ်စီးရ် ပညာရှင်များက ဆိုကြပါသည်။

မိုဟမ္မဒ် ဂျဝါဒ် မွတ်ဂ်နီယေဟ် ၏ အဆိုအရ အာရေဗျကျွန်းဆွယ်ရှိ မွတ်ရှ်ရေက် များအား အစ္စလာမ် ဘာသာလက်ခံရန် သို့မဟုတ် စစ်ပြင်ရန် အတင်းအကြပ်ခိုင်းစေခြင်းအပေါ် အလေးပေးမှုသည် အခြား အာယသ် တော် များတွင်ဖော်ပြ ထားသည့် ဘာသာတရားအားမိမိ ဆန္ဒအလျောက်လက်ခံခြင်းနှင့် မဆန့် ကျင် ချေ။ အကြောင်းမှာ အာရေဗျကျွန်းဆွယ် ၏ မွတ်ရှ်ရေက် များသည် မိမိ တို့၏ပဋိညာဉ်များကို အဆက် မပြတ်ချိုးဖောက်ပြီး အစ္စလာမ့်လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ဤစီရင် ချက်သည် ၎င်းတို့အတွက်သာ သီးသန့်ဖြစ်ပါသည်။

အာယသ်တော်များ ၏ စာသား များ နှင့် ဘာသာပြန်

စူရဟ် သောင်ဗဟ် ၏အစပိုင်း အာယသ်တော် များကို အာယာသ်သေဗရာအသ် ဟု ခေါ်ဆို ပါသည်။ [1]


အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ