အာယသ် သေ ခိုင်းရိုလ်ဗရီယဟ်

wikishia မှ

အာယသ် သေ ခိုင်းရိုလ်ဗရီယဟ် (အရဘီ : آية خير البرية ) (စူရဟ် ဗိုင်ယေနဟ် ၊ အာယသ်တော် အမှတ် ၇ ) သည် အေမာမ် အလီ (အ.စ) ၏ ကြီးကျယ် မြင့်မြတ် အတွက် ကျရောက်လာသည့် အာယသ်တော် တစ်ပါး ဖြစ်ပါသည်။ ရှီအဟ် နှင့် စွန်နီ ရင်းမြစ်များတွင် တမန်တော်မြတ် (ဆွ) ထံ မှ ကိုးကားထားသော ဟဒီးစ် တော်များ ရီဝါယသ်တော် များအရ " ခိုင်းရိုလ်ဗရီယဟ် " ဟူသော ဝေါဟာရ အဓိပ္ပာယ်မှာ အကောင်း တကာ အကောင်းဆုံး အဖန်းဆင်းခံများ ဖြစ်ပြီး အေမာမ် အလီ (အ.စ) နှင့် အေမာမ် ၏ နောက်လိုက် နောက်သား များ ဖြစ်ပါသည်။

အချို့ သဖ်စီးရ်ပညာရှင်များ မှ ဤအာယသ်တော် ၏ ရလာဒ် အနှစ်ချုပ် မှာ ကောင်းကင်တမန်များထက် သာလွန်သည် မိုအ်မင် နှင့် ဆွာလေဟ်(သီလသမာဓိရှိသူ) လူသားများ ဟု ဖွင့်ဆိုထားပါသည်။ အဘယ်ကြောင့် ဆိုသော် “ဗရီယဟ်” ဟူသော စကားလုံး သည် အဖန်ဆင်းခံများ အားလုံး ပါဝင်သည့် အတွက် ကြောင့် ဖြစ်ပါသည်။

စာသား နှင့် ဘာသာပြန်

စူရဟ် ဗိုင်ယေနဟ် ၏ အာယသ်တော် အမှတ် ခုနှစ် သည် အာယသ် သေ ခိုင်းရိုလ်ဗရီယဟ် အဖြစ် လူသိ များ ပါသည်။ [1]


إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَئِكَ هُمْ خَيْرُ الْبَرِيَّةِ ٧﴾ [بینه:7]

ဧကန်မုချ အကြင်မည်သူမဆို အီမာန် သက်ဝင် ယုံကြည် မည် ပြီးနောက် ကောင်းမွန်ကောင်းမြတ်သည့် အလုပ် ကို သာ လုပ်ဆောင်မည် ။ဤပုဂ္ဂိလ်များ သည် အလ္လာဟ်ဟို အရှင်မြတ် ၏ အဖန်ဆင်းခံများ တွင် အကောင်းတကာ အကောင်းဆုံး သူများဖြစ်ကြပါသည်။ စူရဟ် ဗိုင်ယေနဟ် ၊ အာယသ်တော် အမှတ် ၇

ဂျာဘေရ် ဘင်န် အဗ်ဒွလ္လာဟ် အန်ဆွာရီ

ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွ) နှင့်အတူရှိ နေပါသည်။ အလီ(အ.စ) ရောက်ရှိလာပါ သည်။ တမန်တော် မြတ် (ဆွ) မိန့်ကြားတော်မူပါသည်။ « အကျွန်ုပ်၏ အသက် အား မိမိ လက်တော် တွင် ထားသည့် အရှင် အား (အလ္လာဟ်) အား ကျိန်ဆိုပါ၏။ သူ (အလီ ) နှင့် ၎င်း၏ ရှီအဟ်များသည် ကေယာမသ်နေ့ တွင် အောင်မြင်သူများ ဖြစ်ကြပေမည်။ » ပြီးနောက် ဤ «إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ هُمْ خَيْرُ الْبَرِيَّةِ.» အာယသ် တော် ကျရောက်ခဲ့ပါသည်။ ပြီနောက် တမန်တော်မြတ် (ဆွ) ၏ သာဝကတော် များသည် ဟဇရသ် အလီ (အ.စ) ရောက်လာသည့် အခါတိုင်း «  ခိုင်းရိုလ်ဗရီယဟ် (အကောင်း တကာအကောင်းဆုံး အဖန်းဆင်းခံများ) ရောက်လာပြီး » ဟု ပြောဆိုကြပါသည်။ အစ်ဗ်နေအစာ ကေရ် ၊ သရီးခ်ခေ ဒမစ်ရှ် ၊ ဟီဂျရီ ၁၄၁၅ ခုနှစ် ၊ အတွဲ ၄၂ ၊ စာမျက်နှာ ၃၇၁

အဆင့်အတန်း နှင့် အရေးပါမှု

အာယသ် သေ ခိုင်းရိုလ်ဗရီယဟ် သည် အေမာမ် အလီ (အ.စ) ၏ ကြီးကျယ် မြင့်မြတ် တော်မူများ မှ တစ်ခု ဖြစ်ပါသည်။ [2] အစ်ဗ်နေအဘာစ် ထံ မှ ဆင့်ပြန် လာရှိသည် မှာ ဤအာယသ်တော် သည် ဟဇရသ် အလီ (အ.စ) အကြောင်းနှင့်ပတ်သက်ပြီး ကျရောက်ခဲ့ခြင်း ဖြစ်ပါသည်။ [3] ရှီအဟ်ပညာရှင်များ ၏အဆိုအရ အေမာမ်အလီ (အ.စ) သည် အဖွဲ့ဝင်ခြောက်ဦးပါရှိသည့် ကောင်စီ တွင် မိမိ သည် စစ်မှန်ကြောင်း သက်သေပြရန် ဤအာယသ်တော် နှင့် ဤအာယသ်တော် ကျရောက်ရသည့် အကြောင်းအရင်း ကိုးကား ခဲ့ကြောင်း ဖြစ်ပါသည်။ [4] ရှီအဟ် သဖ်စီးရ် ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမို ရှီးရာဇီ ( အီရန်သက္ကရာဇ် ၁၃၀၅ ခုနှစ် ဖွား) သည် ဤ အာယသ်တော် ကျရောက်သည့် အကြောင်းအရင်း နှင့်ပတ်သက်သည့် ကိုယ်တော်မြတ်(ဆွ) ထံ မှဆင့်ပြန် လာရှိသည့် ဟဒီးစ်တော်များ ရီးဝါယသ်တော်များ ကို ကိုးကား ၍ မောင်လာအလီ (အ.စ) နှင့် ၎င်းရှီအဟ် များ [5] ဖြစ်ကြောင်း ပြောဆိုထား ပါသည်။ပြီးနောက် ရှီအဟ် ဟူသော ဝေါဟာရ အသုံးအနှုန်းသည် တမန်တော်မြတ်(ဆွ) လက်ထက် ကတည်းက ဖော်ပြခဲ့ပြီး ကြောင်း ယင်းစကားများတွင် ရှီအဟ် ၏အဓိပ္ပာယ်မှာ အေမာမ် အလီ (အ.စ) အထူးနောက်လိုက်များဖြစ် ကြောင်း ဖြစ်ပါသည်။ [6]

ခိုင်းရိုလ်ဗရီယဟ် ၏ ဆိုလိုသ်ည့ အဓိပ္ပာယ်

ရှီအဟ် နှင့် စွန်နီ ဟဒီးစ်တော် များ ဆိုင်ရာ စာအုပ်များတွင် တမန်တော် မြတ် (ဆွ) ထံ မှ ဆင့်ပြန် လာရှိသည့် ခိုင်းရိုလ်ဗရီယဟ် (အကောင်း တကာအကောင်းဆုံး အဖန်းဆင်းခံများ) သည် အေမာမ် အလီ (အ.စ) နှင့် အေမာမ် အလီ (အ.စ) ၏ ရှီအဟ်များ ဖြစ်ကြောင်း သဖ်စီးရ် ဖွင့်ဆို ထား ကြပါသည်။ [7] စွန်နီ ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် ဟာကင်မ် ဟစကာနီ ( ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၄၉၀ ခုနှစ်) သည် ရှဝါဟစ်ဒ်ဒိုလ် သန်ဇီးလ် စာအုပ်တွင် ဤ ကိစ္စ နှင့် ပတ်သက်၍ ရီဝါယသ်တော် ပေါင်း ၂၀‌ ကျော် အား စနဒ် အမျိုးမျိုး ဖြင့် တင် ပြထားပါသည်။ [8] ပမာအားဖြင့် အစ်ဗ်နေအဘာစ် ထံ မှ ရီဝါယသ်တော် လာရှိသည်မှာ ဤ အာယသ်‌ တော် ကျရောက်လာသည့် အခါ တမန်တော်မြတ် (ဆွ) သည် အေမာမ် အလီ (အ.စ)အား မိန့်ဆိုသည်မှာ - « ခိုင်းရိုလ်ဗရီယဟ် (အကောင်း တကာအကောင်းဆုံး အဖန်ဆင်းခံများ) သည် အသင် (အေမာမ် အလီ (အ.စ)) နှင့် အသင် (အေမာမ် အလီ (အ.စ)) ၏ ရှီအဟ်များ ဖြစ်ပါသည်။ ‌ ကေယာမသ် နေ့တွင် အသင် နှင့် အသင်ရှီအဟ်များသည် အလ္လာဟ် ဟို အရှင်မြတ် အား အသင်တို့ ချစ်ခင်မြတ်နိုးကြပြီး အလ္လာဟ် ဟို အရှင်မြတ် သည်(လည်းဘဲ) အသင်တို့ကို နှစ်သက်မြတ်နိုးသည့် အခြေအနေ တွင် ရောက်ရှိလာကြမည် ဖြစ်ပါသည်။ » [9]

သဖ်စီးရ်ဆိုင်ရာ မှတ်စု၊မှတ်ချက် များ

သဖ်စီးရ် ပညာရှင်များ အနေဖြင့် ဤအာယသ်တော် နှင့်ပတ်သက်ပြီး သဖ်စီးရ်ဆိုင်ရာ မှတ်စု၊မှတ်ချက်များ မှ တစ်ခုမှာ အီမာန်သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်သည့်ကောင်းမွန်သည့် လူသားများ (သီလသမာဓိရှိသူများ) သည် ကောင်းကင် တမန်များ ထက် ပင် သာလွန် သည်ဆိုသည့် အချက် ဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် « အလ် ဗရီယဟ် » စကားလုံးသည် « ခိုင်းရိုလ် ဗရီယဟ် »(အကောင်း တကာအကောင်းဆုံး အဖန်ဆင်းခံများ) ဆိုသည့် စာသား တွင် အဖန်ဆင်းခံများ အားလုံး ပါဝင် သည့် အတွက်ကြောင့် ဖြစ်ပါသည်။ [10]

မက္ကဟ် မြို့ တွင် အာယသ်တော် ကျရောက်ခြင်း

အချို့သော ရီဝါယသ်တော် များ၏ အဆိုအရ တမန်တော်မြတ် (ဆွ) သည် မက္ကဟ် မြို့တော် ရှိ မတ်စ်ဂျစ်ဒ် ဒိုလ်ဟရာမ် တွင် ရှိနေစဥ် အာယသ် သေ ခိုင်းရိုလ်ဗရီယဟ်ကျရောက်ခဲ့သည် ဟု လာရှိပါသည်။ [11] သဖ်စီးရ် နမူနာ ၏ ‌ရေးသား သီးကုံးမှု အရ ဤ အာယသ်တော် သည် မဒီနာ စူရဟ် မှ ဖြစ်လျှင်လည်း ပြဿနာ မရှိချေ။ အကြောင်း မှာ စူရဟ် သည် မဒီနာ စူရဟ် ဖြစ်ပြီး ဤ အာယသ်တော် သည် တမန်တော်မြတ် (ဆွ) မဒီနာ မြို့ မှ မက္ကဟ် မြို့ သို့ ခရီးစဥ်များမှ တစ်ခု တွင် ကျရောက် ခဲ့ကြောင်း ဖြစ် နိုင်သည့် အတွက်ကြောင့် ဖြစ်ပါသည်ဟု ဖြစ်ပါသည်။ [12]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ