အာယသ်သေ နဘအ်

wikishia မှ

အာယသ်သေ နဘအ် (အာရဗီ-آیه نَبَأ )( စူရဟ် ဟိုဂျရာသ် အာယသ်အမှတ် ၆) သည် ဖီကဟ် ဓမသ္သက် ၏ အခြေခံမူများတွင် သတင်းတစ်ခု၏ စစ်မှန်မှုကို သက်သေပြရန်အတွက် ဤ အာယသ်‌ တော်ကို ဆွေးနွေးထားသည်။။ သက်ဖ်စီးရ်ပညာရှင်အများစု သည် ဤအသ် ကျရောက်ရသည့် အကြောင်းအရင်းကို ဗနီမွဆ်ွသွလက္က် မျိုးနွယ်မှ ဇကာ့သ် ကိုပေးဆောင်ရန် ငြင်းဆိုခဲ့သည် ဟူသော ၀လီးဒ် ဗင်န် အွက္က်ဘဟ် ၏သတင်းပေးခြင်းနှင့် ပတ်သက်၍ အာယသ် ကျရောက် ပေါ်ထွန်း ခဲ့သည်ဟု လက်ခံထားကြသည်။ ဤသတင်း ပြန့်ပွားပြီးနောက်၊ ကျရောက်ခဲ့ပြီး မွတ်စ်လင်မ်များသည် ၀လီးဒ် ၏သတင်းကို စုံစမ်းစစ်ဆေးကြရာ ၎င်း ပေးခဲ့သည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်းကို သိရှိခဲ့ကြသည်။ ဖီကဟ် ဓမသ္သက် ၏ အခြေခံမူများတွင် သတင်းတစ်ခု၏ စစ်မှန်မှုကို သက်သေပြရန်အတွက် ကျမ်းမြတ်ကုရ်အာန်ရှိ နဘအ် ဟူသော အာယသ်ကို ဆွေးနွေးထားသည်။

ای کسانی که ایمان آوردهاید، اگر فاسقی برایتان خبری آورد، نیک وارسی کنید، مبادا بهنادانی گروهی را آسیب برسانید و [بعد،] از آنچه کردهاید، پشیمان شوید.

အာယသ်တော် နှင့် ၎င်း၏ ဘာသာပြန်

یا أَیهَا الَّذِینَ آمَنُوا إِن جَاءَكُمْ فَاسِقٌ بِنَبَإٍ فَتَبَیَّنُوا أَن تُصِیبُوا قَوْمًا بِجَهَالَةٍ فَتُصْبِحُوا عَلَیٰ مَا فَعَلْتُمْ نَادِمِینَ စူရဟ် နဘအ် အာယသ်အမှတ် ၆ ဘာသာပြန် ။ ။ အို ယုံကြည်သူအပေါင်းတို ၊ အကယ်၍ အသင်တိုထံ

အာယသ်ကျရောက်ပေါ်ထွန်းလာရသည့် ဖြစ်စဉ် သဖ်စီးရ်ပညာရှင်များသည် ဤအာယသ် ကျရောက်ပေါ်ထွန်းလာရသည့် ဖြစ်စဉ် နှင့်ပတ်သက်ပြီး အကြောင်းအရာ နှစ်ခုကို ဖော်ပြထားလေသည်။ အများစု လက်ခံထားသည်မှာ ဤအာယသ်သည် ၀လီးဒ် ဗင်န် အွက္က်ဘဟ် နှင့် ပတ်သက်၍ ကရောက်ခဲ့ပြီး တမန်တော်မြတ်(ဆွ)သည် ၎င်းအား ဇကားသ် များကို စုစည်းစေဖိုဖိုရန် ဗနီ မွဆ်ွသွလက္က် မျိုးနွယ်များ နေထိုင်ရာသို စေလွှတ်ခဲ့သည်။ [၁] မဂ်ျမအွလ်ဘယာန်းဖက်ဇ်ွလ် ဗင်န် ဟစန် သွီဘ်ရေစီ ၏ပြောဆိုချက်အရ ဗနီ မွဆ်ွသွလက္က် မျိုးနွယ်များသည် တမန်တော်မြတ်(ဆွ)သည် တစ်ဦးတစ်ယောက်ကို မိမိတိုထံ စေလွှတ်လိုက်သည် ဟူသော သတင်း ကြားသည့်အခါ ၎င်းအား လိက်လှဲစွာကြိုစိုကြသည်။ သိုသော် ၀လီးဒ် သည် မသိနားမလည်မှုဖြင့် သူ့အား ရှေးယခင်က ရှိခဲ့သည့် ရန်ငြိုးကြောင့် မိမိ့ကို သတ်ရန် လာကြသည်ဟု ထင်ခဲ့သည်။ထိုကြောင့် ၀လီးဒ် သည် တမန်တော်မြတ်(ဆွ) ထံ ပြန်သွားပြီးဗနီ မွဆ်ွသွလက္က် မျိုးနွယ်သည် ဇကားသ် ပေးခြင်းမှ ရှောင်ရှားခဲ့ကြသည် ဟုသတင်းပေးခဲ့သည်။ တမန်တော်မြတ်(ဆွ) သည် ထိုမျိုးနွယ်နှင့် စစ်တိုက်မည် ဟု ဆုံးဖြတ်ချလိုက်သည့် အခါ ဤအာယသ် ကျရောက်လာပြီး အပြစ်သားတစ်ဦး သတင်းယူလာတိုင်း မွတ်စ်လင်မ်များကို စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။[၂] အချိုများသည်လည်း တမန်တော်မြတ်(ဆွ) ၏ ဇနီး မာရီယာကို မဟာတ်မမှန်ပြောဆိုခြင်းအကြောင်း နှင့်ပတ်သက်ပြီး ဤအာယသ်ကျရောက်ခဲ့သည်ဟု ဆိုကြသည်။ ဤအဖြစ်အပျက်၌ အေမာမ်အလီ(အစ) သည် အမှားကျူးလွန်သူကို အပြစ်ပေးသည့် တာဝန်ယူထားသူ ဖြစ်သည်၊ တမန်တော်မြတ်(ဆွ)အား မေးမြန်းသည်မှာ ၎င်း၏လေ့လာတွေ့ရှိချက်များသည် အခြားသူများ၏ ပြောဆိုချက်များနှင့် ဆန့်ကျင်နေပါက ထိုသို ကောလာဟလများကို မယုံရမ ည်လော? ။ တမန်တော်မြတ်(ဆွ) သည်လည်း အေမာမ်အား ထိုသိုလုပ်ဆောင်ခွင့် ပေးခဲ့သည်။ နောက်ဆုံးတွင် ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း နှင့် ကောလာဟလများသည် မှားယွင်းနေကြောင်း ထွက်ပေါ်လာခဲ့သည်။[၃]

အာယသ်သေနဘာအ် နှင့် သတင်းတစ်ခု၏ စစ်မှန်မှုကို သက်သေပြခြင်း

ဖီကဟ် ဓမသ္သက် ၏ အခြေခံမူများတွင် သတင်းတစ်ခု၏ စစ်မှန်မှုကို သက်သေပြရန်အတွက် ကျမ်းမြတ်ကုရ်အာန်ရှိ နဘအ် ဟူသော အာယသ်ကို ဆွေးနွေးထားသည်။[၄] သိုသော် ဖီကဟ်ပညာရှင် များသည် ဤအာယသ်‌ေတာ်မှတစ်ဆင့် သတင်းတစ်ခုတည်း၏ စစ်မှန်မှုကို သက်သေပြရန် အားလုံးသဘောတူညီမှု မရှိကြပေ။ ဥပမာ မိုဟမ္မဒ် ဟိုစိုင်းန် နာအီနီ သည် သတင်းတစ်ခုတည်း၏ စစ်မှန်မှုကို သက်သေပြရန် အာယသ်သေနဘအ် အား ကိုးကားဖော်ပြခြင်းသည် မှန်ကန်သည်ဟု ယူဆထားသည်။[၅] သိုသော် ရှီးခ်အန်ဆွာရီ သည် ထိုအာယသ်တော်ဖြင့် သတင်းတစ်ခုတည်း၏ စစ်မှန်မှုကို မညွှန်ပြကြောင်း ယုံကြည်လက်ခံထားသည်။[၆]

မှတ်စုများ

  1. Makārim Shīrāzī, Tafsīr-i nimūna, vol. 22, p. 153.
  2. Ṭabrisī, Majmaʿ al-bayān, vol. 9, p. 198.
  3. Ṭabrisī, Majmaʿ al-bayān, vol. 9, p. 198-199.
  4. Farhangnāma-yi uṣūl, p. 62.
  5. Nāʾīnī, Fawāʾid al-uṣūl, vol. 3, p. 187.
  6. Anṣārī, Farāʾid al-uṣūl, p. 116-136.

ကျမ်းကိုးမျာ

  • Anṣārī, Shaykh Murtaḍā. Farāʾid al-uṣūl. Fifth edition. Qom: Daftar-i Intishārāt-i Islāmī, 1416 AH.
  • Makārim Shīrāzī, Nāṣir. Tafsīr-i nimūna. Tehran: Dār al-Kutub al-Islāmīyya, 1374 Sh.
  • Markaz-i Iṭṭilāʿāt wa madārik-i Islāmī. Farhangnāma-yi uṣūl-i fiqh. Qom: Pazhūhishgāh-i ʿUlūm wa Farhang-i Islāmī, 1389 Sh.
  • Nāʾīnī, Muḥammad Ḥusayn al-. Fawāʾid al-uṣūl. Qom: Daftar-i Intishārāt-i Islāmī, 1376 Sh.
  • Ṭabrisī, Faḍl b. al-Ḥasan al-. Majmaʿ al-bayān. Tehran: Nāṣir Khusru, 1372 Sh.