အာဇရ်

wikishia မှ

အာဇရ် ဟူသည် တမန်တော်အိဗ်တော်ဟီးမ် (အစ) ၏ ဖခင် သို့မဟုတ် အုပ်ထိန်းသူ ဟူ၍ ကျမ်းမြတ်ကုရ်အာန်မှ ဖော်ပြထားသော အမည်ဖြစ်သည်။ ကုရ်အာန်သည် ထိုအကြောင်းအရာ၌ “اب" အဗ္ဗ် ဟူသော ဝေါဟာရကို အသုံးပြုထားပေသည်။ တမန်တော်မြတ်ထံမှ လာရှိထားသည့် ရေဝါယသ်အရ၊ တမန်တော်မြတ်၏ ဘိုးဘေးများသည် တမန်တော်အာဒမ်အထိ မည်သူမှ ရှရီးက် တုဖက်နှိုင်းယှဉ်ကိုးကွယ်သူများ မဟုတ်ကြပေ။ ထို့အတွက်ကြောင့် ၊ အာဇရ် သည် တုဖက်နှိုင်းယှဉ်ကိုးကွယ်သူ ဖြစ်သည့်အတွက်၊ တမန်တော်အိဗ်တော်ဟီးမ် (အစ) ၏ ဖခင် မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ အာယသ်တော်၌ လာရှိထားသည့် “အဗ္ဗ်” သည် ဖခင်မှလွဲ၍ အခြားအဓိပ္ပာယ် ဥပမာ ဦးလေး သို့မဟုတ် မိခင်၏အဘိုး ဖြစ်သည်။ အာဇရ် ဟူသည် ၊ အေမာမ်ဆွာဒီက်(အစ) ထံမှ လာရှိထားသည့် ရေဝါယသ်အရ၊ နမရူသ်၏ နက္ခတ္တဗေဒပညာရှင် တစ်ဦးဖြစ်ပြီး ကလေးတစ်‌ေယာက် မွေးဖွားလာပြီး လူသားများကို အခြားဘာသာသို့ ခေါ်ဆောင်မည်ဟု ဟောကိန်းထုတ်ခဲ့သူ ဖြစ်သည်။ နမရူသ်သည် အမျိုးသားများနှင့် အမျိုးသမီးများကို ခွဲအိပ်ခိုင်းပြီး ‌မွေးလာသည့် ကလေးတိုင်းကို သတ်ရန် အမိန့်ပေးခဲ့သည်။ အာဇရ်သည် နမရူသ်၏ ညီဝမ်းကွဲ ဖြစ်သည်ဟုလည်း မိတ်ဆက်ပေးထားသည်။

ကိုယ်ရေးရာ‌ဇဝင်

        အာဇရ်သည်၊ (ယခု ကူဖှာ) ရှိ ကူစာ ရွာတွင်နေထိုင်သူ ဖြစ်ပြီး (1) နမရူသ်၏ ညီဝမ်းကွဲ ဖြစ်သည်ဟုလည်း မိတ်ဆက်ပေးထားသည်။ (2) အေမာမ်ဆွာဒီက်(အစ) ထံမှ လာရှိထားသည့် ရေဝါယသ်အရ၊ အာဇရ်သည် နမရူသ်၏ နက္ခတ္တဗေဒပညာရှင် တစ်ဦးဖြစ်သည်။ (3) တမန်တော်အိဗ်ရာဟီးမ်(အစ) မမွေးဖွားမီ၊ လူတစ်ဦးသည် မွေးဖွားလာပြီး လူသားများကို အခြားဘာသာသို့ ခေါ်ဆောင်မည်ဟု ၎င်းမှ ဟောကိန်းထုတ်သည်။ ထို့ကြောင့် နမရူသ် သည် အမျိုးသမီးများအား အမျိုးသားများနှင့် ခွဲခွာပြီး မွေးလာသော ကလေးများကို သတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ (4) အာဇရ်သည် ရုပ်ထုကိုးကွယ်သူ ဖြစ်သည်။ (5) ဖှာရ်စီကဗျာအချို့တွင် ၎င်းသည် ရုပ်ထုကိုးကွယ်သူ ဖြစ်ကြောင်း ဖော်ပြထားသည်။ (6) ဥပမာ ကျွန်ုပ်၏ ခလီးလ်သည် အာဇရ်၏ ရုပ်ထုများ အားလုံးကို ချိုးဖျက်ခဲ့သည်။ (7)

တမန်တော်အိဗ်တော်ဟီးမ်(အစ) ၏ ဖခင် သို့မဟုတ် ဦးလေး

စူရဟ် အန်အာမ် အာယသ်အမှတ် ၇၄ وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ آزَرَ أَتَتَّخِذُ أَصْنَامًا آلِهَةً إِنِّي أَرَاكَ وَقَوْمَكَ فِي ضَلَالٍ مُّبِينٍ؛ တမန်တော်အီးဗ်ရာဟီးမ်သည် သ၎င်း၏ခမည်းတော် အာဇရ်အား “ရုပ်ပွားဆင်းတုများကို ကိုးကွယ်ရာအရှင်သခင်အဖြစ် အယူထား၍ ကိုးကွယ်ကြသလော။ ကျွန်ုပ်သည် သင်နှင့်သင့်လူမျိုးတို့ကို အလွန်ထင်ရှားသော လမ်းမှားမှု၌ လမ်းလျှောက်လျက်ပင် ရှိနေကြောင်း မုချ တွေ့မြင်နေရပြီ။” ဟု ပြောဆိုခဲ့သည်။ အချို့သော် ကုရ်အာန် သဖ်စီးရ် ပညာရှင် ဥပမာ ဖခ်ရ်ရာဇီ သည် ဤအာယသ်တော်အရ၊ အာဇရ်ကို တမန်တော်အိဗ်ရာဟီးမ်၏ ဖခင် ဖြစ်သည်ဟူ၍ သတ်မှတ်ထားသည်။ (8) သို့သော် နာဆွီရ် မကာရင်မေ ရှီရာဇီ ရေးသားထားသည့် နမူနာ သဖ်စီးရ်၌ လာရှိထားသည်မှာ ၊ ရှီအဟ် သဖ်စီးရ်ပညာရှင်များနှင့် ပညာရှင်အားလုံးမှ အာဇရ်သည် တမန်တော် အိဗ်ရာဟီးမ်၏ ဖခင်မဟုတ်ကြောင်း ယုံကြည်ထားကြသည်။ (9)

        ရှီးခ်သူစီ(ဟီဂျရီ ၄၆၀ ကွယ်လွန်) သည် အာဇရ်ကို တမန်တော်အိဗ်ရာဟီးမ်၏ ဦးလေး သို့မဟုတ် မိခင်၏ အဘိုး ဖြသ်သည်ဟု လက်ခံထားသည်။ အဘူအိစ်ဟာက် ဇဂျာဂ်ျ ကောက်နုတ်ဖော်ပြထားသည်မှာ တမန်တော်အိဗ်ရာဟီးမ်၏ ဖခင်အမည်မှာ သာရူခ် ဖြစ်ကြောင်း မျိုးရိုးဗီဇ လေ့လာသူ ပညာရှင်များအကြား ကွဲလွဲမှု မရှိပေ။ (10) ၎င်းသည် တမန်တော်မြတ် ထံမှ ရေဝါယသ်တစ်ခု ကောက်နုတ်ထားရာ ထိုရေဝါယသ်အရ၊ တမန်တော်မြတ်၏ ဘိုးဘေးများအားလုံးသည် တမန်တော်အာဒမ်အထိ မည်သူမှ တုဖက်နှိုင်းယှဉ် ကိုးကွယ်ကြသူများ မဟု‌တ်ပေ။ (11) ထို့အတွက်ကြောင့် ၊ အာဇရ် သည် တုဖက်နှိုင်းယှဉ်ကိုးကွယ်သူ ဖြစ်သည့်အတွက်၊ တမန်တော်အိဗ်ရာဟီးမ်(အ.စ) ၏ ဖခင် မဖြစ်နိုင်ပေ။ (12)

        ယခုခေတ် ဒဿန နှင့် သဖ်စီး ပညာရှင် ဖြစ်သူ အလ္လာမဟ် သွဗာသွဗာယီး သည် အာရဗီဘာသာဖြင့် “အဗ္ဗ်” သည် လူတစ်ဦးချင်းစီ၏ အရေးကိစ္စများကို တာဝန်ယူနေသူဖြစ်သည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ဖခင် ၊ ဦးလေး ၊ အဖိုး၊ ယောက္ခထီး နှင့် အုပ်စုခေါင်းဆောင်များကိုလည်း “အဗ္ဗ်” ဟုခေါ်သည်။ (13) သောင်ဝ်ရသ် ၊ ယဟူဒီများ၏ ကျမ်းစာတို့၌ တမန်တော်အိဗ်ရာဟီးမ်(အ.စ) ၏ ဖခင်ကို သာရုခ် ဟူ‌၍ ဖော်ပြထားသည်။ (14)အချို့သော ကိုယ်ကျင့်တရားဆိုင်ရာ ပညာရှင်များသည် ဟဒီးစ်ကို မက္က်သူးအ် ပုံစံဖြင့် ကိုးကားထားပြီး ဖခင် အမျိုးအစား သုံးမျိုးရှိသည် ၎င်းတို့မှာ လူသားများ မွေးဖွားခြင်းကြောင့် ဖြစ်လာသောဖခင်၊ ယောက္ခထီး နှင့် ပညာသင်ကြားပေးသော ဖခင် (ဆရာသမား) တို့ဖြစ်သည်။ (15)

        ထို့အတူ အချို့သော သဖ်စီးရ် ပညာရှင်များ ဥပမာ အလ္လာမဟ် သွဗာသွဗာယီး နှင့် မကာရင်မေ ရှီရာဇီ တို့သည် စူရဟ် သောင်ဝ်ဗဟ် အာယသ် ၁၁၄ တွင်တမန်တော်အိဗ်ရာဟီးမ်(အစ) သည် မိမိ၏ “အဗ္ဗ်” အတွက် ခွင့်လွှတ်မှု တောင်းခံခြင်းမှ ရေုာင်ကြဉ်ခြင်း (16) ၊ ၎င်း၏ ဆန့်ကျင်ဘက်၊ စူရဟ် အိဗ်ရာဟီးမ် အာယသ် ၄၁ တွင် မိမိ၏ “ ဝါလီဒ်” အတွက် ၎င်း၏ အပြစ်များကို ခွင့်လွှတ်ပေးရန် တောင်းခံခြင်း (17) စသည်တို့ကို ကိုးကား၍ တမန်တော်အိဗ်ရာဟီးမ်(အစ) ၏ ဖခင်မှာ အာဇရ် မဟုတ်သည့် အခြားသူဖြစ်ကာ ၊ အာဇရ်သည် ၎င်း၏ ဦးလေး သို့မဟုတ် အမေ၏အဖိုး ဖြစ်သည်ဟု နိဂုံးထုပ်ယူခဲ့သည်။ (18)

တမန်တော်အိဗ်ရာဟီးမ်သည် အာဇရ်အတွက် ခွင့်လွှတ်မှုကို တောင်းခံခြင်း

စူရဟ် မရ်ယမ် အာယသ် ၄၈ အရ၊ (19) တမန်တော်အိဗ်ရာဟီးမ်(အစ) သည် အာဇရ်အတွက် ခွှင့်လွှတ်မှုကို တောင်းခံပေးခဲ့သည်။ (20) သို့သော် စူရဟ် သောင်ဝ်ဗဟ် အာယသ် ၁၁၃ (21) တွင် မုရှ်ရီက်များအတွက် ခွှင့်လွှတ်မှုကို မတောင်းခံရန် မွတ်စ်လက်မ်များအား သတိပေးထားသည်။ ကုရ်အာန်သည် ဤကိစ္စတွင် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခကို ဖြေရှင်းရန် နောက်အာယသ်တွင် စူရဟ်ကို ကိုးကားထားသည်မှာ တမန်တော်အိဗ်ရာဟီးမ်(အစ) သည် အာဇရ်အတွက် ခွှင့်လွှတ်မှုကို တောင်းခံပေးခြင်းသည် ၎င်းအား ပေးခဲ့သည့် ကတိအတွက်ကြောင့် မဟုတ်ပေ။ ၎င်းငည် အရှင်မြတ်၏ ရန်သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိပြီးသောကြောင့် ၎င်းအား မုန်းတီးခဲ့ခြင်း ဖြစ်သည်။ (22)