အန်နစိုနေယာမွန် ဖအေဇာ မာသွန်သဗဟူ

အန်နစိုနေယာမွန် ဖအေဇာ မာသွန်သဗဟူ (အရဘီ : النَّاسُ نِیَامٌ فَإِذَا مَاتُوا انْتَبَهُوا) ဆိုသည်မှာ ကျော်ကြားသည့် ဟဒီးစ်တော်များ မှ တစ်ပါး ဖြစ်ပါသည်။ အဓိပ္ပာယ် မှာ လူတို့သည် အိပ်ပျော် နေကြပြီး သေဆုံးသည့် အခါ နိုးထလာကြသည်ဟု ဖြစ်ပါသည်။[၁] တမန်တော်မြတ် မိုဟမ္မဒ် (ဆွ)[၂] နှင့် အေမာမ် အလီ (အ.စ)[၃]တို့ ထံ မှဆင့်ပြန် လာရှိပါသည်။ ဤဟဒီးစ်တော် ၏ ရှင်းလင်း ချက် တွင် လူများစွာသည် မိမိ တို့အတွက် အရာများ (ငွေကြေး ၊ပစ္စည်းဥစ္စာ များ စသည် ) ရှိသည်ဟု ထင်မြင်ကြပေသည်။ ဒါပေမယ့် သေပြီး နောက်မှာ တော့ မိမိ တို့မှာ ဘာမှမရှိဘူးဆိုတာကို သိလာခြင်း ဖြစ်ပါသည် ။[၄]
« ကမ္ဘာပေါ်ရှိလူများသည် အိပ်ပျော်နေစဉ် သယ်ဆောင်လာသော လူအုပ်ကြီးနှင့်တူသည် » ဟု နဲဟ်ဂျိုလ် ဗလာဂဟ် ကျမ်း တွင် အေမာမ် အလီ (အ.စ) မှ မိန့်ကြားတော်မူထားပါသည်။[၅]သာသနာ့ပညာရှင်များ အနေဖြင့် ဤ ဟဒီးစ်တော် « အန်နစိုနေယာမွန် ဖအေဇာ မာသွန်သဗဟူ » နှင့် အဓိပ္ပါယ်တူသည်ဟု ယူဆကြ ပါ သည်။[၆]« အန်သဗာဟို » ဟူသော စကားလုံးသည် မူလက အသိပေးရန်ဖြစ်ပြီး ဤ ဟဒီးစ်တော်တွင် နိုးထခြင်းဟု အဓိပ္ပါယ်ရပါသည်။[၇] မန်ဇူမေဟ်ဟာယေ အေရ်ဖါန်နီ ယေ အစ္စလာမ်မီ ၏ စာအုပ်များ မှ တစ်အုပ် ဖြစ်သည့် ဂိုလ်ရှန်း နေရာဇ် ဆိုသည် စာအုပ်တွင် « သင်သည် အိပ်မက်ထဲတွင်ရှိပြီးဤမြင်ခြင်းသည် အတွေး ဖြစ်သည် »[၈] မတ်ဆ်ရအ် (ကဗျာစာပိုဒ်) ကို ဤ ဟဒီးစ်တော် မှ ကောက်နှုတ် ထားသည်ဟု ဆိုကြပါသည်။[၉]
ဂျာမီ ( ဟီဂျရီ ၈၁၇ ခုနှစ် ကွယ်လွန် )
« سَکْرَةُ الْمَوْت بعدها انْتَبَهُوا فإذا جائهم و إن کَرِهُوا إِنَّمَا النَّاس هِجْعٌ و نِیام قال خَیْرُ الْوَرَی عَلَیْهِ سَلَام » တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်။ လူတို့သည် အိပ်ပျော်လျက် ရှိပါသည်။ မလိုချင်လျက် သေခြင်း ၏ အခက်အခဲ တွင် ရင်ဆိုင်ရမည် ဖြစ်ပါသည်။ ထိုအချိန် နိုးကြားလာပြီး သတိရှိကြလိမ့်မည်။ပါရှန်းဘာသာဖြင့် آدمیزاده در مَبادی حاپی نفس و هوا رود همه سال အဓိပ္ပာယ် - လူသည် မွေးဖွားချိန်မှစ၍ တစ်သက်တာလုံး စိတ်ဆန္ဒနောက် လုပ် ကြလေ၏။[၁၀]
ဟဒီးစ်တော် « အန်နစိုနေယာမွန် ဖအေဇာ မာသွန်သဗဟူ » သည် အဓမ္မနှင့် ရုပ်ပစ္စည်း သေခြင်းတို့ကို ရည်ညွှန်းပြီး ဤကမ္ဘာတွင် အသက်ရှင်စဉ်အတွင်း ရရှိသည့် အေရ်ဖန်နီ (အလ္လာဟ်ကိုသိခြင်း) သဘောဖြင့် သေဆုံးခြင်း လည်း ပါဝင်သည်ဟု သုတေသီအချို့က ယုံကြည်ကြပါသည်။[၁၁] ဤအကြောင်းကြောင့် ဤဟဒီးစ်တော် သည် ဤနိုးထမှုမှ သေသည့်နေ့ တွင် မဖြစ်ရန် သတိပြုရန် ဆုံးမပေးသည်ဟု အချို့ ပညာရှင်များ က ယုံကြည်ကြပါ သည်။[၁၂] ရှီအဟ် ပညာရှင် နှင့် ဒဿနပညာရှင် မွတ်လာ ဆဒ်ရာ သေခြင်း တရားကို အချည်းနှီးသက်သက်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပယ်ချပြီး ဤဟဒီးစ်တော် မှ သေခြင်း တရား သည် နိုးကြားခြင်းတစ်မျိုးဖြစ်ပြီး အချည်းနှီးမဟုတ် ကြောင်း သက်သေ ထူနေသည်ဟု ဆိုထားပါ သည်။[၁၃]
ဂဇါလီ ( ဟီဂျရီ ၅၀၅ ကွယ်လွန် ) မွတ်စလင်မ်များ ၏ မိုသကလင်မ် နှင့် အာရစ်ဖ် တစ်ပါး ဖြစ်သူ မှ ဤ ဟဒီးစ်တော် ကို နမူနာပုံစံဖြင့် ရှင်းပြခဲ့ပါသည်။ ရှင်းပြပုံမှာ - ကလေးသည် မိခင်၏ဝမ်း၌ရှိပြီး ကမ္ဘာနှင့်နေရာသစ်များကို ကြည့်ရှုရန် ထွက်လာပါသည်။ ဤကလေးသည် အမိဝမ်းမှ ထွက်လာ၍ လောက၏ ကြီးမြတ်မှုကို မြင်သောအခါ အမိဝမ်းတွင်းသို့ ပြန်လိုခြင်းသည် သင့်လျော်ပါသလော? ဂဇါလီ အနေဖြင့် ကမ္ဘာကြီး နှင့် နောင်ဘဝ (အာခေရသ် ) လည်း ဤ အတိုင်းပင် အတူတူပင်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ဤလောကမှ နောင်တမလွန်ဘဝသို့ သွား၍ နောင်တမလွန် (အာခေရသ် ) ၏ အကျယ်ကို မြင်သောသူသည် ဤလောကသို့ ပြန်လိုခြင်းငှါ မသင့်လျော် ချေ။[၁၄]
ရှီအဟ် ပညာရှင် နှင့် မွတ်ဂျ်သဟစ်ဒ် တစ်ပါးဖြစ်သည့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ မှ ဟဒီးစ်တော် « အန်နစိုနေယာမွန် ဖအေဇာ မာသွန်သဗဟူ » ကိုရှင်းပြရာတွင် လူများစွာ တို့သည် မိမိတို့ ကိုယ်စီ (ပစ္စည်း၊ဥစ္စာ၊ငွေကြေးများကို) ပိုင်ဆိုင်ကြသည်ဟု ထင်နေကြကြောင်း ပြောကြားထားပါသည်။ ဒါပေမယ့် သူတို့သေတဲ့အခါ သူတို့မှာ ဘာမှမရှိဘူးဆိုတာကို သိလာကြမည် ဖြစ်ပါသည်။ အိပ်ပျော်နေသူ သည် အိပ်မက်ထဲတွင် အရာများစွာကို မြင်သည်နှင့် နိုးလာပြီးနောက်တွင် ၎င်းတို့ကို မမြင်ရသကဲ့သို့ ဖြစ်ပါသည်။[၁၅]
ဟီဂျရီ ခုနှစ် ရာစု၏ မွတ်စလင်မ်များ ၏ အာရစ်ဖ် တစ်ပါး ဖြစ်သူ နစဖီသည် မိမိ ၏ အန်စာန်နေ ကာမေလ် စာအုပ်တွင် အိပ်မက်ထဲတွင် မြင်သောအရာသည် ရှင်သန်ခြင်း မရှိသလို ဤကမ္ဘာတွင်ရှိသော အရာများ သည်လည်း ရှင်သန်မှုနှင့် တည်ငြိမ်မှု ရှိလိမ့်မည်မဟုတ်ကြောင်း ဤဟဒီးစ်တော် ကို ကိုးကား ရေးသားထားပါ သည်။[၁၆] ဤလောကရှိလူများ သည် မိမိတို့ပြုခဲ့သော သစ္စာတရားကို မသိကြဘဲ သေပြီးနောက် ၎င်းတို့၏ လုပ်ရပ်များ၏ « ဖြစ်တည်မှုသဘော » သည် ထင်ရှားပေါ်လွင်ပြီး လူတို့သည် မိမိ တို့၏ လုပ်ရပ်များ၏ အမှန်တရားကို သိရှိလာကြလိမ့်မည်ဟူသော အချက်ကို သုတေသီအချို့က အာရုံစိုက်ခဲ့ကြပါသည်။[၁၇]
မွတ်လာ ဆဒ်ရာ သည် အိပ်မက်ထဲတွင် လူတစ်ဦးမြင်သောအရာသည် အပြင်လောက တွင် ရှိနေသည့် အရာ များ ၏ နမူနာများဖြစ်သည်ဟု ယုံကြည်ပါသည်။ ထို့အတူ ဤလောက၌ လူတစ်ဦးမြင်သောအရာများသည် နောင်တမလွန်ဘဝ (အာခေရသ်) ၌ ဖြစ်ပျက်နေသော သာဓကများဖြစ်ပါသည်။ နောင်တမလွန်ဘဝ (အာခေရသ်) ၏ အဖြစ်မှန်များကို အနက်ဖွင့်ဆိုရန်နှင့် အကျယ်ရှင်းပြ ဆိုရန် လိုအပ်သော ဥပမာများ အကြောင်းမှ တပါး လူသားတို့အပေါ် ထင်ရှားပေါ်လွင်ခြင်းမရှိကြောင်းချေ။[၁၈] သဖ်စီးရ် မခ်ဇန်နိုလ် အေရ်ဖာန် အား ရေးသားသူသည် ဤ ကမ္ဘာကြီး ၌ ကျွန်ုပ်တို့မြင်နေရသောအရာများသည် ဤ ဖြစ်ရပ်မှန်များ ၏ အခွံများ ဖြစ်ကြောင်း ယုံလူတို့သည် သေပြီးနောက် ဤဖြစ်ရပ်မှန်များကို သိရှိလာကြမည် ဖြစ်ကြောင်း ယုံကြည်လက်ခံ ထားပါသည်။[၁၉]
အောက်ခြေ မှတ်စုများ
- ↑ စမ်အာနီ ၊ ရူဟူရ်အရ်ဝါဟ် ဖီး ရှရ်ဟ် အစအာအေလ်မလစ်ကေလ်ဖသာဟ် ၊ အီရန် သက္ကရာဇ် ၁၃၈၄ ခုနှစ် ၊ စာမျက်နှာ ၇၀၁ ။
- ↑ ဝရာမ် ဘင်န် အဘီ ဖရာစ် ၊ မဂျ်မူအဟ်သွန် ဝရာမွန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၁ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၅၀ ။ စမ်အာနီ ၊ ရူဟူရ်အရ်ဝါဟ် ဖီး ရှရ်ဟ် အစအာအေလ်မလစ်ကေလ်ဖသာဟ် ၊ အီရန် သက္ကရာဇ် ၁၃၈၄ ခုနှစ် ၊ စာမျက်နှာ ၇၀၁ ။
- ↑ ဆယက်ဒ်ဒိုရ်ရဇီး ၊ ခဆာအေဆိုလ်အအေမဟ် (အလိုင်ဟေမွစ်စလာမ်) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ခုနှစ် ၊ စာမျက်နှာ ၁၁၂ ။
- ↑ ဂျဝါဒ်ဒီ အာမိုလီ ၊ «အလ္လာဟ် ဘက်သို့ » Aparat။
- ↑ ဆယက်ဒ်ဒိုရ်ရဇီး ၊ နဲဟ်ဂျိုလ်ဗလာဂဟ် ၊ သဆ်ဟီးဟ် ဆိုဗ်ဟီ ၊ ဆွာလေဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ခုနှစ် ၊ ဟေက်မသ် ၆၄ ၊ စာမျက်နှာ ၄၇၉။
- ↑ «ဆရာ့ထံ၌ ထိုင်ဝိုင်း ၁၀၈ မိုအ်စေစေဟ် ကုရ်အာန် ဝအစ်သ်ရာသ် အလီဘင်န် မူစာ အလ်ရ်ရေဇာ (အ.စ)။
- ↑ မိုဟကစ်က် ၊ «ဒရ်စ်ဟာယီ အဇ် နဲဟ်ဂျိုလ်ဗလာဂဟ် »၊ မဟာအစ္စလာမ့်စွယ်စုံကျမ်းစင်တာ။
- ↑ ရှက်ဗ်ဗစ်သရီ ၊ ဂိုလ်ရှန်းနေ ရာဇ် ၊ အီရန် သက္ကရာဇ် ၁၃၈၂ ခုနှစ် ၊ စာမျက်နှာ ၂၆ ။
- ↑ စဗ်ဇဝါရီ ခိုရာစာန်နီ ၊ ရှရ်ဟ် ဂိုလ်ရှန်းနေ ရာဇ် ၊ အီရန် သက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ စာမျက်နှာ ၁၈၈ ။
- ↑ ဂျာမီ ၊ «အပိုဒ် ၁၄၉ တမန်တော်မြတ် (ဆွ) မိန့်ထားသည့် အန်နစိုနေယာမွန် ဖအေဇာ မာသွန်သဗဟူ ဟဒီးစ်တော် ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် » ၊ ဟဖ်အောင်ရန်ဂ် ၊ စေလ်စလသွန်ဇ်ဇဟဗ် ၊ ဒဖ်သရ် အောင်ဝဲလ် ၊ ဂန်ဂျူရ် ဝဘ်ဆိုဒ်။
- ↑ ရဟ်မသ်သီ ၊ «ရှဲဟ်စဝါရာန်နေ ဂိုင်းဗ် » ၊ မဟာ အစ္စလာမ့် စွယ်စုံကျမ်းစင်တာ။
- ↑ ဂျာမ် ၊ ကိုနူဇ် ဇိုဟေက်မသ်ဟ် ၊ အီရန် သက္ကရာဇ် ၁၃၈၇ ခုနှစ် ၊ စာမျက်နှာ ၂၃၀ ။
- ↑ မွတ်လာ ဆဒ်ရာ ၊ ရှရ်ဟို အူစူလေလ်ကာဖီး ၊ အီရန် သက္ကရာဇ် ၁၃၈၃ ခုနှစ် ၊ အတွဲ ၂၊ စာမျက်နှာ ၅၉ ။
- ↑ ဂဇါလီ ၊ မတ်ဂျ် မူ အသိုရေစာအေလေလ်အေမာမ် မေလ် ဂဇါလီ ၊ ခရစ် သက္ကရာဇ် ၁၉၉၆ ခုနှစ် ၊ စာမျက်နှာ ၅၀၆ ။
- ↑ ဂျဝါဒ်ဒီ အာမိုလီ ၊ «အလ္လာဟ် ဘက်သို့ » Aparat။
- ↑ နစဖီ ၊ အလ်အန်စာန် နိုလ် ကာမေလ် ၊ အီရန် သက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ စာမျက်နှာ ၄၀၀ ။
- ↑ ဟိုစိုင်းန်နီ ၊ ဟမ်ဒါနီ ၊ ဒရခ်ရှာန်း ပရ်သူယေ အဇ် အူစူလေ ကာဖီး ၊ အီရန် သက္ကရာဇ် ၁၃၆၃ ခုနှစ် ၊ အတွဲ ၄၊ စာမျက်နှာ ၁၁၄ ။
- ↑ မွတ်လာ ဆဒ်ရာ ၊ ရှရ်ဟို အူစူလေလ်ကာဖီး ၊ အီရန် သက္ကရာဇ် ၁၃၈၃ ခုနှစ် ၊ အတွဲ ၁၊ စာမျက်နှာ ၃၂၅။
- ↑ ဘာနူ အမီးန် ၊ မခ်ဇန်နိုလ် အေရ်ဖာန် ဒဲရ် သဖ်စီးရ် ၊ အီရန် သက္ကရာဇ် ၁၃၆၁ ခုနှစ် ၊ အတွဲ ၃၊ စာမျက်နှာ ၄၁။
ကျမ်းကိုးများ
- နဲဟ်ဂျိုလ်ဗလာဂဟ် ၊ သဟ်ကီးက် ၊ ဆိုဗ်ဟီ ဆွာလေဟ် ၊ ကွမ်း ၊ ဟစ်ဂျရသ် ၊ ပထမ ကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ခုနှစ်။
- ဘာနူ အမီးန် ၊ ဆယက်ဒ်ဒဟ် နွဆ်ရသ်၊ မခ်ဇန်နိုလ် အေရ်ဖာန် ဒဲရ် သဖ်စီးရ် ကုရ်အာန် ၊ တီဟီရန် ၊ နဲဟ်ဇသ်သေ ဇနာန် နေ မွတ်စလ်မာန် ၊ အီရန် သက္ကရာဇ် ၁၃၆၁ ခုနှစ်။
- ဂျာမ် ၊ အဲဟ်မဒ် ၊ ကိုနူဇ် ဇိုဟေက်မသ်ဟ် ၊ သဆ်ဟီးဟ် ၊ ဟစန် နဆီရီ ဂျာမီ ၊ တီဟီရန် ၊ ပဂျူဟစ်ရှ်ဂါဟ် အူလူမေ အန်စာန်နီ ဝ မိုသွာလေအာသ် သေ ဖရ်ဟန်ဂ်ဂီ ၊ အီရန် သက္ကရာဇ် ၁၃၈၇ ခုနှစ်။
- ဂျာမီ ၊အဗ်ဒိုရ်ရဟ်မာန် ၊ «အပိုဒ် ၁၄၉ တမန်တော် မြတ် (ဆွ) မိန့်ထားသည့် အန်နစိုနေယာမွန် ဖအေဇာ မာသွန်သဗဟူ ဟဒီးစ်တော် ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် » ၊ ဟဖ်အောင်ရန်ဂ် ၊ စေလ်စလသွန်ဇ်ဇဟဗ် ၊ ဒဖ်သရ် အောင်ဝဲလ် ၊ ဂန်ဂျူရ် ဝဘ်ဆိုဒ်။ လည်ပတ် ရက်စွဲ - ရှဲဟ်ရီဝရ် ၈ ရက် ၊ အီရန် သက္ကရာဇ် ၁၄၀၃ ခုနှစ် ။
- ဂျဝါဒ်ဒီ အာမိုလီ ၊ «အလ္လာဟ် ဘက်သို့ » Aparat။ လည်ပတ် ရက်စွဲ - ရှဲဟ်ရီဝရ် ၈ ရက် ၊ အီရန် သက္ကရာဇ် ၁၄၀၃ ခုနှစ် ။
- ဟိုစိုင်းန်နီ ၊ ဟမ်ဒါနီ ၊ မိုဟမ္မဒ် ၊ ဒရခ်ရှာန်း ပရ်သူယေ အဇ် အူစူလေ ကာဖီး ၊ ကွမ်း ၊ ပုံနှိပ် အေလ်မီယေဟ် ကွမ်း ၊ ပထမကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၆၃ ခုနှစ်။
- «ဆရာ့ထံ၌ ထိုင်ဝိုင်း ၁၀၈ မိုအ်စေစေဟ် ကုရ်အာန် ဝအစ်သ်ရာသ် အလီဘင်န် မူစာ အလ်ရ်ရေဇာ (အ.စ)။ အကြောင်း အရာထည့် သွင်းသည့်ရက်စွဲ - ဘဲဟ်မန် ၂၄ ရက် ၊အီရန် သက္ကရာဇ် ၁၃၉၈ ခုနှစ် ၊ လည်ပတ်ရက်စွဲ - ရှဲဟ်ရီဝရ် ၈ ရက် ၊ အီရန် သက္ကရာဇ် ၁၄၀၃ ခုနှစ် ။
- ရဟ်မသ်သီ ၊ «ရှဲဟ်စဝါရာန်နေ ဂိုင်းဗ် » ၊ မဟာ အစ္စလာမ့် စွယ်စုံကျမ်းစင်တာ။ အကြောင်း အရာထည့် သွင်းသည့်ရက်စွဲ - သီးရ် ၁၁ ရက် ၊အီရန် သက္ကရာဇ် ၁၄၀၃ ခုနှစ် ၊ လည်ပတ်ရက်စွဲ - ရှဲဟ်ရီဝရ် ၈ ရက် ၊ အီရန် သက္ကရာဇ် ၁၄၀၃ ခုနှစ် ။
- စဗ်ဇဝါရီ ခိုရာစာန်နီ ၊အီဗရာဟီးမ်၊ ရှရ်ဟ် ဂိုလ်ရှန်းနေ ရာဇ် ၊ တီဟီရန် ၊ နရှ်ရ် အေလ်မ် ၊ အီရန် သက္ကရာဇ် ၁၃၈၆ ခုနှစ်။
- စမ်အာနီ ၊အဲဟ်မဒ် ဘင်န် မန်ဆူရ် ၊ ရူဟူရ်အရ်ဝါဟ် ဖီး ရှရ်ဟ် အစအာအေလ်မလစ်ကေလ်ဖသာဟ် ၊သက်ဆ်ဟီးဟ် ၊ နဂျီးဗ် မာရေလ် ဟရ်ဝီ ၊ တီဟီရန် ၊ ရှေရ်ကသ် အန်သေရှာရာသ် အေလ်မီ ဝ ဖရ်ဟန်ဂီ ၊ အီရန် သက္ကရာဇ် ၁၃၈၄ ခုနှစ်။
- ဆယက်ဒ် ရဇီး ၊ မိုဟမ္မဒ် ဘင်န် ဟိုစိုင်းန် ၊ ခဆာအေဆိုလ်အအေမဟ် (အလိုင်ဟေမွစ်စလာမ်) ၊ သဟ်ကီးက် ဝ သက်ဆ်ဟီးဟ် မိုဟမ္မဒ် ဟာဒီ အမီနီ ၊ မရှ်ဟဒ် ၊ အွစ်သာန် ရဇဝီ ၊ ပထမ ကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ခုနှစ်။
- ရှက်ဗ်ဗစ်သရီ ၊မဲဟ်မူဒ် ဘင်န် အဗ်ဒိုလ်ကရီးမ် ၊ ဂိုလ်ရှန်းနေ ရာဇ် ၊ သက်ဆ်ဟီးဟ် မိုဟမ္မဒ် ဟမာ ဆယာန် ၊ ကေရ်မာန် ၊ ခစ်ဒ်မာသ် ဖရ်ဟန်ဂီ ကေရ်မာန် ၊ အီရန် သက္ကရာဇ် ၁၃၈၂ ခုနှစ်။
- ဂဇါလီ ၊ မိုဟမ္မဒ် ၊ မတ်ဂျ် မူ အသိုရေစာအေလေလ်အေမာမ် မေလ် ဂဇါလီ ၊ ဘေရွတ် ၊ ဒါရိုရ်ဖေက်ရ် ၊ ခရစ် သက္ကရာဇ် ၁၉၉၆ ခုနှစ်။
- မိုဟကစ်က် ၊ «ဒရ်စ်ဟာယီ အဇ် နဲဟ်ဂျိုလ်ဗလာဂဟ် »၊ မဟာအစ္စလာမ့်စွယ်စုံကျမ်းစင်တာ။ အကြောင်း အရာထည့် သွင်းသည့်ရက်စွဲ - အဗါန် ၃၀ ရက် ၊အီရန် သက္ကရာဇ် ၁၃၉၆ ခုနှစ် ၊ လည်ပတ်ရက်စွဲ - ရှဲဟ်ရီဝရ် ၈ ရက် ၊ အီရန် သက္ကရာဇ် ၁၄၀၃ ခုနှစ် ။
- မွတ်လာ ဆဒ်ရာ ၊ မိုဟမ္မဒ် ဘင်န် အီဗရာဟီးမ် ၊ ရှရ်ဟို အူစူလေလ်ကာဖီး ၊ သဟ်ကီးက် ဝ သက်ဆ်ဟီးဟ် မိုဟမ္မဒ် ခွာဂျဝီ ၊ တီဟီရန် ၊ မိုအ်စေစေဟ် မိုသွာလေအာသ် ဝ သဟ်ကီးက် ကာင် ဖရ်ဟန်ဂ်ဂီ ၊ ပထမကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၈၃ ခုနှစ်။
- နစဖီ ၊ အဇီးဇိုဒ်ဒီးန် ဘင်န် မိုဟမ္မဒ် ၊ အလ်အန်စာန် နိုလ် ကာမေလ် ၊ ဟာနရီ ကရ်ဘန် ၊ သက်ဆ်ဟီးဟ် မာရီယာန် မူလဲဟ် ၊ ဘာသာပြန် ဆယက်ဒ် ဇေယာအွန်ဒ်ဒီးန် ဒဲဟ်ရှီရီ ၊ တီဟီရန် ၊ သွဟူရီ ၊ အီရန် သက္ကရာဇ် ၁၃၈၆ ခုနှစ်။
- ဝရာမ် ဘင်န် အဘီ ဖရာစ် ၊ မတ်စ်အူဒ် ဘင်န် အီစာ ၊ မဂျ်မူအဟ်သွန် ဝရာမွန် ၊ ကွမ်း ၊ မတ်က်သပ သိုလ်ဖကီးဟ် ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၁ ခုနှစ်။