ဟီဂျရီသက္ကရာဇ် ၁ ခုနှစ်

wikishia မှ

ဟီဂျရီသက္ကရာဇ် ၁ ခုနှစ် (အရဘီ: سنة 1 للهجرة) ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ပထမ ဆုံးနှစ် အားခေါ်ဆိုပါသည်။ ဤနှစ်သည် တမန်တော်မြတ် (ဆွ) ဘေအ်စသ် မပြုတော် မူမည် ၁၄ နှစ်အလျှင် (1) ဖီးလ်(ဆင်) နှစ် ၏ ၅၃ နှစ် ပြီးမှဖြစ်ပေါ်လာပါသည်။

တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်( ရွေ့ပြောင်းခြင်း)ပြုခဲ့ပါသည် ။ မွတ်စလင်မ်များ မှ အုပ်စု တစ်စုသည် မက္ကာဟ် မြို့တော် မှ မဒီနာ မြို့တော် သို့ ဤနှစ်၌ ပင်ရွေ့ပြောင်းခဲ့ ကြပါတယ်။ ထိုနည်းတူစွာ ဤနှစ်၌ ပင် ကိုဘာ ဗလီ ဝတ်ကျောင်းတော် ၊ မတ်စ်ဂျစ်ဒ် ဒွန်နဘီ (ဆွ) တို့ အား အခြေအုတ်မြစ် ချခဲ့ခြင်း ဖြစ်ပါသည်။

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

  • ရဘီအွတ်လ်အောင်ဝဲလ် လ ၁ ရက်နေ့ တွင် တမန်တော်မြတ် (ဆွ) အား လုပ်ကြံ သတ်ဖြတ်ရန် ကိုရိုင်းရှ် ခေါင်းဆောင်များ၏ ပူပေါင်း ကြံစည်မှု ဖြစ်ပွားခဲ့ပါသည်၊ လိုင်းလသိုလ်မဘီးသ် ဖြစ်ရပ်မှန် ဖြစ်ပွား ခဲ့ပါတယ်။2)
  • မက္ကာဟ် မြို့ မှ မဒီနာ မြို့သို့ ဟစ်ဂျရာသ်( ရွေ့ပြောင်းခြင်း) ပြုခဲ့ပါသည်။(3)
  • တမန်တော်မြတ်ကြီး (ဆွ) ၏ ကျော်ကြားသည့် ဆွဟာဗဟ် (သာဝကတော်ကြီး) ဟဇရသ် စလ်မန်နေဖွာရစီ ဂျမာဒီယွန်လ်အူလာ လ တွင် အစ္စလာမ်ဘာသာသို့ ကူးပြောင်း ၍ မွတ်စလင်မ်ဖြစ် ခဲ့ပါသည်။ (4)
  • မဒီနာမြို့ ရဟူဒီများ (ဂျူးများ) မှ တစ်ဦး ဖြစ်သူ အဗ်ဒွလ္လာဟ် ဘင်န် စလာမ် အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ ပါသည်။(5)
  • ရဘီအွတ်လ်အောင်ဝဲလ် လ ၁၅ ရက်နေ့ တွင် ကိုဘာ ဗလီ ဝတ်ကျောင်းတော် ၏ အခြေအုတ်မြစ်ချ ခဲ့ပါသည်။(6)တမန်တော်မြတ် (ဆွ) မှ ဤ ဗလီဝတ်ကျောင်းတော်တွင် ပထမဆုံးသောကြာနမာဇ် ကို ရှေ့ဆောင် ဝတ်ပြုပေးတော်မူခဲ့ပါသည်။ ပထမဆုံး သောကြာနမဇ် ခွသ်ဗဟ် ကိုပေးတော်မူခဲ့ပါသည်။ (7)
  • မတ်စ်ဂျစ်ဒ် ဒွန်နဘီ (ဆွ)အားတည်ဆောက်ခဲ့ပါသည်။ (8)
  • ပထမဆုံးနမာဇ်ဇေမိုင်ယသ်ဝတ်ပြုမှု ဖြစ်ခဲ့ပါသည်။(9)
  • အန်ဆွာ နှင့် မိုဟာဂျေရ် တို့ အကြား ညီရင်းအစ်ကိုရင်းမြစ် စာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။(10)
  • တမန်တော်မြတ် (ဆွ) နှင့် ဂျူးလူမျိုးများကြားတွင် ငြိမ်းချမ်းရေးစာချုပ် နှင့် ရန်လိုခြင်းရပ်စဲမှု စာချုပ် ချုပ်ဆိုခဲ့ပါသည်။(11)
  • ကိုယ်တော်မြတ် (ဆွ)ဘက်မှ မဒီနာညွန်ကြားချက် များကိုရေးဆွဲခဲ့ပါသည်။(12)
  • ဟဇရသ်အာအေရှဟ် နှင့် ကိုယ်တော်မြတ်(ဆွ) ထိမ်းမြားလက်ထပ် ခဲ့ပါသည်။ (13)
  • ရှောင်ဝဲလ်လတွင် အိုဘိုင်းဒဟ်ဘင်န် ဟာရေစ် ဦးဆောင်ပြီး မဒီနာ မြို့ကို ကျုးကျော်လာသည့် မိုရှရစ်က်များ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ (14)အစ်ဘ်နေဟရှာမ် အနေဖြင့် ဤ တိုက်ပွဲ အား ဟီဂျရီသက္ကရာဇ် ၂ ခုနှစ် တွင် ဖြစ်သည်ဟုဆိုထားလေ၏။ (15)

သေဆုံးခြင်း များ နှင့် မွေးဖွားခြင်းများ

  • အက်စ်အက်ဒ်ဘင်န် ဇိုရာဇဟ်ကွယ်လွန် ခဲ့ပါသည်။ ၎င်းသည်အားအက်စ်အက်ဒိုလ်ခိုင်းရ် ၏ ဟုလူသိများ ပါသည်။သာဝကတော် တစ်ပါး ဖြစ်ပြီး ယဇရဘ်မြို့၏ ပထမဆုံး မွတ်စလင်မ်များ မှတစ်ဦး ဖြစ်ပါသည်။(16)
  • အေမာမ် ဟိုစိုင်းန်(အ.စ) ဘက်မှသွေးကြွေးဆပ်တော်လှန်ရေး ပြုခဲ့သူ သာဘေအီးန်များမှ တစ်ပါးဖြစ်သူ ဟဇရသ် မွတ်ခ်သာရ် စကဖီ မွေးဖွားခဲ့ပါသည်။ (17)
  • မိုအာဝေယ်သေဆုံးပြီးနောက် ခလီဖဟ် အဖြစ် ကြေညာခဲ့သူ အဗ်ဒိုလ္လာဟ် ဘင်န် ဇိုဘိုင်းရ် မွေးဖွားခဲ့ ပါ သည်။ (18)
  • အလဝီအစိုးရနှင့် အမဝီ အစိုးရ တို့ ၏ ဝန်ထမ်းဖြစ်သူ ဇယာဒ် ဘင်န် အဘီယဟ် မွေးဖွားခဲ့ပါသည်။ (19)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ