ဟလ်မင်နာဆေရင်းန်ယန်ဆိုရိုနီ

wikishia မှ

ဟလ်မင်နာဆေရင်းန်ယန်ဆိုရိုနီ (အရဘီ : هل من ناصر ینصرنی ) ဆိုသည်မှာ « ကျွန်ုပ်ကို ကူညီ မည့်သူရှိ ပါသလား?  » အေမာမ်ဟိုစိုင်းန် (အ.စ) အနေဖြင့် အာရူရာ နေ့တွင် မိမိ၏ တသက်တာ၏ နောက်ဆုံးအချိန် တွင်မိန့်ကြားခဲ့သည့်ကျော်ကြားသောဝါကျတော် ဖြစ်ပါသည်။ ဂျဝါဒ် မိုဟဒစ်စီ ရေးသားထားသည့် ဖရ်ဟန်က် ကေ အာရူရာ တွင် ဤဝါကျ နှင့် ဖော်ပြပါ ပုံစံ နှင့် အဓိပ္ပာယ် ဖြင့် သမိုင်း စာအုပ်များ တွင် မလာရှိ ကြောင်း ဖြစ်ပါသည်။[၁] သို့သော် ကရ်ဗလာ ဖြစ်ရပ်နှင့် ပတ်သက်သည့် သတင်းရင်းမြစ်များက ၎င်းနှင့် ဆင်တူသော စကားစုများနှင့် တူညီသော အကြောင်းအရာကို ကိုးကားထားသည်။[၂]

အာရူရာ ၏ရာဇဝင်ချုပ်များ၏ အဆိုအရ၊ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အပေါင်း အဖော်များ ရှဟီးဒ် ဖြစ်ပြီး နောက် အေမာမ် တစ်ပါး တည်းကျန်ရစ်သောအခါ ဤဝါကျတော် «هَلْ مِنْ ذَابٍّ یَذُبُّ عَنْ حَرَمِ رَسُولِ اللَّهِ هَلْ مِنْ مُوَحِّدٍ یَخَافُ اللَّهَ فِینَا هَلْ مِنْ مُغِیثٍ یَرْجُو اللَّهَ بِإِغَاثَتِنَا هَلْ مِنْ مُعِینٍ یَرْجُو مَا عِنْدَاللَّهِ فِی إِعَانَتِنَا  » ၊ « ရစူလ်တမန်တော်မြတ် (ဆွ) ၏ သန့်ရှင်းသည့် ဌာန ပရဝဏ် တော်ကို ခုခံကာကွယ်ပေးသူရှိပါသလား? ကျွန်ုပ်တို့ နှင့်ပတ်သက်၍ အလ္လာဟ် ကို ကြောက် သည့် တစ်ပါးတည်း တစ်ဆူတည်း အရှင် (အလ္လာဟ် )ကို ကိုးကွယ် သူ ရှိပါသလား? ( ကျွန်ုပ်တို့အား ညှဥ်းပန်း ရက်စက်ခြင်း မပြုသူ အလ္လာဟ် ကို ကြောက်သူ အလ္လာဟ် ကို ကိုးကွယ်ဆည်းကပ်သူအသင်တို့ အကြား တွင် ရှိပါသလား? ဖြစ်ပါသည်။[၃] ကျွန်ုပ်တို့၏ ပန်ကြားချက်ကို နားထောင်ပြီး အလ္လာဟ်အရှင်မြတ် ထံမှ မျှော်လင့် သူရှိပါသလား? ကျွန်ုပ်တို့အား ကူညီခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော အထောက်အမကို မျှော်လင့်သူ ရှိပါသလား? » ( အလ္လာဟ်ဟို အရှင်မြတ် ၏ မျက်နှာသာတော်မျှော်လင့်ချက်ဖြင့် ကျွန်ုပ်တို့အား ကူညီပေးမည့်သူရှိပါသလား?[၄] )[၅] အေမာမ်ဟိုစိုင်းန် (အ.စ) သည် အရင် ဘနီမကာသေလ် နန်းတော် နေရာတွင် အိုဗိုင်းဒိုလ္လာဟ် ဘင်န် ဟူရ် ဂျအ်ဖီ ထံ အကူအညီ တောင်း ခံ လိုခဲ့ ကြောင်း ၎င်းမှ အေမာမ် အား မကူပေးနိုင်ကြောင်း ပြောကြားပြီး အေမာမ် အနေဖြင့် အိုဗိုင်းဒိုလ္လာဟ် ဘင်န် ဟူရ် ဂျအ်ဖီ အား ဤ နေရာ မှ အခြား နေရာ သို့ ထွက် သွားဖို့ အကြောင်း မှာ မည်သူမဆို အေမာမ် ၏ အကူအညီတောင်းခံမှု ကို ကြားပြီး အကူအညီအညီ မပေးလျင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း အား ပျက်စီးပစ်မည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။[၆] အချို့ အိုလမာ အနေဖြင့် لَبَّیکَ یاحسین ဆိုသည့် ညာသံ အား အာရူနေ့ တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အကူအညီတောင်းခံမှု အတွက် အဖြေပေးသည်ဟု ယူဆထားကြပါသည်။[၇] အီရန်နိုင်ငံမှ ရုပ်ရှင်ဒါရိုက်တာ ရှဟ်ရာမ် အဆဒ်ဒီ သည် ရိုဇ်ဇေဝါကေအဟ် ဆိုသည့် ဇာတ်ကား အမည် ဖြင့် ကရ်ဗလာ ဖြစ်ရပ်အကြောင်း ရိုက်ကူးခဲ့ပါသည်။ ဒီဇာတ်ကားရဲ့ ပထမဆုံးအနုပညာရှင်ကတော့ နောင် မွတ်စလင် လူငယ်တစ်ဦးဖြစ်ပါသည်။ «  ငါ့ကို ကူညီပေးနိုင်တဲ့သူရှိလား  ? » လို့ မမြင်ရတဲ့အသံက သူ့နား ထဲကို ထပ်ခါထပ်ခါ ရောက်ခဲ့ပါသည်။ သူသည် ဤအသံ နောက်ကို လိုက်ရင်း အာရူရာ ၏ ညနေခင်းတွင် ကရ်ဗလာ သို့ရောက်ရှိခဲ့ပါသည်။[၈] နာဆေရ်ရိုဒ်ဒီးန်ရှားဟ် ကာဂျာရ် ၏ ကဗျာ နှစ်ပုဒ် မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။[၉]

گر دعوت دوست می‌شنودم آن روز


من گوی مراد می‌ربودم آن روز


آن روز که بود روز هل من ناصر


ای کاش که ناصر تو بودم آن روز


အောက်ခြေ မှတ်စုများ

  1. မိုဟဒစ်စီ ၊ဂျဝါဒ် ၊ ဖရ်ဟန်က် ကေ အာရူရာ အီရန် သက္ကရာဇ် ၁၃၇၆ ခုနှစ်၊ စာမျက်နှာ ၄၇၁။
  2. ဆယက်ဒ် အစ်ဗ်နို သွာအူစ် ၊ အလ်လဟူဖ် အီရန် သက္ကရာဇ် ၁၃၄၈ ခုနှစ်၊စာမျက်နှာ ၁၁၆။ အစ်ဗ်နေနမာဟစ်လီ ၊ မိုစီးရိုလ်အဟ်ဇာန် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၆ခုနှစ်၊စာမျက်နှာ ၇၀။
  3. https://makarem.ir/maaref/fa/article/index/254217/
  4. https://makarem.ir/maaref/fa/article/index/254217/
  5. ဆယက်ဒ် အစ်ဗ်နို သွာအူစ် ၊ အလ်လဟူဖ် အီရန် သက္ကရာဇ် ၁၃၄၈ ခုနှစ်၊စာမျက်နှာ ၁၁၆။
  6. သွဗရီ ၊ မိုဟမ္မဒ် ဘင်န် ဂျရီးရ် ၊ သာရီခိုလ်အိုမန်မ် ဝလ်မိုလူက် ၊ဟီဂျရီ သက္ကရာဇ် ၁၃၈၇ ခုနှစ်၊ အတွဲ၅ ၊ စာမျက်နှာ ၄၀၇ ။
  7. « လက်ဗိုက် ယာဟိုစိုင်းန် ၊ ဆယက်ဒ် ဒိုရှ်ရှိုဟဒါ (အ.စ) ၏ ဖိ်ခေါ်မှုအားလက်ခံပါသည်ဟု အဓိပ္ပာယ်ရသည့် ညာသံ  » ၊ မဲဟ်ရ် သတင်းဌာန။
  8. [https://hawzah.net/fa/Magazine/View/89/3367/15514 « ရိုဇ်ဇေဝါကေအဟ် ဆိုသည့် ဇာတ်ကား ကို ကြည့်ရန် ၊ ဟောင်ဇေ ဝဘ်ဆိုဒ်။
  9. [https://hawzah.net/fa/Magazine/View/89/3367/15514 ၊ ကရ်ဗိုဗလာ ၊အေမာမ်ဟိုစိုင်းန် (အ.စ) ဆိုင်ရာ အထူး ဝဘ်ဆိုဒ် ။


ကျမ်းကိုးများ