ဟဒီးစ် မန်မာသ
ဟဒီးစ် မန်မာသ (အရဘီ : حَدِيثُ مِنْ مَاتَ وَلَمْ يَعْرِفْ إِمَامَ زَمَانِه ) ဆိုသည်မှာ တမန်တော်မြတ် (ဆွ) ၏ ဟဒီးစ်တော် တစ်ပါး ဖြစ်ပါသည်။ ဤဟဒီးစ်တော် အရ ဆိုလျင် အကြင်မည်သူ မဆို မိမိခေတ်ကာလ ၏ အေမာမ် ကို မသိရှိ ဘဲသေဆုံးသူသည် ဂျေဟာလသ် (ခ) အဝိဇ္ဇာ ဖြင့်သေဆုံးသွားသူ ဖြစ်ပါသည်။ ဤဟဒီးစ် တော် ကို ရှီအဟ် နှင့် စွန်နီရင်းမြစ်များတွင် မတူညီ သောစကားလုံးများဖြင့် ဆင့်ပြန် လာရှိပြီး ရှီအဟ် ၊စွန်နီ နှစ်ဖက် စလုံးမှ လက်ခံ ထားသည့် ဟဒီးစ် တော် ဖြစ်ပါသည်။
သို့ရာတွင်၊ ရှီအဟ် နှင့် စွန်နီ များကြားတွင် ဤ ဟဒီးစ်တော် နှင့်ပတ်သက်ပြီး ကွဲပြားသော ခံယူချက်ရှိကြပါ သည်။
ရှီအဟ် တို့သည် ဤဟဒီးစ် တော်အား အေမာမ်မသ်ကိစ္စနှင့်စပ်လျဉ်း၍ နားလည်သဘောပေါက်ကြပြီး အေမာမ် ကို သိရှိပြီး ၎င်း၏ အမိန့်ကို နာခံရန် လိုအပ်ကြောင်း ခံယူထားကြပါသည်။ သို့သော် ဤရီဝါယသ် တော် (ခ) ဟဒီးစ်တော် သည် အစ္စလာမ့်အုပ်စိုးရှင် (ခ) အစ္စလာမ့်အစိုးရ နှင့် လူတို့၏ဆက်ဆံရေးပြဿနာနှင့် အစ္စလာမ့် အုပ်စိုးရှင် အား သစ္စာခံရန် လိုအပ်သည်ဟု စွန်နီ က ယုံကြည်ကြပါသည်။
ဟဒီးစ်တော် «မန်မာသ» ၏ အဆင့်နေရာ
အစ္စလာမ့်ကျမ်းကိုး ရင်းမြစ်များတွင် «မန်မာသ» ဟူသော စကားစုဖြင့် ရီဝါယသ်တော် များ ဖော်ပြထားပါ သည်။[၁] စင်စစ်သော်ကား «မန်မာသ» ဟူသော ဟဒီးစ်တော်၏ အဓိပ္ပါယ်မှာ တမန်တော်မြတ်(ဆွ)၏ ထင်ရှားကျော်ကြားသော ဟဒီးစ်တော်ဖြစ်သည့် «مَنْ ماتَ وَ لَمْ یعْرِفْ إمامَ زَمانِهِ مَاتَ مِیتَةً جَاهِلِیة » အဓိပ္ပာယ် - အကြင်မည်သူ မဆို မိမိခေတ်ကာလ ၏ အေမာမ် ကို မသိဘဲသေဆုံးသူသည် ဂျေဟာလသ်(ခ) အဝိဇ္ဇာ ဖြင့်သေဆုံးသွားသူ ဖြစ်ပါသည်။ ဖြစ်ပြီး ရှီအဟ် ၊ စွန်နီ ဟဒီးစ် ရင်း မြစ် များတွင် လာရှိပါသည်။[၂]
တမန်တော်မြတ် (ဆွ ) မိန့်တော် မူ၏။
مَنْ ماتَ وَ لَمْ يَعْرِفْ إمامَ زَمانِهِ فَقَدْ مَاتَ مِيتَةً جَاهِلِيَّة
အဓိပ္ပာယ် - အကြင်မည်သူ မဆို မိမိခေတ်ကာလ ၏ အေမာမ် ကို မသိရှိ ဘဲသေဆုံးသူသည် ဧကန် မုချ ဂျေဟာလသ် (ခ) အဝိဇ္ဇာ ဖြင့်သေဆုံးသွားသူ ဖြစ်ပါသည်။
မနာကစ်ဗ် အစ်ဗ်နေ ရှဟ်ရေ အာရှုဗ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၇၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၄၆ ။
ဤဟဒီးစ်တော် အား အနည်းငယ်ကွဲပြားသော ဝေါဟာရများဖြင့် ဖော်ပြထားပါသည်။ ပမာ အားဖြင့် ကာဖီ ကျမ်း တွင် ဤ ဟဒီးစ်တော် အား အေမာမ် ဆွာဒစ် (အ.စ) မှ တမန်တော် မြတ် (ဆွ) ဤကဲ့သို့ ဆင့်ပြန် တော် မူထားပါသည်။ «مَنْ مَاتَ وَ لَیسَ لَهُ إِمَامٌ فَمِیتَتُهُ مِیتَةٌ جَاهِلِیةٌ » အဓိပ္ပာယ် - အကြင်မည်သူ မဆို အေမာမ် မရှိဘဲ သေဆုံးသူသည် ဂျေဟာလသ်(ခ) အဝိဇ္ဇာ ဖြင့်သေဆုံးသွားသူ ဖြစ်ပါသည်။[၃]ထိုနည်းတူစွာ အချို့သော စွန်နီကျမ်းရင်းမြစ်များတွင် အစ္စလာမ့်တမန်တော်မြတ် (ဆွ) မှ ဆင့်ပြန် ထား သည့် «مَنْ مَاتَ بِغَیرِ إِمَامٍ مَاتَ مِیتَةً جَاهِلِیةً.» အဓိပ္ပာယ် - အကြင်မည်သူ မဆို အေမာမ် မပါဘဲ သေဆုံးသူသည် ဂျေဟာလသ်(ခ) အဝိဇ္ဇာ ဖြင့်သေဆုံးသွားသူ ဖြစ်ပါသည်။[၄]
အလာမဟ် မဂျ်လေစီ အနေဖြင့် ဤဟဒီးစ်တော် အား ရှီအဟ် နှင့် စွန်နီ များကြားတွင် မိုသာဝါသေရ် ဟဒီးစ်တော် ဖြစ်ကြောင်း ဆိုထားပါသည်။[၅] ရှိက်ခ် ပဟာယီ အနေဖြင့်လည်း ရှီအဟ် ၊စွန်နီ နှစ်ဖက်စလုံးမှ လက်ခံ ထားသည့် ဟဒီးစ် တော် ဖြစ်ကြောင်း ဆိုထားပါသည်။[၆] ဂျေဟာလသ် (ခ) အဝိဇ္ဇာ ဖြင့်သေဆုံး ဆိုသည်မှာ
ကိုလိုင်းနီ အနေဖြင့် ဟဒီးစ်တော် «မန်မာသ» ကို အေမာမ် ဂျအ်ဖရ် ဆွာဒစ် (အ.စ) ထံ မှ ဆင့်ပြန် ထားပါ သည်။ ဆင့်ပြန်ချက်တွင် «ဂျေဟာလသ် (ခ) အဝိဇ္ဇာ ဖြင့်သေဆုံး » ၏အဓိပ္ပာယ် ဖွင့်ဆိုချက် ကို ဖော်ပြထား ပါသည်။ ဤဟဒီးစ်တော် ၏ စာသား မှာ ကာဖီ ကျမ်းတွင် အောက်ပါအတိုင်း လာရှိပါသည်။
အစ်ဗ်နေ ယအ်ဖူရ် မှဆင့်ပြန်ထားသည်မှာ - အေမာမ် ဆွာဒစ် (အ.စ) ထံ တမန်တော်မြတ် (ဆွ) ၏ ဟဒီးစ်တော် ဖြစ်သည့် « အကြင်မည်သူ မဆို အေမာမ် မရှိဘဲ သေဆုံးသူသည် ဂျေဟာလသ်(ခ) အဝိဇ္ဇာ ဖြင့်သေဆုံး သွားသူ ဖြစ်ပါသည်။ » နှင့်ပတ်သက်ပြီး « ဤဟဒီးစ်တော် ၏ ဆိုလိုချက်မှာ ကုဖ်ရ် ၏ အခြေ အနေတွင် (ကာဖေရ် အဖြစ်) သေဆုံး ခြင်း ကို ဆိုလိုပါသလား? » မေးမြန်းလျှောက်ထားလေသည်။ အေမာမ် ဆွာဒစ် (အ.စ) မှ « ဤဟဒီးစ်တော် ၏ ဆိုလိုချက် မှာ လမ်းလွဲ လမ်းမှား နေသည့် အခြေအနေ တွင် သေဆုံးခြင်း ဖြစ်ကြောင်း » အဖြေပေးမိန့်ကြားတော် မူလေသည်။ ထပ်ပြီး ပြန်၍ အကြင်မည်သူ မဆို ကျွန်ုပ် တို့၏ ခေတ်ကာလ တွင် လည်း မိမိ ၏ အေမာမ် မရှိဘဲ သေသွားမည် ဆိုလျင် ၎င်း သေခြင်းသည် ဂျေဟာလသ် (ခ) အဝိဇ္ဇာ ဖြင့်သေဆုံး ဖြစ်သည် ဆိုသည် မှာ ဟုတ်ပါသလား? ဟု မေးမြန်း လျှောက် ထားပါသည်။ အေမာမ် (အ.စ) မှ အဖြေပေး မိန့်တော် မူသည် မှာ « ဟုတ်ပါတယ် » ဟုဖြစ်ပါသည်။[၇]
အစ္စလာမ်၏ တမန်တော်မြတ် (ဆွ ) မိန့်တော် မူ၏။
مَنْ مَاتَ بِغَیرِ إِمَامٍ مَاتَ مِیتَةً جَاهِلِیةً
အဓိပ္ပာယ် - အကြင်မည်သူ မဆို အေမာမ် မပါဘဲ သေဆုံးသူသည် ဂျေဟာလသ်(ခ) အဝိဇ္ဇာ ဖြင့်သေ ဆုံးသွားသူ ဖြစ်ပါသည်။
အဲဟ်မဒ်ဘင်န်ဟန်ဘလ် ၊ မွတ်စ်နဒ်ဒေအဲဟ်မဒ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၁ ခုနှစ် ၊ အတွဲ ၂၈ ၊ စာမျက်နှာ ၈၈ ။
ဟဒီးစ် ရင်းမြစ်များ
«မန်မာသ» ဟဒီးစ်တော် ကိုဆင့်ပြန် တင်ပြထားသည့် ရှီအဟ် နှင့် စွန်နီ အရင်းအမြစ် အချို့မှာ အောက်ပါ အတိုင်းဖြစ် ပါသည်။
ရှီအဟ် ဟဒီးစ် ရင်းမြစ်များ
- ကိုလိုင်းနီရေးသား သီးကုံး ထားသည့် ကာဖီ ကျမ်း[၈]
- ရှိက်ခ် ဆူဒူက် ရေးသား သီးကုံးထားသည့် ကမာလွတ်ဒ်ဒီးန် ဝသမာန်မ်မွန်နေအ်မဟ် ကျမ်း[၉]
- ခဇါဇ် ရာဇီ ရေးသားသီးကုံးထားသည့် ကေဖာယသိုလ်အစရ် ဖီန်နဆ်ဆေ အလာလ်အအေမသေလ်အစ်နာ အရှရ် (အ.စ) ကျမ်း[၁၀]
စွန်နီ ဟဒီးစ် ရင်းမြစ်များ
- အဲဟ်မဒ် ဘင်န် ဟန်ဘလ် ရေးသားသီးကုံးထားသည့် မွတ်စ်နဒ်ဒေအဲဟ်မဒ်ကျမ်း[၁၁]
- စိုလိုင်းမာန်ဘင်န် ဒါဝူဒ် သွယာလစီ ရေးသားသီးကုံးထားသည့် မွတ်စ်နဒ်ဒေ အဘူဒါဝူဒ် ကျမ်း[၁၂]
- အဘူလ်ကာစင်မ် သွဗရာနီ ရေးသားသီးကုံးထားသည့် မွတ်စ်နဒ်ဒွန်ရှ်ရှာမီယီးန် ကျမ်း[၁၃]
ရှီအဟ် နှင့် စွန်နီ ပညာရှင်များ အဆိုအရ ဟဒီးစ် တော်၏ အဓိပ္ပါယ်
ရှီအဟ် နှင့် စွန်နီပညာရှင်တစ်ဦးစီသည် မိမိတို့၏ ကလာန်မ်မီ ဆိုင်ရာ သက်ဝင် ယုံကြည်ချက်များ ကိုအခြေခံ ကာ «မန်မာသ» ဟဒီးစ်တော် ၏ မတူညီသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဖွင့်ဆိုထားကြပါသည်။
ရှီအဟ် အိုလမာ
ရှီအဟ် ပညာရှင် များသည် အေမာမ်မသ် ကိစ္စတွင် ဟဒီးစ်တော် «မန်မာသ» ကို အသုံးပြုခဲ့ကြပြီး ခေတ်တိုင်းတွင်[၁၄] အေမာမ် တစ်ပါး ၏ တည်ရှိမှုလိုအပ်ချက်နှင့် အေမာမ် ကို သိရှိနားလည်ရန် နှင့် ၎င်း၏ အမိန့် များကို နာခံရန် လိုအပ်မှုအတွက် သက်သေအဖြစ် မှတ်ယူခဲ့ကြပါ သည်။[၁၅]ဤအတွက်ကြောင့် ရှီအဟ် သက်ဝင် ယုံကြည်ချက်များ အရ ဤဟဒီးစ်တော်(ခ) ရီဝါယသ်တော် တွင် အေမာမ် ဆိုသည် မှာ အဲဟ်လေ့ဘိုက် (သ) (အ.စ) နှင့် မအ်စူမ် အေမာမ်များ (အ.စ) ဖြစ်ပါသည်။ ယနေ့ ခေတ်ကာလတွင် မလွဲမသွေ အေမာမ် မဲဟ်ဒီ (အ.ဂျ) အား ခေတ်ကာလ ၏ အေမာမ် အဖြစ် သက်ဝင် ယုံကြည်ရမည် ဖြစ်ပါသည်။[၁၆]
စွန်နီ အိုလမာ
အဲဟ်လေ့စွန္နသ် ပညာရှင်များ အနေဖြင့် ဤရီဝါယသ်တော် အား တခြား သဖ်စီးရ် နှင့် အဓိပ္ပာယ် အဖြစ် ဆိုထား ကြပါသည်။ ဤရီဝါယသ် တော် (ခ) ဟဒီးစ်တော် တွင် လာရှိသည့် « အေမာမ် » ဆိုသည် မှာ အစ္စလာမ့်အုပ်စိုးရှင် (ခ) အစ္စလာမ့်အစိုးရ ဖြစ်ကြောင်း ဆိုထားကြပါသည်။ အစ္စလာမ် အသိုင်းအဝိုင်း လူနေမှု ကို ထိန်းသိမ်း ရန် အစ္စလာမ့် အုပ်စိုးရှင် ၏ အမိန့်များကို လိုက်နာ ရမည် ဖြစ်ပြီး သစ္စာစောင့် တည် ရမည် ဟုဆိုထားကြပါသည်။[၁၇] အစ္စလာမ့်အုပ်စိုးရှင် (ခ) အစ္စလာမ့်အစိုးရ ၏ နာခံမှုလိုအပ်မှုမှာ မွတ်စလင်မ် အုပ်စိုးရှင်များ အားလုံး နှင့် သက်ဆိုင်ပြီး အုပ်စိုးရှင်များ၏ ဖိနှိပ်ချုပ်ချယ်ခြင်း နှင့် အပြစ်ပြုခြင်း တို့သည် ၎င်းတို့၏ အမိန့်များ နာခံမှုလိုအပ်မှုအတွက် အဟန့်အတားမဖြစ်စေဟု ဆိုထားကြပါသည်။ အထက်ပါ ဟဒီးစ် တော်၏ အနက်အဓိပ္ပာယ် ပြန်ဆိုချက်တွင် အစ်ဗ်နေသိုင်းမီယဟ်ဟရ်ရာနီ အနေဖြင့် တမန်တော်မြတ် (ဆွ) ၏ သာဝကတော် များ နှင့် သာဗေအီးန် များသည် ယဇီးဒ် ဘင်န် မိုအာဝေယဟဟ် ၏ အမိန့်များ ကို နာခံမှုနှင့် သစ္စာစောင့်သိမှု လိုအပ်ကြောင်း ကောက်ချက်ချခဲ့ပါသည်။[၁၈]
သို့သော် အချို့သော စွန်နီရင်းမြစ်များသည် အထက်ဖော်ပြပါ ရီဝါယသ်တော် တွင် « အေမာမ် » ကို အစ္စလမ် ၏ တမန်တော်မြတ် (ဆွ) အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြပြီး တမန်တော်မြတ် (ဆွ) အား ယုံကြည်သင့်သည်ဟု ယုံကြည်ကြပါ သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော် မြတ် (ဆွ) သည် ဤကမ္ဘာ့လူသားများ၏ အေမာမ် ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်ဟု ဆိုထားပါသည်။[၁၉]
အောက်ခြေ မှတ်စုများ
- ↑ နမူနာ ကြည့်ရန် - ဗရ်ကီ ၊ အလ်မစာစင်န် ၊ ဟီဂျရီသက္ကရာဇ် ၁၃၄၁ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၈၈။
- ↑ ဆယက်ဒ် အစ်ဗ်နေ သွာ အူစ် ၊ အလ်အစ်က်ဗါလိုဘေလ် အအ်မါလေလ်ဟစနဟ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၅၂။ ရှိက်ခ် ဆူဒူက် ၊ ကမာလွတ်ဒ်ဒီးန် ၊ ဟီဂျရီသက္ကရာဇ် ၁၃၉၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၁၀။ သဖ်သာဇါနီ ၊ ရှရ်ဟ် မကာဆစ်ဒ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၅ ၊ စာမျက်နှာ ၂၃၉။ ကန်ဒူဇီ ၊ နယာဘီအိုလ်မိုဝဒဟ်၊ ဟီဂျရီသက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၄၅၆။
- ↑ ကိုလိုင်းနီ ၊ အလ်ကာဖီ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၇၆။
- ↑ အဲဟ်မဒ်ဘင်န်ဟန်ဘလ် ၊ မွတ်စ်နဒ်ဒေအဲဟ်မဒ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၁ ခုနှစ် ၊ အတွဲ ၂၈ ၊ စာမျက်နှာ ၈၈။ အဘူဒါဝူဒ် ၊ မွတ်စ်နဒ်ဒေ အဘူဒါဝူဒ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၉ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၄၂၅။ သွဗရာနီ ၊ မွတ်စ်နဒ်ဒွန်ရှ်ရှာမီယီးန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၃၇။
- ↑ အလာမဟ် မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ခုနှစ် ၊ အတွဲ ၈ ၊ စာမျက်နှာ ၃၆၈။
- ↑ ရှိက်ခ် ပဟာယီ ၊ အလ်အရ်ဗအူးန် ဟဒီးစ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၃၁ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၃၁။
- ↑ ကိုလိုင်းနီ ၊ အလ်ကာဖီ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၇၆။
- ↑ ကိုလိုင်းနီ ၊ အလ်ကာဖီ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၇၆။
- ↑ ရှိက်ခ် ဆူဒူက် ၊ ကမာလွတ်ဒ်ဒီးန် ၊ ဟီဂျရီသက္ကရာဇ် ၁၃၉၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၀၉။
- ↑ ခဇါဇ် ရာဇီ ၊ ကေဖာယသိုလ်အစရ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၁ခုနှစ် ၊ စာမျက်နှာ၂၉၆။
- ↑ အဲဟ်မဒ်ဘင်န်ဟန်ဘလ် ၊ မွတ်စ်နဒ်ဒေအဲဟ်မဒ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၁ ခုနှစ် ၊ အတွဲ ၂၈ ၊ စာမျက်နှာ ၈၈။
- ↑ အဘူဒါဝူဒ် ၊ မွတ်စ်နဒ်ဒေ အဘူဒါဝူဒ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၉ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၄၂၅။
- ↑ သွဗရာနီ ၊ မွတ်စ်နဒ်ဒွန်ရှ်ရှာမီယီးန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၃၇။
- ↑ အဘူလ်ဖသူဟ် ရာဇီး ၊ ရောင်ဇိုလ်ဂျေနာန် ၊ အတွဲ ၄ ၊ စာမျက်နှာ ၁၇၃။
- ↑ မွတ်လာ ဆဒ်ရာ ၊ ရှရ်ဟ် အူစူလိုလ်ကာဖီ ၊ အီရန် သက္ကရာဇ် ၁၃၈၃ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၇၄။
- ↑ အလာမဟ် မဂျ်လေစီ ၊ မေရ်အာသိုလ် အိုကူလ် ၊ အီရန် သက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၇၄။
- ↑ ဆိုဟိုင်းဗ် အဗ်ဒိုလ်ဂျဗါရ် ၊ မလ်ဂျာမေအ် အိုလ်ဆွဟီးဟ် ၊ ခရစ် သက္ကရာဇ် ၂၀၁၄ ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၂၃၄။ အောက်ခြေ မှတ်စု
- ↑ အစ်ဗ်နေသိုင်းမီယဟ်ဟရ်ရာနီ ၊ မွတ်ခ်သဆရ် မင်န်ဟာဂျိုစ်စွန္နဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၉။
- ↑ အစ်ဗ်နေ ဟဗါန် ၊ ဆဟီးဟ် အစ်ဗ် နေ ဟဗါန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ခုနှစ် ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၃၄။
ကျမ်းကိုးများ
- အစ်ဗ်နေသိုင်းမီယဟ် ၊ သကီယွန်ဒ် ဒီးန် ၊ ၊ မွတ်ခ်သဆရ် မင်န်ဟာဂျိုစ်စွန္နဟ် ၊ သလ်ခီးဆ် အဗ်ဒွလ္လာဟ် ဘင်န် မိုဟမ္မဒ် အလ်ဂနီ နာန် ၊ ဆနအာအ် ၊ ဒရိုလ်ဆွဒီးက် ၊ ဒုတိယ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ ခုနှစ် ။
- အဘူလ်ဖသူဟ် ရာဇီး ၊ ဟိုစိုင်းန် ဘင်န် အလီ ၊ ရောင်ဇိုလ်ဂျေနာန် ဝ ရူဟိုလ်ဂျေနာန် ဖီ သဖ်စီးရိုလ် ကုရ်အာန် ၊ သဲဟ်ကီးက် ဒေါက်တာ မိုဟမ္မဒ် ဂျအ်ဖရ် ယာဟကီ ဝ ဒေါက်တာ မိုဟမ္မဒ် မဲဟ်ဒီ နာဆေဟ် ၊ မရှ်ဟဒ် ၊ ဘွန်နယာဒ် ဗဂျူဟစ်ရှ် ဟာယေ အစ္စလာမ်မီ ၊ အွစ်သာန် ကွတ်ဒ်စ် ရဇဝီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ်။
- သဖ်သာဇါနီ ၊ သဲဟ်ကီးက် အဗ်ဒိုရ်ရဟ်မာန် အိုမိုင်းရဟ် ၊ အရှ်ရှရီဖိုရ်ရဇီ ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ်။
- သွဗရာနီ ၊ စိုလိုင်းမာန် ဘင်န် အဲဟ်မဒ် ၊ မွတ်စ်နဒ်ဒွန်ရှ်ရှာမီယီးန် ၊ ဘေရွတ် ၊ မိုအ်စေစေသိုရ် ရေစာလဟ် ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၅ ခုနှစ်။
- အဲဟ်မဒ်ဘင်န်ဟန်ဘလ် ၊ အဘူလ် အဗ်ဒွလ္လာဟ် ၊ မွတ်စ်နဒ်ဒေအဲဟ်မဒ် ၊ သဲဟ်ကီးက် ရှိုအိုက်ဗ် ဗိုလ် အရ်နအူသွ် ၊ ဘေရွတ် ၊ မိုအ်စေစေသိုရ် ရေစာလဟ် ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၁ ခုနှစ်။
- ဗရ်ကီ ၊ အဘူ ဂျအ်ဖရ် အဲဟ်မဒ် ဘင်န် မိုဟမ္မဒ် ဘင်န် ခါလစ်ဒ် ၊ အလ်မစာစင်န် ၊ သဲဟ်ကီးက် ဝသဆ်ဟီးဟ် ဂျလာလွဒ်ဒီးန် မိုဟဒစ် ၊ ကွမ်း ၊ ဒါရိုလ် ကိုသွန်ဗ် ဘေလ် အစ္စလာမ်မီယဟ် ၊ ဒုတိယ ကြိမ် ပုံနှိပ် ၊ ဟီဂျရီသက္ကရာဇ် ၁၃၇၁ ခုနှစ်။
- ခဇါဇ် ရာဇီ ၊ ကေဖာယသိုလ်အစရ် ဖီန်နဆ်ဆေ အလာလ်အအေမသေလ်အစ်နာ အရှရ် ၊ ကွမ်း ၊ နရှ်ရ် ဘီဒါရ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၁ ခုနှစ်။
- ဆယက်ဒ် အစ်ဗ်နေ သွာ အူစ် ၊ ရဇီးယွန်ဒ်ဒီးန် အလီ ၊ အလ်အစ်က်ဗါလိုဘေလ် အအ်မါလေလ်ဟစနဟ် ၊ သဲဟ်ကီးက် ဝ သဆ်ဟီးဟ် ဂျဝါဒ် ကိုင်ယွန်းမီ အစ္စဖဟန်နီ ၊ ကွမ်း ၊ အန်သေရှာရာသ် ဒဖ်သရ် သဗ်လီဂါသ် သေ အစ္စလာမ်မီ ၊ ပထမ ကြိမ် ပုံနှိပ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၅ ခုနှစ်။
- ရှိက်ခ် ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န် အလီ ၊ ကမာလွတ်ဒ်ဒီးန် ဝသမာန်မ်မွန်နေအ်မဟ် ၊ သဲဟ်ကီးက် ဝ သဆ်ဟီးဟ် အလီအက္က်ဘရ် ဂဖါရီ ၊ တီဟီရန်၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ်၊ ဒုတိယကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၅ ခုနှစ်။
- အဘူဒါဝူဒ် သွယာလစီ ၊ စိုလိုင်းမာန်ဘင်န် ဒါဝူဒ် ၊ မွတ်စ်နဒ်ဒေ အဘူဒါဝူဒ် သွယာလစီ ၊ သဲဟ်ကီးက် မိုဟမ္မဒ် ဘင်န် အဗ်ဒိုလ် မိုဟ်စင်န် သူရ်ကီ ၊ အီဂျစ် ၊ ဒါရို ဟစ်ဂျ်ရ် ၊ ပထမ ကြိမ် ပုံနှိပ် ၊ ဟီဂျရီ ကသက္ကရာဇ် ၁၄၁၉ ခုနှစ် ။
- မွတ်စလင်မ် ဘင်န် ဟဂျာဂျ် ကိုရှိုင်းရီ နီးရှားပူရီ ၊ ဆဟီးဟ်ဟို မွတ်စလင်မ် အဆ်ဆဟီးဟိုလ်မွတ်ခ်သဆရ် ဘေနက်လ်အဒ်လ်လေ အန် နေလ်အဒ်လေ လေ အေလာ ရစူလွလ္လာဟ် ၊ သဲဟ်ကီးက် မိုဟမ္မဒ် ဖိုအာဒ် အဗ်ဒိုလ်ဗာကီ ၊ ဘေရွတ် ၊ ဒါရိုအဲဟ်ယာအ် အလ်ကိုသွတ်ဗ်ဗိုလ်အရဘီယဟ် ၊ ပုံနှိပ် ခုနှစ် မသိ ။
- ကိုလိုင်းနီ၊ မိုဟမ္မဒ် ဘင်န် ယအ်ကူးဗ် ၊အလ်ကာဖီ ၊ သဲဟ်ကီးက် ဝ သဆ်ဟီးဟ် အက္က်ဘရ် ဂဖါရီ ဝ မိုဟမ္မဒ် အာခွန်ဒီ ၊ တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ်၊ စတုတ္တ အကြိမ် ပုံနှိပ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ်။
- မဂျ်လေစီ ၊ မိုဟမ္မဒ် ဘာကဲရ် ၊ ဘေဟာရိုလ်အန်နဝါရ် ရိုလ်ဂျမေအသို လေဒရ်ရေအက်ခ်ဗာရိုလ် အအေ မသိုလ်အသွဟာရ် ၊ ဘေရွတ်၊ ဒရိုအဲဟ်ယာ အိုလ်သိုရာစ်စိုလ်အရဘီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ခုနှစ်။
- မဂျ်လေစီ ၊ မိုဟမ္မဒ် ဘာကဲရ် ၊ မေရ်အာသိုလ် အိုကူလ် ဖီ ရှရ်ဟ် ဟေ အက်ခ်ပါရို အာလေ့ရ် ရစူလ် ၊ သဲဟ်ကီးက် ဝ သဆ်ဟီးဟ် ဆယက်ဒ် ဟာရှင်မ် ရစူလီ ၊ တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ်၊ ဒုတိယ အကြိမ် ပုံနှိပ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ခုနှစ်။
- ကန်ဒူဇီ ၊ နယာဘီအိုလ်မိုဝဒဟ်၊ နရှ်ရ် အွစ်ဝဟ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၃ ခုနှစ်။
- မိုဟမ္မဒ် ဘင်န် ဟဗါန် ဘင်န် အဲဟ်မဒ် ၊ ဆဟီးဟ် အစ်ဗ် နေ ဟဗါန် ၊ သဲဟ်ကီးက် ရှိုအိုက်ဗ် ဗိုလ် အရ်နအူသွ် ၊ ဘေရွတ် ၊ မိုအ်စေစေသိုရ် ရေစာလဟ် ၊ ဒုတိယ ကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ခုနှစ်။
- မွတ်လာ ဆဒ်ရာ ၊ ဆဒရိုဒ်ဒီးန် ရှီးရာဇီး မိုဟမ္မဒ် ဘင်န် အီဗရာဟီးမ် ၊ ရှရ်ဟ် အူစူလိုလ်ကာဖီ ၊ သဲဟ်ကီးက် ဝ သဆ်ဟီးဟ် မိုဟမ္မဒ် ခွာဂျဝီ ၊ တီဟီရန် ၊ မိုအ်စေစေဟ် မိုသွာလေအာသ် ဝ သဲဟ်ကီးက်ကာသ် သေ ဖရ်ဟန်ဂီ ၊ ပထမကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၈၃ ခုနှစ်။