ဟဒီးစ် စေ အစ်ဖ်သေရာက်

wikishia မှ

ဟဒီးစ် စေ အစ်ဖ်သေရာက်(အရဘီ حديث الافتراق : ) သည် အစ္စလာမ့်နောက်လိုက်နောက်သားများ အကြား ဂိုဏ်းပေါင်း ၇၀ကျော် ခွဲထွက်မည့် နှင့်ပတ်သက်သည့် မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ဟဒီးစ်တော်ဖြစ်ပါသည်။ ဤဟဒီးစ်တော်အရ ကိုယ်တော်မြတ် (ဆွ) မရှိသည့်နောက်ပိုင်း တွင် အစ္စလာမ့်နောက်လိုက်နောက်သားများ အကြား ဂိုဏ်းပေါင်း ၇၀ကျော် ခွဲထွက်၊ကွဲထွက် မည်ဖြစ်ပြီး တစ်ဂိုဏ်းသာ လွတ်မြောက်မည် (ဂျန္နသ်သီ၊ ဂျန္နသ်သုခဘုံသားများ) မည်ဖြစ်ပါသည်။ ဖေရ်ကဟ်နာဂျီယဟ်ခေါ် လွတ်မြောက်မည့်ဂိုဏ်း ဂျန္နသ်သီ ဂိုဏ်း နှင့်ပတ်သက်ပြီး အစ္စလာမ် ဂိုဏ်းကွဲ ပညာရှင်များ အကြား သဘောထား အကွဲအလွဲရှိပါသည်။ တမန်တော်မြတ် (ဆွ) မှ ဆင့်ပြန် ချက်လာရှိ သည်မှာ ဖေရ်ကဟ် နာဂျီယဟ်ခေါ် လွတ်မြောက်မည့်ဂိုဏ်း ဂျန္နသ်သီ ဂိုဏ်း သည် အလီ (အ.စ) ၏ ရှီအဟ်များ ဖြစ်ပါသည်။ ဟဒီးစ် စေ အစ်ဖ်သေရာက် နှင့် ဤဟဒီးစ် နှင့်ပတ်သက်သည့် ကိစ္စများ ကို ကလာမ် ပညာ ရပ်တွင် အေလ်အေဖေရ်ကဟ်ရှနာစီ (ခ) ဂိုဏ်းခွဲ၊ဂိုဏ်းကွဲ များ နှင့်ပတ်သက်သည့် ပညာ နှင့် ဂိုဏ်းများ ၏ ပြဿနာများ နှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြထားပါသည်။

ဟဒီးစ်တော် ၏ အကြောင်းအရာ နှင့် ရှင်းလင်းချက်

ဟဒီးစ် စေ အစ်ဖ်သေရာက် သည် တမန်တော်မြတ် (ဆွ) ၏ ဟဒီးစ်တော် ဖြစ်ပြီး နည်းလမ်းမျိုးစုံ ဖြင့် ဆင့်ပြန်ချက်များ လာရှိပါသည်။ဟဒီးစ်တော်တွင် မီးကိုးကွယ်သူများ တွင် ဂိုဏ်းပေါင်း ၇၀ ခွဲခဲ့ကြောငါး ဂျူးများတွင် ၇၁ ဂိုဏ်းကွဲခဲ့ကြောင်း နှင့် ခရစ်ယာန် များတွင် ၇၃ ဂိုဏ်း ကွဲ ခဲ့ကြောင်း မိမိ၏ အွန်မသ် (ခ) နောက်လိုက်နောက်သားများ အကြားတွင် ၇၃ ဂိုဏ်း ကွဲမည့် အကြောင်း ၎င်း ဂိုဏ်းကွဲများ အားလုံး တွင် တစ်ဂိုဏ်းသာ လွတ်မြောက်မည်ဂျန္နသ်သီ ဖြစ်မည်ဆိုသည့် ဘက်သို့ ရည်ညွှန်း ထားပါသည်။ (1) သို့သော် အချို့ ဆင့်ပြန်မှုများ တွင် ၇၂ ဂိုဏ်းသည်လွတ်မြောက် မည်ဖြစ်ပြီး တစ်ဂိုဏ်းသည် ဂျဟန္နမ်မီ(ခ) ငရဲဘုံသမားများဖြစ်ကြောင်း တင်ပြထားပါသည်။ (2) ကွဲပြားသည့် ဆင့်ပြန်ချက်များ အရ ဤရီဝါယသ်တော်ပါ အစ္စလာမ့် ဂိုဏ်းကွဲများသည် တစ်ခါတစ်ရံ ၇၃ ဂိုဏ်း (3) ဖြစ်ကြောင်း တစ်ခါတစ်လေ ၇၂ ဂိုဏ်း (4) ရှိကြောင်း တစ်ခါတစ်ရံ ၇၁ ဂိုဏ်း(5) ဖြစ်ကြောင်း လာရှိပါသည်။

ဟဒီးစ် စေ အစ်ဖ်သေရာက် ၏ ရှင်းလင်းချက်တွင် ဖေရ်ကဟ်နာဂျီယဟ် ခေါ် လွတ်မြောက်မည့်ဂိုဏ်း ဂျန္နသ်သီ ဂိုဏ်း မှအပ ဂိုဏ်းအများစု (ဂိုဏ်းအားလုံး) သည် လမ်းလွဲလမ်းမှား များ ဖြစ်ကြကြပါသည်။ ယုံကြည်ချက် များ ဆိုင်ရာ ကွဲလွဲမှု ကို အခြေခံပြီး တစ်ဂိုဏ်း နှင့် တစ်ဂိုဏ်း အပြန်အလှန် ကာဖေရ် ဖြစ်သည့်ဟု ဆိုကြပြီး ရန်ငြိုးပြုတာတွေကိုလုပ်ကြပါသည်။ ဓမ္မသတ်ဆိုင်ရာ ဓမ္မသတ်ပညာရှင်များ အားလုံးသည် ကျမ်းတော်မြတ် ကုရ်အာန် နှင့် စွန္နသ် တော် ဘက်သို့လှည့်ကြပါသည်။ မတတ်နိုင်သူများ (လမ်းလွဲလမ်းမှား သမား များ) လည်း ဖြစ်သည်နောက် ဂျန္နသ် သုခဘုံသားများလည်း ဖြစ်သည်ဆိုသည်မှာ မဖြစ်နိုင်ချေ။ (6) အချို့ ရှင်းပြသူများ အနေဖြင့် ဤဟဒီးစ်တော် သည် မွတ်စလင်မ်များ ၏ လောကီကိစ္စ မှန်သမျှ ပမာအားဖြင့် အသက် ၊ ဥစ္စာပစ္စည်း ၊ အစိုးရ ၊ အပြန်အလှန် ရန်ငြိုးထားမှု ဂိုဏ်းကွဲများ ဖြစ်သွားမှု ပါဝင်နိုင်ကြောင်း တင်ပြ ထားကြပါသည်။ (7)

ဟဒီးစ်တော် ၏ သက်ဝင်မှု

ဟဒီးစ် စေ အစ်ဖ်သေရာက် သည် ရှီအဟ်များ၏ ကျမ်းကြီးလေးကျမ်း နှင့် စွန်နီ များ၏ ဆဟီးဟ် ကျမ်းကြီး ခြောက်ကျမ်းတွင် ဆင့်ပြန်ထားခြင်း မရှိချေ။ ဖေရ်ကဟ်သုတေသီများ ပမာအားဖြင့် နောင်ဗခ်သီ အနေဖြင့် ဖေရ်ကိုရှ်ရှီအဟ် စာအုပ်တွင် ထိုနည်းတူစွာ အဘူလ်ဟစန် အရှ်အရီ ၏ ကေသာဗို မကာလာသေလ် အစ္စလာမ်မီယီးန် တွင် လည်းဘဲ ဤဟဒီးစ်တော် ဘက်သို့ ရည်ညွှန်း ဖော်ပြထားခြင်းမရှိချေ။ အစ်ဗ်နေဟဇ်မ်အန်ဒိုလိုစီ အနေဖြင့်လည်း ယုံကြည်နိုင်အောင်အထိလည်း လက်ခံထားမှုမရှိသလို ကန့်ကွက် ငြင်းဆိုမှုလည်း မပြုထားချေ။ (8) အစ်ဗ်နေ ဝဇီးရ် ၏ သုတေသန ပြုချက်အရ ဤဟဒီးစ်တော် ၏ နောက်ဆုံး အပိုင်း ( တစ်ဂိုဏ်း မှအပ ကျန် ဂိုဏ်းများ အားလုံး သည် ဂျဟန္နမ်ဂိုဏ်းဖြစ်ကြောင်း) သည် အတု (ဖန်တီးထားမှု) ဖြစ်ကြောင်း ဆိုထားပါသည်။ (9)

ဤကဲ့သို့ အခြေအနေတွင် အချို့ ရှီအဟ် ကျမ်းများ (10) နှင့် စွန်နီ ကျမ်းများ (11) ၊ အချို့ ဂိုဏ်းကွဲများ အကြောင်း ရေးသားသည့် စာရေးဆရာများ (12) အနေဖြင့် ဤဟဒီးစ်တော် ကို ဆင့်ပြန် ထားကြပြီး လက်ခံထားကြပါသည်။ အချို့ ဂိုဏ်းကွဲများ အကြောင်း ရေးသားသည့် စာရေးဆရာများ ပမာအားဖြင့် အစ်‌ဗ်ဒိုကာဟေရ်ဘင်န် သွာဟေရ် ဘဂ္ဂဒတ်ဒီ (13) ရှဲဟ်ဖူရ် ဘင်န် သွာဟေရ် အစ်ဖရာနီ (14) အစ်‌ဗ်နေ အစ်ဗ်ဒိုရ်ရဟ်မာန် မိုလ်သွီ ရှာဖေအီ (15) တို့မှာ အစ္စလာမ် ဂိုဏ်းကွဲ ၇၃ ဂိုဏ်း ဟုဆိုထားကြပြီး ဟဒီးစ် စေအစ်ဖ်သေရာက် သည် မရှ်ဟူရ် ဟဒီးစ် မွတ်စ်သဖီးဇ်ဟဒီးစ် (16 ) အပြင် မိုသဝါသေရ် ဟဒီးစ်(17) သို့မဟုတ် မိုသဝါသေရ်နီးပါး (18) ဖြစ်ကြောင်း ဆိုထားကြပါသည်။

အာယာသွလ္လာဟ် စိုဘ်ဟာနီ အနေဖြင့် မွတ်စ်သဖီးဇ်ဟဒီးစ် ဖြစ်ကြောင်း ဆင့်ပြန်ချက်များ အများအပြား ရှီအဟ်ကျမ်းများ စွန်နီကျမ်းများတွင်လာရှိသဖြင့် အားနည်းသည့် ဟဒီးစ် နိုင်ကြောင်း ဆင့်ပြန်ထားမှု အထောက်အထား အမျိုးမျိုးသည် စိတ်အေး ၊စိတ်ချရသည်အရင်းအမြစ်များ ကို ဖြစ်စေကြောင်း ဆိုထားပါသည်။(19) ထိုနည်းတူစွာ မိုဟမ္မဒ် အဲဟ်မဒ် မိုကဒစီ ( ဟီဂျရီ ၃၈၁ခုနှစ်ကွယ်လွန်) အဲဟ်စန်နို သကာစီးမ်ဖီးမအ်ရေဖသိုလ်အကာလီးမ် ကျမ်းတွင် ဤ ရီဝါယသ်တော် အား အခြား ရီဝါယသ်တော် ထက်ပိုမို၍ ကျော်ကြားကြောင်း တင်ပြထားပြီး ဂျန္နသ်သီဂိုဏ်းမှာ ၇၂ ဂိုဏ်း ဖြစ်ကြောင်း ၁ဂိုဏ်းသာ ဂျဟန္နမ်မီ ဖြစ်ကြောင်း မိမိအနေဖြင့် ဒုတိယ ရီဝါယသ်တော်သည် ပိုမို၍ မှန်ကန်သည်ဟု လက်ခံ ယုံကြည်ကြောင်း ရေးသားထားပါသည်။ (20)

ဖေရ်ကဟ်နာဂျီယဟ်

ဖေရ်ကဟ်နာဂျီယဟ်ခေါ် လွတ်မြောက်မည့်ဂိုဏ်း ဂျန္နသ်သီ ဂိုဏ်း နှင့်ပတ်သက်ပြီး ဂိုဏ်းအသီးသီး၏ အိုလမာ အကြား အကွဲအလွဲ အမြင်များ လာရှိပါသည်။ယေဘုယျ အားဖြင့် ဂိုဏ်းအသီးသီးတိုင်း မိမိတို့ ဂိုဏ်းကို သာ ဖေရ်ကဟ်နာဂျီယဟ် ဖြစ်ကြောင်းကျန် ၇၂ ဂိုဏ်း မှ ပျက်စီးကြမည် ဖြစ်ကြောင်း လက်ခံထားကြပါသည်။ (21) ရှီအဟ်အေမာမ်မီယဟ် အာလင်မ်များမှ တစ်ပါး ဖြစ်သည့် ဂျမားလ်လွတ်ဒ်ဒီးန် ရာဇီ အနေဖြင့် သဗ်ဆေရသိုလ် အဝါမ် ဖီး မအ်ရေဖသိုမကာလာသ်သေလ်အနာမ် ကျမ်း (22) တွင် အစ္စ်မာအီလီယေဟ် ၏ အာလင်မ်များ မှ တစ်ပါးဖြစ်သည့် ဂျအ်ဖရ် ဘင်န် မန်ဆူရ်ရိုယမန် အနေဖြင့် စရာအေရိုဝအစ်စရာရို န်နသွကာအ် ကျမ်း (23) တွင် စွန်နီ အာလင်မ်များ မှ တစ်ပါးဖြစ်သည့် ရှဲဟ်ရေစ်သာနီ အနေဖြင့် ကေသာဗိုလ်မေလလ်လိုဝန်နဟ်ရ် ကျမ်း (24) တွင် ဖေရ်ကဟ်နာဂျီယဟ် မှာ မိမိတို့ ဂိုဏ်းသာ ဖြစ်ကြောင်း တင်ပြထားကြပါသည်။

ဟီဂျရီလေးရာစု ၏ အကျော်အမော် ဟီုးစ်ပါရဂူ ရှိက်ခ်ဆူဒူက် အနေဖြင့် မိမိ၏ ကမာလွတ်ဒ်ဒီးန် ဝ သမာမွန်န် နေအ်မဟ် ကျမ်းတွင် ဟဒီးစ်စေ စကလိုင်းန် အထောက်အထား ဖြင့် မည်သူမဆို ကျမ်းတော်မြတ်ကုရ်အာန် နှင့် ကိုယ်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ)(အ.စ) ကို မြဲမြံစွာဆုပ်ကိုင်ထားမည်ဆိုလျင် ဖေရ်ကဟ် နာဂျီယဟ် အသင်းဝင် ဖြစ်ကြောင်း ဆိုထားပါသည်။ (25) ထိုနည်းတူစွာ အလာမာမဂျ်လေစီ ဘေဟာရိုလ်အန်နဝါရ် ကျမ်းတွင် အေမာမ် အလီ (အ.စ) မိန့်ကြားတော်မူထားသည့် ငါ၏ရှီအဟ်များသည် အဲဟ်လေ့နေဂျာသ် (ဂျန္နသ်သီ) ဖြစ်ကြောင်း ဟဒီးစ် တော်ကို ဆင့်ပြန်ထားပါသည်။ (26) အလာမာဟစ်လီ အနေဖြင့်လည်း (မှန်ကန်သည့်) ဟဒီးစ်တော်များ ကို ကိုးကားပြီး အေမာမ် ၁၂ပါး (အ.စ) ၏ နောက်လိုက်များ သာ ဖေရ်ကဟ်နာဂျီယဟ် ဖြစ်ကြောင်း မိတ်ဆက်ပေးထားပါသည်။ (27) ပြီးနောက် ရှီအဟ်ဖေရ်ကဟ် (ခ) ရှီအဟ်ဂိုဏ်းမှန်ကန် ကြောင်း အထောက်အထား သက်သေများဖြင့် သက်သေထူ တင်ပြထားပါသည်။ (28)

ဤအခြေအနေမှာပင် စွန်နီများ အနေဖြင့် ဟဒီးစ်တော်များကို ကိုးကားပြီး ဖေရ်ကဟ်နာဂျီယဟ် သည် ဂျမာအသ် ဖြစ်ကြောင်း (29) သို့ အများစု ဖြစ်ကြောင်း (30) သို့မဟုတ် ခိုလဖာယေရာရှေဒီးန် (ခလီဖာလေးပါး) နောက်လိုက်သူများ ဖြစ်ကြောင်း (31) ဆိုထားကြပါသည်။ အခြား တင်ပြချက်အရ ဟဒီးစ် စေအစ်ဖ်သေရာက်ကို အ‌ခြေခံပြီး ဇင်ဒီးကာန် ဂိုဏ်းမှ အပ ကျန် အစ္စလာမ့် ဂိုဏ်းကွဲများ အားလုံး ဖေရ်ကဟ်နာဂျီယဟ် ဖြစ်ကြောင်း ဆိုထားပါသည်။(32)

ပျက်စီးမည့် ဂိုဏ်း

အစ္စလာမ်မီ ဂိုဏ်းအသီးသီးမှ အာလင်မ်များသည် မိမိတို့ ဂိုဏ်းမှအပ ကျန် ဂိုဏ်းများ အားလုံး ကို ပျက်စီးမည့် ဂိုဏ်းဟု လက်ခံထားကြပါသည်။ (33) သို့သော် စွန်နီ မာလကီ ဂိုဏ်း၏ အာလင်မ် တစ်ပါး ဖြစ်သူ အီဗရာဟီးမ် ဘင်န် မူစာ ရှာသွဘီ ( ဟီဂျရီ ၇၉၀ ကွယ်လွန်) အနေဖြင့် ၇၂ ဂိုဏ်း ပျက်စီးဆိုသည်မှာ အကလီ (ဥာဏ်အရ) ၊ နကလီ (ကုရ်အာန်၊ဟဒီးစ်တော်ဆင့်ပြန်ချက်များ) အရ ခိုင်လုံမှုမရှိကြောင်း ဆိုထားပါသည်။(34)

စွန်နီ အာလင်မ် အစ်ဗ်နေဟဇ်မ်အန် (ဟီဂျရီ ၄၅၆ ခုနှစ်ကွယ်လွန်) မှ ကေသာဗို ဖေက်ဟီယိုလ်မို ဟလ်လီဗေလ်အာစာရ် ကျမ်းတွင် ဟဒီးစ်တော် «تفترق اُمتی علی بضع وسبعین فرقة اعظمهم فتنة علی امتی قوم یقیسون الامور...» သည် တမန်တော်မြတ် (ဆွ) မှ မိန့်ဆို ထားကြောင်း ဆင့်ပြန် (35) ထားပါသည်။ဖော်ပြပါ ဟဒီးစ်တော်ကို သက်သေပြုပြီး ပျက်စီးမည့် ဂိုဏ်းသည် ဓမ္မသတ်ကိစ္စတွင် ကယာစ်(မိမိထင်မြင်ချက်) ပြုသူများသည် ပျက်စီးမည့် ဂိုဏ်း ဖြစ်ကြောင်း တင်ပြထားပါသည်။ (36)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ