ဟဒီးစ်စေ အလီယွန် မအလ်ဟက်

wikishia မှ
အလီယွန် မအလ်ဟက် ရေးဆွဲထားသည့် လက်ရေးလှ ပန်းချီကားချပ်

ဟဒီးစ်စေ အလီယွန် မအလ်ဟက် (အရဘီ : حديث عَلِيٌّ مَعَ الْحَقِّ وَالْحَقُّ مَعَ عَلِيٍّ ) ဆိုသည်မှာ တမန်တော်မြတ် (ဆွ) မိန့်တော် မူထားသည့် ဟီးဒီးစ်တော် တစ်ပါးဖြစ်သည့် ( عَلِیٌّ مَعَ الْحَقِّ وَالْحَقُّ مَعَ عَلِیٍّ ) ဖြစ်ပါ သည်။အေမာမ်အလီ (အ.စ) သည် ဟက်(အမှန်တရား) နှင့် အတူအမြဲ ရှိပြီး ဟက်(အမှန်တရား)သည် လည်း အလီ (အ.စ) နှင့် အတူအမြဲ ရှိကြောင်း မိတ်ဆက် မိန့်ကြား ထားပါသည်။ ဤဟဒီးစ် တော်၏ အကြောင်း အရာကို တမန်တော်မြတ် (ဆွ) မှ စာသား အသီးသီး ဖြင့် မိန့်ကြားထားပါသည်။ ဤကိုးကားချက်အချို့ကို ရှီအဟ် နှင့် စွန်နီရင်းမြစ်များတွင် လာရှိပြီး ဟဒီးစ် စေ မိုသဝါသေရ် ဖြစ်ကြောင်း လက်ခံ ထားကြပါသည်။ သို့ရာတွင် အစ်ဗ်နေသိုင်းမီယဟ် ဟရာနီ သည် ဤဟဒီးစ်တော်များကို ဆအီးဖ် အဖြစ်ပြောဆိုပြီး တမန်တော် မြတ် (ဆွ) မှ ဆင့်ပြန်ထားသည် ဆိုသည် ကို ငြင်းဆိုထားပါသည်။

ဟဇရသ် အလီ (အ.စ) သည် အိုမရ် ဘင်န် ခသွာဗ် ပြီးနောက် ဖွဲ့စည်းထားသော ခလီဖာ ရွေးချယ်ရန် အတွက် အဖွဲ့ဝင် ခြောက်ဦးပါ ဝင်သည့် ကောင်စီတွင် မိမိသည် ခေလာဖသ် နှင့် ထိုက်တန်ကြောင်း သက်သေပြရန် အတွက် ဤဟဒီးစ်တော် ကို သုံး၍ ဆန္ဒပြခဲ့သည်ဟုဆိုပါသည်။ ထိုနည်းတူစွာ အချို့ သော သာဝကတော်များ နှင့် စွန်နီ အာလင်မ် များသည် အေမာမ် အလီ (အ.စ) ၏ လုပ်ရပ်များ မှန်ကန်ကြောင်း ကို သက်သေပြဆိုရန် အတွက် ဤဟဒီးစ်တော် အား ကိုးကား ခဲ့ကြပါသည်။

ဤဟဒီးစ်တော် မှ ဟဇရသ် အလီ (အ.စ) သည် အခြား သာဝကတော်များထက် မြင့်မြတ် သာလွန်မှု ဟဇရသ်အလီ (အ.စ) ၏ အစ်ဆ်မသ် (အပြစ်ကင်းမှု) ၊ ဟဇရသ် အလီ (အ.စ) ၏ အမိန့်နာခ့ရမည်မှာ ဝါဂျစ်ဗ် ဖြစ်မှု ၊ အေမာမ်မသ် နှင့် တမန်တော်မြတ်(ဆွ) ၏ အရိုက်အရာကို ဆက်ခံခြင်း အတွက် ပထမဆုံး ဦးစား ပေးခြင်းခံရ မှု (ချက်ခြင်းခလီဖဟ်ဖြစ်မှု) နှင့် ထိုနည်းတူစွာ ဟဇရသ် အလီ (အ.စ) အား ဆဲဆိုခြင်း ကို တားမြစ်ထား ကြောင်း ကောက်နှုတ်၍ ရပါသည်။

အကြောင်းအရာ နှင့် စာသား

ဟက်(အမှန်တရား) နှင့် အတူအမြဲ ရှိခြင်းသည် အမီးရိုလ်မိုအ်မေနီ အေမာမ်အလီ (အ.စ) ၏ ကြီးကျယ် မြင့်မြတ် မှုများ မှ တစ်ခု ဖြစ်ပါသည်။တမန်တော်မြတ် (ဆွ) ထံ မှ ဆင့်ပြန်လာရှိသည့် ဟဒီးစ် တော် တစ်ပါး မှ ညွှန် ပြနေပါသည်။ ဤရီဝါယသ်တော် တွင် လာ ရှိသည်မှာ «علی مع الحق و الحق معه؛ علی با حق است و حق با علی» အလီ (အ.စ) သည် ဟက်(အမှန်တရား) နှင့် အတူအမြဲ ရှိပြီး ဟက်(အမှန်တရား)သည် လည်း အလီ (အ.စ) နှင့် အတူအမြဲ ရှိကြောင်း ဖြစ်ပါသည်။ [2] ဤဟဒီးစ်တော်အား တမန်တော်မြတ် (ဆွ) ထံ မှ အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးမျိုး ဖြင့် အခါသမယ အမျိုးမျိုး တွင် ဆင့်ပြန်ချက်များ လာရှိပါသည်။ [3] အလာမဟ် ဟစ်လ်လီ သည် ဤနယ်ပယ်တွင် ရီဝါယသ်တော်များ (ဟဒီးစ်တော်များ) များစွာရှိနေကြောင်း ၎င်းကို ရေတွက်၍မရဟု ယုံကြည်ထားပါသည်။ [4] ဤဟဒီးစ်တော် အား ဆင့်ပြန်မှု အသီးသီး ဖြင့် ကျမ်းများတွင် ပမာအား ဖြင့် ကရှာဖိုလ်ယကီးန် [5] ကရှာဖိုလ်ဂန်မဟ် [6] ဘေဟာရိုလ်အန်နဝါရ် [7]အလ်ဂဒီးရ် [8] မီးဇန်းနိုဟ်ဟေက်မဟ် [9] တို့တွင်လာရှိပါသည်။ ဆယက်ဒ် ဟာရှင်မ် ဘဲဟ်ရာနီ အနေဖြင့် ဂါယသိုလ်မရာမ် စာအုပ်တွင် ဤဟဒီးစ် တော် နှင့် အလားတူ ဟဒီးစ် တော်များကို အခန်း ၂ခန်း တွင် ပုံစံ ၂၆ ခုဖြင့် ဆွေး နွေးတင်ပြထားပါ သည်။ [10]

တရားဝင်မှု

အချို့သောပညာရှင် များသည် ဤဟဒီစ်တော်များသည် တိကျသေချာပြီး မှန်ကန်ကြောင်း [11] ရှီအဟ် နှင့်စွန်နီ တွင် တစ်ညီ တစ်ညွတ် တည်းလာရှိ ပြီး [12] [13] နှင့် မိုသဝါ‌သေရ် [14] ဖြစ်သည်ဟု ယုံကြည် ကြပါသည်။ ဤဟဒီးစ်တော်များ၏ အချို့ ဟဒီးစ်တော်များ ၏ စာသားများသည် ယုံကြည်ကိုးစားမှု အမြင့် ဆုံး အဆင့် ဖြစ်ပြီး ၎င်းတို့၏ မိုသဝါသရ် နှင့် မှန်ကန်မှု ရှီအဟ် နှင့် စွန်နီ ဟဒီးစ် ပါရဂူများ မှလက်ခံထား ပါသည်။[15] ထို့အပြင်ဤဟဒီးစ်တော် ၏ ရာဝီများ နှင့် စနဒ်(ကွင်းဆက်) သည်လည်း ကန့်ကွက် စရာမရှိ ချေ။ [16]

အစ်ဗ်နေအဘီ အလ်ဟဒီးဒ် သည် ဟဒီးစ်တော် ၏ စနဒ် အား မှန်ကန်ပြီး တိကျသေချာကြောင်း လက်ခံ ထား ပါ သည်။[17] ဤသို့ဖြစ် "علی مع الحق" ခေါင်းစဥ် နှင့် ရီဝါယသ်တော်များ သည် ဆေဟာဟ်စသဟ်ကျမ်း အချို့ [18] နှင့် အခြား စွန်နီ ကျမ်း များ တွင် လာရှိပါသည်။ နေရာပေါင်း ၁၃၀ခန့် တွင် လာ ရှိကြောင်း ရေတွက် နိုင်ပါသည်။ [19]

အစ်ဗ်နေသိုင်းမီးယဟ် ၏ ပြောကြားချက်

အစ်ဗ်နေသိုင်းမီးယဟ် သည် မိမိ၏ စာအုပ် မင်န်ဟာဂျွတ်စ်စွန္နဟ် တွင် ဤဟဒီးစ်တော် အား မည်သူကမျှ တမန်တော်မြတ် (ဆွ) ထံ မှ ဆင့်ပြန်ထား ခြင်း မဟုတ်ကြောင်း ယုတ်စွ အနည်းသည့် စနဒ် များ ဖြင့်ပင် ဆင့်ပြန်ထားခြင်း မရှိဟု ရေးသားထားပါသည်။ ပြီးနောက် ၎င်းအနေဖြင့် အလာမဟ် ဟစ်လ်လီ အား ဤဟဒီးစ်တော် အား ဆင့်ပြန် သည့် အတွက် ပြစ်တင် ရှုတ်ချပြီး လူလိမ် ဟု ဆိုထားပါသည်။ [20] အစ်ဗ်နေသိုင်းမီးယဟ် အား တုံ့ပြန် အဖြေပေး ရာတွင် ရှီအဟ် သုတေသီ ပညာရှင်များသည် ဤ ကိစ္စနှင့် ပတ်သက်၍ တမန်တော်မြတ်(ဆွ)၏ သာဝကတော် ၏ ဟဒီးစ်တော်များကို ညွှန်းပြ ခဲ့ပါ သည်။ [21] ထို့အပြင် အလာမဟ် အမီနီ သည် မိမိ ၏ ကျမ်း အလ်ဂဒီးရ် တွင် အစ်ဗ်နေသိုင်းမီးယဟ် ၏ ရေးသား ချက်များ ကို ကိုးကားပြီးနောက် စွန်နီအာလင်မ် အကြီးအကဲများ ထံ ရီဝါယသ် အများအပြားကို တင်ပြ ချက်များ နှင့် ၎င်းအာလင်မ်ကြီးများ ၏ စိတ်ချရသည့် တရားဝင် ကျမ်း များ မှ ဆင့်ပြန် တင်ပြထားပါသည်။ [22]

ရာဝီများ (ဟဒီးစ်တော်အားဆင့်ပြန်ထားသူများ)

"علی مع الحق" ဟဒီးစ်တော် အား အေမာမ် အလီ (အ.စ) နှင့် အခြား ဆွဟာဗဟ် ၂၃ ပါးထံ မှဆင့်ပြန် လာရှိ ထားပါသည်။[24] ၎င်းတို့အနက် ပထမခလီဖဟ် [24] စအ်ဒ်ဘင်န် အေဗါဒဟ်[25] အဘူဇဲရ်ဂဖါရီ [26] မစ်က်ဒါဒ် [27] စလ်မန် ဖွာရစီ [28] အမါရ် ယာစေရ် [29] အဘူမူစာ အရှ်အရီ [30] အဘူအိုက်ယူဘ် အန်ဆွာရီ [31] ] စအ်ဒ် ဘင်န် အဘီ ဝကါစ် [32] အဗ်ဒိုလ္လာဟ် ဘင်န် အဘာစ် [33] ဂျာဘေရ်ဘင်န် အဗ်ဒိုလ္လာဟ် အန်ဆွာရီ [34] နှင့် ဟိုဇိုက်ဖွဟ် ဘင်န် ယမာနီ [35] အာအေရှဟ် [36] နှင့် အွန်မေစလ်မဟ် [37]တို့ ဖြစ်ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဟဒီးစ် တော်တွင် အေမာမ် ဆွာဒစ်က် (အ.စ) သည် မိမိ ၏ဘိုးဘေးများထံမှ တဆင့် ဤဟဒီးစ်တော်အား ဆင့်ပြန် မိန့်ကြားတော် မူခဲ့ပါ သည်။ [38]

ဆန္ဒပြခဲ့မှုများ

အေမာမ်အလီ (အ.စ)ရောင်ဇာတော် တံခါးတွင် ရေးဆွဲထားသည့် အလီယွန် မအလ်ဟက် ဟဒီးစ်တော်

ဟဇရသ် အလီ (အ.စ) နှင့် အခြားသော ဆွဟာဗဟ် များသည် "علی مع الحق" ဟဒီးစ်တော် ဖြင့် နေရာများ အခြေအနေများ အသီးသီး တွင် ဆန္ဒပြမှု ကိုထုတ်ဖော်ခဲ့ကြပါသည်။

*ခြောက်ဦးကောင်စီ ။ ။ ဟဇရသ် အလီ (အ.စ) သည် ခလီဖဟ်နေရာကို ကိုဆုံးဖြတ်ရန် ဒုတိယ ခလီဖဟ် ကွယ်လွန်ပြီးနောက် ဖွဲ့စည်းခဲ့သော ခြောက်ဦး ကောင်စီတွင် ဤဟဒီးသ်တော်အား ကိုးကား၍ ခလီဖဟ် ၏ ထိုက်တန်မှု နှင့် မိမိ သာလွန်မြင့်မြတ် မှုကို သက်သေပြရန် ကောင်စီအဖွဲ့ဝင်များအားတင်ပြပြီး သက်သေခံရန် ၎င်းတို့အားတောင်းဆိုခဲ့ပါသည်။ ၎င်းတို့မှလည်း ဟဇရသ် အလီ (အ.စ) ၏တောင်းဆိုမှုကိုအတည်ပြု ခဲ့ ကြပါ သည်။[39] *ဂျမလ်စစ်ပွဲ ။ ။မိုဟမ္မဒ် ဘင်န် အဘဇီဘကဲရ် [40] အဗ်ဒိုလ္လာဟ်ဘင်န် ဘဒီးလ် နှင့် ၎င်း၏ အစ်ကို မိုဟမ္မဒ် [41] သည် ဂျမလ် တိုက်ပွဲအပြီးတွင် ဟဇရသ် အာယေရှဟ်ထံ သို့သွားရောက် ၍ အမှန်တရား နှင့် အေမာမ် အလီ (အ.စ) နှင့် အမြဲရှိနေသည်ဆိုသည့် ဟဒီးစ်တော် တင်ပြ၍ မေးမြန်းခဲ့ ကြပါသည်။ ဟဇရသ် အာယေရှဟ် သည် နဲဟ်ရဝန် စစ်ပွဲ အပြီး ဟဇရသ် အလီ (အ.စ) ၏ လုပ်ရပ်မှန်ကြောင်းဤဟဒီးစ်တော်အား ကိုးကား၍ သက်သေထွက်ခဲ့ပါသည်။[42]

*ဆစ်ဖိုင်းန်စစ်ပွဲ ။ ။ ဆစ်ဖိုင်းန် တိုက်ပွဲတွင် တမန်တော်မြတ် (ဆွ) ၏ ဆွဟာဗဟ်တော် အဘူ အယွတ်ဗ် အန်ဆာရီ သည် အေမာမ် အလီ (အ.စ) ၏ ရန်သူများ ရှေ့ တွင် ဟဇရသ် အမာရ်ယာစေရ် သည် အေမာမ် အလီ (အ.စ) နှင့် အတူ ရှိနေပြီး ဟဇရသ် အလီ (အ.စ) သည် ဟက်(ခ) အမှန်တရား နှင့် အမြဲ အတူရှိ ကြောင်း ကိုယ်တော် မြတ်(ဆွ) နှုတ်တော်မွန်လာ ဟဒီးစ် (ဤဟဒီးစ်တော်) အကိုး အကာပြု၍ သက်သေထူခဲ့ ပါသည်။[43]

အဲဟ်မဒ် ဘင်န် ဟန်ဘဲလ် [45] အစ်ဗ်နေ အဘီ လ်ဟဒီးဒ် [46] အစ်ဗ်နေ ‌ဂျောင်ဇီ [47] နှင့် စစ်ဗ်သွေဘင်န် ဂျောင်ဇီ [48] ကဲ့သို့ အဲဟ်လေ့စွန္နသ် အာလင်မ်များကြားတွင် ဤ ဟဒီးစ်တော် အား ကိုးကား၍ ဟဇရသ် အလီ (အ.စ) ၏ ကြီးကျယ်မြင့်မြတ်မှု ၎င်း၏လုပ်ရပ် မှန်ကန် ကြောင်း သက်သေထူခဲ့ကြပါသည်။

သုံးသပ်တင်ပြချက်များ

မွတ်စ်လင်မ် ပညာရှင် များသည် "علی مع الحق" ဟဒီးစ်တော် နှင့် ပတ်သက်ပြီး သုံးသပ် တင်ပြချက်များ ကိုတင်ပြ ထားပါသည်။

ဟဇရသ်အလီ (အ.စ) သည် အမှန် နှင့်အမှား အတွက် စံမှတ်ကျောက် ဖြစ်ပါသည်။

အေမာမ် အလီ (အ.စ) ကို အမှန်တရား ၏မရှိမဖြစ် တွဲဖက်၊ အမှန်တရားကို မြင်သူ၊ အမှန်တရားပြောသူနှင့် အမှန်တရားနှင့် အမှားကို ပိုင်းခြားရန် စံမှတ်ကျောက် သတ်မှတ်ချက်အဖြစ် မိတ်ဆက်ပေးထားပါသည်။ [50] ဤဟဒီးစ်များတော် အရ အချို့ပညာရှင်များက အေမာမ်အလီ (အ.စ) အား ဆန့်ကျင်သူများကို လမ်းလွဲမှားပြီး အမှန်တရားမှ ထွက်သွားသူများ ဟု ခေါ်ဝေါ်ကြပါသည်။ [51] အချို့သောပညာရှင်များသည် ဤဟဒီးစ်တော် များ ကို ကိုးကား၍ နာဂျီယဟ် ဂိုဏ်း (ဂျန္နသ်သီ ဂုဏ်း ) သည် အေမာမ် အလီ (အ.စ) ၏ နောက်လိုက်များ ဟုသာ မှတ်ယူကြပါသည်။ [52] စွန်နီ သဖ်စီးရ်ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် ဖခ်ရ်ရေ ရာဇီ အနေဖြင့် ဤဟဒီးစ်တော် အား ကိုးကားပြီး မည်သူမဆို မိမိ၏ သာသနာ့ ၌ ဟဇရသ် အလီ (အ.စ) နောက် လိုက်မည် ဆိုလျှင် လမ်းမှန်ကို ရရှိသူ လျှောက်နေသူဖြစ်ကြောင်းခံယူထားပါသည်။ [53] ဤ ဟဒီးစ်တော် (ခ)ရီဝါယသ်တော် ၏ အဆက်အစပ်အရ တမန်တော်မြတ်(ဆွ)သည် ဟဇရသ် အမာရ်ယာစေရ် အား မိန့်ကြား တော်မူ သည်။ အကယ်၍ လူသားအားလုံးတို့သည် လမ်းကြောင်းတစ်ခုသို့သွား၍ အေမာမ် အလီ (အ.စ) သည် အခြားလမ်းကြောင်းသို့လျှောက်မည်ဆိုလျှင် သင်တို့သည် အလီ (အ.စ) ၏ လမ်းကြောင်းသို့ သွားကြပါလေ။ (အကြောင်းမှာ) အလီ(အ.စ) ၏ လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပါလိမ့်မည်။ [54]

အေမာမ်မသ် နှင့် အေမာမ်အလီ (အ.စ) ကိုယ်တော်မြတ်(ဆွ)ပြီးလျှင် ချက်ခြင်းကိုယ်တော်၏ အရိုက်အရာ ကိုဆက်ခံသူ ဖြစ်ကြောင်း

ရှီအဟ်ပညာရှင်များသည် အေမာမ် အလီ (အ.စ) သည် အမှန်တရား နှင့် အတူအမြဲရှိနေသည်ဆိုသည့် ဟဒီးစ် တော်များမှ ရလာဒ်များ မှာ အေမာမ် အလီ(အ.စ) အခြားဆွဟာဗဟ် များ ထက် ဘက်စုံ သာလွန် မြင့်မြတ်ကြောင်း ပမာအားဖြင့် အေမာမ်မသ်တွင် ဘက်စုံမှ တိုက်တန်သူဖြစ်ကြောင်းခေါင်းဆောင်မှု နှင့် ကိုယ်တော်မြတ်(ဆွ) ပြီးလျှင် ချက်ခြင်းကိုယ်တော်၏ အရိုက်အရာ ကိုဆက်ခံထိုက်သူဖြစ်ကြောင်း ဖြစ်သည် ဟု ယုံကြည်ကြပါသည်။ [55] အကယ်၍ ဟဇရသ် အလီ (အ.စ) သည် ပညာ ၊ စာရိတ္တ ကိုယ်ကျင့်တရား နှင့် နိုင်ငံရေးဆိုင်ရာတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အမြင့်ဆုံးအဆင့် မရှိခဲ့ပါက တမန်တော်မြတ် (ဆွ) ၏ ဤဟဒီးစ် တော် တွင် အေမာမ် အလီ (အ.စ) အမည်နှင့် မိန့်ဆိုထားမည် မဟုတ်ကြောင်းသိရှိရပါသည်။[56]

အလာမဟ် မဂျ်လေစီ ၏ အဆိုအရ မိုအ်သဇေလဟ် မဇ်ဟဗ် သည် လည်း ဤရီဝါယသ်တော်များ ကို ကိုးကား ၍ အခြားသော ဆွဟာဗဟ် များထက် အေမာမ် အလီ (အ.စ) သာလွန် မြင့်မြတ် ကြောင်း ကိုလည်း လက်ခံ ယုံကြည်ကြပါသည် ။ [57]

အေမာမ် အလီ (အ.စ) ၏ အပြစ်ကင်းမှု

ရှိက်ခ် မိုဖီးဒ် သက်ဝင်ယုံကြည် သည် မှာ တမန်တော်မြတ် (ဆွ) ဘက်မှ အေမာမ်အလီ (အ.စ) အား ပြီးပြည့်စုံသည့် အရည်အသွး အရည်အချင်းများ ၏ ပိုင်ရှင် အဖြစ် သတ်မှတ် မိန့်ကြားတော်မူခြင်းသည် ဟဇရသ် အလီ (အ.စ) အလ္လာဟ်၏ အဲဟ်ကာမ်များတွင် မှားယွင်းမှု [58] လွဲချော်မှု [59] ကို ပြုလုပ်မည်သူ မဟုတ် ကြောင်း အာမခံထား ခြင်းဖြစ်သည်ဟု ဖြစ်ပါသည်။အချို့သော အာလင်မ်ပညာရှင်များ အနေဖြင့် ဤဟဒီးစ်တော် တွင် မည်သည့် စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်မှမရှိသည့် အတွက်ကြောင့် အလီ(အ.စ) နှင့် အမှန်တရား သည် တစ်ခုနှင့် တစ်ခု မရှိမဖြစ်ဟု သတ်မှတ် ကြပါသည်။ [60] အေမာမ် အလီ (အ.စ) ၏အပြစ်ကင်းကြောင်း အတွက်သက်သေ အထောက်အထားများ မှ တစ်ခုမှာ [61] အေမာမ် အလီ (အ.စ) ၏ ဘဝ ၊ စာရိတ္တ ကိုယ်ကျင့်တရား [62] ပညာရေး၊ လက်တွေ့၊ ရှရီအသ် ဆိုင်ရာ ၊ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် ကျင့်ဝတ်ဆိုင်ရာ နယ်ပယ်အားလုံး [63] သည် တစ်ခုဖြစ်ပါသည်။ ဤအတွက်ကြောင့် ပညာရှင်များ အနေဖြင့် အေမာမ် အလီ (အ.စ) ဘက်မှ မည်သည့်အမှားနှင့် အပြစ်ကျူးလွန်မှု မျှ ပြုရန် မဖြစ်နိုင်ဟု ယူဆကြပါသည်။ [64] အဘယ်ကြောင့်ဆိုသော် အပြစ်တစ်ခု သို့မဟုတ် အမှားတစ်ခုကိုပင် ကျူးလွန်ခြင်းဖြင့် ဟက်(အမှန်တရား) နှင့် အေမာမ် အလီ (အ.စ) ၏ အမြဲတမ်းအတူရှိနေမှု သည် ဖျက်စီး သွားပြီး တမန်တော်မြတ်(ဆွ) ၏ ဟဒီးစ် တော်များ ၏ ဆိုလိုချက် အဓိပ္ပါယ်တွင် အပြစ်အနာအဆာ ရှိလာမည် ဖြစ်ပါသည်။ [65]

အေမာမ် အလီ (အ.စ) ၏ အမိန့် ကို နာခံရန် တာဝန် နှင့် အေမာမ် (အ.စ) အားရန်ငြိုးဖွဲ့ခြင်းကို တားမြစ်ခြင်း

ဤဟဒီးစ်တော် ၏ သက်သေ အထောက်အထားများ အရ မွတ်စလင်မ်များ အားလုံး အတွက် မည်သည့် အငြင်းအခုံ ဆင်ခြေဆင်လက် ပေးစရာမလိုဘဲ အေမာမ် အလီ (အ.စ) ၏ အမိန့်တော်ကို နာခံရန် ဝါဂျစ်ဗ် မပြုမနေရ ဖြစ်ပါသည်။ (တာဝန်ရှိပါသည်။) [66] အချို့ ပညာရှင်များ က ဤဟဒီးစ်တော်များသည် အေမာမ် အလီ (အ.စ) ၏ အသာလွန်ဆုံး သီလသမာဓိ ၊ ဂုဏ်သိက္ခာ နှင့် ကြီးမြတ် မှုတို့ကို သက်သေပြနေကြောင်း ယင်းဟဒီးစ်တော် များမှ နားလည်နိုင်မှုအနည်းဆုံးမှာ မောင်လာအလီ (အ.စ) နှင့် စစ်ဖြစ်ခြင်း မောင်လာအလီ (အ.စ) အပေါ် လအ်နသ်ပို့ခြင်း (ကျိန်ဆဲခြင်း ) နှင့် ရန်ငြိုးဖွဲ့ကြောင်း ကြေညာခြင်းဖြစ်တို့အား တားမြစ် ထား သည်ဟု ဖြစ်ကြောင်း ယုံကြည်ကြပါ သည်။ [67]

ဒုတိယခလီဖဟ် အတွက် ဤကဲ့သို့ ဟဒီးစ် တော်များ ပြုလုပ်ခြင်း

စွန်နီပညာရှင် အချို့ မှ တမန်တော်မြတ်မုဟမ္မဒ် (ဆွ) သည် ဤဟဒီးစ်တော် နှင့် ဆင်သည့် ဟဒီးစ်တော် တစ်ခု သည် ဟဒီးစ်တော် တစ်ခုသည်အိုမရ်ဘင်န်ခသွာဗ် (ဒုတိယခလီဖဟ်) အတွက် လာရှိကြောင်း ဟဒီးစ်အတုကို ပြုလုပ် ကြိုပမ်းထားကြပါသည်။ထိုဟဒီးစ် အတု အရ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် ဒုတိယခလီဖဟ် အတွက် ရဟ်မသ် တော်ရရှိရန် ဒိုအာတောင်းပေးကြောင်း ပြီးနောက် ယုတ်စွအမှန်တရား မှ အိုမရ်ကို ရှောင် သွားသည် ဖြစ်နေပါစေ အိုမရ် သည် အမှန်တရားပြောသူဖြစ်ကြောင်း တမန်တော် မြတ် (ဆွ) မှမိန့်တော်မူ ထားကြောင်းဖြစ်ပါသည်။ [68]

ဤကိစ္စနှင့်စပ်လျဉ်း၍ အချို့သော သုတေသီများသည် "علی مع الحق" ဟဒီးစ်တော် သည် စနဒ် နှင့် အကြောင်း အရာ အရ ငြင်းမရ သို့မဟုတ် အားနည်းကြောင်း မပြုလုပ် နိုင်ကြသည့် အတွက် အေမာမ် အလီ (အ.စ) ၏ ရန်သူ များ အနေဖြင့် အေမာမ် (အ.စ) နှင့် တန်းတူ အေမာမ် (အ.စ)၏ကြီးကျယ်မြင့်မြတ် မှုများ ကိုတိုက်ခိုက်ရန် အခြားဆွဟာဗဟ် များ ၏ ကြီးကျယ်မြင့်မြတ်မှုများကို အတု ပြုလုပ်ကြသည် ဖြစ်ကြောင်း ယုံကြည်ထား ကြပါသည်။ ဤသို့ဖြစ် အေမာမ် အလီ (အ.စ) တစ်ပါးတည်း အတွက်သီးသန့် မဟုတ်ဘဲ အေမာမ် (အ.စ) ထက်အရင်ခလီဖဟ်များလည်း အေမာမ် အလီ (အ.စ) ကဲ့သို့ ဖြစ်ကြောင်း သက်သေထူ နိုင်ရန် အတွက်ဖြစ်ပါသည်။[69]

ဆက်စပ်နေသည့် ဆောင်းပါးများ

  • ဟဒီးစ် စေမန်ဇေဇလသ်
  • ဟဒီးစ်စေယောင်းမွတ်ဒ်ဒါရ်
  • ဟဒီးစ်စေစကလိုင်း(န)
  • ဟဒီးစ်စေ ဗေဆွာယသ်
  • ဟဒီးစ်စေ ဂဒီးရ်
  • ဟဒီးစ်စေ ခါဆဖွန်န်နအ်လ်

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ