သားသမီးကို ပြုစု ပျိုထောင်ခြင်း
သားသမီးကို ပြုစု ပျိုထောင်ခြင်း (အရဘီ : تربية الأبناء ) ၊ သို့မဟုတ် မိဘအုပ်ထိန်းခြင်းဆိုသည်မှာ ကလေးတစ်ဦး၏ ကြီးထွားမှုအတွက် အခြေခံကောင်းများ ဖန်တီးပေးခြင်းဖြစ်ပြီး ဘာသာရေး နှင့် လောကီ ရေး စာရိတ္တကောင်းများ ပိုင်ဆိုင်သူ ဖြစ်စေရန်အတွက် ဖြစ်သည်။အစ္စလာမ့် ရီဝါယသ် တော် များတွင် သားသမီးကို ပြုစု ပျိုထောင်ခြင်း အလွန်အရေးကြီးပါသည်။ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဟဒီးစ်တော် များ တွင် သားသမီးကို ပြုစု ပျိုထောင်ခြင်းကို ကာလ သုံးပိုင်း ပြဆိုထားပါတယ်။ ကာလ တစ်ခုတိုင်း ၇ နှစ် ကြာမြင့်ပါသည်။ ကာလ သုံးပိုင်းဟာ ကလေးမွေးဖွားချိန် မှာ ၎င်းအသက် ၂၁ နှစ်ရောက်သည့် အထိ ဖြစ်ပါ သည်။ ကာလ တိုင်း အတွက် အထူးစည်းမျဥ်းစည်းကမ်း နှင့် ဓလေ့များ လာရှိပါသည်။
ပြစ်ဒဏ်ပေးခြင်း နှင့် စော်ကားခြင်းများကို ရှောင်ကြဉ်ခြင်း၊ မိမိကိုယ်ကို လေးစားမှုပေးခြင်း၊ ထိန်းညှိခြင်းနှင့် တရားမျှတခြင်း တို့ကို ရှုမှတ်ခြင်းသည် ဟဒီးစ်တော် ကျမ်းများတွင် ဖော်ပြထားသော သားသမီးကို ပြုစု ပျိုထောင်ခြင်း ၏ အခြေခံမူ အချို့ဖြစ်ပါသည်။ ထို့အပြင် ကြီးထွားဖွံ့ဖြိုး မှုအဆင့်များကို အာရုံစိုက်ခြင်း၊ ကလေးများကို ပညာပေးခြင်း၊ နို့တိုက်ခြင်း အခြေအနေများ၊ ကလေးများကို ချစ်မြတ်နိုးပြီး အိမ်ထောင် ဖက်ရွေးချယ်ရာတွင် ဂရုတစိုက်ထားရှိခြင်းစသည့် အရာများသည် သားသမီးကို ပြုစု ပျိုထောင်ခြင်း ဖြစ်ပြီး ဟဒီးစ်တော်များတွင် အကြိမ်ကြိမ် လာရှိသည့် အကြောင်းအရာများဖြစ်ပါသည်။ အစ္စလာမ့်သွန်သင်ချက်များ အရ မိဘများ၏ အပြု အမူများအပြင် သားသမီးကို ပြုစုပျိုးထောင်ရာတွင် မျိုးရိုးလိုက်သော လက္ခဏာများ လည်း ပါဝင် ပါသည်။
သားသမီးကို ပြုစု ပျိုထောင် ရေး ကို အစ္စလာမ့်တွေးခေါ်ရှင်များက ထည့်သွင်းစဉ်းစားထားပါသည်။ ဟကီးမ် နှင့် မိုသကလင်းမ် ဖြစ်သည့် ရှီအဟ် သာသနာ့ပညာရှင် တစ်ပါး ဖြစ်သည့် ခွာဂျဟ် နဆီရွတ်ဒ်ဒီးန် သူစီ သည် သားသမီးကို ပြုစု ပျိုထောင်ခြင်း နည်းလမ်း များ မှာ ကလေး ၏ သဘောသဘာဝ နှင့် အရည်အချင်းများကို ရှာဖွေတွေ့ရှိခြင်း၊ ပညာကို ကျွမ်းကျင် ပိုင်နိုင်ရန် အမြဲတစေ ထပ်တလဲလဲသတိပေးခြင်း၊ ဘာသာရေး တာဝန်များကို ငြင်းပယ် သည့် အခါ ၊ ရုပ်ဆိုးသော အကျင့်ကို ကျင့်သည့်အခါ ၊ သူတစ်ပါးကို ထိခိုက် နစ်နာစေသည့် အခါ နှင့် အခက်အခဲများကို အကျင့် ဖြစ်စေသည့်အခါ ရှုတ်ချပြစ်တင်ခြင်း ကို ရည်ညွှန်း ပြခဲ့ပါ သည်။ အစ်ဗ်နေစီနာ သည် ကလေးတစ်ဦးစီအား ၎င်းတို့၏ အထူးပင်ကိုယ်စွမ်းရည်အရ ပြုစု ပျိုးထောင်ရ မည်ဖြစ်ပြီး ကလေး တိုင်းကို မည်သည့်နည်းဖြင့်မျှ တန်းတူရည်တူ သတ်မှတ်သင့်သည် မဟုတ် ကြောင်း လည်း အလေးပေးဖော်ပြပါသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သဘာဝတရား၏ ခြားနားချက်များကို လျစ်လျူရှုခြင်းဖြစ်ပြီး နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ဦးတည်စေမည့် အကြောင်းဖြစ် ပါသည်။
အဆင့်အတန်း နှင့် အရေးပါမှု
ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်းသည် ကလေးတစ်ဦး၏ အခြေခံအခွင့်အရေးများထဲမှ တစ်ခုဟု မှတ်ထားပါသည်။[၁] တွေးခေါ်ရှင်များ၏ ရှုထောင့်မှကြည့်လျှင် ယင်းသည် ကလေး၏ ပင်ကိုယ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါ်ထွန်းလာရေးအတွက် ဆက်စပ်မှုတစ်ခု ဖန်တီးခြင်းကို ဆိုလိုပါသည်။[၂] ၎င်းတို့အဆိုအရ ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်း၏ ဘာသာရေးနှင့် လောကီ အကျိုးစီးပွားအတွက် ကလေး၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အတိုင်းအတာများ တိုးတက် စေရန် ဖြစ်ပါ သည်။[၃]
အစ္စလာမ့် ဟဒီးစ်တော် များတွင် သားသမီးကို ပြုစု ပျိုထောင် ရေးသည် အလွန်အရေးကြီးပါသည်။[၄] အစ္စလာမ့် ရီဝါယသ်တော်များ(ခ) ဟဒီးစ်တော် များ အရ မိဘများသည် သားသမီးကို ပြုစု ပျိုထောင် ရန် တာဝန်ရှိပါသည်။[၅] အေမာမ် အလီ (အ.စ.) သည် စူရဟ် သဲဟ်ရီးမ် ၏ အာယသ်တော် အမှတ် ၆ ၏ ရှင်းလင်းချက်တွင် သားသမီးကို ပြုစု ပျိုထောင်ခြင်း သည် မိုအ်မင်များ၏ တာဝန် ဝတ္တရာ များမှ ဖြစ်ကြောင်း သားသမီးကို ပြုစု ပျိုထောင်ခြင်း ဖြင့် (မိမိသားသမီးကို (ဂျဟန္နမ်) မီးဘေးမှ ကယ်တင်ရန် ဖြစ် ကြောင်း ဖြစ်ပါသည်။[၆] ရှီအဟ် ကျမ်းကိုးများ တွင် မိဘများက သားသမီးများ ဖြစ်တည်မှု၏ အကြောင်းရင်းဟု ယူဆကြသကဲ့သို့ မိဘများကို လေ့ကျင့်သင်ကြားပေးခြင်းသည် သားသမီးများ ၏စရိုက်ကို အာမခံချက်ပေးသည်ဟုလည်း ဆိုထားပါသည်။[၇]
အေမာမ် စဂျာဒ် (အ.စ) ၏ ရေစာလေ ဟူကူးက် တွင် မိဘ နှစ်ပါး မှ သားသမီး အပေါ် ထမ်းဆောင်ရမည့် တာဝန် ဝတ္တရာများဆိုပြီး ကဏ္ဍ တစ်ခု အဖြစ် ဖော်ပြထားပါသည်။ မိဘ များ အ နေဖြင့် မိမိတို့၏ သားသမီး များ အား မိမိတို့၏ အပြောအဆို အပြုအမူများအပြင် ပညာရေးဖြင့် မိမိတို့၏ သားသမီး ပြုစုပျိုထောင်ရေး ကို ပြုလုပ် ရမည် ဖြစ်ပါသည်။ ကလေးများ၏ အနာဂတ်နှင့် ကောင်းမှု နှင့် မကောင်းမှုသည် မိဘအုပ်ထိန်းမှု ၏ သဘောသဘာဝပေါ်တွင် မူတည်ပါသည်။[၈]
အေမာမ် စဂျာဒ် (အ.စ) ၏ ရေစာလေ ဟူကူးက် တွင် သားသမီးများ နှင့် ပတ်သက်၍ ထမ်းဆောင်ရမည့် တာဝန် ဝတ္တရာများ မှ ကောက် နုတ်ချက်
« သင့်ကလေး၏အခွင့်အရေးမှာ လောက၌ သူ့အကောင်းနှင့်အဆိုး အားလုံးကို သင်ပိုင်ဆိုင်ကြောင်း သိရန် ဖြစ် ပြီး ၎င်းမှာ သင့်တာဝန်ဖြစ်သည်။ ဆိုလိုသည်မှာ သားသမီးများကို ကောင်းစွာ ပညာပေး လမ်းညွှန်ရန်မှာ သင့်တွင် တာဝန်ရှိ သည် မှာ သံသယမရှိချေ။ အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ် ဘက် သို့ လမ်းညွှန် ပေးရန် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့် ကို နာခံရန် ကူညီပေးရန် သင်၏ တာဝန်ဝတ္တရာ ဖြစ်ပါသည်။ ဤအတွက် ကြောင့် သင်၏ သားသမီးများ နှင့်ပတ်သက်၍ အကြင်မည်သူ မဆို ကောင်းတာလုပ်ရင် ဆဝါးဗ် ရရှိမည် ဖြစ်ပြီး မကောင်းတာလုပ်ရင် အပြစ်ပေးခံရမယ်ဆိုတာ သိသည့် သူတစ်ယောက်လို ပြုမူရမည် ဖြစ်ပါ သည်။ »
ရှိက် ဆူဒူက် ၊ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ အတွဲ ၂ ။ စာမျက်နှာ ၆၂၂
သားသမီး ပြုစုပျိုးထောင်ခြင်းဆိုင်ရာ ဟဒီးစ်တော် များတွင် အပြောအများဆုံး အကြောင်းအရာများ
အူဆူလေ ကာဖီး ကျမ်း တွင် သားသမီး ပြုစုပျိုးထောင်ခြင်းဆိုင်ရာ အကြောင်းအရာအရေအတွက်ကို သုတေသီ အချို့က ဆန်းစစ်ခြင်းဖြင့် ဤအရာများကို အသုံးအများဆုံးအကြောင်းအရာ ဆယ်ခုအဖြစ် ရေတွက်ခဲ့ကြပါ သည်။
ကြီးထွားမှုအဆင့်အမျိုးမျိုး၊ သားသမီး များ၏ပညာရေး၊ နို့တိုက်ကျွေးမှုအခြေအနေ၊ သားသမီး အပေါ် ချစ်မြတ် နိုးမှု၊ အိမ်ထောင်ဖက်ရွေးချယ်ရာတွင် ဂရုတစိုက်ရှိမှု၊ သားသမီးကောင်းများရရှိရေး၊ မှန်ကန်သော သားသမီးများ၏ ပြုစုပျိုးထောင်မှု၊ ကောင်းမွန်သောဓလေ့ထုံးတမ်းများ၊ သားသမီးပြုစု ပျိုထောင် မှု တွင် စည်းကမ်း ရှိစေခြင်း နှင့် သတိပေးခြင်း ၏ သက်ရောက်မှု၊ သားသမီး များ အတွက် နာမည်ကောင်းပေးမှု တို့ ဖြစ်ပါ သည်။[၉] ထို့အပြင် ဟဒီးစ်တော် များကိုအခြေခံ၍ သားသမီး ပြုစုပျိုးထောင်ခြင်းအဆင့်များကို အမျိုးအစားသုံးမျိုးခွဲ၍ မွေးကင်းစ၊ မွေးပြီးနောက်နှင့် ကလေးဘဝနောက်ပိုင်းတွင် သားသမီး ပြုစုပျိုးထောင်ခြင်း ဆိုင်ရာ ဟဒီးစ်တော် များကြားတွင် အဖြစ်များဆုံးအကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည်ဟု ယုံကြည်ကြ ပါသည်။
- မမွေးမီအဆင့် - အိမ်ထောင်ဖက်ရွေးချယ်ရာတွင် ဂရုတစိုက် ရွေးချယ်ခြင်း
- မွေးပြီးသည့်အဆင့် - မိခင်နို့တိုက်ကျွေးခြင်း သို့မဟုတ် နို့တိုက်မိခင်၏ အခြေအနေများကို အာရုံစိုက်ခြင်း အပြင် မှန်ကန်သောအမည်ပေးခြင်း
- ကလေးဘဝပြီးနောက် အဆင့် - ကလေးကို ဆုံးမပဲ့ပြင်ခြင်းနှင့် အပြစ်ပေးခြင်း၊ ကလေး၏လိင်ပိုင်းဆိုင်ရာ ပညာပေးခြင်း၊ ကလေးများ၏ရှေ့မှောက်တွင် ကတိတည်ခြင်းစသည့် ကလေးများကို ပြုစုပျိုး ထောင်ခြင်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း တို့ ဖြစ်ပါသည်။[၁၀]
ဟဒီးစ်တော်များ လာ သားသမီး များကို ပြုစုပျိုးထောင်ခြင်း၏ အချို့ အချက်များ
ရှီအဟ် အေမာမ် များ(အ.စ) ထံမှ လက်ခံရရှိသော ဟဒီးစ်တော် များတွင် သားသမီးများ ကို ပြုစုပျိုးထောင်ရာတွင် ထိရောက်မှုရှိသော အကြံပြုချက်အချို့ကို တွေ့ရှိနိုင်ပါသည်။ သတိ ပေးခြင်း[၁၁] မစော်ကားခြင်း၊ [၁၂]လေးစားမှုပေးခြင်း၊ [၁၃]ပညာရေးတွင် ထိန်းညှိပေးခြင်း၊[၁၄] တရားမျှတမှုကို စောင့်ထိန်းခြင်း၊[၁၅] ကတိများကို စောင့်ရှောက်ခြင်း၊[၁၆]ငယ်ရွယ်စဉ်တွင် ပညာသင်ကြားခြင်း[၁၇]နှင့် ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ သင်ကြားပေးခြင်း[၁၈] တို့ ဖြစ်ပါသည်။
အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ပြုစု ပျိုထောင် ရေး ဆိုင်ရာနည်းလမ်းများ
အချို့သောသုတေသီများသည် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ပြုစု ပျိုထောင် ရေး ဆိုင်ရာနည်းလမ်းများကို အမျိုး အစားသုံးမျိုးခွဲထားပါ သည်။
*တိကျသေချာသောနည်းလမ်းများ - ကြင်နာမှု၊ အကြံပေးမှု၊ လေးစားဖွယ်ကောင်းသော ကိုယ်ရည် ကိုယ်သွေး များ ကို လေးစားမှု၊ ခွဲခြားဆက်ဆံခြင်း မှ ရှောင်ကြဉ်ခြင်း *ဖြောင့်မတ်တည်းမတ် ပေးသည့် နည်းလမ်းများ - ခွင့်လွှတ်ခြင်း၊ လျစ်လျူရှုခြင်း၊ အားပေးခြင်း၊ သင့်လျော်သောပြစ်ဒဏ်ပေးခြင်း၊ ကစားခြင်း၊ ဘာသာရေးအခမ်းအနားများတွင် ပါဝင်ခြင်း *မထင်မှတ်သောနည်းလမ်းများ - လျှို့ဝှက် ဆုံးမခြင်း ၊ ပြိုင်ပွဲများကျင်းပခြင်းနှင့် သားသမီးများ အတွက် အချို့ တာဝန်ခံ တာဝန်ယူ မှုကို ပေးအပ်ခြင်း[၁၉]
သားသမီး ပြုစုပျိုးထောင်ရာတွင် ကာလသုံးပိုင်း
ရှီအဟ် ဟဒီးစ်တော်များ အရ ကလေးတစ်ဦးကို ခုနစ်နှစ်တာကာလသုံးမျိုး ခွဲခြားထားပါသည်။ ပထမ ခုနစ်နှစ် တွင် « ဆယက်ဒ် » နှင့် « အာဂါ » ၊ ဒုတိယ မြောက် ခုနစ်နှစ်တွင် « အမိန့်နာခံသူ၊ အမိန့်လိုက်နာသူ » နှင့် တတိယမြောက် ခုနစ်နှစ်တာ တွင် « ၀န်ကြီး » နှင့် « အရာရှိ » ဟူ၍ ခေါင်းစဉ်တပ်ထား ပါ သည်။[၂၀] အချို့ပညာရှင်များက ဤကာလသုံးမျိုးသည် ကလေးဘဝ ၊ မြီးကောင်ပေါက် ဘဝ နှင့် လူငယ် ဘဝ[၂၁] တို့နှင့် သက်ဆိုင်သည်ဟု ဆိုကြပါသည်။ အချို့ ပညာရှင်များ က ဤနည်းလမ်းသည် ကလေးတွင် စရိုက်လက္ခဏာကောင်းများ ပေါ်ထွန်းလာစေပြီး သဘာဝနှင့် လိုက်လျောညီထွေရှိသော စိတ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူဆိုင်ရာ ဝိသေသလက္ခဏာများ ပေးဆောင်သည်ဟု ဆိုကြပါသည်။[၂၂]
သားသမီးကို ပြုစုပျိုးထောင်ရာ တွင် မိခင် ၏ သန့်ရှင်းစင်ကြယ်မှု နှင့် ဖခင်၏ အခန်းကဏ္ဍ
လေ့လာမှုတစ်ခုအရ အစ္စလာမ်တွင် ကလေးတစ်ဦးကို ပြုစုပျိုးထောင်ရာတွင် မိခင်၏ မျိုးရိုးဗီဇသည် ဖခင်ထက် သာလွန်ပါသည်။ ထိုအတောအတွင်း အချို့သော ရီဝါယသ်တော် များ နှင့် စူရဟ် မရ်ယန်းမ် ၏ အာယသ်တော် အမှတ် ၂၈ ကိုလည်း ဖော်ပြထားပါသည်။[၂၃] အဘယ်ကြောင့်ဆိုသော် ဤအာယသ်တော် တွင် မရ်ယန်းမ် (စ.အ) မိခင်မွန် အား သခင်မ၏ လူမျိုးများ မှ ညစ်ညူးကြောင်း ပြောသည်ကို ရည်ညွှန်း ထားသောကြောင့် ဖြစ်ပါသည်။ အမှန်တကယ် ငယ်စဉ်ကလေးဘဝက မရ်ယန်းမ် (စ.အ) သခင်မ၏ မိခင် ဆုံးသွားတာကို လူတိုင်းသိပင် ဖြစ်ပါသည်။[၂၄] ဖြောင့်မတ် မှန်ကန်သည့် ကလေး ကောင်း ကြီးပြင်းလာမှုအပေါ် ဖခင်၏စွမ်းဆောင်မှု၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ အချို့ ပညာရှင်များ က ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ စင်ကြယ်သော သားနှစ်ယောက် (ဆိုလိုသည်မှာ ဟဇရသ် အစ်ဟာက် (အ.စ) ) နှင့် ဟဇရသ် ယအ်ကူးဗ် (အ.စ) ဟူ၍ စူရဟ် မရ်ယန်းမ် အာယသ်တော် ၄၉ ကို ကိုးကား ဖော်ပြထား ပါသည်။ ထိုပြင် ဤ ချီးမြှင့် မှုသည် ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ အထီးကျန်မှု နှင့် အလ္လာဟ် ဟို အရှင်မြတ် မှ အပ အခြားကို မခဝပ် ကိုးကွား ခြင်းကြောင့် ဖြစ်သည် ဟု ဆိုထား ကြပါသည်။[၂၅]
အစ္စလာမ့်တွေးခေါ်ရှင်များ ၏ အမြင် နှင့် သားသမီး ပြုစု ပျိုထောင်ရေး
အချို့သော ကိုယ်ကျင့်တရားဆိုင်ရာ ကျမ်းပိုဒ်များတွင် မိဘများအား အောက်ပါ အကြံပြုချက် များကို ပေးခဲ့ပါ သည်။ ကလေး၏ ဣန္ဒြေကို ခိုင်ခံ့စေခြင်း၊ စားသောက်မှုအလေ့အထများ သင်ကြားပေးခြင်း ၊ ဝတ်စားဆင်ယင်ခြင်း၊ သူငယ်ချင်းဖွဲ့ခြင်း၊ စာရေးတတ်ဖတ်တတ်ခြင်း၊ ကုရ်အာန် နှင့် ဟဒီးစ်တော်များကို သင်ကြားခြင်း၊ ကဗျာကောင်းများ နှင့် အပြုအမူကောင်းများ သင်ကြားပေးခြင်း၊ စကားပြောခြင်းနှင့် ကစားခြင်း ၊ အရွယ်ရောက် ခြင်း နှင့် ပတ်သက်သည့် ညွှန်ကြားချက်များ နမာဇ် ဝတ်ပြုခြင်း ၊ ရိုဇဟ်ထားခြင်း နှင့် အခြား အရွယ်ရောက်ပြီးနောက် ရှရီအသ် နှင့် ပတ်သက်သည့် ညွှန်ကြားချက်များ ဖြစ်ပါသည်။[၂၆] ဟကီးမ် နှင့် မိုသကလင်းမ် ဖြစ်သည့် ရှီအဟ် သာသနာ့ပညာရှင် တစ်ပါး ဖြစ်သည့် ခွာဂျဟ် နဆီရွတ်ဒ်ဒီးန် သူစီ သည် ကလေးတစ်ဦးကို ပြုစုပျိုးထောင်ရန်အတွက် အောက်ပါနည်းလမ်းများကို အကြံပြုထားသည်။
- သဘောသဘာဝ နှင့် အရည်အချင်းများကို ရှာဖွေတွေ့ရှိခြင်း
- ပညာကို ကျွမ်းကျင် ပိုင်နိုင်ရန် အမြဲတစေ ထပ်တလဲလဲသတိပေးခြင်း
- ဘာသာရေး တာဝန်များကို ငြင်းပယ် သည့် အခါရုပ်ဆိုးသော အကျင့်ကို ကျင့်သည့်အခါ ၊ သူတစ်ပါးကို ထိခိုက် နစ်နာစေသည့် အခါ နှင့်
- အခက်အခဲများကို အကျင့် ဖြစ်စေသည့်အခါ ရှုတ်ချပြစ်တင်ခြင်း ကို ရည်ညွှန်း ပြခဲ့ပါ သည်။[၂၇]
အစ်ဗ်နေစီနာ ၏ အဆို အရ သားသမီး ပြုစု ပျိုထောင်ခြင်း ၏ အဆင့်ခြောက်ဆင့်ရှိပါသည်။
- ပထမအဆင့် (မွေးစတွင်) - အမည်ကောင်းရွေးချယ်ခြင်းနှင့် ကျန်းမာသောမိခင်နို့တိုက်ကျွေးခြင်း
- ဒုတိယအဆင့် (နို့ဖြတ်ပြီးနောက်) - ကလေး၏ ကစားခြင်း နှင့် ကိုယ်ကျင့်တရားပညာရေး
- တတိယအဆင့် (အသက်ခြောက်နှစ်ခန့်) - ကလေးပညာပေးခြင်း ၊ နူးညံ့သိမ်မွေ့စွာ ကုရ်အာန် နှင့် ပညာတို့ကို သင်ကြားခြင်း
- စတုတ္ထအဆင့်- စက်မှုလုပ်ငန်း နှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သိကျွမ်းလာခြင်း
- ပဉ္စမအဆင့်- အလုပ်နှင့် အလုပ်အကိုင် ဆက်ဆံရေး
- လွတ်လပ်သောဘဝဖွဲ့စည်းခြင်း တို့ ဖြစ်ပါသည်။[၂၈]
အစ်ဗ်နေစီနာ သည် ကလေးတစ်ဦးစီအား ၎င်းတို့၏ အထူးပင်ကိုယ်စွမ်းရည်အရ ပြုစု ပျိုးထောင်ရ မည်ဖြစ်ပြီး ကလေး တိုင်းကို မည်သည့်နည်းဖြင့်မျှ တန်းတူရည်တူ သတ်မှတ်သင့်သည် မဟုတ် ကြောင်း လည်း အလေးပေးဖော်ပြပါသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သဘာဝတရား၏ ခြားနား ချက်များ ကို လျစ်လျူရှုခြင်းဖြစ်ပြီး နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ဦးတည်စေမည့် အကြောင်းဖြစ် ပါသည်။[၂၉] သူ၏ ဥပဒေစာအုပ်တွင် ငယ်စဉ်ကလေးဘဝမှ ကြီးကောင်ဝင်စအထိ အစားအသောက်ကို ဖော်ပြထားပြီး ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်များအပြင် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များကိုလည်း ထည့်သွင်း ဖော်ပြ ထား ပါသည်။[၃၀]
သားသမီးကို ပြုစု ပျိုထောင်ခြင်း အတွက် ရေးသားထားသည့် စာအုပ်များ
အချို့သော အစီရင်ခံစာများအရ ကလေးပြုစုပျိုးထောင်ရေးဆိုင်ရာ စာအုပ်များသည် အမျိုးမျိုးရှိပြီး ယေဘူယျချဉ်းကပ်နည်း နှစ်ခုဖြင့် ရေးသားထားပါသည်။ အာဇရ်ဒူစ် မိုဟမ္မဒ်ဒီ ရေးသားသော ပါရှန်းဘာသာဖြင့် « ဗါ ကူဒကသ် ဗင်ဒကီကွန်» စာအုပ်ကဲ့သို့သော အချို့စာအုပ်များသည် ကလေးပြု စုပျိုးထောင်မှုကိုသာ ဆန်းစစ်လေ့လာထားပါသည်။ စိတ်ပညာအမြင်နှင့် အချို့သည်ဖွာတွေမဟ် ဗိုင်ဒီ နှင့် အက္က်ဘဲရ် ရန်ဂျ်ဘရ် ဇါဒေဟ် သလ်ဖီးကီ ရေးသားထားသော ပါရှန်း ဘာသာဖြင့် « အူဆူ လေသအ်လီးမ် ဝ သရ် ဗီယသ်သေ ကူဒက် (အဇ် မန်ဇရ်ရေ မတ်က်သဗ်ဘေ အစ္စလာမ် ဝအေလ်မ်မေ ရဝမ်းန် ရှနာစီ) » စာအုပ် သည် ဘာသာရေး နှင့် စိတ်ပိုင်းဆိုင်ရာ ရှုထောင့်များကို စုစည်းထားခြင်း ဖြစ်ပါ သည်။[၃၁]
ဤနယ်ပယ်ရှိ အခြားစာအုပ်အချို့မှာ -
- သရ်ဗီယသ်သေ ဒီးန်နီ ကူဒက် - ဤစာအုပ်သည် အာယာသွလ္လာဟ် မိုဟိုင်းယွတ်ဒ်ဒီးန် ဟာအေရီ ရှီရာဇီး ၏ အူလူမ်မေ သရ်ဗီယသ်သီ တက္ကသိုလ်ကျောင်းသား၊သူများကို ပို့ချသည့် «ဒရ်စေ သရ်ဗီယသ်» အတန်းအချိန် ၇၀ ကျော် ပို့ချထားသည့် သင်ခန်းစာများ ကို ပြန်လည် ရေးသားထားခြင်းဖြစ်ပါသည်။ မအာရေဖ် ပုံနှိပ်တိုက် မှ အီရန်သက္ကရာဇ် ၁၃၉၅ ခုနှစ် ၊ ခရစ် သက္ကရာဇ် ၂၀၁၈ ခုနှစ် က ထုတ်ဝေခဲ့ပါသည်။[၃၂]
- ကေသာဗ် သရ်ဗီယသ် သေ ဖရ်ဇန် ဗါ ရူရေကရ်ဒ် ဒေဖေက်ဟီ - ဤစာအုပ်အား အာယာသွလ္လာဟ် အလီရေဇာ အအ်ရာဖီ နှင့် ဆယက်ဒ် နကီ မူစဝီတို့ မှ ရေးသားသီးကုံးထားပါသည်။ ဤစာအုပ်အား မိုအ်စေစေဟ် ဖရ်ဟန်ဂီ ဟိုနရီ အရှ်ရာက် ဝအေရ်ဖာန် ပုံနှိပ်တိုက် မှ အီရန်သက္ကရာဇ် ၁၃၉၅ ခုနှစ် ၊ ခရစ် သက္ကရာဇ် ၂၀၁၈ ခုနှစ် က ထုတ်ဝေခဲ့ပါသည်။ဤ စာအုပ် တွင် သားသမီး ပြုစုပျိုးထောင်ရာတွင် ပေါ်ပေါက်လာသော မေးခွန်းများကို စီစဥ် အဖြေထားပြီး အချို့ မေးခွန်းများကို (အာယသ်တော်များ၊ ရီဝါယသ်တော်များ ဖြင့်) အထောက်အထား တစ်ဝက်ပေးခြင်း ဖြင့် ဖြေဆိုထားပါသည်။ ဤစာအုပ်ပါ မာတိကာ အကြောင်းအရာများစာရင်းအရ အကီဒဟ် ပညာပေး ၊ အေဗါဒသ် ဆိုင်ရာ ပညာပေး၊ စိတ်ခံစားမှုဆိုင်ရာ ပညာပေး၊ လိင်ပညာပေးနှင့် ကာယပညာပေး တို့ကို ပါဝင်ပါသည်။[၃၃]
အောက်ခြေ မှတ်စုများ
- ↑ Vaziri Fard «သားသမီး ၏အခွင့်အရေးကို မိဘများအပေါ် ဆန်းစစ်ခြင်း နှင့် ကြီးပြင်းလာခြင်း နှင့် စည်းကမ်းလိုက်နာခြင်း »၊ စာမျက်နှာ ၃။
- ↑ ရှရီအသ် မဒါရီ ၊ သအ်လီမ် ဝသရ်ဘီယသ်သေ အစ္စလာမ်မီ ၊ အီရန် သက္ကရာဇ် ၁၃၇၉ ခုနှစ် ၊ စာမျက်နှာ ၃။
- ↑ အန်ဆွာရီ ၊ အဲဟ်ကာမ် ဝဟူကုကေ ကူဒဂန် ဒဲရ် အစ္စလာမ် ၊ အီရန် သက္ကရာဇ် ၁၃၉၁ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၅၅၁ - ၅၅၄ ။
- ↑ နမူနာ အားဖြင့် ကြည့်ရန် - အစ်ဗ်နေမာဂျဟ် ၊ စိုနန် အစ်ဗ်နေမာဂျဟ် ဟီဂျရီ သက္ကရာဇ် ၁၃၇၃ ခုနှစ် ၊ အတွဲ ၂၊ စာမျက်နှာ ၁၂၁၁။ ရှိက်ခ် ဆူဒူက် ၊ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၆၂၂။
- ↑ قال رسول اللّه(ص): «ادّبُوا اوْلادَکُمْ فَانَّکُمْ مَسؤولُونَ عَنهم» ၊ ( ဖရ်ဟာဒီယာန်း မှ တင်ပြချက် ၊ ဝါလေဒိုင်း ဝ မိုရဘီယာန်း နေ မစ်အူလ် ၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ် ၊ စာမျက်နှာ ၃၇၄ ။ )
- ↑ ကြည့်ပါ - အလာမဟ် သွဗာသွဗာရီ ၊ သဖ်စီးရ် ရိုလ် မီးဇာန်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ ခုနှစ် ၊ အတွဲ ၁၉ ၊ စာမျက်နှာ ၆၇၉ ။
- ↑ ရှိက်ခ် ဆူဒူက် ၊ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၆၂၂။
- ↑ အစ်ဗ်နို ရှအ်ဗဟ် ၊ ရေစာလေ ဟူကူးက် ၊ ခုနှစ် မသိ၊ စာမျက်နှာ ၆၇ ။
- ↑ မဒဒ်ဒီ ၊ သဲဟ်လီလ် မိုဟ်သဝါယေ ရေဝါယာသ် သေ သရ်ဘီယသ် သေ ဖရ်ဇန် ဒဲရ် ကေသာဗ် အလ်ကာဖီး ၊ အီရန် သက္ကရာဇ် ၁၄၀၀ ခုနှစ် ၊ စာမျက်နှာ ၃၅။
- ↑ မဒဒ်ဒီ ၊ သဲဟ်လီလ် မိုဟ်သဝါယေ ရေဝါယာသ် သေ သရ်ဘီယသ် သေ ဖရ်ဇန် ဒဲရ် ကေသာဗ် အလ်ကာဖီး ၊ အီရန် သက္ကရာဇ် ၁၄၀၀ ခုနှစ် ၊ စာမျက်နှာ ၃၈ - ၇၈ ။
- ↑ ဟစ်လီ ၊ အဒ်ဒသွန်ဒ်ဒါအီ ၊ မက်သဗသိုလ်ဝတ်ဂျ်သာနီ ၊ စာမျက်နှာ ၇၉ ။ ရှိက်ခ် ဆူဒူက် ၊ မန်လာယဟ်ဇိုရို ဟိုလ်ဖကီးယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၂၇။
- ↑ ရှိက်ခ် ဆူဒူက် ၊ မန်လာယဟ်ဇိုရို ဟိုလ်ဖကီးယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၆၂၂။ ကိုလိုင်းနီ၊ ကာဖီ ၊ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၅။
- ↑ ကြည့်ရန် - ဖရ်ဟာဒီယာန်း ၊ ဝါလေဒိုင်း ဝ နိုရဘီယာန်း နေ မစ်အူလ် ၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ် ၊ စာမျက်နှာ ၃၃၉ - ၃၄၅ ။
- ↑ ကြည့်ရန် - ပူးရ် ဟိုစိုင်းန်နီ ၊ လိုင်းလာ ကူဟီ ၊ ဘရ်ရစီ ရာဘီ သွေဟ် ဂျဟသ် ဂီရီ မဇ်ဟဘီ ဝ စဗ်က် ဟာယေ ဖရ်ဇန်ဒ်ပရ်ဝရီ ၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ် ၊ စာမျက်နှာ ၃၀ ။
- ↑ ဘုခါရီ ၊ဆဟီးဟ် ဟိုလ် ဘုခါရီ ၊ ပုံနှိပ် မိုဟမ္မဒ် အဖန်ဒီ ၊ အတွဲ ၃ ၊ စာမျက်နှာ ၁၃၄ ။ ရှိက်ခ် ဆူဒူက် ၊ မန်လာယဟ်ဇိုရို ဟိုလ်ဖကီးယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၄၈၃။
- ↑ ကိုလိုင်းနီ၊ ကာဖီ ၊ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၄၉။
- ↑ ကိုလိုင်းနီ၊ ကာဖီ ၊ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၄၇။
- ↑ ရှိက်ခ် ဆူဒူက် ၊ မန်လာယဟ်ဇိုရို ဟိုလ်ဖကီးယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၆၂၂။ ကိုလိုင်းနီ၊ ကာဖီ ၊ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၄၇- ၄၉။
- ↑ နူးရ် ဘခ်ရှ် ၊ ဟဘီးဗ် အာဗါဒ်ဒီ ၊ ရဝတ်ရှ် ဟာယေ သရ်ဘီယသ်သီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဒဲရ် သရ်ဘီယသ် သေ ဖရ်ဇန်ဒ် ၊ အီရန် သက္ကရာဇ် ၁၃၉၆ ခုနှစ် ၊ စာမျက်နှာ ၂၂ - ၁၀၃ ။
- ↑ သွဗရစီ ၊ မကာရေမိုလ် အက်ခ်လာက် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၂ ခုနှစ် ၊ စာမျက်နှာ ၂၂၂။
- ↑ ဖရ်ဟာဒီယာန်း ၊အောင်န်ဂျေဟ် ဝါလေဒိုင်း ဝ နိုရဘီယာန်း ပါယက်ဒ် ဘေဒါနန် ၊ အီရန် သက္ကရာဇ် ၁၃၉၁ခုနှစ် ၊ စာမျက်နှာ ၁၁ ။
- ↑ ရှကူဟီ ယေက်သာ ၊ မိုသွာလေအေဟ် အေ သသွဘီကီ စဗ်က်ဟာယေ ဖရ်ဇန်ဒ် ပရ်ဝရီ ၊ အီရန် သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ စာမျက်နှာ ၁၂၄ ။
- ↑ ဟိုစိုင်းန်နီ ဇါဒဟ်၊ နက်ရှ်ရှေ ဝေရာစသ်သီ မါဒဲရ် ဒဲရ် သရ်ဘီယသ် ဖရ်ဇန်ဒ် အဇ် ဒီးဒ်ဂါဟ်ဟေ အစ္စလာမ်မီ ၊ အီရန် သက္ကရာဇ် ၁၃၉၅ ခုနှစ် ၊ စာမျက်နှာ ၅၃ - ၆၆ ။
- ↑ ကြည့်ပါ - ရှရီးဖ် လာဟီးဂျီ ၊ သဖ်စီးရ် ၊ အီရန် သက္ကရာဇ် ၁၃၇၃ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၁၆ ။ မွတ်ဂ်နီယေဟ် ၊ သဖ်စီးရ် ရိုလ်ကာရှစ်ဖ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ၊ အတွဲ ၅၊ စာမျက်နှာ ၁၇၉။
- ↑ နဝီစန်ဒဂါန် ၊ ဟကီးကသ် ဝအစာရ် ရေ အအ်သေကာဖ် ၊ စာမျက်နှာ ၆၇ ။
- ↑ မတ်စကူဝေဟ် ၊ သဲဟ်ဇီးဗ် အက်ခ်လာက် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၈ခုနှစ် ၊ စာမျက်နှာ ၆၈ - ၇၅။ ဂဇါလီ ၊ အဲဟ်ယာအို အူလူမစ်ဒ်ဒီးန် ၊ ဒါရွန် နဒဝဟ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၁၇ -၂၁၈ နှင့် အတွဲ ၃ ၊ စာမျက်နှာ ၇၂ -၇၄ ။
- ↑ ဆဒီးက် အအ်လန်မ် ၊ သာရီးခ် ခေ ဖရ်ဟန်ဂ် ဂေ အီရန် ၊ အီရန် သက္ကရာဇ် ၁၃၅၁ ခုနှစ် ၊ စာမျက်နှာ၁၃၉ - ၁၆၆ ။
- ↑ ပူးရ် ဟိုစိုင်းန်နီ ၊ လိုင်းလာ ကူဟီ ၊ ဘရ်ရစီ ရာဘီ သွေဟ် ဂျဟသ် ဂီရီ မဇ်ဟဘီ ဝ စဗ်က် ဟာယေ ဖရ်ဇန်ဒ်ပရ်ဝရီ ၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ် ၊ စာမျက်နှာ ၃၇ ။
- ↑ ပူးရ် ဟိုစိုင်းန်နီ ၊ လိုင်းလာ ကူဟီ ၊ ဘရ်ရစီ ရာဘီ သွေဟ် ဂျဟသ် ဂီရီ မဇ်ဟဘီ ဝ စဗ်က် ဟာယေ ဖရ်ဇန်ဒ်ပရ်ဝရီ ၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ် ၊ စာမျက်နှာ ၃၈ ။
- ↑ ပူးရ် ဟိုစိုင်းန်နီ ၊ လိုင်းလာ ကူဟီ ၊ ဘရ်ရစီ ရာဘီ သွေဟ် ဂျဟသ် ဂီရီ မဇ်ဟဘီ ဝ စဗ်က် ဟာယေ ဖရ်ဇန်ဒ်ပရ်ဝရီ ၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ် ၊ စာမျက်နှာ ၃၈ ။
- ↑ ကလေးပညာရေး၊ မိဘတိုင်းဖတ်သင့်သည့် အကောင်းဆုံး သားသမီး ပညာရေးစာအုပ်များ မိတ်ဆက် ၊ Ketabrah site။
- ↑ များ၏ဘာသာရေးပညာရေ၊ မအာရေဖ် ဖြန့်ချိရေးဆိုက်။
- ↑ သားသမီး ပြုစုပျိုးထောင်ရေး-တရားဥပဒေ စိုးမိုးရေးနည်း လမ်းဖြင့် သားသမီး ပြုစုပျိုးထောင်ရေးနည်းလမ်း ၊ ကေသာဗ် ဖရ်ဒါ ဆိုက်။
ကျမ်းကိုးများ
- အဘူဒါဝတ်ဒ် ၊ စိုလိုင်းမာန် ဘင်န် အရှ်အက်စ် ၊ စိုနန် အဘီ ဒါဝတ်ဒ် ၊ ဘေရွတ် ၊ စအီးဒ် မိုဟမ္မဒ် လဟာန်မ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၀ ခုနှစ်။
- အစ်ဗ်နေ ဟိုင်းယွန် ၊ နိုအ်မာန် ဘင်န် မိုဟမ်၎ဒ် မဂ်ရေဘီ ၊ ဒိုအာအေမိုလ်အစ္စလာမ်မ၊ ကွမ်း ၊ မိုအ်စေစေဟ် အာဟ်လိုဘိုက်(သ) (အ..စ) ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၅ ခုနှစ် ။
- အစ်ဗ်နို ရှအ်ဗဟ် ၊ ဟိုစိုင်းန် ဘင်န် အလီ ၊ ရေစာလေ ဟူကူးက်။ မရှ်ဟဒ် ၊ အွစ်သာန် ကွတ်ဒ်စ် စေရဇဝီ ၊ ခုနှစ် မသိ။
- အစ်ဗ်နေမာဂျဟ် ၊ စိုနန် အစ်ဗ်နေမာဂျဟ် ၊ ပုံနှိပ် မိုဟမ္မဒ် ဖိုအာဒ် အဗ်ဒိုလ်ဗါကီ ၊ ကိုင်ရို ၊ ဟီဂျရီ သက္ကရာဇ် ၁၃၇၃ ခုနှစ် ။ အဖ်စ်သ် ၊ ဘေရွတ် ။ ခုနှစ် မသိ။
- အန်ဆွာရီ ၊ ကိုဒရသ်သွလ္လာဟ် ၊ အဲဟ်ကာမ် ဝဟူကုကေ ကူဒဂန် ဒဲရ် အစ္စလာမ် ၊ အီရန် သက္ကရာဇ် ၁၃၉၁ ခုနှစ် ၊ နေရာ မသိ ၊ အင်န်သေရှာရာသ် သေ မရ်ကဇ် ဇေ ဖေက်ဟီး အအေမဟ် အသွဟာရ် ၊ အီရန် သက္ကရာဇ် ၁၃၉၁ ခုနှစ်။
- ဘုခါရီ ၊ ၊မိုဟမ္မဒ် ဗင် အီစ္စမာအီးလ် ၊ ဆဟီးဟ် ဟိုလ် ဘုခါရီ ၊ အစ္စတန်ဘူလ် ၊ ပုံနှိပ် မိုဟမ္မဒ် အဖန်ဒီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၁ ခုနှစ် ။
- ပူးရ် ဟိုစိုင်းန်နီ ၊ လိုင်းလာ ကူဟီ ၊ ဘရ်ရစီ ရာဘီ သွေဟ် ဂျဟသ် ဂီရီ မဇ်ဟဘီ ဝ စဗ်က် ဟာယေ ဖရ်ဇန်ဒ်ပရ်ဝရီ ပါ အိုလ်ဂူယေ ဖရ်ဇန်ဒ် ပရ်ဝရီ စာလင်မ် ၊ စိတ်ပညာဌာန၊ တီဟီရန်တက္ကသိုလ် ၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ် ။
- ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း၊ တရားဥပဒေဆိုင်ရာ ချဉ်းကပ်မှုဖြင့် ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း ၊ Patoq Kitab Farda ဆိုက်၊ ဝင်ရောက်ကြည့်ရှုသည့်ရက်စွဲ အိုရ်ဒီးဘေဟစ်ရှ် လ ၂၇ ရက် ၊ အီရန် သက္ကရာဇ် ၁၄၀၃ ခုနှစ်။
- သားသမီး များ၏ ဘာသာရေးပညာရေး၊ Nashremaaref ဝဘ်ဆိုဒ်၊ ဝင်ရောက်ကြည့်ရှုသည့်ရက်စွဲ အိုရ်ဒီးဘေဟစ်ရှ် လ ၂၇ ရက် ၊ အီရန် သက္ကရာဇ် ၁၄၀၃ ခုနှစ်။
- ဟိုစိုင်းန်နီ ဇါဒဟ်၊ ဆယက်ဒ် အလီ ၊ နက်ရှ်ရှေ ဝေရာစသ်သီ မါဒဲရ် ဒဲရ် သရ်ဘီယသ် ဖရ်ဇန်ဒ် အဇ် ဒီးဒ်ဂါဟ်ဟေ အစ္စလာမ်မီ ၊ ၂၂၊ နွေဦးနှင့် နွေရာသီ ၊ အီရန် သက္ကရာဇ် ၁၃၉၅ ခုနှစ်။
- ဟစ်လီ ၊ အစ်ဗ်နေ ဖဟ်ဒ် ၊ အဒ်ဒသွန်ဒ်ဒါအီ ဝနဂျာဟွတ်စ်စာအီ ၊ ကွမ်း၊ မက်သဗသိုလ်ဝတ်ဂျ်သာနီ ၊ ခုနှစ်မသိ။
- ရှရီအသ် မဒါရီ ၊ အလီ ၊ သအ်လီမ် ဝသရ်ဘီယသ်သေ အစ္စလာမ်မီ ၊ တီဟီရန် ၊ နရှ်ရ် အမီးရ် ကဘီးရ် ၊ အီရန် သက္ကရာဇ် ၁၃၇၉ ခုနှစ်။
- ရှရီးဖ် လာဟီးဂျီ ၊ မိုဟမ္မဒ် ဘင်န် အလီ ၊ သဖ်စီးရ် ရှရီးဖ် လာဟီးဂျီ ၊ တီဟီရန် ၊ နရှ်ရ် ဒါဒ် ၊ အီရန် သက္ကရာဇ် ၁၃၇၃ ခုနှစ်။
- ရှကူဟီ ယေက်သာ ၊ မော်ဟ်စင် ၊ မိုသွာလေအေဟ် အေ သသွဘီကီ စဗ်က်ဟာယေ ဖရ်ဇန်ဒ် ပရ်ဝရီ သရ်ဘီယသ်သေ အစ္စလာမ်မီ ၊ ၃ ၊ ဆောင်းရာသီ ၊ အီရန် သက္ကရာဇ် ၁၃၈၅ ခုနှစ်။
- ရှိက်ခ် ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န် အလီ ၊ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ၊ ဂျာမာအဟ် မိုဒရေစီးန် ၊ ဒုတိယ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ်။
- ဆွာဒစ်ကီ ၊ မန်ဆူရဟ် အက်စ်စာဒါသ် ၊ ကိုင်ဖီးယသ် ရာဘီသွေဟ် ဝါလစ်ဒ် ဖရ်ဇန်ဒ်ဒီ ပီးရှ် ရှရ်သွ်သွေ သရ်ဘီယသ် ဒီးန်နီ ဖရ်ဇန်ဒ်ဒါန် ၊ မိသားစု သုတေသန လေးလပတ် မဂ္ဂဇင်း ၊ နှစ် ၃ ၊ အမှတ်စဥ် ၉ ၊ အီရန် သက္ကရာဇ် ၁၃၈၆ ခုနှစ်။
- ဆဒီးက် အအ်လန်မ် ၊ သာရီးခ် ခေ ဖရ်ဟန်ဂ် ဂေ အီရန် ၊ တီဟီရန် ၊ Tabab Kitab Joint Stock Company ၊ အီရန် သက္ကရာဇ် ၁၃၅၁ ခုနှစ်။
- သွဗရစီ ၊ ဖွဇ်လ် ဘင်န် ဟစန်၊ မကာရေမိုလ် အက်ခ်လာက် ၊ ရှရီးဖ်ရဇီး ၊ စတုတ္တ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၂ ခုနှစ် ။
- အလာမဟ် သွဗာသွဗာရီ ၊ ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ၊ အလ်မီးဇန်း ၊ ၅ကြိမ် မြောက် ပုံနှိပ် ၊ ကွမ်း ၊ မက်သဗက်ဟိုလ်အန်ရှရ် ရိုလ် အစ္စလာမ်မီ ၊ ဟီဂျရီ သက္ကရာဇ်၁၄၁၇ ခုနှစ်။
- ဂဇါလီ ၊ မိုဟမ်မဒ် ဘင်န် မိုဟမ္မဒ် ၊ အဲဟ်ယာအို အူလူမစ်ဒ်ဒီးန် ၊ ဘေရွတ် ၊ ဒါရွန် နဒဝသိုလ် ဂျဒီးဒဟ် ၊ ခုနှစ်မသိ။
- ဂိုလာန်မီ ဂျလီစေဟ် ၊ စိုမိုင်းယေ၊ နက်ရှ် ရှေဂျဟသ် ဂီရီယေ မဌဇ်ဟဗ်ဘီ ဝါလေဒိုင်းန် ဒဲရ် စဗ်က် ဟာယေ ဖရ်ဇန်ဒ် ဒေ ပရ်ဝရီ ဝ ခူရှုနသ် ၊ ပညာရေးသိပ္ပံနှင့် စိတ်ပညာနယ်ပယ်တွင် မဟာဘွဲ့စာတမ်း၊ တီဟီရန်၊ တီဟီရန်တက္ကသိုလ် ၊ အီရန် သက္ကရာဇ် ၁၃၉၂ခုနှစ်။
- ဖရ်ဟာဒီယာန်း ၊ရေဇာ ၊ အောင်န်ဂျေဟ် ဝါလေဒိုင်း ဝ နိုရဘီယာန်း ပါယက်ဒ် ဘေဒါနန် ၊ ကွမ်း ၊ ဘူစ်သာန်နေကေသာဗ် ၊ အီရန် သက္ကရာဇ် ၁၃၉၁ခုနှစ်။
- ဖရ်ဟာဒီယာန်း ၊ ရေဇာ၊ ဝါလေဒိုင်း ဝ မိုရဘီယာန်း နေ မစ်အူလ် ၊ ကွမ်း ၊ ဘူစ်သာန်နေကေသာဗ်၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ်။
- ကိုလိုင်းနီ၊ မိုဟမ္မဒ် ဘင်န် ယအ်ကူးဗ် ၊ကာဖီ ၊ သဲဟ်ကီးက် အလီ အက္က်ဘရ် ဂဖါရီ ၊ အာခွန်ဒီ ၊ မိုဟမ္၎ဒ် ၊ တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ်၊ စတုတ္တ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ်။
- မဒဒ်ဒီ ၊ နဂျီဗဟ် ၊ သဲဟ်လီလ် မိုဟ်သဝါယေ ရေဝါယာသ် သေ သရ်ဘီယသ် သေ ဖရ်ဇန် ဒဲရ် ကေသာဗ် အလ်ကာဖီး ၊ ကုရ်အာန်နှင့် ဟဒီးစ်သိပ္ပံနယ်ပယ်တွင် မဟာသီအိုရီ၊ တီဟီရန်၊ အလ်-ဇာရာတက္ကသိုလ်၊ ဓမ္မပညာနှင့် အစ္စလာမ့်လေ့လာရေးဌာန၊ အစ်ဖန်ဒ်လ ၊ အီရန် သက္ကရာဇ် ၁၄၀၀ ခုနှစ်။
- မတ်စကူဝေဟ် ၊ အဲဟ်မဒ် ဘင်န် မိုဟမ္မဒ် ၊ သဲဟ်ဇီးဗ် အက်ခ်လာက် ဝသသွဟီးရိုလ်အအ်ရာက် ၊ ဘေရွတ် ၊ ဟစန် သမီးမ် ပုံနှိပ်၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၈ခုနှစ်။
- မအ်ဒနီပူးရ် ၊ အလီ ၊ မိုသွာလေအဟ် ဟေ သသွဘီကီ အရ်ဇေရှ်ဟာယေ သရ်ဘီယသ် သေ ဖရ်ဇန်ဒ် ဒဲရ် အာစီယာယေ မီယာနေဟ် ၊ ခါဝရ် မီယာနေဟ် ဝ ရှိုမာလေ အာဖရိက ၊ မိသားစု သုတေသန သုံးလပတ်၊ အမှတ် ၂၄၊ အီရန် သက္ကရာဇ် ၁၃၈၉ ခုနှစ်။
- ကလေးပညာရေး၊ မိဘတိုင်းဖတ်သင့်သည့် အကောင်းဆုံး သားသမီး ပညာရေးစာအုပ်များ မိတ်ဆက် ၊ Ketabrah site ၊ ဝင်ရောက်ကြည့်ရှုသည့်ရက်စွဲ အိုရ်ဒီးဘေဟစ်ရှ် လ ၂၇ ရက် ၊ အီရန် သက္ကရာဇ် ၁၄၀၃ ခုနှစ်။
- မွတ်ဂ်နီယေဟ် ၊ မိုဟမ္မဒ် ဂျဝါဒ် ၊ သဖ်စီးရ် ရိုလ်ကာရှစ်ဖ် ၊ တီဟီရန် ၊ ဒါရိုလ်ကိုသွဗ် အလ်အစ္စလာမ်မီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ်။
- မူစဝီ ၊ ဆယက်ဒ် ဟိုစိုင်းန် ၊ မွတ်စ်ဗသ်သေ စေဟ် ၊ ကွမ်း ၊ ဟိုင်အသ် သေ အင်မ်ရူစ် ၊ အီရန် သက္ကရာဇ် ၁၄၀၀ ခုနှစ်။
- နူးရ် ဘခ်ရှ် ၊ ဟဘီးဗ် အာဗါဒ်ဒီ ၊ ရဝတ်ရှ် ဟာယေ သရ်ဘီယသ်သီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဒဲရ် သရ်ဘီယသ် သေ ဖရ်ဇန်ဒ် ၊ ဓမ္မပညာ နှင့် အစ္စလာမ့်လေ့လာမှုနယ်ပယ်တွင် မဟာဘွဲ့စာတမ်း၊ ကုရ်အာန်နှင့် ဟဒီးစ်လေ့လာမှုများ၊ အစ္ဖဟန် ပရန်းမ်မေ နူးရ် တက္ကသိုလ်၊ အီရန် သက္ကရာဇ် ၁၃၉၆ ခုနှစ်။
- နဝီစန်ဒဂါန် ၊ ဟကီးကသ် ဝအစာရ် ရေ အအ်သေကာဖ် ၊ စာရိတ္တပညာ မဂ္ဂဇင်း ၊ အမှတ် ၂၉ ၊ ခိုရ်ဒါဒ် လ နှင့် သီးရ် လ ၊ အီရန် သက္ကရာဇ် ၁၃၉၁ ခုနှစ်။
- နိုင်ရှားပူရီ ၊ မိုဟမ္၎ဒ် ဘင်န် ဟစန် ၊ ရောင်ဇသို်ဝါအေဇီးန် ၊ နဂျဖ် ၊ ဟီဂျရီ ၁၃၈၆ ခုနှစ်။
- ဝဇီးရီ ဖရ်ဒ် ၊ ဆယက်ဒ် မိုဟမ္မု် ဂျဝါဒ် ၊ ကရာယီ ၊ သက်သွန်မ် ၊ ဘရ်ရစီယေ ဟူကူက် ဗါ သရ်ဘီယသ် ဝ သအာဒီးဗ် ဝိုင် ၊ နိုခွတ်စ်သီးန် ကော်န်ဖရင့်စ် ဘိုင်းနိုမေလလ်လီ ဟဇာရဟ် စေဝင်းမ် ဝအူလူမ်မေ အန်စာန်နီ ၊ အီရန် သက္ကရာဇ် ၁၃၉၅ ခုနှစ်။
- Baumrind ,D, The influence of parenting style on adolesceri compelence and substance uwe,* Journal of Early Adolescence, 1991.
- Luster, T, Rhoades, K & Haas, B, The relation between parental values and parenting behavior: A test of the Kohn hypothesis, Journal of Marriage and the Family, 51, 1989.
- Ellison. C. G, & Sherkat, D. E, Obedience and autonomy: Religion and parental values reconsidered, Journal for the Scientific Study of Religion, 32, 1993.