ဝေလာယသ် သေ ဖကီဟ်
- ဝေလာယသ် သေ ဖကီဟ် ဆောင်းပါး သည် ဖကီဟ် ဂျာမေအွတ်ရှ် ရှရာယေသွ် ဆောင်းပါး နှင့် စပ်ဆက် နေပါသည်။
ဝေလာယသ် သေ ဖကီဟ် (အရဘီ : ولاية الفقيه ) ဆိုသည် မှာ ဖေက်ဟ် ရှီအဟ် ၏ သီအိုရီများ မှ တစ်ခု ဖြစ် ပြီး ဂိုက်ဗသ်သေ အေမာမ် ဇမာန်း (အ.ဂျ) အချိန်အခါ တွင် အုပ်အချုပ်မှုသည် ဖကီဟ် ဂျာမေအွတ်ရှ် ရှရာ ယေသွ် ၏ လက်တွင် ရှိခြင်းကို ခေါ်ဆိုပါသည်။ ရှိက်ခ် မိုဖီးဒ် နှင့် မိုဟကစ်က် ကရ်ကီ ကဲ့သို့သော ဖေကဟ် ပညာ ရှင် များ သည် ဖေကဟ် ပညာရှင်များ၏ အုပ်ချုပ်မှု အာဏာအကြောင်း ပြောဆိုခဲ့ကြသော်လည်း မွတ်လာ အဲဟ်မဒ် နရာကီ သည် ဝေလာယသ် သေ ဖကီဟ် ခေါင်းစဉ်အောက်တွင် ဖေကဟ် ညာရှင်၏ အခွင့် အာဏာနှင့် တာဝန်အားလုံးကို စုစည်းထားသည့် ပထမဆုံး ဖေကဟ် ပညာရှင်အဖြစ် သတ်မှတ်ခံ ထား ရသူဖြစ်ပါ သည်။
ဝေလာယသ် သေ ဖကီဟ် သီအိုရီ အရ အစ္စလာမ့်လူ့အဖွဲ့အစည်း၏ ကိစ္စရပ်များအားလုံးကို အုပ်စိုးသော အခွင့်အာဏာသည် ဝလီယေဖကီးဟ် (ခ) အဓိပတိခေါင်းဆောင်နှင့်သာ တည်ရှိပါသည်။ ကာရှစ်ဖ် ဖိုလ် ဂေသွာအ်၊ မိုဟမ္မဒ် ဟစန် နဂျဖီ နှင့် အေမာမ် ခိုမေနီ တို့သည် ဤအမြင်ကို ထောက်ခံသူများထဲတွင် ရှိကြပြီး ရှိက်ခ်အန်ဆွာရီ နှင့် အာခွာန် ခိုရာစာနီ နှင့် အာယာသွလ္လာဟ် ခူဝီ တို့သည် ဆန့်ကျင်သူများထဲတွင် ပါဝင် ကြ ပါသည်။
အိုမရ် ဘင်န် ဟန်ဇလဟ် ၏ ဟဒီးစ်တော်သည် ဝေလာယသ် သေ ဖကီဟ် ၏ အုပ်ထိန်းမှုသီအိုရီကို ထောက်ခံ သူများအတွက် နကလီ (ဟဒီးစ်) အထောက်အထား များ မှ တစ်ခုဖြစ်ပါသည်။ ဤဟဒီးသ်တော်အရ အငြင်း ပွားမှုများ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဟဒီးစ်ကို ဆင့်ပြန် ပြောပြပြီး အစ္စလာမ့်စီရင်ထုံးများနှင့် အကျွမ်း တဝင်ရှိသူ တစ်ဦးကိုသာ ဟာကင်မ် (ခုံသမာဓိလူကြီး) အဖြစ် ရွေးချယ်သင့်ကြောင်း ဆိုထားပါသည်။ လူ့ အဖွဲ့ အစည်းအတွင်း အလ္လာဟ် ဟိုအရှင်မြတ်၏ ဥပဒေများကို အကောင်အထည်ဖော်ရန် ပညာရှိနှင့် တရား မျှ တသော အုပ်ချုပ်သူ၏ မရှိမဖြစ် လိုအပ်မှုသည် ဝေလာယသ် သေ ဖကီဟ် လိုလားသူများအတွက် အကလီ (ဆင်ခြင်တုံတရား) အထောက်အထား များ မှ တစ်ခု ဖြစ်ပါသည်။
ဝေလာယသ် သေ ဖကီဟ် ဆိုင်ရာ စာအုပ်များ နှင့် ဆောင်းပါးများစွာကို ရေးသားထားခဲ့ကြပါသည်။ ၎င်းတို့ထဲတွင် အေမာမ် ခိုမေနီ မှရေးသားသော « ဝေလာယသ် သေ ဖကီဟ် » နှင့် အာယာသွလ္လာဟ် ဂျဝါဒ်ဒီ အာမိုလီ မှရေးသားသော « ဝေလာယသ် သေ ဖိုကာဟသ် ဝ အဒါလသ် » တို့ဖြစ်ပါသည်။
အဓိပ္ပာယ် ဖွင့် ဆိုချက်
ဖေက်ဟ် ပညာရှင်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များအရ ဝေလာယသ် သေ ဖကီဟ် ဆိုသည်မှာ အခြား သူများ၏ ကိစ္စရပ်အားလုံးတွင် ဖကီဟ် ဂျာမေအွတ်ရှ် ရှရာယေသွ် ကြီးကြပ်ကွပ်ကဲခြင်း၊ ချုပ်ကိုင်ခြင်းနှင့် ပိုင်ဆိုင် မှု ကို ဆိုလိုခြင်းဖြစ်ပါသည်။ [1] တစ်နည်းဆိုရသော် အစ္စလာမ့်လူ့အဖွဲ့အစည်း၏ စီမံခန့်ခွဲမှုသည် အစ္စလာမ့်စီရင်ထုံးများကို အကောင်အထည်ဖော်ရန်နှင့် ဘာသာရေးတန်ဖိုးများကို အကောင်အထည်ဖော်ရန် ရည်ရွယ်ပါသည်။ [2]
ဝေလာယသ် သေ ဖကီဟ် သည် ရှီအဟ် နိုင်ငံရေးဥပဒေရေးရာ သီအိုရီတစ်ခုဖြစ်ပြီး ဂိုက်ဗသ်သေ အေမာမ် ဇမာန်း (အ.ဂျ) အချိန်အခါ တွင် မွတ်စလမ်အသိုင်းအဝိုင်းကို အုပ်ချုပ်ရမှုသည် ဖကီဟ် ဂျာမေအွတ်ရှ် ရှရာ ယေသွ် ၏လက်တွင် ရှိနေပါသည်။ [3]
သမိုင်းအကျဥ်း
အချို့သောစာရေးဆရာများက မွတ်လာ အဲဟ်မဒ် နရာကီ (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၁၂၄၅ ခုနှစ် ) အား ဝေလာယသ် သေ ဖကီဟ် အား ဖေက်ဟီ ကိစ္စ အဖြစ် တင်ပြခဲ့သည့် ပထမဆုံး ဖေကဟ် ပညာရှင်အဖြစ် သတ်မှတ်ခဲ့ကြပြီး သက်သေ ထူရန် အတွက် နကလီ ( ဟဒီးစ်) ဆိုင်ရာ နှင့် အကလီ (ဆင်ခြင်တုံတရား) ဆိုင်ရာ အထောက်အထား သက်သေများကို အသုံးပြု ခဲ့ကြပါသည်။ [4] ထိုနည်းတူစွာ ၎င်း အနေဖြင့် Awa'id အဝါအစ်ဒ် ဒိုလ်အယာန်းမ် စာအုပ်တစ်အုပ်တွင် ပထမဆုံး အကြိမ် အစ္စလာမ့် အုပ်စိုးသူ နှင့် ဝေလာယသ် သေ ဖကီဟ် ၏ တာဝန်နှင့် အခွင့် အာဏာအားလုံး ကို စုစည်းတင်ပြ ခဲ့ပါသည် ။ [5]