ဝူဇူယေအိရ်သေမာစီ

wikishia မှ
(ဝူဇူ-ယေ- အိရ်သေမာစီ မှ ပြန်ညွှန်းထားသည်)

ဝူဇူယေအိရ်သေမာစီ (အာရဗီ - الوضوء الارتماسي) သည် ဝူဇူ အမျိုးအစားများ အနက်မှ ဖြစ်သည်။ ယင်းမှာ ဝူဇူ နိယသ် [၁]ပြီးနောက် မျက်နှာ ပြီးနောက် လက်နှစ်ဖက်ကို ရေထဲသို့ ထည့်ရပေမည်။ [၂]ထို့အတူ ဝူဇူ ပြုလုပ်သူသည် ဝူဇူလုပ်ရမည့် အစိတ်အပိုင်းများကို ရေထဲသို့ထည့်၍ နိယသ် လုပ်ပီး အပြင်သို့ ပြန်ထုတ်လျှင်လည်း ရပေသည်။[၃] ဝူဇူယေ အိရ်သေမာစီ ၌ မျက်နှာ နှင့် လက်များကို ရေထဲသို့ နှစ်မြုပ်ပြီးနောက်မှ ဦးခေါင်း နှင့် ခြေထောက်ကို မက်စ်(ဟ်) လုပ်ရပေမည်။[၄]

အိရ်သေမာစီ ဆိုသည်မှာ ဖိကဟ် ဝေါဟာရ ဖြစ်ပြီး ဦးခေါင်း သို့မဟုတ် အခြားသောအစိတ်အပိုင်းများကို ရေထဲသို့ နှစ်လိုက်ခြင်း ဟူ၍ ဆိုလိုပေသည်။ [၅] ဝူဇူယေအိရ်သေမာစီကို အစဉ်လိုက် ပြုလုပ်ရာ၌အခြားသော ဝူဇူများနှင့် အတူတူပင် ဖြစ်ပေသည်။ မျက်နာ ၊ ညာလက် ၊ ဘယ်လက် ထိုသို့ အစဉ်လိုက် ဆေးကြောရပေမည်။

ဝူဇူယေအိရိသမာစ် ၌ မျက်နှာ နှင့် လက်များကို အပေါ် မှ အောက်သို့ ဆေးရမည်။ မျက်နှာကို နှဖူးမှ စ၍ ရေထဲနှစ်ရပြီး လက်များကို တံထောင်ဆစ် မှစ နှစ်ရပေမည်။ သို့သော် အကယ်၍ မျက်နှာနှင့် လက်များကို ရေထဲမှ ထုတ်သည့်အချိန် ဝူဇူနိယသ် လုပ်ပါက ထပ်မံ၍ မျက်နှာနှင့်လက်များကို ရေထဲ နှစ်မြုပ်ရပေမည်။[၆]

  • အေမာမ်ခိုမေနီ၏ ဖသ်ဝါအရ ဝူဇူယေအိရ်သေမာစီ၌ မျက်နှာ နှင့် လက်များကို နှစ်ကြိမ်သာ ရေထဲသို့ နှစ်မြုပ်ပိုင်ခွင့် ရှိပေသည်။ ပထမ အကြိမ်သည် ဝါဂျီဘ် မဖြစ်မနေပြုလုပ်ရမည် ဖြစ်ပြီး ဒုတိယအကြိမ်သည် ပြုလုပ်ပိုင်ခွင့် ရှိပေသည်။ နှစ်ကြိမ်ထက်ပို၍ ပြုလုပ်ပိုင်ခွင့် မရှိပေ။ [၇]အချို့သော အစိတ်အပိုင်းများကို အိရ်သေမာစီ ပုံစံ ဖြင့်ဆေးကြောခြင်း အချို့အစိတ်အပိုင်းများကို သရ်သီဗီ ပုံစံဖြင့်ဆေးကြေားးပိုင် ခွင့် ရှိပေသည်။

[၈] အချို့သော ဖိကဟ် ပညာရှင်များသည် ဝူဇူယေ အိရ်သေမာစီ၌ ဦးခေါင်း နှင့် ခြေထောက်ကို ဝူဇူရေဖြင့် မက်စ်(ဟ်) လုပ်ရမည်ကို ပညတ်ချက်များ ထားရှိထားလေသည်။ အကယ်၍ ထိုပညတ်ချက်များ မရှိပါက ဝူဇူယေ အိရ်သေမာစီ မမှန်ကန်ပေ။ ၎င်းတို့မှာ-

  • အေမာမ်ခိုမေနီ - ဦးခေါင်း နှင့် ခြေထောက်ကို ဝူဇူရေ ဖြင့် မက်စ်(ဟ်) ပြုလုပ်ဖို့ရန်အတွက် လက်များကို ရေထဲသို့ နှစ်မြုပ်ထားပီး နီယသ် လုပ်ပြီးမှ အပြင်သို့ ထုတ်ရပေမည်။[၉]


  • ဆိုင်ယဒ်အလီ ဆိစ်သာနီ သည် အိရ်သေမာစီ ပုံစံဖြင့် ပြုလုပ်ထားသည့် စိုစွတ်နေသောလက်ဖြင့် မက်စ်(ဟ်) လုပ်ပါက ကိစ္စ မရှိပေ သို့သော် ယင်းအား အေဟ်သေယာသ် မလုပ်ခြင်း ဟုသတ်မှတ်ထားသည်။[၁၁]
  • နာဆွရ်မကာရင်မ် မေ ရှီရာဇီ ယုံကြည်ထားသည်မှာ ဝူဇူပြုလုပ်သူသည် လက်များကို ရေထဲမှ ထုတ်လိုက်ပြီးနောက် လက်များ၌ ထိုရေ ရှိနေသရွေ့ ဝူဇူ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည် ဟု နိယသ် လုပ်ရပေမည်။[၁၂]

အောက်ခြေ မှတ်စုများ

  1. မီရ်ဇာယေကွမ်မီး၊ဂျာမေအိရ်ရှသာသ်၊ဟီဂျရီ၁၄၁၃၊အတွဲ၁၊စာမျက်နာ၃၂
  2. ဘဟ်ဂျသ်၊ရေစာလဲ‌ သောင်ဇီးဟုလ်မစာအိရ်၊ဟီဂျရီ၊၁၄၂၈၊စာမျက်နာ၅၃
  3. အေမါမ်ခိုမိန်နီ၊သောင်ဇီးဟုလ်မစာအိရ်၊ဟီဂျရီ၁၄၂၄၊စာမျက်နာ၆၁
  4. ခါမေနာအီ၊အဂျူဘသရ်အစ်သစ်ဖ်သာအာသ်၊ဟီဂျရီ၁၄၂၄၊စာမျက်နာ၂၁
  5. မိုအ်ဝက်စ်စဲဒါယေရသရ် မအာရစ်ဖ် ဖစ်က် အစ္စလာမ်မီ ၊ဖရ်ဟဂ်ျဖှစ်က်၊ဟီဂျရီ၁၄၂၆၊အတွဲ၁၊စာမျက်နာ၃၄၆
  6. မကာရင်မ် ရှီရာဇီ၊ရေစာလဲ‌ သောင်ဇီးဟုလ်မစာအိရ်၊ဟီဂျရီ၁၄၂၉၊စာမျက်နာ၆၀
  7. اအေမါမ်ခိုမိန်နီ၊သောင်ဇီးဟုလ်မစာအိရ်(မဟ်ရှီး)၊ဟီဂျရီ၁၄၂၄ အတွဲ၁၊စာမျက်နာ၁၉၉
  8. မိုအ်ဝက်စ်စဲ ယေ ဒါယေရသရ် မအာရစ်ဖ် ဖစ်က် အစ္စလာမ်မီ ၊ဖရ်ဟဂ်ျဖှစ်က်၊ဟီဂျရီ၁၄၂၆၊အတွဲ၁၊စာမျက်နာ၃၄၇
  9. အေမါမ်ခိုမိန်နီ၊ရေစာလဲ‌ ယေ နေဂျာသရ်အေဘာဒါသ်၊၊အီရန် သက္ကရာဇ်၁၃၈၇၊စာမျက်နာ ၂၀
  10. အေမါမ်ခိုမိန်နီ၊သောင်ဇီးဟုလ်မစာအိရ်(မဟ်ရှီး)၊ဟီဂျရီ၁၄၂၄၊အတွဲ၁၊စာမျက်နာ၁၆၀
  11. အေမါမ်ခိုမိန်နီ၊သောင်ဇီးဟုလ်မစာအိရ်(မဟ်ရှီး)၊ဟီဂျရီ၁၄၂၄၊အတွဲ၁၊စာမျက်နာ၁၆၀
  12. အေမါမ်ခိုမိန်နီ၊သောင်ဇီးဟုလ်မစာအိရ်(မဟ်ရှီး)၊ဟီဂျရီ၁၄၂၄၊အတွဲ၁၊စာမျက်နာ၁၆၁

ကျမ်းကိုးမျာ

  • အေမါမ်ခိုမိန်နီ၊ဆရသ် ရူဟုလ္လာဟ် ၊၊သောင်ဇီးဟုလ်မစာအိရ်(မဟ်ရှီး)ကွမ်း၊ ဂျာမေအဲ မိုဒရ်ရေစီးန်၊ဟီဂျရီ၁၄၂၄
  • အေမါမ်ခိုမိန်နီ၊ဆရသ် ရူဟုလ္လာဟ် ၊၊သောင်ဇီးဟုလ်မစာအိရ်၊မိုဟက္ကိက်၊မိုစလာမ် ကိုလီပူရ် ဂျီလာနီ၊ ဘီရျာ၊ဘီနာ၊ဟီဂျရီ၁၄၂၆
  • အေမါမ်ခိုမိန်နီ၊ဆရသ် ရူဟုလ္လာဟ် ၊၊ရေစာလဲနေဂျသလ်အေဘာဒ်၊တီဟ်ရန် ၊မိုအ်အက်(စ်)စဲ သန်ဇီးမ်(ဝါ)နရှ်ရ် အာစာရ် အေမါမ် ခိုမိန်နီ၊နှစ်ကြိန်မြာက်ဖြန့်ချီမှု့၊အီရန် သက္ကရာဇ်၁၃၈၅
  • ဘဟ်ဂျသ်၊မိုဟမ္မဒ် ၊ရေစာလဲ သောင်ဇီးဟုလ်မစာအိရ်၊ကွမ်း၊شفقပုံနှိပ်တိုက် ၊ဟီဂျရီ၁၄၂၈
  • ခါမေနာအီး၊ အလီ၊အဂျူဘသုလ်အိစ်သစ်ဖ်သာအာသ်၊ကွမ်း၊အာယသ်သုလ်လ္လာဟ် ခါမေနာအီ ၏ ဗဟို ပုံနှိပ်တိုက်၊ဟီဂျရီ၁၄၂၄
  • မကာရင်မ် ရှီရာဇီ၊နာစရ်၊၊ရေစာလဲ သောင်ဇီးဟုလ်မစာအိရ်၊ကွမ်း၊မဒရ်စဲယေအေမာမ်အလီ ဘင်န် အဘီတွာလိဘ် ပုံနှိပ်တိုက်၊ဟီဂျရီ၁၄၂၉
  • မီရ်ဇာယေကွမ်းမီး၊အဘုရ်ကာစင်မ် ဘင်န် မိုဟမ္မဒ်ဟစန်၊ ဂျာမေအုရ်ရှသာသ် ဖီ အဂျုဘသုရ်စိုအာလာသ်၊တီဟ်ရန်၊ကီဟာ(န်)ဟီဂျရီ ၁၄၁၃
  • မိုအ်အက်(စ်)စဲ ဒါအေရသရ် မအာရိဖ် ဖစ်(က်)အစ္စလာမ်မီ၊ဖရ်ဟန်(ဂ်)သည်အဲဟ်‌ လေဘိုက်သ် ဂိုင်းဂါန နှင်ကိုက်ညီပြီး။မဟ်မူဒ် ဟာရှင်မီ ရှာဟ်ရူဒီ ၏ထိန်ချူပ်မှု့အောက်တွင်ရှိသည်။ကွမ်း၊မိုအ်အက်(စ်)စဲ ဒါအေရသရ် မအာရိဖ် အစ္စလာမ်မီး ၊ဟီဂျရီ၁၄၂၆