လိမ်ညာပြောဆိုခြင်း

wikishia မှ

လိမ်ညာပြောဆိုခြင်းသည် မကောင်းသည့်အကျင့်စာရိတ္တ တစ်ခုဖြစ်ပြီး အမှန်တရား၏ ဆန့်ကျင်ဘက်များကို ပြောဆိုခြင်း ဟု အဓိပ္ပါယ်ရသည်။ လိမ်ညာပြောဆိုခြင်းသည် ကြီးမားသောအပြစ်ငရဲဖြစ်ပြီး ကျန်းမြတ်ကုရ်အာန် နှင့် ဟဒီးစ်တော်များတွင် ယင်းအားငြင်းပယ်ထားသည်။ ထိုအပြင် လိမ်ညာပြောဆိုခြင်းသည် မကောင်းမှုအားလုံး၏သော့ချက်၊ အီမာမ်သက်၀င်ယုံကြည်မှုကို ဖျက်စီးစေသည့်အရာ ဟူ၍ ဖေါ်ညွှန်းထားသည်။ လိမ်ညာပြောဆိုခြင်းသည် ဟရာမ်(တားမြစ်ထားသည့်အရာ)ဖြစ်သည်။ သိုသော် အချိုးနေရာများ၌ ပြောပိုင်ခွင့်ရှိသည်။ ဥပမာ လူတို၏ အငြင်းပွားမှုများကို ဖြေရှင်းရန်၊ မိမိ သိုမဟုတ် လူတစ်ဦး၏ အသက်နှင့် ပစ္စည်းဥစ္စာကို ကယ်တင်ရန်အတွက် ဖြစ်သည်။ . ရေဝါယသ်များ၌ လိမ်ညာပြောဆိုသူအတွက် လောကီ နှင့် လောကုတ္တရာ ဆိုင်ရာ သတင်းပေးအချက်အလက်များ လာရှိထားသည်။ ဥပမာ ယုံကြည်မှုမရှိခြင်း၊ လူအများကြားသေးသိမ်ခြင်း၊ ဆင်းရဲခြင်း၊ အရှင်မြတ်၏အပြစ်ပေးဒဏ်ခံရခြင်း၊ အီမာန်ပျက်ပြယ်ခြင်း၊ ကောင်းကင်တမန်များ၏ ကျိန်ဆိုမှုကို ခံရခြင်း စသည်တိုဖြစ်သည်။

မနာလို၀န်တိုခြင်း၊ ကပ်ဆေးနည်းခြင်း၊ အီမာန်အားနည်းခြင်း စသည့်အရာများသည် လိန်ညာခြင်း၏ အေကြာင်းအရင်းများအနက်မှ ဖြစ်သည်ဟု ယူဆကြသည်။ လိမ်ညာခြင်းနှင့်ပတ်သက်သည့် သိတင်းပေးအချက်အလက်များ၊ အာယာသ် နှင့် ရေဝါယသ်များ၌ ၎င်းအားရှုတ်ချထားခြင်း တိုကို ဂရုပြုခြင်းအားဖြင့် လိမ်ညာခြင်းကို ပပျောက်စေရန် ကုထုံးနည်းလမ်းများကို ပြောဆိုထားပေသည်။

ဝေါဟာရအနက်အဓိပ္ပါယ်

လိမ်ညာပြောဆိုခြင်းသည် မကောင်းသည့်အကျင့်စာရိတ္တ တစ်ခုဖြစ်ပြီး အမှန်န်တရား၏ ဆန့်ကျင်ဘက်များ[၁]ကို ပြောဆိုခြင်း သိုမဟုတ် တစ်ဦးတစ်ယောက် မပြောသည့်အရာကိုပြောခြင်း ဟူ၍ အဓိပ္ပါယ်ရသည်။[၂] လိမ်ညာခြင်းသည် မှန်ကန်ခြင်း၏ ဆန့်ကျင်ဘက် ဖြစ်သည် လိမ်ညာပြောဆိုသူကို လူလိမ်ဟု ခေါ်သည်။[၃]

အရေးပါခြင်း

လိမ်ညာပြောဆိုခြင်း မကောင်းသည့် အကျင့်စာရိတ္တဖြစ်ပြီး[၄] အရုပ်ဆွဆုံးသော အပြစ်ဂိုနာဟ် ဖြစ်သည်။[၅] အချိုရေဝါယသ်များ၌ယင်းအား မကောင်းမှုဒုစရိုက်အားလုံး၏ အဓိကသော့ချက် ဟူ၍ လာရှိထားသည်။[၆] မွလ္လာဟ်အဟ်မဒ်နရာကီ ၏ပြောကြားချက်အရ အာယသ် နှင့် ရေဝါယသ်များ၌ လိမ်ညာခြင်း နှင့် လူလိမ်အကြောင်းနှင့်ပတ်သက်ပြီး အလွန်ရှုတ်ချထားသည်ဟု လာရှိထားသည်။[၇] ထိုအတူ ဟဒီးစ်စာအုပ်များ [၈]နှင့် အကျင့်စာရိတ္တပိုင်းဆိုင်ရာ စာအုပ်များ၌ လိမ်ညာခြင်းနှင့်ပတ်သက်ပြီး သီးသန့်အခန်းခွဲများ လာရှိထားသည်။ ဥပမာပေးရသော် အလ်ကာဖီ ၊ ဘာဘုလ် ကိဇ်ဘ်၊ ဟဒီးစ်အမှတ် ၂၂၊ လိမ်ညာ‌ေပြာဆိုမှုကို ရှုတ်ချထားခြင်း နှင့်ပတ်သက်ပြီး ကောက်နုတ်ထားသည်။[၉]

အေမာမ်ဆွာဒီ(အစ)၏‌ေကျာ်ကြားသော် ဟဒီးစ်တော်၌ မှန်ကန်မှုရှိသော ဉာဏ်ပညာ နှင့် အသိဉာဏ်ကင်းမဲ့သောအုပ်စုများ နှင့်ပတ်သက်ပြီး ဉာဏ်ပညာနှင့် လိမ်ညာသော အုပ်စုများသည် အသိဉာဏ်ကင်းမဲ့သောအုပ်စုမှ ဖြစ်သည်ဟု သတ်မှတ်ထားသည်။[၁၀] الصِّدْقُ وَ ضِدَّهُ الْکَذِبَ. ကာရ်အာန်၌ လိမ်ညာသူသည် အရှင်မြတ်၏ အမြက်ဒေါသ နှင့် ကျိန်ဆိုမှုခံရထိုက်သည်ဟု ဖော်ပြထားသည်။[၁၁] လိမ်ညာပြောဆိုခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာစာအုပ်များ၌လည်း မကောင်းသောအကျင့်စာရိတ္တ ဟူ၍ လာရှိထားသည်။[၁၂]

လိမ်ညာပြောဆိုခြင်းနှင့်ပတ်သက်ပြီး ရိုဇာဟဂ်ျမိုအာမေလာသ် အရောင်းအဝယ် နှင့် ကစမ် ကျိန်ဆိုခြင်း [၁၃]စသည့် ဖိကဟ် စာအုပ်စားများ၌လည်း ပြောဆိုထားသည်။ ဥပမာပေးရသော် ဟဂ်ျ ပြုလုပ်နေစဉ်အတွင်း လိမ်ညာပြောခြင်ူသည် အိဟ်ရာမ်၏ ဟရာမ်တားမြစ်ထားသည့်အရာများအနက်မှ တစ်ခုဖြစ်သည်ဟု ပြောထားသည်။[၁၄] ထိုအတူ ရိုဇာ ဥပုသ်တည်ဆောက်နေစဉ် အရှင်မြတ် နှင့် တမန်တော်မြတ်ကညီး(ဆွ) အားတိုင်တည်၍လိမ်ညာ‌ပြောဆိုခြင်းသည် ရိုဇာဥပုသ်ကို ပျက်‌ေစသည်် ဟူ၍ ရိုဇာ၏ဥပဒေသများ၌ လာရှိထားသည်။[၁၅]

လိမ်ညာပြောဆိုခြင်း ကြီးမားသောအပြစ်ငရဲ ဖြစ်ပါသလား။

အချိုရေဝါယသ်များ၌ လိမ်ညာပြောခြင်းကို ကြီးမားသောအပြစ်ငရဲမှ ဖြစ်သည်ဟု ယူဆထားသည်။[၁၆] ထိုကြောင့် ရှဟီးဒ်စာနီသည် ၎င်းအား ကြီးမားသောအပြစ်ငရဲ မှ ဖြစ်ပြီး လူသားအား တရားမျှတခြင်းမှ လွဲချော်စေသည်ဟု သတ်မှတ်ထားသည်။[၁၇] သို‌‌ေသာ်ရှီးခ်အန်ဆွာရီသည် အခြားရေဝါယသ်မျာ[၁၈]းကို ထောက်ထားခြင်းဖြင့် လိမ်ညာခြင်းသည် အကယ်၍ အကျင့်သိက္ခာပျက်ပြားစေပါက ကြီးမားသောအပြစ်ငရဲ ဖြစ်နိုင်သည် ဟုပြောထားသည်။[၁၉]

ထိုအတူ အချိုရေဝါယသ်များ၌ အရှင်မြတ် နှင့် တမန်တော်မြတ်ကြီးအား လိမ်ညာပြောခြင်းသည် ကြီးမားသော အပြစ်ငရဲဖြစ်သည်ဟု လာရှိထားသည်။[၂၀] အချိုသည် ဤရေဝါယသ်ကို ထောက်ထားခြင်းဖြင့် ထိုအချက်၌သာ လိမ်ညာပြောခြင်းသည် ကြီးမားသေ အပြစ်ငရဲ ဖြစ်သည် သိုမဟုတ် ဤဟဒီးစ်တော်များသည် ထိုကိစ္စများတွင် သာ လိမ်ညာခြင်း၏ အပြစ် ပြင်းထန်မှုကို ဖော်ပြထား‌သည်။[၂၁]

လိမ်ညာခြင်း၏ အကြောင်းတရားများနှင့် ရည်ရွယ်ချက်များ

လိမ်ညာခြင်းအတွက် အျကြာင်းတရား နှင့် ရည်ရွယ်ချက် အမျိုးမျိုး လာရှိထားသည်။ ရေဝါယသ်များအရ လိမ်ညာခြင်းသည် စိတ်ဝိညာဉ် နှိမ့်ကျမှု၏ အရင်းအမြစ် ဖြစ်သည်။[၂၂] ထိုအတူ အီမာန်အားနည်းခြင်း၊ ရှိင်သွာန်အနှောက်အယှက်ျပးခြင်း၊ ကပ်ဆေးနည်းခြင်း၊ မနာလို၀န်တိုခြင်း တိုသည် လိမ်ညာခြင်း၏အကြောင်းတရားဖြစ်ပြီး ပစ္စည်းဥစ္စာကို မက်မောခြင်းသည် လိမ်ညာခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်ဟု လာရှိထားသည်။[၂၃]

လိမ်ညာခြင်း၏ သက်ဆိုင်သည့် သတင်းအချက်အလက်များ

လိမ်ညာခြင်း၏ အချို့ သတင်းအချက်အလက်များမှာ အောက်ပါတိုဖြစ်သည်။

  1. လူလိမ်၌ ဂုဏ်သိက္ခာ မရှိခြင်း၊ အေမာမ်အလီ(အစ)မှ ကောက်နုတ်ထားသည်မှာ လူလိမ်နှင့် မိတ်ဆွေဖွဲခြင်းမှ ရှောင်ကြဉ်ပါ။ အဘယ်‌ေကြာင့်ဆိုသော် လူလိမ်သည် အမှန်တရားကိုတောက် မယုံနိုင်လောက်ျအာင် လိမ်ညာသောကြောင့် ဖြစသည်။[၂၄]
  2. လူလိမ်၏အီမာန်သက်၀င်ယုံကြည်မှု ပျက်ပြားခြင်း၊ အေမာမ်ဘာကရ်(အစ)မှကောက်နုတ်သည့်ရေဝါယသ်အရ လိမ်ညာ‌ေပြာခြင်းသည် အီမာန်သက်၀င်ယုံကြည်မှုကို ပျက်ပြားစေသည်။[၂၅]
  3. အရှင်မြတ်၏အပြစ်ဒဏ်ကိုခံရခြင်း၊ တမန်တော်မြတ်ကြီး(ဆွ) မှကောက်နုတ်ထားသည်မှာ လိမ်ညာ‌ေပြာခြင်းမှ ရှောင်ကြဉ်ပါလေ။ လိမ်ညာပြောခြင်းသည် ဖိနှိပ်ချုပ်ချယ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှု ဖြစ်သည်။ ထိုနောက် လူလိမ်သည် အပယ်ငရဲ၌ နေရပေမည်။ [၂၆]
  4. ကောင်းကင်တမန်များ၏ ကျိန်ဆိုမှုကိုခံရခြင်း၊ တမန်တော်မြတ်ကြီး(ဆွ) မှကောက်နုတ်ထားသည်မှာ ( မိုအ်မင်န် သက်၀င်ယုံကြည်သူသည် မည်သည့်အချိန်မဆို အကြောင်းပြချက်မရှိဘဲနှင့် လိမ်ညာပြောပါက ကောင်းကင်တမန် ခုနှဈ်သာင်းသည် ၎င်းအား ကျိန်ဆိုကြပေမည်။ ထိုအပြင် ၎င်းနှလုံးသားထဲမှ အနံဆိုးထွက်ပေါ်လာပြီး ထိုအနံသည် အရ်ရှ် ပုလ္လင်တော်ထံ ရောက်ရှိကာ အရှင်မြတ်သည် ထိုသို လိမ်ညာသည့်အတွက် ဇေနာအကြိမ်၇၀ ပြုလုပ်သည့် အပြစ်( အနည်းဆုံးမိခင်နှင့်ဇေနာကျူးလွန်သ ည့်အပြစ်)ကို ၎င်းအတွက်ရေးသားပေမည်။[၂၇]

ထိုအတူ သိက္ခာမရှိခြင်း[၂၈]ဆင်းရဲခြင်[၂၉]၊ မေ့ခြင်း[၃၀] စသည်တိုသည် လိမ်ညာခြင်း၏ သိတင်းအချက်အလက်များဖြစ်ပြီး ယင်းတိုအား ရေဝါယသ်၌ လာရှိထားသည်။ မွလ္လာအဟ်မဒ်နရာကီ သည် မေအ်ရာဂျုလ်စအာဒဟ် စာအုပ်၌ ပြောထားသည်မှာ လိမ်ညာခြင်းသည် လူသားကို သေးသိမ်‌ေစသည် ၊ ယုံကြည်မှုကင်းမဲ့စေသည်ထိုအပြင် လူအများရှေ့၌ ၎င်း၏ ဂုဏ်သိက္ခာကျဆင်းစေသည် ထိုနောက် လောကီ နှင့် လောကုတ္တရာ၌ မျက်နှာညိုးစေသည်။[၃၁]

လိမ်ညာခြင်းအားကုသနိုင်သည့်နည်းလမ်းများ

မွလ္လာအဟ်မဒ်နရာကီ ယုံကြည်ထားသည်မှာ လိမ်ညာခြင်း၏ စရိုက်လက္ခဏာကို ကုသရန်၊ လူသား၌ အမှန်တရား အုပ်စိုးလာစေရန် ခြေလှမ်းများ (အဆင့်အမျိုးမျိူး)ကို လုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်းတိုမှာ-

  • လိမ်ညာလိမ်ညာပြောခြင်းအား ရှုတ်ချထားသည်နှင့်ပတ်သက်ပြီးလာရှိထားသည့် အာယာသ်‌တော များနှင့် ရေဝါယာသ်များကို ဂရုပြုခြင်း။
  • လိမ်ညာခြင်းကြောင်းရရှိမည့် လောကီ နှင့် လောကုတ္တရာဆိုင်ရာ အကျိုးများကို ဂရုပြုခြင်း၊ ဥပမာအာခေရသ်၌ အပြစ်ခံရခြင်း၊ လောကတွင် လူအများကြား၌ ယုံကြည်မှုကင်းမဲ့ခြင်းတိုဖြစ်သည်။
  • အမှန်ပြောခြင်း၏ အကျိုးများကို တွေးတောခြင်း။
  • စကာမပြောမီ စဉ်းစား ဆင်ခြင်ခြင်း။
  • လူလိမ်၊ လူညာများနှင့် ပေါင်းသင်းခြင်းမှ ရှောင်ကြဉ်ခြင်း။[၃၂]

ထိုအတူ မကာရင်ရှီရာဇီ ၊ မရာဂျေ အေ သက်လီးဒ် နှင့် ကုန်အာန်အလင်းဖွင့်ဆိုကြသူများ ၏ အမြင်အရ အခ်လာက် ဒရ် ကုရ်အာန် လိမ်ညာပြောခြင်းသည် ၎င်း၏အမြစ်မှ ကုသခြင်းဖြင့် ပျောက်ကင်းပေမည် လာရှိထားသည်။ ဥပမာပေးရသော် အကယ်၍ လိမ်ညာခညင်းသည် အီမာန်အားနည်းမှုကြောင့် ဖြစ်ပါက အီမာန်ကို အားကောင်းလာအောင် မြင့်တင်ရမည်။ အကယ်၍ လိမ်ညာပြောခင်းသည် ကပ်ဆေးနည်းခြင်း နှင့် မနာလို‌၀န်တိုမှုကြောင့် ဖြစ်ပါက ယင်းအားပျောက်ကင်းအောင် လုပ်ရမည်။ ထိုအတူ လိမ်ညာသူများ သိုမဟုတ် လူလိမ်တွေ ရှိတဲ့ နေရာတွေမှ ရှောင်ကြဉ်ရမည်။[၃၃]

ပြောပိုင်ခွင့်ရှိသောလိမ်ညာမှု

လိမ်ညာပြောခြင်းသည် ဟရာမ်[၃၄] တားမြစ်ထားသည့်အရာ ဖြစ်သည်။ သိုသော် အရေးကြီးသောအကျိုးသက်ရာက်မှုရှိသည့်အရာများ၌ ‌လိမ်ညာပြောပိုင်ခွင့်ရှိပြီး ထိုသိုပြောရန်ဝါဂျီဘ် ဖြစ်သည်ဟု သတ်မှတ်ထားသည်။[၃၅]


မိသားစု( မိန်းမ ၊ ခင်ပွန်း နှင့် သားသမီးများ) ကိုလိမ်ညာသောကတိများ ပေးခြင်း

ရေဝါယသ်များအရ မိန်းမကို လိမ်ညာသောကတိပေးပိုင်ခွင့်ရှိသည်။ [၄၀]ထိုကြောင့် ကိုယ်ကျင့်တရားစာအုပ်များ၌ မိန်းမ နှင့် သားသမီးများကို လိမ်ညာသောကတိပေးခြင်းသည် ဟရာမ်ဖြစ်ခြင်းမှ ခြွင်းချက်ထားရှိထားသည်။[၄၁] သိုသော် ရှီအာဖိကဟ်ပညာရှင်များသည် မိန်းမအား လိမ်ညာပြောဆိုပိုင်ခွင့်မရှိဟု သတ်မှတ်ထားသည်။ [၄၂]ထိုအတူ ဤရေဝါယသ်သည် ကတိမတည်ခြင်းကို ရှုတ်ချထားသည့်အာယသ်တော်နှင့် ဆန်ကျင်နေသည်ဟု မိန့်ထားသည်။[၄၃]ထိုအပြင် ယင်းသည် ရည်ရွယ်ခိက်မရှိဘဲနှင့် ကတိပေးခြင်းကို တားမြစ်ထားသည့် [၄၄]ရေဝါယသ်နှင့်လည်း ဆန့်ကျင်နေသည်။ ထိုကြောင့် အချိုသောသုတေသ‌ီများသည် ထိုသိုရေဝါယသ်မျိူအား လိုက်နာကျင့်ဆောင်ခြင်းသည် ပြုစုပျိုးထောင်ရာ၌ အကျင့်ပျက်ပြားစေပြီး သားသမီးများကို လိမ်ညာဖို့ရန် နှင့် ကတိမတည်ဖို့ရန် တွန်းအားပေးခြင်းပင် ဖြစ်သည်။[၄၅]

မှတ်စုများ

  1. မွစ်သွဖဝီ၊ အလ်သဟ်ဟီး ဖီ ကလမာသုလ် ကုရ်အာန်၊ အီရာန်သက္ကရာဇ် ၁၃၆၇ ၊ အတွဲ၁၊ စာမျက်နှာ ၃၃။
  2. ရှေအ်ရာနီ၊ နက်စ်ရ် သူဗာ၊ အစ္စလာမ့်ပုံနှိပ်တိုက်၊ အတွဲ၂၊ စ။မျက်နှာ၃၃၁။
  3. မွစ်သွဖဝီ၊ အလ်သဟ်ဟီး ဖီ ကလမာသုလ် ကုရ်အာန်၊ အီရာန်သက္ကရာဇ် ၁၃၆၇ ၊ အတွဲ၁၊ စာမျက်နှာ ၃၃။
  4. နရာကီ၊ မအ်ရာဂျုလ်စအာဒဟ်၊ ဟိဂျရသ်၊ စာမျက်နှာ၅၇၃
  5. ဥပမာအားဖြင့်ကြည့်ပါ နရာကီ၊ မအ်ရာဂျုလ်စအာဒဟ်၊ မိာအ်စစ်စေ အအ်လမီ လိလ် မသ်ွဗူအာသ်၊ အတွဲ၂၊ စာမျက်နှာ ၃၃၂။
  6. မဂ်ျလေစီ၊ ဗေဟာရွလ်အန်ဝါရ် ၊ အီရာန်နှစ်၁၄၀၄၊ စာမျက်နှာ၂၆၃။
  7. နရာကီ၊ မအ်ရာဂျုလ်စအာဒဟ်၊ ဟိဂျရသ်၊ စာမျက်နှာ၅၇၃။
  8. ဥပမာအားဖြင့်ကြည့်ပါ ကိုလိုင်နီ၊ အလ်ကာဖီ၊ ၁၄၀၇ကမရီ၊ စာမျက်နှာ ၃၃၈-၃၄၃။
  9. ကြည့်ပါ ကိုလိုင်နီ၊ အလ်ကာဖီ၊ ၁၄၀၇ကမရီ၊ စာမျက်နှာ ၃၃၈-၃၄၃။
  10. ကိုလိုင်နီ၊ အလ်ကာဖီ၊ ၁၄၀၇ကမရီ၊အတွဲ၁၊ စာမျက်နှာ၂၁။
  11. စူရဟ်နူရ်၊ အာယသ်အမှတ်၇။
  12. ဥပမာအားဖြင့်ကြည့်ပါ နရာကီ၊ မအ်ရာဂျုလ်စအာဒဟ်၊ မိုအ်စစ်စေ အအ်လမီ လိလ် မသ်ွဗူအာသ်၊ အတွဲ၂၊ စာမျက်နှာ ၃၃၂- ၃၃၈။
  13. ကြည့်ပါ အေမာမ်ခိုမေနီ၊ သဂ်ရီးရွလ်၀စီလေဟ်၊ မိုအ်စစ်စေ သန်ဇွီးမ် ဝါ နက်ရှ်ရေ အာစာရေ အေမာမ်ခိုမေနီ၊ အတွဲ၂၊စာမျက်နှာ ၁၁၀-၁၁၁။
  14. အေမာမ်ခိုမေနီ၊ သဂ်ရီးရွလ်၀စီလေဟ်၊ မိုအ်စစ်စေ သန်ဇွီးမ် ဝါ နက်ရှ်ရေ အာစာရေ အေမာမ်ခိုမေနီ၊ အတွဲ၁၊စာမျက်နှာ ၃၉၉။
  15. သွဗာသွဗာယီး ယဇ်ဒီး၊ အလ်အုရ်၀သုလ်ဝုစ်ကာ၊ ၁၄၂၀ကမရီ၊ အတွဲ၃၊စာမှက်နှာ၅၄၉။
  16. ကြည့်ပါ ရှီးခ်အန်စွာရီ၊ မကာစီဘ်၊သရာစလ်ရှီးခုလ်အအ်ဇွမ်၊အတွဲ၂၊စာမျက်နှာ၁၂။
  17. ရှဟီးဒ်စာနီ၊ အရ်ရုံဇွာသုလ်ဘဟီယဟ်၊အီရာန်နှစ်၁၃၉၈၊အတွဲ၃၊စာမျက်နှာ၁၂၉။
  18. ကြည့်ပါ ကိုလိုင်နီ၊ အလ်ကာဖီ၊ အီရာန်နှစ်၁၄၀၇၊ အတွဲ၂၊စာမျက်နှာ ၃၃၈၊ ဟဒီးးစ်အမှတ်၂။
  19. ကြည့်ပါ ရှီးခ်အန်စွာရီ၊ မကာစီဘ်၊သရာစလ်ရှီးခုလ်အအ်ဇွမ်၊အတွဲ၂၊စာမျက်နှာ၁၃၊၁၄။
  20. ကြည့်ပါ မိုဟဒ္ဒီစေနူရီ၊ ၀စာအိလုလ်ရှီအဟ်၊အှရာန်နှစ်၁၃၀၉၊အတွဲ၁၂၊စာမျက်နှာ၁၄၈။
  21. ကြည့်ပါ ရှီးခ်အန်စွာရီ၊ မကာစီဘ်၊သရာစလ်ရှီးခုလ်အအ်ဇွမ်၊အတွဲ၂၊စာမျက်နှာ၁၃။
  22. မဂ်ျလေစီ၊ ဗေဟာရွလ်အန်ဝါရ် ၊ အီရာန်နှစ်၁၄၀၃၊ အတွဲ၆၉၊ စာမျက်နှာ၂၆၂။
  23. မကာရင်‌ေမရှီရာဇီ၊ အခ်လာက်ဒရ်ကုရ်အာန်၊နေနှစ်၁၃၂၂၊အတွဲ၃၊စာမျက်နှာ၂၃၄-၂၃၆။
  24. ကိုလိုင်နီ၊ အလ်ကာဖီ၊ အီရာန်နှစ်၁၄၀၇၊ အတွဲ၂၊စာမျက်နှာ ၃၄၁၊ ဟဒီးးစ်အမှတ်၁၄။
  25. ကိုလိုင်နီ၊ အလ်ကာဖီ၊ အီရာန်နှစ်၁၄၀၇၊ အတွဲ၂၊စာမျက်နှာ ၃၃၉၊ဟဒီး၄၊
  26. မိုဟဒ္ဒီစေနူရီ၊ ၀စာအိလုလ်ရှီအဟ်၊အ‌ီရာန်နှစ်၁၄၀၈၊အတွဲ၉၊စာမျက်နှာ၈၈။
  27. မဂ်ျလေစီ၊ ဗေဟာရွလ်အန်ဝါရ် ၊ အီရာန်နှစ်၁၄၀၃၊ အတွဲ၆၉၊ စာမျက်နှာ၂၄၃။
  28. မိုဟဒ္ဒီစေနူရီ၊ ၀စာအိလုလ်ရှီအဟ်၊အ‌ီရာန်နှစ်၁၄၀၈၊အတွဲ၉၊စာမျက်နှာ၈၇။
  29. ကွမ်မီ၊ စဖီနသုလ်ဗဟာရ်၊နေနှစ်၁၃၆၃၊အတဲွ၇၊ စာမျက်နှာ၄၅_။
  30. ကိုလိုင်နီ၊လအ်ကာဖီ၊ အီရာနှစ်၁၄၀၇၊အတွဲ၂၊စာမျက်နှာ၃၄၁၊ဟဒီးစ်၁၅။
  31. နရာကီ၊မအ်ရာဂျုလ်စအာဒသ်၊ဟိဂျရသ်၊စာမျက်နှာ၆၇၃။
  32. နရာကီ၊မအ်ရာဂျုလ်စအာဒသ်၊ဟိဂျရသ်၊စာ မျက်နှာ ၅၇၈-၅၈၀။
  33. မကာရင်‌ေမရှီရာဇီ၊ အခ်လာက်ဒရ်ကုရ်အာန်၊နေနှစ်၁၃၇၇၊အတွဲ၃၊စာမျက်နှာ၂၃၄-၂၃၆။
  34. ရှီးခ်အန်စွာရီ၊ မကာစီဘ်၊သရာစလ်ရှီးခုလ်အအ်ဇွမ်၊အတွဲ၂၊စာမျက်နှာ၁၁။
  35. နရာကီ၊မအ်ရာဂျုလ်စအာဒသ်၊ဟိဂျရသ်၊စာ မျက်နှာ ၅၇၅။
  36. ရှီးခ်အန်စွာရီ၊ မကာစီဘ်၊သရာစလ်ရှီးခုလ်အအ်ဇွမ်၊အတွဲ၂၊စာမျက်နှာ၂၁။
  37. ရှီးခ်အန်စွာရီ၊ မကာစီဘ်၊သရာစလ်ရှီးခုလ်အအ်ဇွမ်၊အတွဲ၂၊စာမျက်နှာ၂၁။
  38. ရှီးခ်အန်စွာရီ၊ မကာစီဘ်၊သရာစလ်ရှီးခုလ်အအ်ဇွမ်၊အတွဲ၂၊စာမျက်နှာ၃၁။
  39. ဆူဒူက်၊ မန်လာယဟ်ဒွရွလ်ဖကီးဟ်၊ သဟ်ရာန်၊အတွဲ၄၊စာမျက်နှာ၃၅၉။။
  40. ကိုလိုင်နီ၊လအ်ကာဖီ၊ အီရာနှစ်၁၄၀၇၊အတွဲ၂၊စာမျက်နှာ၃၄၂၊ဟဒီးစ်၁၈။
  41. ဥပမာအားဖြင့်ကြည့်ပါ နရာကီ၊ မအ်ရာဂျုလ်စအာဒဟ်၊ မိုအ်စစ်စေ အအ်လမီ လိလ် မသ်ွဗူအာသ်၊ အတွဲ၂၊ စာမျက်နှာ ၂၃၆-၂၃၇။
  42. ကြည့်ပါ အေမာမ်ခိုမေနီ၊ အလ်မကာစီဗုလ်မိုဟရမဟ်၊အတွဲ၂၊စာမျက်နှာ၁၄၀၊ သွဗာသွဗာယီး ဟကီးမ်၊မင်န်ဟာဂျွလိဆွာလေဟီးန်(အလ်မဟ်ရှယိုလ်ဟကီးမ်)၊ အတွဲ၂၊စာမျက်နှာ၁၅။
  43. စူရဟ်အိစ်ရာအ်၊အာယသ်အမှတ်၃၄။
  44. မဂ်ျလေစီ၊ ဗေဟာရွလ်အန်ဝါရ် ၊ အီရာန်နှစ်၁၄၀၄၊အတွဲ၁၀၁၊ စာမျက်နှာ၇၃။
  45. အီရ်ဝါနီ(ကုရ်အာန်တွင် မှန်ကန်မှုနိယာမနှင့်လိမ်ညာပိုင်ခွင့်ရှိခြင်းများကို ခွဲခြမ်းစိတ်ဖြာခြင်း)၊ စာမျက်နှာ၁၂၆။

ကျမ်းကိုးမျာ

  • အေမာမ်ခိုမေနီ၊ဆိုင်ယဒ်ရှုဟွလ်လ္လာဟ်၊သဟ်ရီးရွလ်၀စီလဟ်၊သီဟီရာန်၊ မိုအ်စစ်စဟ် သန်ဇွီးမ် ဝါ နက်ရှ်ရေအာစားရေအေမာမ် ခိုမေနီ၊ ဘီသာ။
  • အီရ်ဝါနီ၊ ဂျဝါဒ်၊( မှန်ကန်ခြင်း၏ မူလအရင်းအမြစ် နှင့် လိမ်ညာပြောပိုင်ခွင့်ရှိခြင်ူအားခွဲခြမ်းစိတ်ဖြာခြင်း)၊ ကုရ်အာန်သွန်သင်ချက်ဂျာနယ်တွင်၊ ရဇွဝီ အစ္စလာမ့်သိပ္ပံတက္ကသိုလ်၊ အမှတ်၁၃၊ဘဟာရ် နှင့် နွေရာသီ၁၃၉၀။
  • ရှေအ်ရာနီ၊ အဗူလ်ဟစန်၊ နက်စ်ရေသူဗာ သိုမဟုတ် ဒါအေရာသ်ွ မအာရိဖ် လိုဂါသေကုရ်အာန်မဂျီးဒ်၊ သီဟီရာန်၊ အစ္စလာမ့်ပုံနှိပ်တိုက်၊ ဘီသာ။
  • ရှဟီးဒ်စာနီ၊ရှရ်ဟုလ်အွမ္မဟ်၊ သဟ်ကီးကေဆိုင်ယဒ်မိုဟမ္မဒ်ကလာန်သဲရ်၊ အသ်သွဘ်အသုလ်စာနီယဟ်၊ အီရာန်နှစ်၁၃၉၈၊ ရှဖိးခ်အန်စွာရီ၊ မွရ်သဇွာ၊ အလ်မကာစိဘ်၊ သရ စုလ်ရှီးခုလ်အအှဇွမ်၊ ဘီသာ။
  • ဆူဒူက်၊ မိုဟမ္မဒ် ဗင်န် အလီ၊ မန်လာယဟ်ဒွရုလ်ဖကီးဟ်၊ သီဟီရာန်၊ ဆူဒူက်ပုံနှပ်တိုက်၊ ၁၃၆၇-၁၃၆၉။
  • သွဗာသွ‌ဗာယီး၊ယဇ်ဒီး၊ ဆိုင်ယဒ်မိုဟမ္မဒ်ကာဇွင်မ်၊ အလ်အုရ်၀သုလ်ဝုစ်ကာ၊ မိုအ်စစ်စေ နက်ရှ်ရုလ် အိစ္စလာမီ၊ အသ်သွဇ်အသုလ်အူလာ၊ ဟီဂျရီ၁၄၂၀။
  • ကွမ်မီ၊ရှီးခ်အဘာစ်၊ စဖီနသုလ်ဗဟ ရ်၊ သီဟီရ န်၊ ဖရာဟာနီ၊ အီရာန်နှစ်နှစ်၁၃၆၃။
  • ကိလိုင်နီ၊ မိုဟမ္မဒ် ‌ဗင်န် ယအ်ကူဘ်၊ အလ်ကာဖီ၊ ဆွဟီးဟေ အလာ အက်ဘရ် ဂဖာရီ နှင့် မိာဟမ္မဒ်အာခ်၀န်ဒီ၊ သီဟီရာန်၊ ဒါရွလ်မက်သဘုလ်အိစ္စလာမီယဟ်၊ ၄ခေါက်မြောက်ပုံနှိပ်မှု၊ ဟီဂျရီ၁၄၀၇။
  • မဂ်ျလေစီ၊ မိုဟမ္မဒ်ဘာကရ်၊ ဗေဟာရွလ်အန်ဝါရ်၊ ဘီရူသ်၊ မိုအ်စစ်စေ ၀ဖာအ်၊ ဟီဂျရီ၁၄၀၃။
  • မိုဟမ္မဒ်နူရီ၊ မုစ်သဒ်ရကုလ်၀စာအီလ်၊ ကွမ်၊ မိုစစ်စေအာလိုလ်ဘိုင်သ်၊ ဟီဂျရီ၁၄၀၈။
  • မုဆ်ငွဖွဝီ၊ ဟစန်၊ အလ်သဟ်ကီးကုလ် ကလမာသုလ် ကုရ်အာန် ကရီးမ်၊ သီဟီရာန်၊ ဝေဇာရသုလ်စကာဖဟ် နှင့် အိရ်ရှာဒုလ်အိစ္စလာမီယုလ် ဒါရုလ်အာမသွန် လိလ် မရာကီဇ် ဝလ် အလ။ကာသုလ် စကာဖီယဟ်၊ အီရာန်နှစ်၁၃၆၈။


  • မကာရီမေရှီရာဇီ၊ နာစွရ်၊ အခ်လာက်ဒရ်ကာရ်အာန်၊ ကွမ်၊ ‌ေအမာမ်အလီဗင်န် အဘီသွာလိဘ်ကျောင်း၊ အီရာန်နှစ်၁၃၇၇။
  • နရာကီ၊ အဟ်မဒ် ဗင်န် မိုဟမ္မဒ် အဟ်ဒီ၊ မအ်ရာဂျုလ်စအာဒဟ် စာ အုပ်၊ မိုကဒမဟ် မိုဟမ္မဒ် နကီ၊ ကွမ်၊ မိုအ်စစ်စေ ဟီဂျရသ်ပုံနှိပ်တိုက်၊ ဘီသာ။
  • နရာကီ၊ မိုဟမ္မဒ်မဟ်ဒီ၊ ဂျာမေအုလ်စအာဒါသ်၊ သအ်လီးကေ မိုဟမ္မဒ် ကလာန်သရ်၊ ဘီရှုးသ်၊ မိုအ်စစ်စေ အအ်လမီယုလ် လိလ် မသ်ွဘုအာသ်၊ ၄အုပ်မြောက်ပုံနှိပ်၊ ဘီရှုသ်၊ ဘီသာ။