ရှိုက်ရ်(ကျေးဇူးတင်ခြင်း)
ရှိုက်ရ်(ကျေးဇူးတင်ခြင်း)(အရဘီ : الشُكر ) ဆိုသည်မှာ အလ္လာဟ် ဟိုအရှင်မြတ် ၏ကောင်းချီးများအတွက် နှုတ် နှင့် လက်တွေ့ကျသော ကျေးဇူးတင်ခြင်း၊ အလေးအမြတ်ပြုခြင်းကိုခေါ်ဆိုပါသည်။ မွတ်စလင်မ် အာရေဖ်များ အနေဖြင့် ရှိုက်ရ် (ခ) ကျေးဇူးတင်ခြင်း နှုတ် နှင့်ကျေးဇူးသိတတ်ခြင်း ၊ စိတ်နှလုံး ဖြင့် ကျေးဇူးသိတတ်ခြင်း နှင့် လက်တွေ့ ကျေးဇူး တင် ခြင်း ဟူ၍ သုံးမျိုး ပိုင်ခြား ထားပါသည်။ နှုတ် နှင့်ကျေးဇူးတင် ခြင်း ဆိုသည်မှာ အလ္လာဟ်ဟို အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်များ ကို နှုတ်ဖြင့် အသိ အမှတ်ပြုခြင်းဖြစ်ပါသည်။ စိတ်နှလုံး ဖြင့် ကျေးဇူးတင်ခြင်း ဆိုသည်မှာ ကောင်းကြီး မင်္ဂလာတော် များ အားလုံးသည် အလ္လာဟ်ဟို အရှင်မြတ် ဘက်မှ ဖြစ်ကြောင်း စိတ်နှလုံး မှ အသိအမှတ်ပြုလက်ခံခြင်း ဖြစ်ပါသည်။ လက်တွေ့ ကျေးဇူး တင် ခြင်းဆိုသည်မှာ နေအ်မသ်တော်များ (ခ) ကောင်းကြီး မင်္ဂလာတော် များ ကိုချီးမြှင့် တော်မူသည့် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော်များကို မိမိ၏ အပြုအမှု၊ အနေအထိုင် ဖြင့် လက်တွေ့ နာခံခြင်း ဖြစ်ပါသည်။
ဤအတွက်ကြောင့် ကုရ်အာန်၏ အာယသ်တော်များ အရ ကျေးဇူးတင် ခြင်း သည် မနုဿ လူသား၏ အကျိုး အတွက်ဖြစ်ပြီး ကျေးဇူးတင် ခြင်း သို့မဟုတ် ကျေးဇူးမတင်ခြင်း သည် အလ္လာဟ်ဟို အရှင်မြတ် အတွက် မည်သည့် အကျိုးရှိမှု သို့မဟုတ် မည်သည့် ထိခိုက်နစ်နာမှုကို ဖြစ်စေမည် မဟုတ်ချေ။ အကြောင်းမှာ အလ္လာဟ်ဟို အရှင်မြတ်သည် ပြည့်စုံ ကြွယ်ဝပြီး မနုဿလူ သား နှင့် ၎င်း ၏လုပ်ရပ်များကို မလိုအပ် သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ကောင်းချီး မင်္ဂလာတော် များအတွက် ကျေးဇူးတင်ခြင်းသည် လာဘ်ကောင်းခြင်း ကို ဖြစ်စေပြီး ကောင်းချီး မင်္ဂလာများ တိုးပွါးမှုကို ဖြစ်ပေါ်စေပါ သည်။အေမာမ်အလီ (အ.စ) မှ ကျေးဇူးတင် ခြင်းသည် အီမာန် သက်ဝင် ယုံကြည် ခြင်း နှင့် သက္က်ဝါး (ခ) သီလ၊သမာဓိ ၏ လက္ခဏာ ဖြစ်ကြောင်း နှင့် လာဘ်ကောင်းခြင်း ၏ အရင်းအမြစ် နှင့် ကောင်းချီး မင်္ဂလာတော် များအတွက် ထိန်းသိမ်း စောင့်ရှောက်ခြင်း ဖြစ်စေကြောင်း မိန့်တော် မူထားပါသည်။
အဓိပ္ပာယ် ဖွင့်ဆိုချက် နှင့် ၎င်း ၏ အရေးပါမှု
ကျေးဇူးတင် ခြင်းဆိုသည်မှာ အလ္လာဟ်ဟို အရှင်မြတ် ၏ ကောင်းချီး မင်္ဂလာတော် များကိုသိအောင်ပြု၍ ၎င်းတို့ကို သတိရခြင်း၊ အသိအမှတ်ပြုခြင်းနှင့် ၎င်းတို့အား စိတ်နှလုံး၊ လျှာ၊ အပြုအမူများဖြင့် ဖော်ပြခြင်း ဖြစ်ပါ သည်။[၁]
ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ တွင် ပမာအားဖြင့် «فَاذْكُرُونِي أَذْكُرْكُمْ وَاشْكُرُوا لِي وَلَا تَكْفُرُونِ» အဓိပ္ပာယ် - သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်အား သတိရကြပါ။ ငါအရှင်မြတ်သည်လည်း အသင်တို့ အား သတိရတော်မူမည်။ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်၏ကျေးဇူးတော်ကို သိကြပါ။ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်အား ကျေးဇူးမကန်းကြနှင့်။[၂] သို့မဟုတ် «لِيَبْلُوَنِي أَأَشْكُرُ أَمْ أَكْفُرُ» အဓိပ္ပာယ် - ငါသည် ကျေးဇူးတင်သလော သို့မဟုတ် ငါသည် ကျေးဇူးကန်းသလောဆိုသည်ကို အရှင်မြတ် က ငါ့အား စမ်းသပ်တော်မူရန် အတွက် ဖြစ်ပါ သည်။[၃] တို့ တွင် ကျေးဇူးတင်ခြင်းအား ကုဖ်ရ် ထိပ်တိုက် အသုံး ပြု ထား ပါသည်။ အဘယ်ကြောင့်ဆိုသော် ကုဖ်ရ် ၏ အဓိပ္ပါယ်တစ်ခုမှာ ဖုံးကွယ်ရန်ဖြစ်ပြီး ကာဖေရ် (ခ) သက်ဝင် မယုံကြည် သူသည် အလ္လာဟ် ဟို အရှင်မြတ် ၏ ကောင်းချီး မင်္ဂလာတော် များကို ဖုံးအုပ်ထား သကဲ့သို့ ဖြစ်ပြီး ယုံကြည်သူသည် ၎င်း၏ကျေးဇူးတော်အားဖြင့် ၎င်းတို့အား ထုတ်ဖော်ပြသကာ အသိ အမှတ်ပြုပါသည်။ ကောင်းချီးမင်္ဂလာတော်များကို အသိအမှတ်ပြုခြင်း၏ အဓိပ္ပါယ်ကို ကျေးဇူးတင်ခြင်း ဟူသော စကားလုံး၌လည်း ဝှက်ထားပြီး ကျေးဇူးတင်ခြင်းသည် ဦးညွှတ်ခြင်း၊ ဝန်ခံခြင်းတစ်မျိုးနှင့် အတူ ပါ၀င်ပြီး ကောင်းချီးမင်္ဂလာကို သတိရခြင်းနှင့် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆန့်ကျင်ဘက်မှာ ကုဖ်ရ် (ခ) မယုံကြည် ခြင်း ဖြစ်ပြီး အဓိပ္ပါယ်မှာ အလ္လာဟ်ဟို အရှင်မြတ် ချီးမြှင့် တော် မူသည့် ကောင်းချီး မင်္ဂလာတော် များ ကို မေ့ပျောက်ခြင်းနှင့် ဖုံးကွယ်ခြင်း ဖြစ်ပါသည်။[၄]အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) အနေဖြင့် အဲက်လ် နှင့် ဂျဲဟ်လ် တပ်ဖွဲ့ဝင်များ ၏ အရေအတွက် ရေတွက်ပြသည့် ကျော်ကြားသည့် ဟဒီးစ်တော် တွင် ရှိုက်ရ်(ခ) ကျေးဇူးတင် ခြင်း အား အဲက်လ် ၏ တပ်ဖွဲ့ဝင်များ ဖြစ် ကြောင်း နှင့် ၎င်း ဆန့်ကျင်ဘက် ကုဖ်ရ် (ခ) ဖုံးကွယ်ခြင်း၊ငြင်းဆိုခြင်း အား ဂျဲဟ်လ် ၏ တပ်ဖွဲ့ဝင်များ မှ ဖြစ်ကြောင်း မိန့်တော် မူထားပါသည်။[၅]
ရှိုက်ရ်(ခ)ကျေးဇူးတင်ခြင်း ကို ကုရ်အာန်ကျမ်းတွင် အမျိုးမျိုး သော ခေါင်းစဥ် များ တွင် အသုံးပြုထားပါ သည်။ ပမာအားဖြင့် ရုပ်ဝတ္တူ ဆိုင်ရာ ကောင်းချီးမင်္ဂလာတော်များ အတွက် ကျေးဇူးတင်ခြင်း[၆] သာသနာ နှင့် တစ်ဆူတည်း အရှင်အား ခဝပ်ကိုးကွယ်ခြင်း အတွက် ကျေးဇူးတင် ခြင်း[၇] အလ္လာဟ်ဟို အရှင်မြတ် နှင့် မိဘနှစ်ပါး တည်ရှိမှု အတွက် ကျေးဇူးတင်ရှိခြင်း[၈]အလ္လာဟ် ဟို အရှင်မြတ် ၏ ခွင့်လွတ်ပေးတော် မူ ခြင်း နှင့် ကရုဏာတော် အတွက် ကျေးဇူးတင်ခြင်းတို့ ဖြစ်ပါသည်။[၉]
မအ်စူမ်မီးန် (အ.စ) ၏ ရီဝါယသ်တော်များ တွင် ကျေးဇူးသိတတ် ခြင်း ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် နှင့် ၎င်း၏ နမူနာများကို တင်ပြလာရှိ ပါသည်။ အေမာမ်အလီ (အ.စ) မှ ကျေးဇူးတင်ခြင်း အား အီမာန် သက်ဝင် ယုံကြည် ခြင်း၏ လက္ခဏာတစ်ခုဖြစ်ကြောင်း[၁၀] သက္က်ဝါး (သီလ၊သမာဓိ) ဖြစ်ကြောင်း[၁၁] စမ်းသပ်ခြင်း နှင့် စမ်းသပ်ခြင်း၏ အကြောင်းခံ ဖြစ်ကြောင်း[၁၂] စည်းစိမ်ဥစ္စာ၏ အဆင် တန်ဆာ ဖြစ်ကြောင်း[၁၃] တိုးပွားခြင်းအရင်းအမြစ်ဖြစ်ကြောင်း[၁၄]နှင့် ကောင်းချီးမင်္ဂလာတော် များကို ထိန်းသိမ်း စောင့်ရှောက် ခြင်း ဖြစ်ကြောင်း မိန့်တော် မူထားပါသည်။[၁၅]ထိုတူနည်းစွာ မွတ်စလင်မ်တစ်ဦးသည် အခြေအနေတိုင်း တွင် ကျေးဇူးတင်သင့်သည်ဟုလည်း မောင်လာအလီ (အ.စ) ထံတော် မှ ဆင့်ပြန်လာရှိပါသည်။[၁၆]
ကျေးဇူးတင် ခြင်းရလဒ်များ
စူရဟ် အီဗရာဟီးမ် ၏ အာယသ်တော် အမှတ် ၇ ကို ကြည့်ပါ။
ကျမ်းမြတ်ကုရ်အာန်[၁၇] ၏ အဆိုအရ ကျေးဇူးတင် ခြင်း သည် မနုဿ လူသား၏ အကျိုး အတွက်ဖြစ်ပြီး ကျေးဇူးတင် ခြင်း သို့မဟုတ် ကျေးဇူးမတင်ခြင်း သည် အလ္လာဟ်ဟို အရှင်မြတ် အတွက် မည်သည့် အကျိုးရှိမှု သို့မဟုတ် မည်သည့် ထိခိုက်နစ်နာမှုကို ဖြစ်စေမည် မဟုတ်ချေ။ အကြောင်းမှာ အလ္လာဟ်ဟို အရှင်မြတ်သည် ပြည့်စုံ ကြွယ်ဝပြီး မည်သည့်အကျိုးကိုမျှ မလိုအပ်သောကြောင့် ဖြစ်ပါသည်။ ပြီးနောက် အလ္လာဟ် ဟို အရှင်မြတ် သည် မနုဿ လူသား၏ ကျေးဇူးမတင်ခြင်း၊ ကျေးဇူးကန်းခြင်းဖြင့် နစ်နာဆုံးရှုံး အောင်ပြုနိုင်ခြင်း ထက် သာလွန် ကြီးကျယ် သည့် အတွက်ကြောင့် ဖြစ်ပါသည်။ အခြားတစ်ဖက်တွင် မနုဿလူသားသည် ကျေးဇူးတင်ခြင်း ဖြင့် အကျိုးအမြတ် ရရှိမည် ဖြစ်ပါသည်။ ထိုပြင် နေအ်မသ် တော်များ (ခ) ကောင်းချီး မင်္ဂလာတော် များ ကို ကျေးဇူးတင်ခြင်းသည် လာဘ် ကောင်းခြင်း ကို ဖြစ်ပါသည်။[၁၈] ထို့အပြင် ကျေးဇူးတင်ခြင်း သည် ဖြောင့်မတ် မှန်ကန်သောလမ်းကို ပို့ဆောင်ပေးပါသည်။[၁၉]၎င်း၏ဆန့်ကျင်ဘက် ကျေးဇူးမတင်ခြင်း ၊ ကျေးဇူးကန်းခြင်းသည် အဇါးဗ် (ပြစ်ဒဏ်) ကို ဖြစ်စေပါသည်။[၂၀]
အောက်ခြေ မှတ်စုများ
- ↑ ရာဂစ်ဗ် အစ္စဖဟန်နီ ၊ မွတ်ဖ်ရေဒါသ် အလ်ဖါဇ် ဇို ကုရ်အာန် ၊ စာမျက်နှာ ၂၆၅။
- ↑ စူရဟ် ဘကရဟ် ၊ အာယသ်တော်အမှတ် ၁၅၂။
- ↑ စူရဟ် နမ်လ်၊ အာယသ်တော် အမှတ် ၄၀။
- ↑ ဖရာဟီဒီ ၊ အလ်အိုင်းန် ၊ စာမျက်နှာ ၃၄၇။
- ↑ ကိုလိုင်းနီ ၊ အလ်ကာဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၁။
- ↑ စူရဟ် နဟ်လ် ၊ အာယသ်တော်အမှတ် ၁၄၊၇၈၊၁၁၄၊၂၁။ စူရဟ်ဘကရဟ် ၊ အာယသ်တော် အမှတ် ၇၂။ စူရဟ် လွတ်က်မာန် ၊ အာယသ်တော် အမှတ် ၃၁ ။ စူရဟ် ရှိုရာ ၊ အာယသ်တော် အမှတ် ၃၃ ။ စူရဟ် ရူးမ် ၊ အာယသ်တော် အမှတ် ၄၆။ စူရဟ် အအ်ရာဖ် ၊ အာယသ်တော် အမှတ် ၁၀။ စူရဟ် စဗါ ၊အာယသ်တော် အမှတ် ၁၃၊၁၅။ စူရဟ် ယူနွစ် ၊ အာယသ်တော် အမှတ် ၆၀ ။ စူရဟ် ယာစင်းန် ၊ အာယသ်တော် အမှတ် ၃၅ ။ စူရဟ် ဖိုရ်ကာန် ၊ အာယသ်တော် အမှတ် ၆၂။
- ↑ စူရဟ် ယူစွဖ် ၊ အာယသ်တော် အမှတ် ၃၈ ။ စူရဟ် အီဗရာဟီးမ် ၊ အာယသ်တော် အမှတ် ၅။
- ↑ စူရဟ် လွတ်က်မာန် ၊ အာယသ်တော် အမှတ် ၁၄။
- ↑ စူရဟ် ဘကရဟ် ၊ အာယသ်တော်အမှတ် ၅၃။
- ↑ နဲဟ်ဂျိုလ်ဗလာဂဟ် ၊ ဟစ်က်မသ်တော်အမှတ် ၃၂၅။
- ↑ နဲဟ်ဂျိုလ်ဗလာဂဟ် ၊ ခွသ်ဗဟ် အမှတ် ၁၈၄။
- ↑ နဲဟ်ဂျိုလ်ဗလာဂဟ် ၊ ခွသ်ဗဟ် အမှတ် ၉၀။
- ↑ နဲဟ်ဂျိုလ်ဗလာဂဟ် ၊ ဟစ်က်မသ်တော်အမှတ် ၃၃၃။
- ↑ နဲဟ်ဂျိုလ်ဗလာဂဟ် ၊ ဟစ်က်မသ်တော်အမှတ် ၁၃၀၊၁၄၇။
- ↑ နဲဟ်ဂျိုလ်ဗလာဂဟ် ၊ ဟစ်က်မသ်တော်အမှတ် ၂၃၇။ ၁၃။
- ↑ နဲဟ်ဂျိုလ်ဗလာဂဟ် ၊ ဟစ်က်မသ်တော်အမှတ် ၂၆၅။
- ↑ စူရဟ် နမ်လ်၊ အာယသ်တော် အမှတ် ၄။ စူရဟ် လွတ်က်မာန် ၊ အာယသ်တော် အမှတ် ၁၂ ။ စူရဟ်ဇိုမိုရ် ၊ အာယသ်တော် အမှတ် ၇။
- ↑ စူရဟ် အီဗရာဟီးမ် ၊ အာယသ်တော် အမှတ် ၇၊၈။
- ↑ စူရဟ် နဟ်လ် ၊ အာယသ်တော်အမှတ် ၁၂၁။
- ↑ စူရဟ် အီဗရာဟီးမ် ၊ အာယသ်တော် အမှတ် ၇။ စူရဟ် နေစာ ၊ အာယသ်တော်အမှတ် ၁၄၇။ စူရဟ် စဗါ ၊အာယသ်တော် အမှတ် ၁၅၊၁၆။
ကျမ်းကိုးများ
- ကုရ်အာန်
- နဲဟ်ဂျိုလ်ဗလာဂဟ် ၊ သဆ်ဟီးဟ် ဖိုင်ဇ်ဇိုလ်အစ္စလာမ် ၊ တီဟီရန် ၊ အန်သေရှာရာသ် ဖိုင်ဇ် ဇိုလ်အစ္စလာမ် ၊ အီရန် သက္ကရာဇ် ၁၃၇၄ ခုနှစ်။
- ရာဂစ်ဗ် အစ္စဖဟန်နီ ၊ဟိုစိုင်းန်ဘင်န် မိုဟမ္မဒ် ၊ မွတ်ဖ်ရေဒါသ် အလ်ဖါဇ် ဇို ကုရ်အာန် ၊လက်ဘနွန် ၊ ဆီးရီးယား ၊ ဒါရိုအေလ်မ် ၊အဒ်ဒါရိုရှ်ရှာမီယဟ် ၊ ၁၄၁၂ ဟီဂျရီ ။
- ဖရာဟီဒီ ၊ခလီးလ် ဘင်န် အဲဟ်မဒ် ၊ အလ်အိုင်းန် ၊ သဲဟ်ကီးက် မဲဟ်ဒီ မခ်ဇူမီ ဝ အီဗရာဟီးမ် စာမရာအီ ၊ ကွမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၀ ခုနှစ်။
- ကိုလိုင်းနီ၊ မိုဟမ္မဒ် ဘင်န် ယအ်ကူးဗ် ၊အလ်ကာဖီ ၊တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ်။