ရူဟွလ္လာဟ် (ဘွဲ့တော်)
ရူဟွလ္လာဟ် (အရဘီ : روحُالله ) ဆိုသည်မှာ ဟဇရသ် အီစာ (ခ) ယေရှု ၏ ဘွဲ့တော်များ မှ တစ်ခု ဖြစ်ပါသည်။ဤ ဘွဲ့တော် အား ရှီအဟ် ဟဒီးစ်တော်များ[၁] နှင့် ဇေယာရသ် နာမေဟ်များတွင် «السَّلَامُ عَلَى عِيسَى رُوحِ اللَّهِ» အစ္စလာမ် မို အလာ အီစာ ရူဟေလ္လာဟ်[၂] ဆိုပြီး အတိအလင်းဖော်ပြ လာရှိပါသည်။ ရူဟွလ္လာဟ် ၏ အဓိ ပ္ပာယ် မှာ အလ္လာဟ် ဟို အရှင်မြတ် ၏ ဝိညာဥ် တော် ဖြစ်ပါသည်။ စူရဟ်နေစာ ၏ အာယသ်တော် အမှတ် ၁၇၁ တွင် ဤရူဟွလ္လာဟ် ဘွဲ့တော် အား အရိပ်အမွက် ဖော်ပြထားပါသည်။ «إِنَّمَا الْمَسِیحُ عِیسَی ابْنُ مَرْیَمَ رَسُولُ اللَّهِ وَ کَلِمَتُهُ أَلْقَاهَا إِلَی مَرْیَمَ وَ رُوحٌ مِنْهُ » အဓိပ္ပာယ် - ဟဇရသ် မရ်ယန်းမ်(စ.အ) ၏ သားတော် ဟဇရသ် မစီဟ်(ခ) အီစာ (အ.စ) သည် အလ္လာဟ် ဟို အရှင် အရှင်မြတ်၏ တမန်တော် နှင့် အရှင်မြတ်၏ (တတ်စွမ်းနိုင်မှုကို ထင်ပေါ်စေသော) စကားတော်ပင်ဖြစ်ပါသည်။ အရှင်မြတ် သည် ထိုစကားတော်ကို ဟဇရသ် မရ်ယန်းမ် (စ.အ) ထဲသို့ ထည့်ပေးတော်မူခဲ့ပါ သည်။ ၎င်းပြင် အရှင်မြတ်ထံမှ (ချီးမြှင့်တော်မူ သော) ဝိညာဉ် လည်းဖြစ်ပါ သည်။ ဟဇရသ် အီစာ (ခ) ယေရှု ကို ရူဟွလ္လာဟ် (အလ္လာဟ် ဟို အရှင်မြတ် ၏ ဝိညာဥ် တော် ) ဟု အမည် ပေးရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ ရှုထောင့်များ ကို ဖော်ပြထားပါသည်။
- သုတ်ပိုးမှ မဟုတ်ဘဲ အလ္လာဟ် ဟို အရှင်မြတ် အမိန့်တော်ဖြင့် ဖန်ဆင်းခံခဲ့ရသည့် အတွက်ကြောင့် ဖြစ်ပါ သည်။[၃]
- ဟဇရသ် အီစာ (ခ) ယေရှုကြောင့် လူထု ၏ ဘာသာ တရား ပြန်လည် နိုးကြားလာသည့် အတွက်ကြောင့်ဖြစ် ပါသည်။[၄]
- သေလွန်သူများကို အသက်ပြန်ရှင်စေခြင်းကြောင့် ဖြစ်ပါသည်။[၅]
- အလ္လာဟ်ဟို အရှင်မြတ် ၏ အဖန်းဆင် ခံ ကျေးကျွန်များအတွက် ကရုဏာဖြစ်ခြင်း ကြောင့် ဖြစ်ပါသည်။ (ရူဟ် ဝိညာဉ်ဆိုသည်မှာ ကရုဏာ) ဖြစ်ပါသည်။[၆]
« ရူဟ် » ဟူသော စကားလုံးကို «အလ္လာဟ် »မှ ထပ်ပေါင်းခြင်းအားပညာရပ်ဆိုင်ရာ ဝေါဟာရဗေဒတွင် « အေဇာဖေဟ် သရှ်ရီဖီ » ဟုခေါ်ဆိုပါသည်။ ဆိုလိုသည်မှာ « အလ္လာဟ်ဟို အရှင်မြတ် ၏ ဝိညာဉ်တော် » ဟုခေါ်ဆိုထိုက်သော အဖိုးတန် မြင့်မြတ်သော ဝိညာဉ်ဖြစ်ပါသည်။« အလ္လာဟ်ဟို အရှင်မြတ် ၏ ဝိညာဉ်တော် » သည် လူသည် ရုပ်ဝတ္ထုပစ္စည်းဖြစ်သော်ငြား နာမ်ပိုင်းဆိုင်ရာနှင့် ကိုယ်ကျင့်တရားသဘောအရ အလ္လာဟ် ဟို အရှင်မြတ် ၏ ဝိညာဉ်တစ်ခု ပိုင်ဆိုင်သည်ဟူသောအချက်ကို ရည်ညွှန်းပါ သည်။[၇] ရူဟွလ္လာဟ် ကို ကိုယ်ပိုင်နာမည်အဖြစ်လည်း အသုံးပြုကြပါသည်။ ဤအမည်ဖြင့် အကျော်ကြားဆုံးပုဂ္ဂိုလ်မှာ အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ကို တည်ထောင်သူ အေမာမ် ခိုမေနီ (ရ.ဟ) ဖြစ်ပါသည်။
အောက်ခြေ မှတ်စုများ
- ↑ နမူနာ ကြည့်ရန် - ကိုလိုင်းနီ ၊ အလ်ကာဖီ ၊ အီရန် သက္ကရာဇ် ၁၃၆၃ ခုနှစ်၊ အတွဲ ၂ ၊ စာမျက်နှာ ၃၀၆ ၊ ဟဒီးစ်တော် အမှတ် ၁။ ဆဖါရ် ကွမ်းမီ ၊ ဗဆွာအေရိုလ်ဒရဂျာသ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ စာမျက်နှာ ၁၁၈။
- ↑ နမူနာ ကြည့်ရန် - မရှ်ဟဒ်ဒီ ၊ အလ်မဇာရ်ရိုလ်ကဘီးရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၉ ခုနှစ် ၊ စာမျက်နှာ ၄၉၇။ အစ်ဗ်နေ သွာ အူစ် ၊ မစ်ဆ်ဗာဟိုဇ်ဇာအေရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ ခုနှစ် ၊ စာမျက်နှာ ၁၄၆။
- ↑ သွဗရစီ ၊ ဂျဝါမေအ် အိုလ် ဂျာမေအ် (ပါရှန်း )၊ အီရန် သက္ကရာဇ် ၁၃၇၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၁။ ရှိက်ခ် သူစီ ၊ အလ်သစ်ဗ်ယာန်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ခုနှစ်၊အတွဲ ၆။ စာမျက်နှာ ၃၅၉ ။
- ↑ သွဗရစီ ၊ သဖ်စီးရ် မဂျ်မအိုလ်ဗရန်းန် (ပါရှန်း ) ပထမကြိမ် ပုံနှိပ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၅၆။
- ↑ အလ်မွတ်စ်သဖဝီ ၊ အလ်သဲဟ်ကီးက် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ ခုနှစ် ၊ အတွဲ ၄၊ စာမျက်နှာ ၂၅၆။
- ↑ ရှိက်ခ် သူစီ ၊ အလ်သစ်ဗ်ယာန်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ခုနှစ် ၊ အတွဲ ၆၊ စာမျက်နှာ ၃၅၉ ။
- ↑ မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနာ ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၁၇ ၊ စာမျက်နှာ ၁၂၇ ၊ ၁၂၈ ။