မရ်ယန်းမ်(စ.အ) ၏ ကိုယ်ဝန်

wikishia မှ

မရ်ယန်းမ်(စ.အ) ၏ ကိုယ်ဝန် (အရဘီ : حمل السيدة مريم بعيسى ) ဆိုသည်မှာ မိုအ်ဂျေဇဟ်တစ်ခု ဖြစ်ပြီး ဟဇရသ် အင်န်မရာန် ၏သမီးတော် ဟဇရသ် မရ်ယန်းမ် (စ.အ) (ခ) မာရီ မည်သည့် ယောက်ကျားသားနှင့်မျှ ကာမဆက်ဆံခြင်း မရှိ ဘဲကိုယ်ဝန်ရရှိခဲ့ပြီးရလဒ်မှာ ဟဇရသ် အီစာ (အ.စ) ယေရှုဖွားမြင်ခြင်းဖြစ် ပါသည်။ ဟဇရသ် မရ်ယန်းမ် (စ.အ) ၏ ကိုယ်ဝန်ဖြစ်ရပ်ကို ကုရ်အာန် နှင့် သမ္မာကျမ်းစာတွင် ဟဇရသ် မရ်ယန်းမ် (စ.အ) ၏ အပျိုစင်ဘ၀ တွင် တူညီပြီး အချို့သောအသေးစိတ်အချက်များတွင် ကွဲပြားမှုများဖြင့် ဖော်ပြ ထားပါ သည်။

ကုရ်အာန်အဆိုအရ မရ်ယန်းမ်(စ.အ) သခင်မ သည် ဆိတ်ကွယ်ရာအရပ်၌ အလ္လာဟ်ဟို အရှင်မြတ်အား ခဝပ်ကိုး ကွယ်ရန် လူများထံမှ ရှောင်ကြဥ် ချိန်တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ ကောင်းကင်တမန်သည် သခင်မအား ကိုယ်‌ယောင် ထင်ရှားပြပြီး ကလေးတစ်ဦးရမည့် သတင်း စကားကိုပြောကြားလေ၏။ ကုရ်အာန် သည် မရ်ယန်းမ်(စ.အ) သခင်မ ၏ ကိုယ်ဝန်ကို "ငါ၏ ဝိညာဉ်တော်မှ မှုတ်သွင်းခြင်း" ဟူသော အသုံး အနှုန်းဖြင့်သာ ဖော်ပြထားပါသည်။ မရ်ယန်းမ်(စ.အ) သခင်မ ၏ ကိုယ်ဝန်ရှိပုံကို အတိအကျသိရန် လူ့ပညာ၏ ဘောင်အတွင်းမှ မဟုတ်ကြောင်း အချို့သော သဖ်စီးရ် ပညာရှင်များက ယုံကြည်ကြပါသည်။

စူရဟ်မရ်ယန်းမ် ၏ အာယသ်တော်များ အရ ကိုယ်ဝန်ရပြီးနောက် မီးဖွားခြင်းဝေဒနာသည် မရ်ယန်းမ် (စ.အ) သခင်မ အား စွန်ပလွံပင် ဆီသို့ ကြွမြန်းစေခဲ့ပါသည်။ ထိုအချိန်တွင် မရ်ယန်းမ် သခင်မသည် သေချင်တရားကို တောင်းတခဲ့ပါသည်။ သဖ်စီးရ်ပညာရှင်များ အနေဖြင့် မရ်ယန်းမ် သခင်မသည် သေချင်တရားကို တောင်းတ ရခြင်းမှာ လူအများ၏အပြစ်တင်ခြင်းကို စိုးရိမ် ခြင်းကြောင့်ဟု ဆိုထားကြပါသည်။ ကုရ်အာန် ကျမ်းတော် မြတ် အဆို အရ မရ်ယန်းမ် (စ.အ) သခင်မ အား ဝမ်းနည်းပူဆွေးခြင်းမပြုရန် အလ္လာဟ်ဟို အရှင်မြတ် မှ အမိန့်ပေးတော်မူခဲ့ပါသည်။ သခင်မ ၏ ဆင်းရဲဒုက္ခများကို သက်သာရာရရန် သခင်မ ၏ခြေဖဝါးအောက်တွင် ရေချောင်းကို စီးစေတော်မူပြီး လတ်ဆတ်သည့် စွန်ပလွံသီးများကို ချီးမြှင့်တော် မူခဲ့ပါသည်။ထိုအပြင် အလ္လာဟ်ဟို အရှင်မြတ် မှ မရ်ယန်းမ် သခင်မ အား မိမိ၏ ကလေးလေးကို တွေ့ရတာ ပျော်ရွှင်ဖို့ မိန့်ကြား တော်မူခဲ့ပါသည်။

ကုရ်အာန်အာယတ်တော်တွေအရ လူတွေကိုရင်ဆိုင်ရမှာ စိုးရိမ် ကြောက်တဲ့ မရ်ယန်းမ် သခင်မအား ဆိတ်ဆိတ် နေသည့်ရိုဇဟ် ထားရန် အမိန့်ထုတ်ပြီး မိမိ ရင်သွေးနှင့် အတူ လူများထံ ပြန်လည် ကြွမြန်း လာခဲ့ပါ သည်။ စူရဟ်နေစာ၏ အာယသ်တော် အမှတ် ၁၅၆ တွင် မရ်ယန်းမ် သခင်မ သည် မိမိ ၏ ကိုယ်ဝန် နှင့် ကလေး မွေးဖွားမှုကြောင့် ပြင်းထန်စွာ စွပ်စွပ်မှုကို ခံခဲ့ရကြောင်း ဖော်ပြထားပါသည်။ မရ်ယန်းမ်သခင်မ က မိမိကလေးငယ် ကို အဖြေပြန်ပေး ဖို့ ညွှန်ပြပြီး ကလေးငယ် က မအ်ဂျေဇာ(ခ) အံ့ဖွယ်နည်းနဲ့ ပါးစပ်ကို ကိုဖွင့်ပြီး ပြောသည်မှာ - « ကျွန်တော်က အလ္လာဟ်ဟို အရှင်မြတ် ၏ ကျွန်တစ်ယောက်ဖြစ်ပါသည်။ အရှင် သည် ကျွန်ုပ် အား (ကောင်းကင်ကျ) ကျမ်းစာအုပ်ကို ပေး ၍ ကျွန်ုပ်အား တမန်တော် တစ်ပါး ဖြစ်စေလွတ် တော်မူ ခဲ့ပါ သည်။ » သဖ်စီးရ် ပညာရှင် အချို့၏ အဆိုအရ ဤ မအ်ဂျေဇာ(ခ) အံ့ဖွယ်အမှုဖြင့် ယေရှု (ခ) အီစာ (အ.စ) သည် မိမိ မိခင် ၏ သန့်ရှင်း စင်ကြယ် မှုကို သက်သေပြခဲ့ ခြင်း ဖြစ်ပါသည်။


အောက်ခြေ မှတ်စုများ


ကျမ်းကိုးများ