ဘာဇါရ်ရေ ရှမ်း

wikishia မှ
ဘဇါရ်ရေရှမ်း (ဒမတ်စကတ်မြို့၏စျေး)

ဘဇါရ်ရေရှမ်း (အရဘီ : سوق الشام ) သို့မဟုတ် ဘဇါရ် ဟမီဒီယဟ် ဆိုသည်မှာ ဒမတ်စကတ်မြို့ ၏ သမိုင်းဝင် စျေး တစ်ခု ဖြစ်ပါသည်။ ယဇီးဒ်ဘင်န် မိုအာဝေယဟ် ၏ အမိန့်ဖြင့် ကရ်ဗလာ ၏ အကျဥ်းသား သုံ့ပန်းများကို ဤစျေးတွင် လှည့်လည် ပြခဲ့ခြင်းဖြစ်ပါသည်။ မုဟော်ရမ် လ ၏ အဇါဒါရီများ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ မဆွာအေဗ် (ဆင်းရဲဒုက္ခများ) ကို တင်ပြသည့်အခါ ဤ စျေး အကြောင်းလည်း ပါဝင်ပါသည်။ ဘဇါရ်ရေရှမ်း (ဒမတ်စကတ်မြို့၏စျေး) သည် ဒမတ်စကတ်မြို့ ၏ အရေးကြီးတကာအရေးအကြီး ဆုံးစျေးဖြစ်ပြီး မြို့ ဟောင်းပိုင်းတွင် ရှိပြီး မတ်စ်ဂျစ်ဒ် ဒေ ဂျာမေအ် အမဝီ ၏အနီးတွင် တည်ရှိပါသည်။

တည်နေရာ

ဘဇါရ်ရေရှမ်း (ဒမတ်စကတ်မြို့၏စျေး) သည် ဒမတ်စကတ်မြို့ဟောင်း၏ အစိတ်အပိုင်းတစ်ခုတွင် တည်ရှိ သည့် အရေးကြီးတကာအကြီး ဆုံးဈေးဖြစ်ပါ သည်။ ဤဈေးသည် အရှည် ၆၀၀ မီတာခန့် အကျယ် ၁၅ မီတာ [1] နှင့် အမြင့် ၈ မီတာရှိပြီး ၎င်းသည် အဆုံးတွင် မတ်စ်ဂျစ်ဒ် ဒေ ဂျာမေအ် အမဝီ ရှိပါသည်။ [2] ၎င်း၏ လက်ရှိအဆောက်အဦးသည် အော်တိုမန်ခေတ်မှ စတင်ခဲ့ပါသည်။ စူလ်သာန် အဗ်ဒိုလ်ဟမီးဒ် သည် ခရစ် နှစ် ၁၇၈၀ ခုနှစ်တွင် အထပ်နှစ်ထပ်ဖြင့် တည်ဆောက်ခဲ့ပြီး ထိုအချိန်နောက်ပိုင်းတွင် ဘဇါရ် ဟမီဒီယဟ် အဖြစ်ကျော်ကြားခဲ့ပါသည်။ [3] သို့သော် ပါရှန်းစာအုပ်တချို့မှာ ဟမီဒီယဟ် လို့ အမည်ပေးရခြင်းရဲ့ အကြောင်းရင်းက ခန်နကာဟ် (ဓမ္မရိပ်သာ) သို့မဟုတ် အဲဟ်မဒီယဟ် မဒရ်စဟ် နှင့် ဟမီဒီယဟ် ဗလီဝတ်ကျောင်တို့ ရှိနေသည့် အတွက်ကြောင့် ဟု ဆိုပါသည်။ [4] ရောမအင်ပါယာအဆုံးတွင် ဂျူပီတာ ဗိမာန်တော်၏ ကော်လံအကြွင်းအကျန်များ ကျန်ရှိနေသေးသည်ဟု ဆိုသည်။ [5] ဘဇါရ်ရေရှမ်း (ဒမတ်စကတ်မြို့၏စျေး) သည် ဇေယာရသ် ပြုသူများ နှင့် နိုင်ငံခြား ခရီးသွားများ ၏ စိတ်ဝင်စားဖွယ် နေရာများ ထဲမှ တစ်ခု ဖြစ်ပြီး ၎င်းတို့ လာရောက် လည်ပတ်လေ့ ရှိပါ သည်။

ကရ်ဗလာ ၏ အကျဥ်းသား သုံ့ပန်းများ ဤစျေးမှ ဖြတ်သွားကြ ခြင်း

အာရှုရာ ၏အဖြစ်အပျက်ပြီးနောက် ယဇီးဒ်ဘင်န် ဒမတ်စကတ် မြို့ကိုအလှဆင်ပြီး ကရ်ဗလာ ၏ အကျဥ်းသား သုံ့ပန်းများ မြို့ထဲသို့ခေါ်ဆောင်ခဲ့ပါသည်။ [6] ဒမတ်စကတ် မြို့သူမြို့သားများ သည် မြင်ကွင်းကိုကြည့်ရှုရန် စုရုံးကြပြီး ကရ်ဗလာ ၏ အကျဥ်းသား သုံ့ပန်းများ ဤ မြို့ရှိ လမ်းများနှင့် ဈေးများတွင် လူများ စုဝေူ၍ ကြည့်ကြရန် လည့်လည် ပြသခဲ့ပါသည်။ [7] အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ပြုလုပ်သည့် အဇါဒါရီ မဂျ်လစ်များ တွင် ဘဇါရ်ရေရှမ်း ကို အများအပြား ဖော်ပြကြပါသည်။ [8] မုဟော်ရမ် လ ဆဖရ် လတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ မဆွာအေဗ် (ဆင်းရဲဒုက္ခများ) ကိုဖော်ပြရာတွင် ယဇီးဒ် ၏ ထိုင်ဝိုင်း (နန်းတော်)တွင် ဝင်ရောက်ခြင်း၊ ဘဇါရ်ရေရှမ်း (ဒမတ်စကတ်မြို့၏စျေး) တွင် လှည့်လည် ပြသ ခံရခြင်း ၊ ဒမတ်စကတ်မြို့သူမြို့သား ၏ အပြုအမှုများ ပါဝင်ပါသည်။အီရန်နိုင်ငံရှိ အချို့သောမြို့များတွင် ဘဇါရ်ရေရှမ်း (ဒမတ်စကတ်မြို့၏စျေး) ပတ်သက်သည့် သရုပ်ပြ ဇာတ်များ ပြကြပါသည်။

ပါရှန်း စာပေ

ဘဇါရ်ရေရှမ်း (ဒမတ်စကတ်မြို့၏စျေး) သည် ပါရှန်းစာပေနှင့် စကားပုံများ၊ ယေနာယဟ်များ အများအပြား အသုံး ပြုကြပါသည်။ [9] ထိုနည်း တူစွာ မုဟော်ရမ် လ ၏ အဇါဒါရီမဂျ်လစ်များ ဖတ်ရွတ်ကြသည့် ကဗျာများ (နောင်ဟဟ်) များတွင် ဘဇါရ်ရေရှမ်း (ဒမတ်စကတ်မြို့၏စျေး) အား အများအပြား အသုံး ပြုထားပါသည်။ [10]

ဆက်နွယ်နေသည့် ဆောင်းပါးများ

*ခါရေဘဟ်ရှမ်း *ဘာဘွတ်စ်စာအသ် *မတ်စ်ဂျစ်ဒ်အမဝီဒမစ်ရှ်

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ