ဖေရ်ကဟ် နာဂျီယဟ်

wikishia မှ
ဤဆောင်းပါးသည် ဖေရ်ကဟ် နာဂျီယဟ် အကြောင်းဖြစ်ပါသည်။ ဟဒီးစ် စေ အစ်ဖ်သေရာက် နှင့်ပတ်သက်ပြီး ဟဒီးစ် စေ အစ်ဖ်သေရာက် ဆောင်းပါးကိုလေ့လာနိုင်ပါသည်။

ဖေရ်ကဟ် နာဂျီယဟ် (အရဘီ - الفرقة الناجية ) သို့မဟုတ် လွတ်မြောက်သူများ အုပ်စု ၊အောင်မြင်သူများ အုပ်စု ဆိုသည်မှာ ဟဒီးစ် စေ အစ်ဖ်သေရာက် တွင် ရှီအဟ် အေမာမ်မီယဟ် သဖ်စီးရ် ပြုထားသည့် အုပ်စု၊ဂိုဏ်း (ဖေရ်ကဟ်) ကို ခေါ်ဆိုပါ သည်။ တမန်တော်မြတ်(ဆွ)အား ရည်ညွှန်းထားသော ဟဒီးဆ်တော်တွင် တမန်တော်မြတ်(ဆွ)၏ နောက် ပိုင်းတွင် အစ္စလာမ့်အွန်မသ် (နောက်လိုက်နောက်သားများ) အုပ်စု။အုပ်စု ဂိုဏ်းခွဲများ ကွဲပြားသွားမည်ဖြစ်ပြီး ၎င်းတို့အနက်မှ တစ်အုပ်စု ၊ တစ်ဂိုဏ်းသာလျှင် အောင်မြင်မည် ဖြစ် ကြောင်း ဖော်ပြထားပါသည်။တမန်တော်မြတ် (ဆွ) နှင့် အေမာမ် အလီ (အ.စ) တို့မှဆင့်ပြန်လာရှိသည်မှာ ဖေရ်ကဟ် နာဂျီယဟ် ဆိုသည်မှာ အလီ (အ.စ) ရှီအဟ်များသာလျှင် ဖြစ်ကြောင်းလာရှိပါသည်။ ဖေရ်ကဟ် နာဂျီယဟ် အစစ်အမှန်နှင့် မည်သည့် အုပ်စု၊ဂိုဏ်း ဖြစ်ကြောင်း နှင့် ပတ်သက်ပြီး စာအုပ်များ ရေးသားပြုစု ထားကြပါသည်။

ဖေရ်ကဟ် နာဂျီယဟ် ၏ အရေးကြီးမှု

ပင်မဆောင်းပါး - ဟဒီးစ် စေ အစ်ဖ်သေရာက်


      ဖေရ်ကဟ် နာဂျီယဟ် ဆိုသည့် အဓိပ္ပာယ်မှာ အုပ်စု သို့မဟုတ် ဂိုဏ်း ဖြစ်ပြီး ကေယမသ်နေ့တွင် အောင်မြင် မည့် အုပ်စု ကို ခေါ်ဆိုပါသည်။ ဤအုပ်စု ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် သည် တမန်တော်မြတ်(ဆွ)အား ရည်ညွှန်းထားသော ဟဒီးဆ်တော် ဟဒီးစ် စေ အစ်ဖ်သေရာက် တွင် ဖော်ပြထားပါသည်။ ဤ ဟဒီးစ် စေ အစ်ဖ်သေရာက်ကို အခြေခံပြီး တမန်တော်မြတ်(ဆွ) သည် မိမိ နောက်ပိုင်း တွင် ဂိုဏ်းပေါင်း (အုပ်စုပေါင်း) ၇၃ ဂိုဏ်း(အုပ်စု) ကွဲသွားမည်ဖြစ်ကြောင်း ထိုဂိုဏ်းအားလုံးတွင် တစ်ဂိုဏ်းသာ လွတ်‌မြောက် အောင်မြင်မည် ဖြစ်ကြောင်း ဟောကြားတော်မူထားပါသည်။(1) မွတ်စလင်မ် ဂိုဏ်းတစ်ခုစီတိုင်း သည် ၎င်းတို့ကိုယ်တိုင် ဖေရ်ကဟ် နာဂျီယဟ် ဂိုဏ်း ၏ စံနမူနာ ဖြစ် ကြောင်း စံနှုန်း ဖြစ်ကြောင်းကို ပြရန် ကြိုးစားခဲ့ကြပါသည်။(2)

ဟဒီးစ် စေ အစ်ဖ်သေရာက် ၏သက်ဝင်မှု


      ဟဒီးစ် စေ အစ်ဖ်သေရာက် ၏ သက်ဝင်မှု နှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြမှူများ အမျိုးမျိုးရှိခဲ့ပါသည်။ စွန်နီအိုလမာ မှ တစ်ပါး ဖြစ်သည့် အစ်ဗ်နေဟဇ်မ်အန်ဒိုလိုစီ ( ဟီဂျရီ ၄၅၆ ကွယ်လွန်) အနေဖြင့်လည်း ယုံကြည်နိုင်အောင်အထိလည်း လက်ခံထားမှုမရှိသလို ကန့်ကွက် ငြင်းဆိုမှုလည်း မပြုထားချေ။(3)ဇိုက်ဒီ ဖေရ်ကဟ်သမား အစ်ဗ်နေ ဝဇီးရ် ( ဟီဂျရီ ၄၅၆ ကွယ်လွန်) ၏ အဆိုအရ ဤဟဒီးစ်တော် ၏ နောက်ဆုံး အပိုင်း ( တစ်ဂိုဏ်း မှအပ ကျန် ဂိုဏ်းများ အားလုံး သည် ဂျဟန္နမ်ဂိုဏ်းဖြစ်ကြောင်း) သည် အတု (ဖန်တီး ထားမှု) ဖြစ်ကြောင်း ဆိုထားပါသည်။(4)သို့ရာတွင် အချို့သော ရှီအဟ်ဟဒီးစ် ကျမ်း စာအုပ်များ (5) နှင့် အချို့ စွန္နီဟဒီးစ်တော် ကျမ်းစာအုပ်များ(6) နှင့် အချို့ ဂိုဏ်းကွဲများ အကြောင်း ရေးသားသည့် စာရေးဆရာများ (7) အနေဖြင့် ဤဟဒီးစ်တော် ကို ဆင့်ပြန် ထားကြပြီး လက်ခံထားကြပါသည်။ ဟဒီးစ် စေအစ်ဖ်သေရာက် သည် မရှ်ဟူရ် ဟဒီးစ် မွတ်စ်သဖီးဇ်ဟဒီးစ် (8 ) အပြင် မိုသဝါသေရ် ဟဒီးစ်(9) သို့မဟုတ် မိုသဝါသေရ်နီးပါး (10) ဖြစ်ကြောင်း ဆိုထားကြပါသည်။ ဤဟဒီးသ်တော်သည် ခဗရ်ဝါဟစ်ဒ် ဖြစ်သည့် အတွက် ကြောင့် သက်ဝင် ယုံကြည်ချက်များကို သက်သေထူ ပြရန်နှင့် ဖေရ်ကဟ် နာဂျီယဟ် ဟုသတ်မှတ် အဆုံးအဖြတ်ပေးရန် ကိုးကား၍မရနိုင်ကြောင်း ဆိုထားပါသည်။ (11) သို့သော် အာယာသွလ္လာဟ် စိုဘ်ဟာနီ အနေဖြင့် မွတ်စ် သဖီးဇ်ဟဒီးစ် ဖြစ်ကြောင်း ဆင့်ပြန်ချက်များ အများအပြား ရှီအဟ်ကျမ်းများ စွန်နီကျမ်းများ တွင်လာရှိသဖြင့် အားနည်းသည့် ဟဒီးစ် နိုင်ကြောင်း ဆင့်ပြန်ထားမှု အထောက်အထား အမျိုးမျိုးသည် စိတ်အေး ၊စိတ်ချရသည်အရင်းအမြစ်များ ကို ဖြစ်စေကြောင်း ဆိုထားပါသည်။(12)

မည်သည့်ဖေရ်ကာသည် ဖေရ်ကဟ် နာဂျီယဟ် ဖြစ်ပါသနည်း?


      ဖေရ်ကဟ်နာဂျီယဟ်ခေါ် လွတ်မြောက်မည့်ဂိုဏ်း ဂျန္နသ်သီ ဂိုဏ်း နှင့်ပတ်သက်ပြီး ဂိုဏ်းအသီးသီး၏ အိုလမာ အကြား အကွဲအလွဲ အမြင်များ လာရှိပါသည်။ယေဘုယျ အားဖြင့် ဂိုဏ်းအသီးသီးတိုင်း မိမိတို့ ဂိုဏ်းကို သာ ဖေရ်ကဟ်နာဂျီယဟ် ဖြစ်ကြောင်းကျန် ၇၂ ဂိုဏ်း မှ ပျက်စီးကြမည် ဖြစ်ကြောင်း လက်ခံထားကြပါသည်။ (13) ရှီအဟ်အေမာမ်မီယဟ် အာလင်မ်များမှ တစ်ပါး ဖြစ်သည့် ဂျမားလ်လွတ်ဒ်ဒီးန် ရာဇီ အနေဖြင့် သဗ်ဆေရသိုလ် အဝါမ် ဖီး မအ်ရေဖသိုမကာလာသ်သေလ်အနာမ် ကျမ်း (14) တွင် အစ္စ်မာအီလီယေဟ် ၏ အာလင်မ်များ မှ တစ်ပါးဖြစ်သည့် ဂျအ်ဖရ် ဘင်န် မန်ဆူရ်ရိုယမန် အနေဖြင့် စရာအေရိုဝအစ်စရာရို န်နသွကာအ် ကျမ်း (15) တွင် စွန်နီ အာလင်မ်များ မှ တစ်ပါးဖြစ်သည့် ရှဲဟ်ရေစ်သာနီ အနေဖြင့် ကေသာဗိုလ် မေလလ်လိုဝန်နဟ်ရ် ကျမ်း(16) တွင် ဖေရ်ကဟ်နာဂျီယဟ် မှာ မိမိတို့ ဂိုဏ်းသာ ဖြစ်ကြောင်း တင်ပြ ထား ကြပါ သည်။


      ဖေရ်ကဟ်နာဂျီယဟ် ၏ စံနမူနာကို ဆုံးဖြတ်ရန်အတွက် တစ်ခါတစ်ရံတွင် ခုနစ်ဆယ့်သုံးဂိုဏ်း ဟဒီးစ် ၏ဆင့်ပြန် မှု ပေါင်းအများအပြားကို မှီခိုအားထားကြပါသည်။(17) ဂိုဏ်းတစ်ခုစီသည် သူ့ဘာသာသူ ထောက်ခံသည့် ဟဒီးစ် တစ်ခုကို သာရွေးချယ်ကြပါသည်။(18) အလီ အာဂါနူးရ်ရီ ၏ သုတေသနပြုချက်အရ ဤ ဟဒီးစ်တော် ၏ ဖေရ်ကဟ်နာဂျီယဟ် ကိုသတ်မှတ်ရန် ကွဲပြားသောအဓိပ္ပာယ်ဖွင့်ဆိုချက် ဆယ့်ငါးခုရှိ ကြောင်း သိရှိရပါသည်။ (19) ၎င်း ကွဲပြားသောအဓိပ္ပာယ်ဖွင့်ဆိုချက် ဆယ့်ငါးခု မှ ရှစ်ခု သည် ဝေလာယသ် အေမာမ်အလီ (အ.စ) သို့မဟုတ် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏နောက်လိုက်များ သို့မဟုတ် အေမာမ်အလီ (အ.စ)၏ ရှီအဟ်များ ဖြစ်ကြောင်း ဖွင့်ဆိုထားပါသည်။(20) ၎င်း၏အဆိုအရ အချို့သောကိုးကားချက်များတွင် ကယ်တင်ခြင်းဆိုင်ရာစံနှုန်းများကို ဖော်ပြထားခြင်းမရှိပါကြောင်း သိရှိရပါသည်။(21)

ရှီအဟ်ပညာရှင်များ၏ အမြင်


      ဟီဂျရီလေးရာစု ၏ အကျော်အမော် ဟီုးစ်ပါရဂူ ရှိက်ခ်ဆူဒူက် အနေဖြင့် မိမိ၏ ကမာလွတ်ဒ်ဒီးန် ဝ သမာမွန်န် နေအ်မဟ် ကျမ်းတွင် ဟဒီးစ်စေ စကလိုင်းန် အထောက်အထား ဖြင့် မည်သူမဆို ကျမ်းတော်မြတ်ကုရ်အာန် နှင့် ကိုယ်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ)(အ.စ) ကို မြဲမြံစွာဆုပ်ကိုင်ထားမည်ဆိုလျင် ဖေရ်ကဟ် နာဂျီယဟ် အသင်းဝင် ဖြစ်ကြောင်း ဆိုထားပါသည်။(22)ထိုနည်းတူစွာ အလာမာမဂျ်လေစီ ဘေဟာရိုလ် အန်နဝါရ် ကျမ်းတွင် အေမာမ် အလီ (အ.) မိန့်ကြားတော်မူထားသည့် ငါ၏ရှီအဟ်များသည် အဲဟ်လေ့ နေဂျာသ် (ဂျန္နသ်သီ) ဖြစ်ကြောင်း ဟဒီးစ် တော်ကို ဆင့်ပြန်ထားပါသည်။(23) အလာမာဟစ်လီ အနေဖြင့်လည်း (မှန်ကန်သည့်) ဟဒီးစ်တော်များ ကို ကိုးကားပြီး အေမာမ် ၁၂ပါး (အ.စ) ၏ နောက်လိုက်များ သာ ဖေရ်ကဟ်နာဂျီယဟ် ဖြစ်ကြောင်း မိတ်ဆက်ပေးထားပါသည်။ (24) ပြီးနောက် ရှီအဟ်ဖေရ်ကဟ် (ခ) ရှီအဟ်ဂိုဏ်းမှန်ကန် ကြောင်း အထောက်အထား သက်သေများဖြင့် သက်သေထူ တင်ပြထားပါသည်။ (25) ထို့အပြင် စဖီးနဟ် ဟဒီးဆ်တော် ၏အထောက်အထားများ မှ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ နောက်လိုက်များ အား အောင်မြင် လွတ်မြောက်သူများဟု ဆိုထားပါသည် ။အကြောင်းမှာဤဟဒီးစ်တော် တွင် လာရှိသည်မှာ မည်သူမဆို အဲဟ်လေ့ဘိုက်(သ) (အ.စ) နောက်လိုက်မည်ဆိုလျှင် အောင်မြင် လွတ် မြောက်မည်ဟု လာရှိသည့် အတွက်ကြောင့် ဖြစ်ပါသည်။ (26)


      ဤအခြေအနေမှာပင် စွန်နီများ အနေဖြင့် ဟဒီးစ်တော်များကို ကိုးကားပြီး ဖေရ်ကဟ်နာဂျီယဟ် သည် ဂျမာအသ် ဖြစ်ကြောင်း(27) သို့ အများစု ဖြစ်ကြောင်း (28) သို့မဟုတ် ခိုလဖာယေရာရှေဒီးန် (ခလီဖာလေးပါး) နောက်လိုက်သူများ ဖြစ်ကြောင်း (29) ဆိုထားကြပါသည်။


      အခြား တင်ပြချက်အရ ဟဒီးစ် စေအစ်ဖ်သေရာက်ကို အ‌ခြေခံပြီး ဇင်ဒီးကာန် ဂိုဏ်းမှ အပ ကျန် အစ္စလာမ့် ဂိုဏ်းကွဲများ အားလုံး ဖေရ်ကဟ်နာဂျီယဟ် ဖြစ်ကြောင်း ဆိုထားပါသည်။ (30) ခေတ်သစ်ဘာသာရေးဆိုင်ရာ ကျိုးကြောင်းဆီလျော်မှုဆိုင်ရာ ဆင်ခြင်တုံတရားအရ ဖေရ်ကဟ်နာဂျီယဟ်၏ ဟဒီးစ်တော်အား ပြန်လည် တွေးတော ဆင်ခြင်မှု နှင့် ဆင်ခြင်တုံတရားဖြင့် အကဲဖြတ်ရန် လိုအပ်မှုအပေါ် အခြေခံ၍ အချို့သော ဘာသာရေးပညာရှင်များသည် တစ်ဖက်နှင့်တစ်ဖက် ဗဟုဝါဒ ဘာသာရေးဆိုင်ရာ နားလည်မှု (ဗဟုဝါဒ)၊ တူညီ သောဘာသာရေးထုံးတမ်းစဉ်လာ အတွင်း ကွဲလွဲမှုများနှင့် သဘောထားကွဲလွဲမှုများ၏ အခြားတစ်ဖက် တွင်၊ တစ်ဖက်တွင်မူဟဇရသ်မူစာ (အ.စ) ၊ဟဇရသ်အီစာ(ခ)ယေရှု (အ.စ) နှင့် အစ္စလာမ့် ၏ တမန်တော်မြတ် (ဆွ) တို့အွန်မသ် (နောက်လိုက်နောက်သားများ) တွင်ဂိုဏ်းတစ်ခုတည်းသာ ကယ်တင်ခံရပြီး ကျန်ဂိုဏ်း များမှာ ဖျက်စီးမည်းဟု ဆိုထားပါသည်။ ဟဒီးသ်တော်၏ အသွင်အပြင်မှ နားလည် သဘောပေါက်သည့် ခြားနား ချက်ကို သယ်ဆောင်ကာ ဟဒီးသ်တွင် မပါဝင်သော အများစု၏ သေဆုံးမှု၊ပျက်စီးမှု ကို အမိန့်ပေး ခြင်းသည် ကုရ်အာန်၊ စွန္နသ်နှင့် လူ့ဆင်ခြင်တုံတရားတို့၏ ယုတ္တိနှင့် မကိုက်ညီဟု ယူဆပါရပါသည်။ (31) အချို့ ပညာရှင်များ က ဟဒီးစ် စေအစ်ဖ်သေရာက် အရ ဖေရ်ကဟ်နာဂျီယဟ် အား အဲဟ်လေ့ဘိုက်(သ) (အ.စ) ကျောင်းတော် (ရှီအဟ်) ၏ ရူဟ် (ခ) ဝိဉာဉ်၏ နောက်လိုက်များဖြစ်သည်ဟုဆိုထားပါသည်။၎င်းတို့ အတွက် အမည် အထွေအထူးတစ်ခုခုအားသတ်မှတ်၍ မရချေ။

ဖေရ်ကဟ်နာဂျီယဟ် နှင့် ပတ်သက်ပြီး ရေးသားထားသည့် စာအုပ်များ

အီဗရာဟင်မ် ဘင်န် စိုလိုင်းမန်း ကသွီးဖိ ရေးသားထားသည့် အရဘီဘာသာဖြင့် (အလ် ဖေရ်ကဟ်သွန် နာဂျီယဟ်) စာအုပ်


      ဖေရ်ကဟ်နာဂျီယဟ် နှင့် ပတ်သက်ပြီး အရဘီ ဘာသာ ၊ ပါရှန်းဘာသာ (ဖွာရစီ)ဘာသာဖြင့် ရေးသားထား သည့် စာအုပ်များ ရှိပါသည်။ အီဗရာဟင်မ် ဘင်န် စိုလိုင်းမန်း ကသွီးဖိ ရေးသားထားသည့် အရဘီဘာသာဖြင့် (الفرقة الناجیة) ကိုနမူနာ အဖြစ် တင်ပြအပ်ပါသည်။ သို့သော် မြန်မာဘာသာဖြင့် ရေးသားထားသည့် စာအုပ်များ သည် မရှိသလောက်ပင် ဖြစ်ပါသည်။

ဆက်နွယ်နေသည့် ဆောင်းပါးများ

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ