ပုခက်ထဲတွင် သခင်ယေရှု ၏ စကားပြောခြင်း

wikishia မှ

ပုခက်ထဲတွင် သခင်ယေရှု ၏ စကားပြောခြင်း (အရဘီ : اَهلُ‌البَیت تكلم النبي عيسى في المهد ) ဆိုသည်မှာ ဟဇရသ် အီစာ(အ.စ) (ခ) သခင်ယေရှု အနေဖြင့် နို့စို့အရွယ်၌ မိမိ ၏ မယ်တော် ဟဇရသ် မရ်ယန်းမ်(စ.အ) (ခ) မာရီ ၏ အိမ်ထောင်ရေး ဖောက်ပြန်မှုစွပ်စွဲချက်ကို ပယ်ချခြင်း နှင့် မိမိ၏ နဗူဝသ် (နဘီဖြစ်ကြောင်း) ကို ရဟူဒီ(ခ) ဂျူးအာလင်မ်များ ရှေ့တွင် သက်သေထူသည့် အံ့ဖွယ် ပြောဆိုသည့် စကားဖြစ်ပါသည်။ [1] ကုရ်အာန် ကျမ်းမြတ် ၏ စူရဟ် အာလေ အင်န်မရာန် ၏ အာယသ်တော် အမှတ် ၄၆ ၊ စူရဟ် မာအေဒဟ် ၊အာယသ်တော် အမှတ် ၁၀၀ နှင့် စူရဟ် မရ်ယန်းမ်။ အာယသ်တော်အမှတ် ၂၉ တို့တွင် တွင် ပုခက်ထဲတွင် သခင်ယေရှု ၏ စကားပြောခြင်း ကို ရည်ညွှန်းထားပါသည်။ [2] သဖ်စီးရ်နမူနာ နှင့် အခြား သုတေသီနှစ်ဦး၏အဆိုအရ မှသဖ်စီးရ် ပညာရှင်အများစု သည် မဟဒ် ၏အဓိပ္ပာယ်ကို ပုခက် သို့မဟုတ် ကလေးအများစုသည် မိခင်၏ရင်ခွင်ထဲတွင် ရှိနေသည့်အချိန်ကာလအဖြစ် ယူဆကြပါသည်။ [3] အခြား တစ်ဖက်တွင် မိုဟမ္မဒ် ဟာဒီ မအ်ရေဖသ် အနေဖြင်ါ မိမိ၏ ကျမ်း ကေသာဗိုလ်သမ်ဟီးဒ် တွင် ရေးသားသီးကုံးထားသည်မှာ မယ်တော် ဟဇရသ် မရ်ယန်းမ်(စ.အ) (ခ) မာရီ သည် (သားတော်) သခင်ယေရှု (အ.စ) အား မွေးဖွားပြီး နှစ်အနည်းငယ်အကြာတွင် မြို့တော်သို့ ပြန်သွားကြောင်းမဟဒ် ၏အဓိပ္ပာယ် မှာ ဟဇရသ် အီစာ(အ.စ) (ခ) သခင်ယေရှု၏ ငယ်ဘဝနှစ်များ ဖြစ်ကြောင်း ဖြစ်ပါသည်။ [4]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ