နိုကဘာယေဘနီအစ္စရာအီ

wikishia မှ

နိုကဘာယေဘနီအစ္စရာအီ (အရဘီ : نقباء بني إسرائيل ) ဆိုသည်မှာ ဘနီ အစ္စရာအီ (ဣ သ ရေ လ မျိုးနွယ်) ၏ အုပ်စု တစ်ဆယ့် နှစ်စု ၏ ကိုယ်စားလှယ် တော် တစ်ဆယ့်နှစ်ဦး ( အ(စ်)ပါသွ် ဘနီအစ္စရာအီ) ဖြစ်ပြီး ဟဇရသ် ယအ်ကူဗ် (အ.စ) ၏ သားများ ဖြစ်ပါသည်။ အလ္လာဟ်ဟိုအရှင်မြတ် ၏ အမိန့်တော်ဖြင့် ဟဇရသ် မူစာ (အ.စ) (ပရောဖက် မောရှေ) ၏ လက်တော်ဖြင့် ရွေးချယ်ခြင်းခံရသူများ ဖြစ်ပါသည်။ ၎င်းတို့၏တာဝန်မှာ အလ္လာဟ် ဟို အရှင်မြတ် မှ ဘနီ အစ္စရာအီ (ဣ သ ရေ လ မျိုးနွယ်) တို့အား ပေးထားသည့် ပဋိညာဉ်ကို ကာကွယ် ရန်ဖြစ်ပါ သည်။ နိုကဘာအ် ( ဣ သ ရေ လ မျိုးနွယ် ၏ ကိုယ်စားလှယ်တော် တစ်ဆယ့်နှစ်ဦး ) သည် ဘိုက်သိုလ် မိုကဒက်စ် ( ယေရုရှလင်) ဘက်မှ ပြောင်းရွေ့ ရန်အတွက် ရက်စက် ညှဉ်းပန်း ဖိနှိပ်သည့် လူမျိုး စု ၏ သတင်း အချက် အလက်များ စုဆောင်းရန် လည်း တာဝန်ရှိပါ သည်။ဟဇရသ် မူစာ (အ.စ) သည် ၎င်းတို့ အား မိမိ တို့ ရရှိသော သတင်း အချက် အလက်များ ကို မိမိ တို့ ၏ လူမျိုး အား မပေးစေရန် တောင်းဆိုခဲ့ ပါ သည်။ (သို့သော်) အများစုမှာ ဤအမိန့်ကို မနာခံခဲ့ကြပေ။

ရှီအဟ်စွန်နီ ၏ရင်းမြစ်များတွင် တမန်‌တော်မြတ် (ဆွ) ထံမှ ရီဝါတော်များ ဆင့်ပြန်ထားကြပြီး တမန်တော် မြတ် (ဆွ) ၏ အရိုက်အရာကို ဆက်ခံမည် အရေအတွက် မှာလည်း ဆယ့်နှစ်ဦး (၁၂ဦး) ဖြစ်၍ နိုကဘာအ် ဘနီ အစ္စရာအီ ( ဣ သ ရေ လ မျိုးနွယ် ၏ ကိုယ်စားလှယ် တော် တစ်ဆယ့်နှစ်ဦး ) ၏ အရေအတွက်နှင့် ညီမျှနေကြောင်း တူနေ ကြောင်း လာရှိပါသည်။ ဤ ဟဒီးစ်တော်များ ရီဝါယသ်တော်များ ကို ခလီဖဟ်၁၂ပါး အဖြစ် ကျော်ကြားပါသည်။ ရှီအဟ် ပညာရှင်များ အနေဖြင့် ဤ ဟီးစ်တော်များ ရီဝါယသ်တော်များ ကို အေမာမ် ဆယ့်နှစ်ပါး ၏ အေမာမ်မသ် ကို သက်သေထူရန် အတွက် အသုံး ပြုကြပါသည်။

နိုကဘာ ၊ ဟဇရသ် မူစာ (အ.စ) ၏ ကိုယ်စားလှယ်တော် များ

နိုကဘာယေဘနီအစ္စရာအီ သည် မိမိတို့၏ လူမျိုးစု အုပ်စု တို့တွင် ဟဇရသ် မူစာ (အ.စ) ၏ ကိုယ်စားလှယ်တော် များ ဖြစ်ကြသည်။ [1] အချို့သော ရီဝါဘသ်တော်များ အရ ၎င်းတို့အား အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော်နှင့် တမန်တော် မူစာ (အ.စ) ၏ လက်တော် ဖြင့် ရွေးချယ်ခဲ့ပါသည်။ [2] သဖ်စီးရ် ပညာရှင်များ ၏ အဆိုအရ နိုကဘာ သည် ဘနီ အစ္စရာအီ (ဟဇရသ် ယအ်ကူဗ် (အ.စ) ၏ အမျိုးအနွယ်) တစ်ဆယ့်နှစ်နွယ်တွင် ပါဝင်ပြီး မျိုးနွယ်စုတစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ခဲ့ပါသည်။ [4] နိုကဘာသည် မိမိလူမျိုးစု ၏ အကြီးအကဲ ဖြစ်ပြီး [5] အားကောင်းသောမဲများနှင့် အထူးရာထူးတစ်ခုရ ရှိထားပါသည်။ [6] အချို့သောသဖ်စီးရ် စာအုပ်များတွင် နိုကဘာ ကို မိမိ လူမျိုး ၏ခေါင်းဆောင်အဖြစ် [7] ဦးသျှောင် [8] နှင့် ဘုရင် ပင် [9] အုပ်စုတစ်စုသည် နောက်ပိုင်းတွင် တမန်တော် များဖြစ်လာသည်ဟုလည်း ယုံကြည်ကြပါသည်။ [10] အချို့ က သူတို့ကို မြင့်မြတ်သောရာထူး ပေးထားပြီးသူတို့ကို ကျမ်းဂန်ရ များဟု မှတ်ယူကြပြီး ၎င်းတို့ကို ရိုးရိုး တမန်တော်များ ထက် သာလွန်ပြီး အူလူအဇ်မ်နဘီများ ( နဘီကြီး (အ.စ) ငါးပါး ) ထက် နိမ့် သည်ဟု ယူဆကြပါသည်။ [11]

စူရဟ် မာအေဒဟ် ၏ အာယသ်တော် အမှတ် ၁၂ တွင် အလ္လာဟ် ဟို အရှင်မြတ်သည် ဘနီ အစ္စရာအီ (ဣ သ ရေ လ မျိုးနွယ်) များထဲမှ ခေါင်းဆောင်ဆယ့်နှစ်ဦးကို ရွေးချယ်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ၎င်းတို့၏ အဆင့်အတန်း ကုရ်အာန်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိချေ။ [12]သဖ်စီးရ် ပညာရှင်များ သည် ၎င်းတို့နှင့်ပတ်သက်သည့် အမြင်အမျိုးမျိုးရှိကြပါ သည်။ [13]

တမန်တော်မြတ်(ဆွ) ၏ အရိုက်အရာ ဆက်ခံသူများ နှင့် နိုကဘာယေဘနီအစ္စရာအီ တို့၏ ဆင်တူမှု

တမန်တော်မြတ်(ဆွ)၏ ထံမှဆင့်ပြန်သည့် ဟဒီးစ်တော်များတွင် ကိုယ်တော်၏ အရိုက်အရာ ကို ဆက်ခံ မည့်သူများ အရေအတွက်ကို ဘနီ အစ္စရာအီ (ဣ သ ရေ လ မျိုးနွယ်) ၏ နိုကဘာ အရေအတွက်အဖြစ် ဖော်ပြ ထားပါ သည်။ [14] ဤဟဒီးစ်တော်များ၏ ပေါင်းချုပ် မှာ ခလီဖဟ် ၁၂ဦး အဖြစ် ကျော်ကြားပါ သည်။တမန်တော်မြတ် (ဆွ) ၏ အရိုက်အရာ ကို ဆက်ခံမည့်သူများ အရေအတွက် မှာ ၁၂ ဦး ဖြစ်ပြီး အားလုံးမှာ ကိုရိုင်းရှ် မျိုးနွယ်ဝင်များ ဖြစ်ကြပါသည်။[15] ရှီအဟ် ပညာရှင်များ အနေဖြင့် ဤ ဟီးစ်တော်များ ရီဝါယသ်တော်များ ကို အေမာမ် ဆယ့်နှစ်ပါး ၏ အေမာမ်မသ် ကို သက်သေထူရန် အတွက် အသုံး ပြုကြပါသည်။ [16] အခြားသော ဟဒီးစ် တော်အရ တမန်တော်မြတ်(ဆွ) သည် မိမိ အွန်မသ် ၏ ကံကြမ္မာ ကို ဘနီ အစ္စရာအီ (ဣ သ ရေ လ မျိုးနွယ်) နှင့် တူညီသည်ဟု ဆိုထားပါသည်။ [17] တမန်တော်မြတ် (ဆွ) သည် မဒီနာ မြို့ ၌ မိမိအား ကိုယ်စားပြုကိုယ်စားလှယ်တော် အဖြစ် ‌ရွေး ချယ်ရန် ဘိုက်အသ် အွတ်က်ဗာ (သစ္စာခံ ရန် ကတိကဝတ်ပြုခြင်း ) ရာတွင် အန်ဆွာတို့ မှ ဆယ့်နှစ်ဦး ကို ရွေးချယ်ခဲ့ပါသည်။ [18]

သဖ်စီးရ် အလ်မီးဇာန် တွင် အလာမဟ် ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာရီ မှ နိုကဘာ ကို အစ္စလာမ့် ဘာသာ၏ အူလူလ်အမရ် (အေမာမ် ၁၂ ပါး (အ.စ) ) နှင့် နှိုင်းယှဉ်ပြီး ဘနီ အစ္စရာအီ (ဣ သ ရေ လ မျိုးနွယ်) တွင် ဘာသာရေး နှင့် လောကရေးရာ ကိစ္စများ အတွက် ၎င်း နိုကဘာ ဘက်သို့ ဦးလှည့်ကြသည်ဟု ဆိုထား ပါ သည်။[19]

နိုကဘာယေဘနီအစ္စရာအီ ၏ တာဝန် ဝတ္တတရားများ

ကုရ်အာန်အာယတ်တော်များ အရ နိုကဘာ သည် ဘနီ အစ္စရာအီ ( ဣ သ ရေ လ မျိုးနွယ် ) များထံမှ အလ္လာဟ်ဟို အရှင်မြတ် ယူထားသော ပဋိညာဉ်ကို ထိန်းသိမ်းရန် တာဝန်ရှိပါသည်။ [20] ထို့ပြင် ၎င်းတို့သည် မူဆာ (အ.စ) ကိုယ်စား ဘိုက်သိုလ်မိုကဒက်စ် ( ယေရုရှလင်) မြို့ သို့ သွားရောက်ပြီး[21] ရက်စက် ညှဉ်းပန်း ဖိနှိပ်သူများ၏ သတင်းအချက်အလက်များ စုဆောင်း ရန် ဖြစ်ပါသည်။ [22] ခါနာန်ပြည်၊ [23] ရှာမတ်သ် [24] သို့မဟုတ် ရှာမ်း (ခ) ဆီးရီးယား နိုင်ငံ ၏ ယေရိခေါမြို့ [25] တို့ရှိ ရက်စက် ညှဉ်းပန်း ဖိနှိပ်သူများ (လူမျိုး ) ၏ သတင်းအချက်အလက်များ လေ့လာတွေ့ရှိချက်များကို မှတ်တမ်းတင်ပြီးနောက် ဟဇရသ် မူစာ (အ.စ) ထံ သို့ ပြန်သွားပြီး အဆိုပါဒေသရှိ ပြည်သူများ၏ ကြီးမြတ်မှုအကြောင်းကို ပြောဆိုတင်ပြ ညခဲ့ကြပါသည်။ [26]ဟဇရသ် မူစာ (အ.စ) မှ ၎င်းတို့အား မိမိ လူမျိုး ရှေ့ တွင် သတင်းပေး ခြင်း နှင့် ကြောက်လန့် ပြုခြင်း ကို ရှာင်ကြဉ် ရန် တောင်းဆို ခဲ့ပါသည်။ [27] သို့သော် နှစ်ဦး [28] သို့မဟုတ် အများဆုံး ငါး ဦး[29] ထက်မ နည်းမှလွဲ၍ အခြားသူများသည် ဟဇရသ် မူစာ (အ.စ) ၏ အမိန့်ကို မနာခံကြချေ။

နိုကဘာယေဘနီအစ္စရာအီ ၏ အမည်များ

စွန်နီ သဖ်စီးရ် ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် စအ်လဘီ မှ မိမိ ၏ သဖ်စီးရ် ကျမ်းတွင် ၎င်း နိုကဘာ ၏ အမည် များကို ရေးသား ‌ဖော်ပြထားပါသည်။ ၎င်းတို့၏ အမည် များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  1. ရှာမေလ် ဘင်န် ရာန်
  2. ရှာကာသွ် ဘင်န် ဟူရီ
  3. ကာလစ်ဗ်ဘင်န် ယူက်နာ
  4. မကာယေလ်ဘင်န် ယူစွဖ်
  5. ယူရှအ် ဘင်န် နုန်
  6. ကန်သွမ် ဘင်န် အရ်ကွန်
  7. မဒိ ဘင်န် အဒီ
  8. ဂျဒီဘင်န် ကာမင်န်
  9. ဘယာနိုန် ဘင်န် မလ်ကီယာ
  10. နဖ်သာလီ မဲဟ်ရ် ဘင်န် ဝတ်က်စီ
  11. စမလာအေလ် ဘင်န် ဟမ်လ်
  12. စာဘူရ် ဘင်န် မလ်ကီးယာ တို့ ဖြစ်ပါသည်။ [30]

အခြားရင်းမြစ်အချို့တွင် နိုကဘာ ၏အမည်များကို အနည်းငယ်ကွာခြားမှုဖြင့် ဖော်ပြထားပါသည်။ [၃၁]

ဆက်နွယ်နေသည့် ဆောင်းပါး

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ