နာကဟ် ဆွာလေဟ်
နာကဟ် ဆွာလေဟ် (ဆွာလေဟ် ၏ ကုလားအုတ်မ) သည် တမန်တော် ဆွာလေဟ် ၏ ကုလားအုတ် မ နှင့် မိုအ်ဂျေဇဟ် (ခ) အံ့ဖွယ်တန်ခိုး တစ်ရပ် ဖြစ်ပါသည်။ ကုရ်အာန် တွင် ၎င်းကို «ناقَةُ اللَّه» (အလ္လာဟ်၏ ကုလားအုတ်မ) ဟူသော အမည်ဖြင့် ဖော်ပြထားပါသည်။ ဟဒီးစ်တော်များ အရ၊ စမူးဒ်လူမျိုး တို့၏ တောင်းဆိုမှုအပြီးတွင် တမန်တော် ဆွာလေဟ် ၏ တမန်တော်ဖြစ်ခြင်းကို သက်သေပြရန်အတွက် နိမိတ်လက္ခဏာတစ်ရပ်အဖြစ် ထိုကုလားအုတ်မသည် တောင်ထဲမှ ပေါ်ထွက်လာခဲ့ပါသည်။ ကုရ်အာန်က ထိုကုလားအုတ်မကို စမူးဒ်လူမျိုးတို့အတွက် အလ္လာဟ်၏ နိမိတ်လက္ခဏာ တစ်ရပ် အဖြစ် လည်းကောင်း၊ ၎င်းတို့ကို စမ်းသပ်ရန် နည်းလမ်းတစ်ရပ်အဖြစ်လည်းကောင်း ဖော်ပြ ထားပါသည်။ စမူးဒ်လူမျိုး တို့သည် ထိုကုလားအုတ်မကို ထိခိုက်နစ်နာစေခြင်း မပြုရန်နှင့် ရေကို အသုံးပြုရာ တွင်လည်း ၎င်း၏ အလှည့်ကို လေးစားလိုက်နာရန် တာဝန်ရှိခဲ့ကြပါသည်။ သို့သော် ၎င်းတို့သည် ထိုကုလားအုတ်မ၏ ခြေထောက်ကြောများကို ဖြတ်၍ သတ်ဖြတ်ခဲ့ကြပါသည်။ ထိုအမှု၏ နောက် ဆက်တွဲ အဖြစ် အလ္လာဟ်၏ အဇာဗ်ဒဏ် သည် ၎င်းတို့အပေါ် ကျရောက်ခဲ့ပါသည်။
အလ္လာဟ်၏ အံ့ဖွယ်တန်ခိုးတော်
ဆွာလေဟ် ၏ ကုလားအုတ်မသည် ထူးခြားအံ့ဖွယ်နည်းလမ်းဖြင့် ပေါ်ပေါက်လာခဲ့သော ကုလားအုတ်မ တစ်ကောင်ဖြစ်ပြီး၊ နဗီ ဆွာလေဟ် ၏ တမန်တော်မြတ် ဖြစ်မှုကို အတည်ပြုထောက်ခံသည့် အံ့ဖွယ် လက္ခဏာ တစ်ရပ် ဖြစ်ပါသည်။ ကုရ်အာန်ကျမ်းမြတ် တွင်လည်း ဤအကြောင်းကို အာယသ်တော်အချို့၌ ဖော်ပြထားပြီး၊ “အလ္လာဟ်၏ ကုလားအုတ်မ” (ناقَةُ الله) ဟူသော အမည်ဖြင့် ခေါ်ဆိုထားပါသည်။[၁] သဖ်စီးရ်ပညာရှင်များက ကုလားအုတ်မကို “အလ္လာဟ်” နှင့် ဆက်စပ်၍ ခေါ်ဆိုထားခြင်းသည် ဂုဏ်ပြု သတ်မှတ်သည့် ဆက်စပ်ဖော်ပြချက် (إضافة تشريفية) ဖြစ်သည်ဟု ဆိုကြပြီး၊ ထိုသို့ ခေါ်ဆိုခြင်းသည် ၎င်း၏ အရေးပါမှု နှင့် အထူးထူးခြားခြား အဆင့်အတန်းကို ဖော်ပြခြင်းဖြစ်သည်ဟု ရှင်းပြကြပါသည်။[၂] သဖ်စီးရ် နှင့် ဟဒီးသ်ရိဝါယသ်တော်များအရ၊ စမူးဒ်လူမျိုးတို့၏ တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် ကုလားအုတ်မ ပေါ်ပေါက်လာခြင်းသည် ဆွာလိဟ်၏ အံ့ဖွယ်တန်ခိုး တော်တစ်ရပ်ဖြစ်ပြီး၊ ၎င်းသည် ဆွာလေဟ် ၏ တမန်တော်မြတ် ဖြစ်မှုကို သက်သေပြရန်အတွက် အလ္လာဟ်က ပေးအပ်ခဲ့သော နိမိတ်လက္ခဏာတစ်ရပ် ဖြစ်ပါသည်။[၃] သဖ်စီးရ် မဂျ်မအုလ်ဗယာန်တွင် ဟစန် ဗဆရီ ထံမှ ဆင့်ပြန်ဖော်ပြထားသည်မှာ၊ ထိုကုလားအုတ်မ၏ အံ့ဖွယ်ထူးခြားချက်မှာ ၎င်းအတွက် သတ်မှတ်ပေးထားသောနေ့တွင် စမူးဒ်လူမျိုးတို့၏ ချိုင့်ဝှမ်းအတွင်းရှိ ရေအားလုံးကို သောက်သုံးခြင်း ဖြစ်သည်ဟု ဆိုထားပါသည်။[၄]ကုရ်အာန်ကျမ်းမြတ်သည်လည်း စူရဟ် အအ်ရာဖ် ၊ အာယသ် ၇၃ တွင် ထိုကုလားအုတ်မကို အလ္လာဟ်ထံတော်မှ နိမိတ်လက္ခဏာတစ်ရပ် အဖြစ် ဖော်ပြ ထား သည်။[၅]
ကုလားအုတ်မ ဖန်ဆင်းပေါ်ပေါက်လာပုံ
အစ္စလာမ်ဘာသာရေး ရီဝါယသ် အချို့တွင် ဆွာလေဟ် ၏ နာကဟ် (ကုလားအုတ်မ) မည်သို့ ပေါ်ပေါက် လာခဲ့ သည် နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ပါရှိသည်။ ထိုရီဝါယသ်များအရ ဆာလေဟ်သည် မိမိ ၏လူမျိုးအား နှစ်ပေါင်းများစွာ အလ္လာဟ် အရှင်မြတ် တစ်ပါးတည်းကို ကိုးကွယ်ခြင်း သို့ ဖိတ်ခေါ်ခဲ့သော်လည်း၊ သူတို့အများစုက ယုံကြည်ခြင်းမရှိကြသဖြင့် ဆွာလေဟ် က မိမိ၏လူမျိုးအား «သင်တို့ ဆန္ဒရှိလျှင် ငါ့ထံမှ တောင်းဆို ချက်တစ်ခုကို တောင်းပါ၊ ထို့နောက် ငါသည် ငါ၏အရှင်မြတ် ထံ တောင်းခံမည်ဖြစ်ပြီး၊ ထို အရှင်မြတ် ကလည်း ဖြည့်ဆည်းပေးမည်။ သို့မဟုတ် သင်တို့ ဆန္ဒရှိလျှင် ငါသည် သင်တို့၏ဘုရားများထံမှ တစ်စုံတစ်ရာကို တောင်းဆိုမည်။ အကယ်၍ သင်တို့၏ဘုရားများက ကျွန်ုပ် ၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးခဲ့လျှင် ကျွန်ုပ် သည် သင်တို့ အကြားမှ ထွက်ခွာသွားမည်။ အကြောင်းမှာ ကျွန်ုပ် သည်လည်း သင်တို့ကို ငြီးငွေ့စေခဲ့ပြီး၊ သင်တို့က လည်း ကျွန်ုပ် ကို ငြီးငွေ့စေခဲ့ကြပြီ» ဟု အဆိုပြုခဲ့ပါသည်။[၆]
ထိုရီဝါယတ်များအရ စမူးဒ်လူမျိုး သည် ဆွာလေဟ်၏ အဆိုပြုချက်ကို လက်ခံခဲ့ကြပြီး၊ လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ်ပြီးနောက် ဆွာလေဟ်သည် ရုပ်တုတစ်ခုချင်းစီထံမှ အဖြေ တောင်းခံခဲ့သော်လည်း မည် သည့် အဖြေကိုမျှ မကြားခဲ့ရပေ။ ထို့နောက် ဆွာလေဟ်၏ အရှင်မြတ် အလ္လာဟ် ထံ တောင်းဆိုရမည့် အလှည့် ရောက်လာ ပါသည်။ ဤလူမျိုး၏ အကြီးအကဲ ၇၀ ဦးသည် ဆွာလေဟ် နှင့် အတူ တောင်တစ်လုံးထံသို့ သွား ရောက်ကာ သတ်မှတ်ထားသော လက္ခဏာများနှင့် ပြည့်စုံသည့် ကုလားအုတ်မ တစ်ကောင်ကို တောင်ထဲ မှ ထွက် ပေါ်လာ စေရန် တောင်းဆိုခဲ့ကြပါသည်။ ဆွာလေဟ်က အလ္လာဟ်ထံ သူတို့၏တောင်းဆိုချက်ကို ဖြည့်ဆည်း ပေးရန် ဆုတောင်းခဲ့ပါသည်။ထိုအခါ တောင်သည် ကွဲထွက်သွားကာ သူတို့တောင်းဆိုထားသည့် လက္ခဏာများနှင့် ပြည့်စုံသော ကုလားအုတ်မတစ်ကောင် ပေါ်ပေါက်လာခဲ့ပါသည်။ ထို့နောက် ဤလူမျိုးက နာကဟ်သည် သားပေါက် တစ်ကောင် မွေးဖွားစေရန် ဆွာလေဟ်ထံ တောင်းဆိုခဲ့ကြပြီး၊ ဤတောင်းဆိုချက်လည်း အကောင် အထည်ပေါ်ခဲ့ပါသည်။ ထိုရီဝါယတ်များအရ ဤလူမျိုး၏ အကြီးအကဲ ၇၀ ဦးအနက် အနည်းငယ်သာ ယုံကြည်သူများ ဖြစ်လာခဲ့ကြပြီး၊ ဖြစ်ပျက်ခဲ့သမျှကို အခြားသူများအား ပြန်လည်ပြောပြခဲ့ကြပါသည်။[၇]
စမူးဒ်လူမျိုး၏ စမ်းသပ်ခံရမှု
ဆွာလေဟ်၏ နာကဟ်သည် အလ္လာဟ်ဟို အရှင်မြတ် သခင်၏ အံ့ဖွယ်တန်ခိုးဖြင့် ပေါ်ပေါက်လာခဲ့ပြီး၊ ဆွာလေဟ် နှင့် ယုံကြည်သူများသည် ထိုနာကဟ်၏ နို့ကို သောက်သုံးခဲ့ကြသည်။[၈] အလ္လာဟ် ဟိုအရှင်မြတ် သခင်သည် ထိုနာကဟ်ကို စောင့်ရှောက်ထိန်းသိမ်းရန် အလေးပေးမိန့်ကြားခဲ့ပြီး၊ ၎င်းကို စမူးဒ်လူမျိုး၏ စမ်းသပ်မှု အတွက် နည်းလမ်းတစ်ရပ်အဖြစ် ဖော်ပြခဲ့ပါသည်။[၉] ကုရ်အာန်ကျမ်းတော်၏ အာယသ် တော်များအရ စမူးဒ်လူမျိုးသည် နာကဟ်နှင့် ပတ်သက်၍ တာဝန်နှစ်ရပ်ရှိခဲ့ပါသည်။ ပထမအချက်မှာ ရေကို အသုံးပြုရာတွင် အလှည့်ကျ စည်းကမ်းကို လိုက်နာရန်ဖြစ်ပါသည်။ ဆိုလိုသည်မှာ တစ်ရက်တွင် ရေကို နာကဟ်အတွက် သတ်မှတ်ပေးပြီး၊ နောက်တစ်ရက်တွင် လူများအတွက် ဖြစ်ရပါမည်။[၁၀] ဒုတိယအချက်မှာ နာကဟ်အား ထိခိုက်နစ်နာစေခြင်းမှ ရှောင်ကြဉ်ရန် ဖြစ်ပါသည်။[၁၁] ကုရ်အာန်ကျမ်းတော်က ထိုသူတို့အား နာကဟ်ကို အလ္လာဟ် ပိုင်ဆိုင်သော မြေပေါ်တွင် လွှတ်ထားရန်လည်း တောင်းဆိုထားပြီး၊ ထိုနာကဟ်သည် ထိုမြေ၏ စားကျက်များကို အသုံးပြုနိုင်ရန် ဖြစ်ပါသည်။[၁၂]
နာကဟ်ကို သတ်ဖြတ်ခြင်း နှင့် အလ္လာဟ်၏ ပြစ်ဒဏ်
စမူးဒ်လူမျိုးသည် ဆွာလေဟ်၏ အမိန့်ကို မနာခံပြီးနောက် နကာဟ်ကို သတ်ဖြတ်ခဲ့ကြကာ၊ မိမိတို့အား ကတိ ပေးထားသော ပြစ်ဒဏ်ကို ချမှတ်ပေးရန် တောင်းဆိုခဲ့ကြပါသည်။[၁၃] ထိုမနာခံမှုကြောင့် စမူးဒ် လူမျိုးအပေါ် အလ္လာဟ် ၏ ပြစ်ဒဏ် ကျရောက်လာခဲ့ပြီး[၁၄] ယုံကြည်သူများမှအပ အားလုံး ပျက်စီးဆုံး ရှုံးခဲ့ကြပါ သည်။[၁၅] ကုရ်အာန်ကျမ်းတော်တွင် နာကဟ်ကို သတ်ဖြတ်ခြင်းကို အာယသ် တစ်ခု၌ လူတစ်ဦးထံသို့[၁၆] နှင့် အခြား အာယသ် များ၌ စမူးဒ်လူမျိုးထံသို့[၁၇] အသီးသီး ရည်ညွှန်းထားပါသည်။ နကဟ်ကို သတ်ဖြတ် ခြင်းအား လူမျိုးတစ်ရပ်လုံးထံ ရည်ညွှန်းထားခြင်းမှာ ထိုလုပ်ရပ်တွင် သူတို့ပါဝင်ခြင်း သို့မဟုတ် ထို လုပ်ရပ် ကို သဘောတူခြင်းကြောင့် ဖြစ်သည်ဟု အချို့သော အဓိပ္ပာယ်ဖွင့်ဆိုသူများက ယူဆကြပါ သည်။[၁၈] အေမာမ်အလီ(အ.စ) ကလည်း ဤဖြစ်ရပ်ကို အထောက်အထားပြု၍ လုပ်ရပ် တစ်ခုအား သဘော တူခြင်း သည် ထိုလုပ်ရပ်၏ အကျိုးဆက်နှင့် ပြစ်ဒဏ်တွင် ပါဝင်ပတ်သက်စေသည်ဟု ဆိုခဲ့ပါသည်။[၁၉] အေမာမ် ဆွာဒစ်က်(အ.စ) ထံမှ ရီဝါယသ်တစ်ရပ်ကို အလ်ကာဖီ ကျမ်းတွင် ဖော်ပြထားပြီး၊ ထို ရီဝါယသ်၌ ကုဒါရ်အမည်ရှိသူကို နကဟ်၏ လူသတ်သမားအဖြစ် ဖော်ပြထားပါသည်။ ထိုရီဝါယသ်အရ နာကဟ်ကို သတ်ဖြတ်ပြီးနောက် စမူးဒ်လူမျိုးတို့ စုဝေးလာကြပြီး ၎င်း၏အသားကို စားသုံးခဲ့ကြပါသည်။ ဆွာလေဟ်သည် ထိုဖြစ်ရပ်ပြီးနောက် သူတို့အား သုံးရက် အချိန်ပေးခဲ့ပြီး၊ ထိုအချိန်ကာလ ကုန်ဆုံး သွားသောအခါ အလ္လာဟ် ၏ ပြစ်ဒဏ် ကျရောက်လာခဲ့ပါသည်။[၂၀] ရီဝါယသ်ဆိုင်ရာ မှတ်တမ်းအချို့တွင် နာကဟ်၏ သားပေါက်သည် မိခင်ဖြစ်သူ သတ်ဖြတ်ခံရပြီးနောက် တောင်ပေါ်သို့ ထွက်ပြေးသွားကာ ဝမ်းနည်း ဖွယ်ကောင်းလောက်အောင် ညည်းတွားသံဖြင့် လူများ၏ စိတ်နှလုံးကို ထိခိုက်စေခဲ့သည်ဟု ဖော်ပြ ထားပါသည်။ သူတို့ထဲမှ အုပ်စုတစ်စုသည် ဆွာလေဟ်ထံ သွားရောက်ကာ နာကဟ်ကို သတ်ဖြတ်ခြင်းကို အခြားသူများထံ ရည်ညွှန်းပြီး မိမိတို့ကိုယ်ကို အပြစ်ကင်းသူများအဖြစ် သတ်မှတ်ခဲ့ ကြပါသည်။ ဆွာလေဟ်က ၎င်းတို့အား နာကဟ်၏ သားပေါက်ကို အသက်ရှင်လျက် တွေ့ရှိပြီး သူ့ထံသို့ ပြန်လည်ခေါ်ဆောင်လာနိုင်ပါက ပြစ်ဒဏ်ကို သူတို့ထံမှ ဖယ်ရှားပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း ပြောခဲ့ပါသည်။ ထို့နောက် သူတို့သည် နာကဟ်၏ သားပေါက်ကို ရှာဖွေခဲ့ကြသော်လည်း ရှာမ တွေ့ခဲ့ကြ ပေ။[၂၁]
အောက်ခြေ မှတ်စုများ
- ↑ စူရဟ် အအ်ရာဖ် ၊ အာယသ် ၇၃။ စူရဟ်ဟူဒ် ၊ အာယသ် ၆၄။
- ↑ ဟိုစိုင်းန်နီ ရှီရာဇီး၊ တက်ကရိဗ်ဗိုလ်ကုရ်အာန် ၊ အတွဲ ၂၊ စာမျက်နှာ ၂၀၀။
- ↑ သွဗ်ရေစီ ၊ သဖ်စီးရ် မဂျ်မအုလ်ဗယာန် ၊ အတွဲ ၅၊ စာမျက်နှာ ၂၉၈။
- ↑ သွဗ်ရေစီ ၊ သဖ်စီးရ် မဂျ်မအုလ်ဗယာန် ၊ အတွဲ ၄၊ စာမျက်နှာ ၂၉၁။
- ↑ စူရဟ် အအ်ရာဖ် ၊ အာယသ် ၇၃။
- ↑ ကူလိုင်းနီ ၊ အလ်ကာဖီ ၊ အတွဲ ၈၊ စာမျက်နှာ ၁၈၅။
- ↑ ကူလိုင်းနီ ၊ အလ်ကာဖီ ၊ အတွဲ ၈၊ စာမျက်နှာ ၁၈၅။
- ↑ အိဗ်န်နေ အစာကိရ် ၊ သာရိခ် မဒီနသု ဒိမရှ်ခ် ၊ အတွဲ ၁၀၊ စာမျက်နှာ ၄၅၈။
- ↑ စူရဟ် ကမရ် ၊ အာယသ် ၂၇။
- ↑ စူရဟ် ရှုအရာ ၊ အာယသ် ၁၅၅။
- ↑ စူရဟ် အအ်ရာဖ် ၊ အာယသ် ၇၃။
- ↑ စူရဟ် အအ်ရာဖ် ၊ အာယသ် ၇၃။
- ↑ စူရဟ် အအ်ရာဖ် ၊ အာယသ် ၇၇။
- ↑ စူရဟ် ရှုအရာ ၊ အာယသ် ၁၅၇။
- ↑ စူရဟ် အအ်ရာဖ် ၊ အာယသ် ၇၈။
- ↑ စူရဟ် ကမရ် ၊ အာယသ် ၂၉။
- ↑ စူရဟ် အအ်ရာဖ် ၊ အာယသ် ၇၇။
- ↑ ဖဇ်လွလ္လာဟ် ၊ သဖ်စီးရ် မင် ဝဟ်ယိုလ်ကုရ်အာန် ၊ အတွဲ ၂၄၊ စာမျက်နှာ ၂၈၇။
- ↑ ဆယက်ဒ် ရဇီး ၊ နဲဟ်ဂျိုလ်ဗလာဂဟ် ၊ ခွသ်ဗဟ်အမှတ် ၂၀၁၊ စာမျက်နှာ ၃၁၉။
- ↑ ကူလိုင်းနီ ၊ အလ်ကာဖီ ၊ အတွဲ ၈၊ စာမျက်နှာ ၁၈၇။
- ↑ မဂျ်လီစီ၊ ဗဟာရုလ်အန်ဝါရ် ၊ အတွဲ ၁၁၊ စာမျက်နှာ ၃၉၂။
ကျမ်းကိုးများ
- ကုရ်အာန်ကျမ်းမြတ်။
- ကူလိုင်းနီ ၊ မိုဟမ္မဒ် ဘင်န် ယအ်ကူဗ်၊ အလ်ကာဖီ ၊ စိစစ်တည်းဖြတ်နှင့် ပြင်ဆင်သူများ - အလီအက္က်ဘဲရ် ဂဖ္ဖာရီ၊ မိုဟမ္မဒ် အာခွန်ဒီ ၊ တီဟီရန်မြို့ ၊ ဒါရုလ်ကုတုဗိလ် အစ္စလာမီယာ ပုံနှိပ်တိုက် ၊ စတုတ္ထအကြိမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ်။
- ဆယက်ဒ် ရဇီး ၊ မိုဟမ္မဒ် ဘင်န် ဟိုစိုင်းန် ၊ နဲဟ်ဂျိုလ်ဗလာဂဟ် ၊ စိစစ်တည်းဖြတ်သူ — ဆွဗ်ဟီ ဆွာလေဟ် ၊ ကွမ်းမြို့၊ ဟိဂျ်ရသ် ပုံနှိပ်တိုက်၊ ပထမအကြိမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ခုနှစ်။
- ဖဇ်လွလ္လာဟ် ၊ ဆယက်ဒ် မိုဟမ္မဒ်ဟိုစိုင်းန်၊ သဖ်စီးရ် မင် ဝဟ်ယိလ်ကုရ်အာန် ၊ ဘေရွတ်မြို့၊ ဒါရုလ်မလာက် လိတိဘာအဟ် ဝန်နရှ်ရ် ပုံနှိပ်တိုက်၊ ဒုတိယအကြိမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၉ ခုနှစ် ။
- သွဗ်ရေစီ ၊ ဖဇ်လ်ဗင်န် ဟစန် ၊ သဖ်စီးရ် မဂျ်မအုလ်ဗယာန် ၊ သဖ်စီးရ် မဂျ်မအုလ်ဗယာန် ၊ ဘေရွတ်မြို့၊ မုအစ်စစသုလ်အအ်လမီ လိလ်မတ်ဗူအာတ် ပုံနှိပ်တိုက်၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ် ။
- ဟစကာနီ၊ အုဗိုင်ဒုလ္လာဟ်ဗင် အဟ်မဒ်၊ ရှဝါဟိဒု တန်ဇီးလ် လိကဝါအိဒိ တဖ်ဇီးလ် ၊ စိစစ်တည်းဖြတ်သူ - မုဟမ္မဒ် ဘာကဲရ် မဟ်မူဒီ၊ အစ္စလာမ့်ယဉ်ကျေးမှုနှင့် လမ်းညွှန်ရေးဝန်ကြီးဌာန ထုတ်ဝေတိုက်၊ တီဟီ ရန် မြို့၊ ပထမအကြိမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၁ ခုနှစ် ။
- ဟိုစိုင်းန်နီ ရှီရာဇီး ၊ ဆယက်ဒ် မိုဟမ္မဒ်၊ တက်ကရိဗုလ် ကုရ်အာန် အိလာလ် အဇ်ဟာန် ၊ ဘေရွတ်မြို့၊ ဒါရုလ်အုလူမ် ပုံနှိပ်တိုက်၊ ပထမအကြိမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ်။
- အိဗ်န် နေ အစာကိရ် ၊ အဘူလ်ကာစင်မ် အလီဘင်န် ဟစန်၊ သာရိခ် မဒီနသု ဒိမရှ်ခ်၊ ဘေရွတ်မြို့၊ ဒါရုလ် ဖိကရ် ပုံနှိပ်တိုက်၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ်။