နဖ်စ်စေမွတ်သွမအင်န်နဟ်

wikishia မှ
မကာရေမိုအက်ခ်လက်(က)

နဖ်စ်စေမွတ်သွမအင်န်နဟ် (အရဘီ : النفس المطمئنة ) ဆိုသည်မှာ ငြိမ်းချမ်းမှုနှင့် အာမခံချက်သို့ ရောက်ရှိပြီး အပြစ်ပြုလေ့မရှိသော လူ့စိတ် ၏ အခြေအနေကို ရည်ညွှန်းပါသည်။ ဤစကားလုံးသည် စူရဟ် ဖဂျ်ရ် အာယသ်တော် အမှတ် ၂၇ တွင်လာရှိ ပါ သည်။

အလာမဟ် သွဗာသွဗာယီ မှ နဖ်စ်စေမွတ်သွမအင်န်နဟ် အား အလ္လာဟ်ဟို အရှင်မြတ် ကို အောက်မေ့ခြင်း၏ အလင်းတွင် ငြိမ်းချမ်းမှု ကိုရှာဖွေတွေ့ရှိပြီး အလ္လာဟ် ဟို အရှင်မြတ် နှစ်သက်သောအရာကို ကျေနပ်မှုရှိပြီး အကောင်း နှင့် အဆိုး ၊ အကျိုးနှင့် အရှုံး မှန်သမျှ တွင် မိမိ ပိုင်သူ မဟုတ်ဟု သိရှိခြင်း ကို ခေါ် ကြောင်း ဆိုထားပါသည်။ ထိုနည်းတူစွာ နဖ်စ်စေမွတ်သွမအင်န်နဟ် အား လူသား၏ စိတ် အဆင့်တစ်ခု ဖြစ်ပြီး မိမိ ကိုယ်ကို မတည်ရှိခြင်း ကို အလ္လာဟ်ထံ အပ်နှံ ခြင်း မိမိကိုယ် ကို လွတ်မြောက် သူနှင့် အလ္လာဟ် ထံတွင် ဦးညွတ်ထားခြင်း ကို ခေါ်ဆိုကြောင်းလည်း ဆိုထားပါသည်။ အေမာမ် ခိုမေနီ (ရ.ဟ) ၏ အမြင်တွင် အဆိုတွင်လည်းဘဲ နဖ်စ်စေမွတ်သွမအင်န်နဟ် ၏ ဆိုလိုသည် အဓိပ္ပာယ် မှာ မည်သည့် လိုအင်ဆန္ဒများ မရှိတော့သော နဖ်စ် (စိတ်) ဖြစ်ကြောင်း ဆိုထားပါသည်။ နဖ်စ်စေမွတ်သွမအင်န်နဟ် မဟုတ်သည့် နဖ်စ် တွင် အမှတ် လက္ခဏာ နှစ်ခု ရှိပါသည်။ ၎င်း နှစ်ခု မှာ တစ်ကမ္ဘာလုံး ကို ထမင်းလုတ် တစ်လုတ်တည်း ပမာ ပြု၍ ၎င်း(နဖ်စ်) ကို ပေးလျှင် လည်း ဆန္ဒမပြည့် ဖြစ်နေပါမည်။ တခြားအရာတွေကို တောင်းဆိုနေမည် ဖြစ်ပါသည်။

နဖ်စ်စေမွတ်သွမအင်န်နဟ် သည် နဖ်စ်စေအမာရဟ် နှင့် နဖ်စ်စေလောင်ဝါမဟ် တို့၏ ဆန်ကျင့်ဘက် ဖြစ်ပြီး နဖ်စ် ၏ အမြင့်ဆုံးလို့ သတ်မှတ်ထားပါသည်။ နဖ်စ်စေအမာရဟ် သည် လူသား အား အပြစ် ဘက်သို့ တွန်းပို့ပါသည်။ နဖ်စ်စေလောင်ဝါမဟ် သည် လည်းဘဲ လူသား၏ အမှား များ အတွက် ပြစ်တင် ပါသည်။ မွတ်စလင်မ်ပညာရှင်များ ၏ ယုံကြည်ချက် အရ လူသားတိုင်းတွင် နဖ်စ် တစ်ခု သာ ရှိပါသည်။ နဖ်စ်စေအမာရဟ် ၊ နဖ်စ်စေလောင်ဝါမဟ် ၊ နဖ်စ်စေမွတ်သွမအင်န်နဟ် တို့ သည် နဖ်စ် တစ်ခု တည်း တွင်ရှိခြင်း အငြင်းပွားစရာ အချက်ပြဿနာ မဟုတ်ချေ။ အကြောင်း မှာ ပညာဆိုင်ရာ နဖ်စ် ၏ အခေါ် အဝေါများ သည် အဆင့်အသီးသီး များ ဖော်ပြနေသည့် အတွက်ကြောင့် ဖြစ်ပါသည်။

အချို့သော ဟဒီးစ်တော်များတွင် အာယသ်သေ နဖ်စ်စေမွတ်သွမအင်န်နဟ် ကိုတင်ပြပီး နဖ်စ်စေမွတ် သွမအင်န် နဟ် ဖြစ်သည်များ ကို တင်ပြထားပါသည်။ ပမာ အား ဖြင့် အေမာမ် အလီ (အ.စ) ၊အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် တမန်တော်မြတ် (ဆွ) နှင့်ကိုယ်တော်၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် သက်ဝင် ယုံကြည်သူ များ ကို နဖ်စ်စေမွတ် သွမအင်န်နဟ် ဟုဆိုထားပါသည်။

ဆိုလိုချက်အဓိပ္ပာယ်

နဖ်စ်စေမွတ်သွမအင်န်နဟ် ၏ နဖ်စ် (စိတ်) အခြေအနေမှာ အမြဲတမ်း ဆင်ခြင်တုံတရား နောက်သို့ လိုက်စေပြီး ဂိုနာဟ် (အပြစ်) မှ မိမိကိုယ် ကို ဝေးအောင်ထားသည့်စိတ် ၊ ဤစိတ်အတွက် လူသားသည် ကျင့်ရက်မှု သို့မဟုတ် အလေ့အထ ဖြစ်နေပြီး ဖြစ်ပါသည်။ ၎င်း နဖ်စ် တွင် စိတ်ချမှူ နှင့် ငြိမ်းချမ်း ခြင်း အနေအထား ဖြစ်နေပါသည်။ [1] ဤပညာရပ် ဆိုင်ရာ အသုံးအနှုန်းသည် ကျမ်းတော်မြတ် ကုရ်အာန် ၏ အသုံး အနှုန်း ဖြစ်ပြီး စူရဟ် ဖဂျ်ရ် အာယသ်တော် အမှတ် ၂၇ တွင် သုံးထားပါသည်။ ပညာရှင်များ မှ နဖ်စ် အား အဆင့်များစွာရှိသည်ဟု မှတ်ယူကြပြီး နဖ်စ်စေမွတ်သွမအင်န်နဟ် သည် နဖ်စ်စေအမာရဟ် နဖ်စ်စေလောင်ဝါမဟ် တို့နှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံးအဆင့်ဖြစ်ပါသည်။ အနိမ့်ဆုံး နဖ်စ် အဆင့်မှာ နဖ်စ်စေအမာရဟ်(အတ္တစိတ်) ဖြစ်ပါသည်။ ဤစိတ်ရှိသည် လူသားသည် ဆင်ခြင်တုံတရား (အသိဉာဏ်) နောက် သို့ မလိုက်ချေ။ ဂိုနဟ် (အပြစ်)များ ဘက်သာ လိုက်ပါသည်။ (၎င်းအတ္တစိတ်) ထက် အဆင့်မြင့် သည် နဖ်စ် မှာ နဖ်စ်စေလောင်ဝါမဟ် ဖြစ်ပါသည် ။ အသိပေးသည့်စိတ်ဖြစ်ပါသည်။ အကယ်၍ မကောင်းမှုတစ်ခုခုလုပ်လျှင် မိမိကိုယ်ကို ရှုတ်ချသည့်စိတ် ဖြစ်ပါသည်။ ဤအဆင့်ထက်မြင့်သည့် နဖ်စ်မှာ နဖ်စ်စေမွတ်သွမအင်န်နဟ် ဖြစ်ပါသည်။ [2] အလ်မီဇန် တွင် အလာမဟ် သွဗာသွဗာယီ မှ နဖ်စ်စေမွတ်သွမအင်န်နဟ်အား အလ္လာဟ်ဟို အရှင်မြတ် အား အောက်မေ့ခြင်း၏အလင်းတွင် စိတ်အေး လက်အေး သက်တောင့်သက်သာရှိသော စိတ်(နဖ်စ်)တစ်ခုဖြစ်ကြောင်း အလ္လာဟ်ဟို အရှင်မြတ် နှစ်သက်တော်မူ သမျှကို ကျေနပ်နှစ်သက် သည့် စိတ် ဖြစ်ကြောင်း မိမိကိုယ်ကို အကောင်း၊ အဆိုး၊ အကျိုးရှိမှု ၊ ဆုံးရှုံးမှုတို့ တွင် ပိုင်ရှင်သခင် မဟုတ်ကြောင်းသိသည့် စိတ် ၊လောကကို ဖြတ်သန်းရာနေရာဟု မှတ်ယူကာ ဆင်းရဲခြင်း နှင့် ချို့တဲ့မှုတိုင်းသည် မြင့်မြတ်သော စမ်းသပ်မှုတစ်ခုဖြစ်ဟု မှတ်ယူသည့် စိတ်ဖြစ်ကြောင်း ဤအကြောင်းကြောင့် နဖ်စ်စေမွတ်သွမအင်န်နဟ် ကျွန်ခံခြင်း၏ နယ်နိမိတ်တွင် အမြဲရှိနေသည်ဖြစ်၍ လောကီကောင်းချီးများက သူ့အား ဖောက်ပြန်ခြင်းနှင့် မောက်မာခြင်းသို့ မပို့ဆောင်ဘဲ၊ ဆင်းရဲခြင်းသည် နဖ်စ်စေမွတ်သွမအင်န်နဟ် စိတ်ရှင် ကို ကာဖေရ် ဖြစ်အောင် နှင့် အလ္လာဟ်အားကျေးဇူးမတင်ခြင်းတို့ လုပ်အောင် မပြုနိုင် ကြောင်း ရေးသားထားပါသည်။ [3]

ဆယက်ဒ် မိုဟမ္မဒ် မဲဟ်ဒီ ဘဲဟ်ရိုလ်အူလူးမ် အနေဖြင့် မိမိ၏ စိုင်းရ်ဝါ စူလူက်ဆိုသည့် စာအုပ် တွင် နဖ်စ်စေမွတ်သွမအင်န်နဟ်အား အား လူတစ်ဦး၏ ဖြစ်တည်မှုမှ ပြောင်းရွှေ့နေထိုင်ခြင်းမှ ထွက်ခွာခြင်း နှင့် ကမ္ဘာသို့ ခရီးထွက်ခြင်း ပါ၀င်သော ကြီးစွာသော ရွေ့ ပြောင်းခြင်းသို့ ဝင်ရောက်ခြင်း၏ အဆင့်ဟု သတ်မှတ်ထားပါသည်။ထိုနည်းတူစွာ «يَا أَيَّتَهُا النَّفْسُ الْمُطْمَئِنَةُ» သည် ဂျေဟာဒ် ဒေ အက္က်ဘဲရ် မှ ပြီး‌မြောက် အောင်ပွဲနှင့် အောင်ခြင်းလောကသို့ ဝင်ရောက်လာကာ မိမိ၏စိတ်အားဟက်အမှန်တရား အတွက် ဦးညွတ် စေပါသည်။ ၎င်းပြင် မဟာအစ္စလာမ်ဘာသာကို နားလည်ပြီး မိမိကိုယ်တိုင် မတည်ရှိလာမှုကို အလ္လာဟ်ဟို အရှင်မြတ် ၏ တည်ရှိမှုတွင်ရှုမြင်လာပြီး ဤအမိန့် ကို လက်ခံအသိအမှတ်ပြုကာ နှလုံးသားဖြင့် အသိအမှတ်ပြုခြင်းဖြင့် ကြီးမားသည့် အီမာန်သက်ဝင်ယုံကြည် ခြင်း အဆင့် စိတ်ချ လုံခြုံရာနေရာ နှင့် ငြိမ်သက်အေးချမ်းရာနေရာဝင်ရောက်သွားပြီး ဖြစ်ပါသည်။ ၎င်းပြင် နဖ်စ်စေမွတ်သွမအင်န်နဟ် ပိုင်ရှင် သည် သူ၏ဝန်ကို ဤနေရာတွင် ချထားခဲ့ပြီး၊ «ارْجِعِي‌ إِلَی‌ رَبِّك» အဓိပ္ပာယ် "သင်၏အရှင် ထံသို့ ပြန်သွားလော့" ဟူသော မိန့်ကြားမူ သည် ပြောင်းရွေ့ ရန် အမိန့်သည် မိမိ၏ ဖြစ်တည်နေ မှုမှ ဖြစ်ပြီး မိမိအားပြုစုပျိုးထောင် ဖန်ဆင်းသည် အလ္လာဟ်ဟို အရှင်မြတ်ဘက်သို့ သွားရမှာဖြစ်ပါသည်။ပြီးနောက် ဤပြောင်းရွေ့ မှု အလ္လာဟ်ဟို အရှင်မြတ် ၏ ကဇွာ နှင့်ကဒ်ရ် သရှ်ရီအီ နှင့်သက်ဝီးနီ ကို ကျေနပ်လာပေလိမ့် မည်။ အလ္လာဟ်ဟို အရှင်မြတ်ကိုဆန့်ကျင်သည် မည်သည့် လုပ်ရပ် မျိုးမဆို နှင့် မည်သည့် ဂိုနဟ် (အပြစ်) ကို မှ မကျူး လွန်တော့ ချေ။ [4]

အေမာမ် ခိုမေနီ (ရ.ဟ) ၏ အဆိုအရ " နဖ်စ်စေမွတ်သွမအင်န်နဟ် " ဆိုသည်မှာ အလိုဆန္ဒများမရှိတော့သော စိတ်ကို ဆိုလိုပြီး နဖ်စ်စေမွတ်သွမအင်န်နဟ်မဟုတ်သည့် စိတ် ၏ နိမိတ်လက္ခဏာမှာ တစ်ကမ္ဘာလုံးက သူ့ကို ထမင်းလုတ် တစ်လုတ် တည်းလုပ်၍ ပေးလျှင် ချို့လည်း ယွင်းချက်ရှိသည်ဟု ထင်မြင်သည့် စိတ် သူတောင်း လိုချင် မှာ တခြားတစ်ခု ဖြစ်သည်ဟုဆိုသည့် စိတ် ဖြစ်ပါတယ်။ အေမာမ်ခိုမေနီ လက်ခံယုံကြည်သည့် မှာ နဖ်စ် သည် နဖ်စ်စေမွတ်သွမအင်န်နဟ်သို့ လုံးဝ ပြည့်စုံစွာ ရောက်သည့်အခါနဖ်စ်(စိတ်) သည် အလ္လာဟ် သာလျှင် ဖြစ်လာပါသည် ။ အလ္လာဟ် မှအပ အခြား အရာ အာရုံ မရှိတော့ချေ။ ရာထူးနေရာ ကို အာရုံပြုခြင်း၊ အာဏာ ကို အာရုံပြုခြင်း၊ ရုပ်လောကကို အာရုံပြုခြင်း၊ အခြား မမြင်နိုင်သော လောကများ ကို အာရုံပြုခြင်း၊ ရှဟာဒသ် ကို ရှုမှတ်ခြင်းဟူသည် ဘာမျှမရှိတော့ချေ။ အလ္လာဟ်ရှိ နေသည် အလ္လာဟ်ကြည့်နေ သည်ဆိုသည့် အလ္လာဟ် ကို တမ်းတ စိတ် သာ ရှိတော့မည် ဖြစ်ပါသည်။ [5]

ကဗျာဆရာ ခါကာနီ ကလည်း အောက်ပါအတိုင်း ကဗျာဆိုထားပါသည်။

با نفس مطمئنه قرینش کن آنچنان ***** کآواز ارجعی دهدش هاتف رضا

[6]

မတူညီသော စိတ် များ၏ သဟဇာတဖြစ်သော လူသားလက္ခဏာ နှင့် တူညီမှု

မွတ်စလင်မ်ပညာရှင်များမှ လူသားတစ်ဦးတွင် နဖ်စ် တစ်ခု သို့မဟုတ် အတ္တတစ်ခုသာ ရှိသည်ဟု ဆိုပါသည်။ ယင်း၏တည်ရှိမှုသည် ဝိညာဉ်တစ်ခုတည်းနှင့် ဆန့်ကျင်ဘက်မဟုတ်ဟု ဆိုကြပါ သည်။ နဖ်စ်စေအမာရဟ် ၊ နဖ်စ်စေလောင်ဝါမဟ် ၊ နဖ်စ်စေမွတ်သွမအင်န်နဟ် တို့ သည် နဖ်စ် တစ်ခု တည်းတွင်ရှိခြင်းမှာ အငြင်းပွားစရာ အချက်ပြဿနာ မဟုတ်ချေ။မွတ်စလင်မ်ပညာရှင်များ ၏ အဆိုအရ သူတို့အဆိုအရ ပညာရပ်ဆိုင်ရာ ဤ အသုံး အနှုန်းများ သည် စိတ်၏ မတူညီသောအခြေအနေများ နှင့် အဆင့်များကို ဖော်ပြခြင်း ဖြစ်ပါသည်။ [7] ဆိုလိုသည်မှာ နဖ်စ် သည် မကောင်းမှုကို ညွှန်ကြားသောအခါ ထိုနဖ်စ် ကို နဖ်စ်စေအမာရဟ် ဟုခေါ်ဆို ပါသည်။ နဖ်စ် သည် မိမိ အမှားများ အတွက် မိမိကိုယ်ကို အပြစ်တင်သောအခါ ထိုနဖ်စ် ကို နဖ်စ်စေ လောင်ဝါမဟ် ဟုခေါ် ဆိုပါသည်။ [8]

ဟဒီးစ်တော်တွင် နဖ်စ်စေမွတ်သွမအင်န်နဟ် ၏ ဥပမာများ

ဟဒီးစ်‌တော် များတွင် စူရဟ် ဖဂျ်ရ် ၏ အာယသ်တော် ၂၇ တွင်ဖော်ပြထားသော " နဖ်စ်စေမွတ်သွမ အင်န်နဟ် " ဟူသော စကားလုံး၏ဥပမာများလာ ရှိပါသည်။ ကိုလိုင်းနီ သည် အလ်ကာဖီ ကျမ်းတွင် ဟဒီးစ်တော် တစ်ခုအားဆင့်ပြန်တင်ပြထားသည်မှာ နဖ်စ်စေမွတ်သွမ အင်န်နဟ် တမန်တော်မြတ် (ဆွ) နှင့် ကိုယ်တော်၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် အီမာန် သက်ဝင်ယုံကြည်သည် နဖ်စ် ဖြစ်ကြောင်း ဖြစ်ပါသည်။ [9] ရှဝါဟစ်ဒ်သိုသန်ဇီးလ် ကျမ်းလာ ဟဒီးစ်တော် အရ အေမာမ် အလီ (အ.စ) ဖြစ်ပါသည်။ [10] သဖ်စီးရ် ကွမ်းမီ ကျမ်းမှ အခြားရီဝါယသ်တော်များ ကို အခြေခံ၍ အေမာမ် ဟိုစိုင်းန် (အ.စ) သည် ယင်း၏ ဥပမာတစ်ခုဖြစ်ကြောင်း ဆိုထားပါသည်။ [11] ဟိုစိုင်းန်အလီ မွန်သဇရီ ၏ အဆိုအရ အေမာမ် ဟိုစိုင်းန် (အ.စ) သည် နဖ်စ်စေမွတ်သွမ အင်န်နဟ် ဖြစကြောင်း သဖ်စီးရ် အတွက် အထောက်အထား သက်သေ မှာ အေမာမ် ဟိုစိုင်းန် (အ.စ) သည် အလ္လာဟ့် လမ်းတွင် ကြံ့ကြံ့ခံ ခြင်း ဇွဲနပဲ ရှိခြင်း ဖြစ် ကောင်း စွာ ရပ်တည် ပြ နိုင်ခဲ့သည့် အတွက် အလ္လာဟ်ဟို အရှင်မြတ် မိန့်ထားသည် နဖ်စ်စေမွတ်သွမ အင်န်နဟ် နှင့် ထိုက်တန်သူ ဖြစ်ပါသည်။ [12]

ကိုယ်ကျင့်တရား ၊ စာရိတ္တတွင် နဖ်စ်စေမွတ်သွမအင်န်နဟ်

တွေးခေါ်ရှင်အချို့က မိမိကိုယ်ကိုယုံကြည်မှုအဆင့်တွင် လူသားငြိမ်းချမ်းရေးသည် ကိုယ်ကျင့် တရား၊စာရိတ္တ ဆိုင်ရာကိစ္စရပ်များနှင့် ဆက်စပ်နေသည်ဟု ယူဆကြပါသည်။ အလာမဟ် သွဗာသွဗာယီ မှ စူရဟ် ရအ်ဒ် ၏ အာယသ်တော် ၂၈ ၏ သဖ်စီးရ် တွင် နဖ်စ်စေမွတ်သွမ အင်န်နဟ် ဆိုသည်မှာ အလ္လာဟ် ဟို အရှင်မြတ် အား အရာအားလုံး၏ပိုင်ရှင်အဖြစ် သက်ဝင်ယုံကြည် သည် စိတ်ဖြစ်ပါသည်။ ရလာဒ် မှာ လောကီ ကောင်းချီး များရရှိခြင်းဖြင့် အလ္လာဟ် ဟို အရှင်မြတ်အား ပုန်ကန် ကို ဖြစ်စေမည်မဟုတ်ချေ။ လက်ဗလာဖြစ်ခြင်း ကလည်း သူ့ကို ကာဖေရ် ဖြစ်အောင် ကျေးဇူးမဆပ်နိုင်သူ ဖြစ်အောင် ပြုလုပ် နိုင်မည် မဟုတ်ချေ။ [13] ဖိုက်ဇ် ကာရှာနီ မှလည်း နဖ်စ်စေမွတ်သွမ အင်န်နဟ် ဆိုသည်မှာ နဖ်စ်စေမွတ်သွမ အင်န်နဟ် ဆိုသည်မှာ နဖ်စ်စေမွတ်သွမ အင်န်နဟ် ဆိုသည်မှာ အာရုံငါးပါး ဗီဇနှင့် ငြိမ်းချမ်းမှု တို့ကို ရုန်းကန်မှုကြောင့် စိတ်ရှုပ်ထွေးမှုကို ဖြေရှင်းပြီးသောစိတ်ဖြစ်ကြောင်း ဆိုထားပါသည်။ [14]

ဆက်နွယ်နေသည့် ဆောင်းပါးများ

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ