နဖ်စ်စေလောင်ဝါမဟ်

wikishia မှ
ကိုယ်တော်မြတ်(ဆွ)၏ကိုယ်ကျင့်တရား၊စာရိတ္တဆိုင်ရာဟဒီးစ်တော်

နဖ်စ်စေလောင်ဝါမဟ် (အရဘီ - النفس اللوامة ) ဆိုသည်မှာ စိတ်ကို အပြစ်တင်ခြင်းဟု အဓိပ္ပာယ်ရပြီး လူတစ်ဦးတစ်ယောက် သည် မိမိ၏အမှားအတွက် မိမိကိုယ်ကို အပြစ်တင်သည့် စိတ်၏အခြေအနေတစ်ခုဖြစ်သည်။ဤပညာရပ်ဆိုင်ရာ အသုံးအနှုန်းအား စူရဟ်ကေယမသ်၏ ဒုတိယအာယသ်တော်မှ ရယူထားခြင်းဖြစ်ပါသည်။ ဤအာယသ်တော် နှင့် စပ်လျဥ်းပြီး မွတ်စ်လင်မ်ပညာရှင်များသည် နဖ်စ်စေလောင်ဝါမဟ် အကြောင်း မတူညီကြသည့် သဖ်စီးရ် (အကျယ်ဖွင့်ဆိုချက်များ) ကို တင်ပြခဲ့ကြပါသည်။ နဖ်စ်စေလောင်ဝါမဟ် နှင့် အတူ နဖ်စ်စေအမာရဟ် နှင့် နဖ်စ်စေမွတ်သွမအင်န်နဟ် လည်းရှိပါသည်။ မွတ်စလင်မ်သာသနာ့ ပညာရှင်များ ၏ အဆိုအရ လူသားတွင် ကိုယ်ပိုင် လက္ခဏာ တစ်ခုသာ ရှိ ကြောင်း လူသား ၏ စိတ်သည် အသိဥာဏ် နောက် လိုက်နာ သည့်အခါ ၎င်း ကို နဖ်စ်စေ လောင်ဝါမဟ် ဟုခေါ်ဆိုကြောင်း အသိဥာဏ် နှင့်ဆန့်ကျင်ဘက် ပြုသည့် စိတ်ကို နဖ်စ်စေ အမာရဟ် ဟုခေါ်ဆိုကြောင်း စိတ်သည် ငြိမ်းအေား သည့် အခြေအနေ ၊အနေအထားကို‌ ရောက်ရှိ သည့်အခါ နဖ်စ်စေမွတ်သွမအင်န်နဟ် ဟုခေါ်ဆိုကြောင်း ဖြစ်ပါသည်။

နမ်ဖ်စ်စေ လောင်ဝါမဟ် ဆိုင်ရာ အယူအဆဗေဒ

နဖ်စ်စေလောင်ဝါမဟ် ဆိုသည်မှာ စိတ်ကို အပြစ်တင်ခြင်းဟု အဓိပ္ပာယ်ရပါသည်။ အာယာသွလ္လာဟ် ရှဟီးဒ် မိုရ်သဇာ မိုသွဟရီ ၏ အဆိုအရ နဖ်စ် သည် အဆင့်များ ရှိကြောင်း နဖ်စ်စေလောင်ဝါမဟ် သည် နဖ်စ်စေ အမာရဟ် အထက်အဆင့် တွင်ရှိပြီး နဖ်စ်စေမွတ်သွမအင်န်နဟ် ၏ အောက်အဆင့် တွင် ရှိပါသည်။(1) အာယာသွလ္လာဟ် မိုဟမ္မဒ် သကီ မစ်ဗါယဇ်ဒီး မှလည်း လူတစ်ဦးတစ်ယောက် သည် မိမိ၏ အမှားများကို နောင်တရကာ မိမိကိုယ်ကို အပြစ်တင်သည့် စိတ်၏အခြေအနေကို နဖ်စ်စေလောင်ဝါမဟ် ဟုဆိုကြောင်း ပြောထားပါသည်။(2) ဤပညာရပ်ဆိုင်ရာအသုံးအနှုန်း ဖြစ်သည့် နဖ်စ်စေ လောင်ဝါမဟ် အား စူရဟ် ကေယမသ် အာယသ်တော် ၂တွင် သုံးထားပါသည်။ «وَلَا أُقْسِمُ بِالنَّفْسِ اللَّوَّامَةِ » “ငါအရှင်မြတ်သည် မိမိကိုယ်ကို ပြစ်တင်ဝေဖန်သည့်စိတ်ကို သက်သေထူကျိန်သူပါသည်။” နဖ်စ်စေလောင်ဝါမဟ် ဆိုသည်မှာ အပြစ်ကျူးလွန်ပြီးနောက် လူသားအား ပြစ်တင်ဝေဖန်သည့် စိတ်အား ခေါ်ဆိုပါသည်။ ပြီးနောက် အပြစ်ကျူးလွန်သူအားပြစ်ဒဏ်ခံရမည်ဆိုသည့်ခံစား ချက်ကို ဖြစ်စေပါ သည်။ (3)

နဖ်စ်စေအမာရဟ် နှင့် နဖ်စ်စေမွတ်သွမအင်န်နဟ် ၏ ကွာခြားချက်

နဖ်စ်စေလောင်ဝါမဟ် နှင့် အတူ နဖ်စ်စေအမာရဟ် နှင့် နဖ်စ်စေမွတ်သွမအင်န်နဟ် လည်းရှိပါသည်။(4) နဖ်စ်စေအမာရဟ် ဆိုသည်မှာ လူသားသည် မိမိ၏ အသိဥာဏ် ၏ပြောကြားချက်မလိုက်နာ ဘဲ အပြစ်ဘက် ကို သွားသည့် စိတ်ကို ခေါ်ဆိုပါသည်။(5) နဖ်စ်စေမွတ်သွမအင်န်နဟ် ဆိုသည်မှာ စိတ်သည် ထပ်ခါတလဲလဲ ဆင်ခြင်မှုကို အာရုံစိုက်ပြီး ထို ထပ်ခါတလဲလဲ ဆင်ခြင်မှုကို အာရုံစိုက်မှုနောက်ကို လိုက်လျှောက်ခြင်းကြောင့် အလေ့အထတစ်ခု ဖြစ်လာပြီး လူတစ်ဦးသည် ယုံကြည်မှုနှင့် ငြိမ်းချမ်းမှုကို ပိုင်ဆိုင်လာသည့် အ‌ခြေအနေ ကို ခေါ်ဆို ခြင်း ဖြစ်ပါသည်။(6)

မတူညီသော စိတ်များ၏ ဆန့်ကျင်ဘက် မဟုတ်သော လူသား လက္ခဏာ ၏ တူညီမှု

မွတ်စ်လင်မ်ပညာရှင်များ၏အဆိုအရ လူသားတစ်ဦးတွင် မတူညီသည့် စိတ်များ ဖြစ်သည့် နဖ်စ်စေ လောင်ဝါမဟ် ၊ အတူ နဖ်စ်စေအမာရဟ် နှင့် နဖ်စ်စေမွတ်သွမအင်န်နဟ် ဆိုပြီး လူသား၏ အဖြစ်မှန်တစ်ခုထက်ပို၍မရှိဟု ဆိုကြပြီး လူသား၏စိတ် သည်လည်း အတူတူပင်ဖြစ်ပြီး ဤအသုံး အနှုန်းများသည် အမှန်တကယ်အားဖြင့် လူသားစိတ် ၏ မတူညီသောအခြေအနေများဖြစ်ပါသည်။(7) အာယာသွလ္လာဟ် မိုဟမ္မဒ် သကီ မစ်ဗါယဇ်ဒီး မှ တစ်ခါတစ်ရံတွင် မိမိကိုယ်ကို မကောင်းမှုပြုရန် အမိန့်ပေး သည့် စိတ်ကို နဖ်စ်စေအမာရဟ် ခေါ်ဆိုပြီး တစ်ခါတစ်ရံတွင် မိမိကိုယ်ကို အပြစ်တင်သည့် စိတ်ကို နဖ်စ်စေလောင်ဝါမဟ် ဟုခေါ်ဆိုကြောင်း ရေးသားထားပါသည်။ (8) အာယာသွလ္လာဟ် ရှဟီးဒ် မိုရ်သဇာ မိုသွဟရီ ၏ အဆိုအရ လူသားတစ်ဦးတွင် "ငါ" သို့မဟုတ် "မိမိကိုယ်" ဆိုပြီးနှစ်ခုမရှိပါ။ ယင်းအစား၊ "မိမိကိုယ်" တစ်ခုတည်းသာရှိသော်လည်း ၎င်း၏အဆင့်များသည် ကွဲပြားသည်။ တခါတရံ အောက်ကျတဲ့ အခါမျိုးမှာ အသိဥာဏ် ၏ပြောစကားကို နားမထောင်ချေ ။ဤကဲ့သို့ စိတ်သည် နဖ်စ်စေအမာရဟ် ဖြစ်ပါသည်။ ဤစိတ်ထက်မြင့် သည့် အဆင့် ရှိပါသည်။ ထို အဆင့်တွင် သတိရှိပါသည်။ အကယ်၍ အမှား လုပ် မိပါက မိမိကိုယ်ကို တရားစီရင် (ပြစ်တင်ဝေဖန်) ခြင်းကို ပြုပါသည်။ ဤစိတ်ကို နဖ်စ်စေလောင်ဝါမဟ် ဟုခေါ်ပါသည်။ (9)

သဖ်စီးရ်ကျမ်းများလာ နဖ်စ်စေလောင်ဝါမဟ်

သဖ်စီးရ်ကျမ်းများ တွင် နဖ်စ်စေလောင်ဝါမဟ် နှင့်ပတ်သက်ပြီး မတူညီ ကွဲပြားသော အဓိပ္ပာယ်ဖွင့် ဆိုချက်များလာရှိပါသည်။ ၎င်းတို့ထဲမှ အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • ကုသိုလ်ကောင်းမှု၌ ပေါ့လျော့မှု သို့မဟုတ် အပြစ်များအတွက် မိမိကိုယ်ကို အပြစ်တင်သော မိုအ်မင် ၏ စိတ်ကိုဆိုလိုပါသည်။ (10) အလာမာ သွဗာသွဗာယီ သည် ဤ အမြင်ကို လက်ခံထားပါသည်။(11)
  • နဖ်စ်စေလောင်ဝါမဟ် ဆိုသည်မှာ လူသားအားလုံး၏ စိတ်ဖြစ်ပါသည်။ ကောင်းသည့် စိတ်ဖြစ်စေဆိုးသည့် စိတ်ဖြစ်စေ ဖြစ်ပါသည်။ ကေယမသ်ကို ထည့်သွင်း စဥ်းစားထားသည့်အတွက်ဖြစ်ပါသည်။ အကြောင်းမှာ ကေယမသ်နေ့ တွင် မကောင်းသူများသည် လောကတွင် သီလသမာဓိ မရှိခဲ့ရပါသနည်းဆိုပြီး မိမိကိုယ်ကို အပြစ်တင်ကြမည် ဖြစ်ပါသည်။ ကောင်းသည်သူများသည်လည်း ‌အေဗါဒသ် ဘာကြောင့် ပိုမလုပ်ခဲ့ရပါသနည်းဆိုပြီး မိမိကိုယ်ကို အပြစ်တင်မည် ဖြစ်ပါသည်။ ဤအမြင် သည် အဗ်ဒိုလ္လာဟ်အစ်ဘ်နေအဘာစ် ၏ အမြင် ဖြစ်ပါသည်။
  • ကေယမသ်နေ့တွင် အပြစ်သမားများ ၏ စိတ်ကို သာ ဆိုလိုခြင်းဖြစ်ပါသည်။ အကြောင်းမူကား၊ ကေယမသ်နေ့ (ရှင်ပြန်ထမြောက်သောနေ့ ) ၌ မိမိတို့အပြစ်အတွက် မိမိတို့ကိုယ်ကို အပြစ်တင်ကြ လိမ့်မည် ဖြစ်ပါသည်။
  • ကေယမသ်နေ့တွင် သီလသမာဓိ ရှိသူများ(သက္က်ဝါရှိသူများ) ၏ စိတ်ကိုဆိုလိုခြင်းဖြစ်ပါသည်။ ကေယမသ်နေ့ (ရှင်ပြန်ထမြောက်သောနေ့ )တွင် အပြစ်သမားများ ကို အပြစ်တင်ကြမည် ဖြစ်ပါသည်။ (12)

ဆက်စပ်နေသည့် ဆောင်ပါးများ

  • နဖ်စ်စေအမာရဟ်
  • နဖ်စ်စေမွတ်သွမအင်န်နဟ်
== အောက်ခြေ မှတ်စုများ ==

ကျမ်းကိုးများ