ထာဝရအပြစ်ဒဏ်
ထာဝရ အပြစ်ဒဏ် သို့မဟုတ် ဂျဟန္နမ် (ခ)ငရဲဘုံ တွင် ထာဝရ နေရခြင်း (အရဘီ : الخلود في النَّار أو العذاب الأبدي ) ဆို သည်မှာ အစ္စလာမ် နှင့် ဖန်ဆင်းရှင် တစ်ပါးတည်းကို ကိုးကွယ် သည့် ဘာသာတရားများ၏ သွန်သင်ချက် များ မှ တစ်ခု ဖြစ်ပါသည်။ကျမ်းတော်မြတ်ကုရ်အာန်တွင် မြောက်များစွာသော အာယသ်တော်များသည် «خالدین فیها ابدا» (၎င်းတို့သည် ဂျဟန္နမ်ငရဲ တွင် ထာဝရ နေရမည် ) ၏ သအ်ဘီးရ် (ခ) တစ်စုံတစ်ခုကို အနက်ပြန်ဆိုခြင်း သို့မဟုတ် ရှင်းပြခြင်း နှင့် အတူ ၎င်းကဲ့သို့ ထာဝရ အပြစ်ဒဏ် ဘက်သို့ ရည်ညွှန်း ဖော်ပြ ထား ပါသည်။ ထိုအတွက်ကြောင့် ရှီအဟ် ဟဒီးစ်အရင်းအမြစ်များ တွင် ဂျဟန္နမ် တွင် ထာဝရ၊အမြဲ နေရမည် ကို အလေးပေးထား သည့် ဟဒီးစ်တော် များလာရှိပါသည်။
ဂျဟန္နမ် ငရဲ ၌ ထာဝရနေရခြင်းနှင့်ပတ်သက်၍ ပညာရှင်တို့ကြားတွင် မတူညီသောအမြင်များ ရှိသည်။ မိုဟီယွဒ်ဒီးန် အရဘီ ၊ မွတ်လာ ဆဒ်ရာ (၎င်း၏ အချို့ ရေးသားသီးကုံးထားမှုတွင်) နှင့် အေမာမ် ခိုမေနီ တို့သည် ဂျဟန္နမ် ငရဲ၌ ထာဝရနေရခြင်းကို လက်မခံကြသူများ ဖြစ်ကြပါသည်။ ၎င်းတို့ အနေဖြင့် နောက်ဆုံး ဂျဟန္နမ် ငရဲ ၏ပြစ်ဒဏ် သည် အဆုံးသတ်မည် ဟု ယုံကြည်ကြပါသည်။ ၎င်းတို့ အနေဖြင့် ဂျဟန္နမ် ငရဲ ၌ ထာဝရနေရခြင်းကို အလ္လာဟ် ဟို အရှင်မြတ်၏ အဒ်လလ်(တရားမျှတမှု ၊ ကျောသားရင်သား မခွဲခြားမှု ၊ ဟေက်မသ် (ဆင်ခြင်တုံတရား ) ၊ ရဟ်မသ် (ကရုဏာ ) နှင့်ဆန့်ကျင်သည်ဟု မှတ်ယူကြပါသည်။ ပြီးနောက် ဂျဟန္နမ် ငရဲပြည်သားအားလုံးသည် ဂျဟန္နမ် မှ ထွက်ရမည် သို့မဟုတ် နေရပါကလည်း ဝေဒနာနှင့်ဒုက္ခကို ခံစားရတော့မည်မဟုတ်ဟု ဆိုကြပါသည်။ မနုဿလူသား ၏ အလ္လာဟ် ဟို အရှင်မြတ် ဖန်ဆင်းထားသည့် သဘာဝ တရား၏ မပျက်စီးနိုင်မှုသည် ဂျဟန္နမ် ငရဲ ၌ ထာဝရနေရခြင်း ကို လက်မခံသူများ အတွက် အ ထောက် အထား များ မှ တစ်ခု ဖြစ်ပါသည်။
ဤအုပ်စုနှင့်ဆန့်ကျင် ပြီး ရှီအဟ် အပါအဝင် အချို့ သူများ သည် ဂျဟန္နမ် ငရဲ ၌ ထာဝရနေရခြင်း လက်ခံ ကြပါသည်။ သို့သော် ၎င်းတို့ အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် နှင့် တင်းမာသောရန်သူဖြစ်ပြီး အထောက် အထား အားလုံး ပေးခြင်းကိုခံထား ကာဖေရ်များ အတွက်သာ သီးသန့်ထားသည်ဟု ယူ ဆကြပါ သည်။ ၎င်း တို့ ၏ အဆိုအရ ကျန်သော သာမန်အပြစ်သားများ နှင့် ယုံကြည်ခြင်းအားနည်းသောလူများသည် ဂျဟန္နမ် ငရဲ ၌ ထာဝရနေရမည် မဟုတ်သူများ ဖြစ်ပါသည်။ရှီအဟ် ပညာရှင်တို့ က ထာဝရပြစ်ဒဏ်ကို လုပ်ရပ်များ၏ သရုပ်သဏ္ဍာန်သီအိုရီ နှင့် တရားစီရင်ရာနေ့တွင် လုပ်ရပ်များ၏ အမှန်တရားကို ထင်ရှားစေခြင်းဖြင့် ရှင်းပြနိုင်သည်ဟု ယုံကြည်ကြပါသည်။ ထို့အပြင် ကုရ်အာန်ကျမ်းတော်မြတ်တွင် အချို့သောလူများသည် ငရဲမှ လွတ်မြောက်လိမ့်မည်မဟုတ်ဟု ဖော်ပြထားပါသည်။ ခဝါရေဂျ်များ အနေဖြင့် ကာဖေရ် ၊ နှင့် ဂိုနာဟ် ယေကဘီရဟ်များ ( ကြီးလေးသည့် အပြစ် များ ) ကျူးလွန်ထားသူများသည် သောင်ဗဟ်မပြုဘဲ သေဆုံး မည်ဆို လျင် ဂျဟန္နမ် ငရဲ ၌ ထာဝရနေရ မည် ဟု ယုံကြည်ကြပါသည်။
အရေးပါမှု
သေပြီးနောက် မနုဿ လူသား ၏ ဝိညာဉ်သည် အမြဲ ရှင်သန်နေမည်ဖြစ်ကြောင်း အစ္စလာမ် ဘာသာ နှင့် ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာ အပါအဝင် အခြားဘာသာတရားများစွာ၏ သွန်သင်ချက်၏ တစ်စိတ် တစ်ပိုင်းတစ်ခု ဖြစ်ပါသည်။ [۱] ယေဘုယျအားဖြင့် ကျမ်းတော်မြတ် ကုရ်အာန် တွင် ဂျဟန္နမ် ငရဲ ၌ ထာဝရ နေရမည် ဖြစ်ကြောင်း ကတိ ပြုထားပါသည်။ ၎င်းနေရမည့် သူများ မှာ ကာဖေရ်များ [۲] ၊ မွတ်ရှ်ရေက်များ [۳] နှင့် မိုနာဖေက်များ[۴] ဖြစ်ကြပါသည်။ ဂျဟန္နမ် ငရဲ ၌ ထာဝရနေရခြင်း နှင့် ပတ်သက် ၍ သဘောထားကွဲလွဲမှုမှာ အချို့က ၎င်းအား ဘာသာတရားနှင့် သက်ဆိုင် ပြီး လိုအပ် သည် ဟု တညီတညွတ်တည်း လက်ခံထားကြပြီး အချို့က ၎င်းအား အက်လ် (အသိ ဉာဏ် ) နှင့် ဝေးကွာသွား သည်ဟု ဆို၍ ဘာသာတရားဟု သတ်မှတ်မရနိုင် ဟုဆိုကြပါသည်။ [۵] ထာဝရ အပြစ်ဒဏ် သို့မဟုတ် ဂျဟန္နမ် (ခ)ငရဲဘုံ တွင် ထာဝရ နေရခြင်း ကို ထောက်ခံသူများသည် အထောက် အထားအဖြစ် ဘာသာရေးဆိုင်ရာ နကလီ (ကျမ်းတော်မြတ်ကုရ်အာန် ၊ ဟဒီးစ်တော်များ ) အပေါ် ကြီးမားစွာ မှီခိုအားထားကြပါသည်။ [۶] ကုရ်အာန် ကျမ်းတော်မြတ် ၏ အာယသ်တော် ပေါင်း ၈၅ အာယသ် သည် ထာဝရ အပြစ်ဒဏ် သို့မဟုတ် ဂျဟန္နမ် (ခ) ငရဲဘုံ တွင် ထာဝရ နေရခြင်း ကိစ္စ နှင့်ပတ်သက်ပြီး ၃၄ အာယသ်တော် သည် ထာဝရ ဂျဟန္နမ် ငရဲမီး နှင့် ဆက်စပ်သည်ဟု ဆိုပါသည်။ [۷]စူရဟ်နေစာ ၏ အာယသ်တော် အမှတ် ၁၆၉ ၊ စူရဟ် အဲဟ်ဇါးဗ် ၏ အာယသ် တော် ၆၅ နှင့် စူရဟ် ဂျင်းန် ၏ အာယသ်တော် အမှတ် ၂၃ တွင် ကာဖေရ်များ ၊ ဇွာလင်မ်များ (ခ) ရက်စက်သတ်ဖြတ်သူများ၊ ညှဉ်းဆဲသူများ နှင့် အလ္လာဟ် ဟို အရှင် မြတ် နှင့် အရှင်မြတ် ၏ တမန်တော်မြတ် (ဆွ) ၏ ရှေ့မှောက်တွင် နာခံမှုမရှိသူများ နှင့် ပတ်သက်ပြီး «خالدین فیها» (ဂျဟန္နမ် တွင် ထာဝရနေမည် ) နှင့် «ابداً» (ထာဝရ ၊ အမြဲ ) ဆိုသည့် စကားစု လာရှိပါသည်။ [۸] ဂျဟန္နမ် (ခ) ငရဲဘုံ တွင် ထာဝရ နေရခြင်း ကိစ္စ နှင့်ပတ်သက်ပြီး ရီဝါယသ်တော် အများအပြား လာရှိပါသည်။ ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာရီ ၏ သအ်ဘီးရ် (ခ) တစ်စုံတစ်ခုကို အနက်ပြန်ဆိုခြင်း သို့မဟုတ် ရှင်းပြခြင်းအရ ဂျဟန္နမ် (ခ) ငရဲဘုံ တွင် ထာဝရ နေရခြင်း ကိစ္စ နှင့်ပတ်သက် သည့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ထံ မှ ဆင့်ပြန် လာရှိသည့် ဟဒီးစ်တော်များသည် မွတ်စ်သဖီးဇ် အဆင့် အထိ သာ ရောက်သည်ဟု ဆို ထားပါသည်။ [۹] အချို့ ရီဝါယသ်တော် များ တွင် ဂျဟန္နမ် (ခ) ငရဲဘုံ ၏ မီး နှင့် ပြစ်ဒဏ် တွင် ထာဝရ ခံရမည့်သူ များမှာ သီးသန့် ကာဖေရ်များ ၊ငြင်းပယ်ဆန့်ကျင် သူများ နှင့် မွတ်ရှ်ရေက်များ ဖြစ်ကြောင်း လာရှိ ပါသည်။ [۱۰]
ထာဝရ အပြစ်ဒဏ် ဆိုင်ရာ သီအိုရီသုံးခု
ထာဝရ အပြစ်ဒဏ် သည် ကာဖေရ်များ နှင့် ဂိုနာဟ် ယေ ကဘီရဟ် ကျူးလွန်သူများ အတွက် ဖြစ်
မွတ်စလင်မ် များ ၏ မဇ်ဟဗ် အသီးသီးမှ မိုသကလင်မ် အများစု ဂျဟန္နမ် (ခ)ငရဲ ဘုံ ၌ ကာဖေရ်များ (ခ) မယုံကြည်သူများ ထာဝရနေ ထိုင်ရမည် ကို ယုံကြည်ကြပါသည်။ [۱۱] သို့သော် ဖါစစ်က် တစ်ဦးနှင့် တစ်နည်းအားဖြင့် ဂိုနာဟ် ယေ ကဘီရဟ် (ခ) ကြီးလေးသောအပြစ် ကို ကျူးလွန်ပြီး သောင်ဗဟ် မပြုဘဲ သေဆုံးသွားသည့် မိုအ်မင် (ခ) အီမာန် သက်ဝင် ယုံကြည်သူနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု အကြီးအကျယ် လာရှိပါ သည်။[۱۲] ခဝါရေဂျ်များ အနေဖြင့် ဂိုနာဟ် ယေ ကဘီရဟ် (ခ) ကြီးလေးသောအပြစ် ကို ကျူးလွန် သူသည် ကာဖေရ် ဖြစ်သွား ကြောင်း ထိုသူသည် ငရဲမီးတွင် ထာဝရ နေထိုင်ရမည် ဖြစ်သည် ဟု ယုံကြည်ကြပါသည်။ [۱۳] ၎င်းတို့ နှင်ဆန့်ကျင် ၍ မိုအ်သဇေလဟ် အနေဖြင့် ဖါစစ်သည် ကာဖေရ် မဟုတ်ကြောင်း နောက် မိုအ်မင် လည်း မဟုတ်ကြောင်း ၎င်းတို့မှာ منزلةٌ بینَ الْمنزلتَین ခေါ် အဆင့် နှစ်ခု ကြားရှိသူ ဖြစ်ကြောင်း ယုံကြည်ထား ကြပါ သည်။ သို့သော် လည်း မိုအ်သဇေလဟ် အများစု သည် ခဝါရေဂျ်များ ပမာ ဤကဲ့သို့သော် ပုဂ္ဂိုလ် သည် ဂျဟန္နမ် ငရဲမီး တွင် ထာဝရ နေထိုင်ရလိမ့် မည် ဟု ယုံကြည်ကြပါသည်။ [۱۴]