တမန်တော်မုဟမ္မဒ်(ဆွ)၏ သား အဗ္ဗ်ဒုလ္လာဟ်

wikishia မှ

        အဗ္ဗ်ဒုလ္လာဟ် သည် တမန်တော်မုဟမ္မဒ်(ဆွ) နှင့် ခတီဂျဟ် သခင်မတို့၏ သားဖြစ်ပြီး ကလေးဘဝ၌ပင် ဆုံးပါးသွားခဲ့သည်။ သမိုင်းကျမ်းကိုးများ၏ ဖော်ပြချက်အရ၊ ၎င်းဆုံးပါးသွားပြီးနောက် အာဆ်ွ ဗင်န် ဝါအီလ် သည် တမန်တော်မုဟမ္မဒ်(ဆွ)ကို အညွှန့်တုံးသွားသည့်သူ (အဗ်သဲရ်) ဟုခေါ်ဆိုကာ ယင်းအား တုံ့ပြန်သော အနေဖြင့် စူရဟ်ကောင်ဝ်စဲရ် ကျရောက်ခဲ့သည်။

        များစွာသော သမိုင်းကျမ်းကိုးများသည် အဗ္ဗ်ဒုလ္လာဟ်အား ဗေအ်စသ် ပြီးနောက် မွေးဖွားခဲ့သည် ဟုလက်ခံထားကြသည်။ (1) သို့သော် ဗေအ်သသ် မတိုင်ခင် မွေးဖွားခဲ့သည် ဟူသော အဆိုလည်း ရှိပေသည်။ (2) ၎င်းအား သွိုင်(ယ်)ယိဗ် နှင့် သွာဟီရ် ဟူ၍ ခေါ်ဆိုကြသည်။ (3) အဘယ်ကြောင့်ဆိုသော်၊ ဝဟီ ဗျာဒိတ်တော် ကျပြီးနောက် နှင့် အစ္စလာမ်သာသနာ ထွန်းကားသည့်အချိန်၌ မွေးဖွားခဲ့သောကြောင့် ဖြစ်သည်။ (4)

        အဗ္ဗ်ဒုလ္လာဟ် သည် ကလေးဘဝ၌ပင် မက္ကာမြို့၌ ဆုံးပါးသွားခဲ့သည်။ (5) အဟ်မဒ် ဗင်န် ယဟ်ယာ ဘေလာဇဲရီ သည် အင်န်စာဘုလ်အရှ်ရာဖ် စာအုပ်၌ ၊ အဗ္ဗ်ဒုလ္လာဟ် ကွယ်လွန်သွားပြီးနောက်၊ တမန်တော်မုဟမ္မဒ် ဆွ ၌ အသက်ရှင် ကျန်ရစ်မည့် သားမရှိ တော့သည့်အတွက် အာဆ်ွ ဗင်န် ဝါအီလ်သည် ၎င်းအား အဗ်သဲရ် (အညွှန့်တုံးသွားသည့်သူ ၊ သားယောကျာ်းလေးမရှိသူ)) ဟုခေါ်ဆိုခဲ့သည်။ ထို့ကြောင့် စူရဟ်ကောင်ဝ်စဲရ် إِنَّ شانِئَکَ هُوَ الْأَبْتَر ဧကန်မလွဲ၊ (အသင့်ကိုနှောက်ယှက်စော်ကားနေသော) အသင်၏ရန်သူသည်သာလျှင် (အလျှံပယ် ပေးအပ်တော်မူခြင်းမှ) အညွန့်တုံးသွားမည့်သူ ဖြစ်၏။ ဟူသော အာယသ် ကျရောက်ခဲ့သည်။ (6) ယင်းမှာ ထိုသူ၏ စကားများကို တုံ့ပြန်ခြင်းအားဖြင့် ကျရောက်ခဲ့သည်။ (7)

        အလ်ကာဖီတွင် ကိုလိုင်နီ ဖော်ပြထားသော ရေဝါယသ်အရ အဗ္ဗ်ဒုလ္လာဟ် သေဆုံးပြီးနောက် ခတီဂျဟ် သခင်မသည် ငိုကြွေးခဲ့ပြီး တမန်တော်မြတ်(ဆွ)သညါ သူမအား မိန့်ကြားခဲ့သည်မှာ : (အဗ္ဗ်ဒုလ္လာဟ်) သည် ပရဒိသုဘုံတံခါးဝ၌ ရပ်နေသည်ကို တွေ့ရသောအခါ၌ သင်သည် သင်၏လက်ကိုဆွဲ၍ ပရဒိသုဘုံ၏ အကောင်းဆုံးနေရာသို့ ဝင်ရောက်မည်ကို နှစ်သက်သည် မဟုတ်သလော။ အရှင်မြတ်သည် မိမျကျေးကျွန်၏ အသည်းကညှာကို ၎င်းထံမှ နုတ်ယူပြီး ၎င်းသည် အရှင်မြတ်အတွက် သည်းခံကာ ၎င်းအား ကျေးဇူးထောပနာပြုသော်လည်း ၎င်းအား အပြစ်ပေးခြင်းထက် ပိုမိုသာလွန် ကောင်းမွန်မြင့်မြတ်ပေသည်။ (8) ]