ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ်

wikishia မှ
ဖိုင်:سید محمدعلی آل‌هاشم.jpg
အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ်

ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် (အရဘီ : السيد محمد علي آل هاشم ) ဆိုသည်မှာ (အီရန်သက္ကရာဇ် ၁၃၄၁ မွေး - ၁၄၀၃ခုနှစ် ကွယ်လွန် ) သဗ်ရေဇ်မြို့၏ သောကြာနမာဇ်ရှေ့ဆောင်ဆရာ နှင့် အရှေ့ အဇာဘိုင်ဂျန် ၏ ဝလီယေဖကီးဟ် ကိုယ်စားလှယ်တော် ဖြစ်ပါတယ်။ ဆယက်ဒ် သည် ဆဋ္ဌမအကြိမ်မြောက် မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ ၏ အရှေ့အာဇာဘိုင်ဂျန် ပြည်သူများ ကိုယ်စားလှယ်တော် အဖြစ် လည်းကောင်း ၊ အဲဒီမတိုင်ခင်က သူဟာ အီရန်အစ္စလာမ်မစ် ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်၏ နိုင်ငံရေး အယူဝါဒဆိုင်ရာ အဖွဲ့အစည်း တွင်လည်း တာဝန်ရှိသူအဖြစ် တာဝန်များ ကိုထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ အီရန်သက္ကရာဇ် ၁၄၀၃ ခုနှစ် အိုရ်ဒီဗေဟစ်ရှ်လ ၃၀ ရက်နေ့တွင် အီရန်သမ္မတ ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အတူ လေယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့ပါသည်။

ဘဝ

ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် သည် သဗ်ရေဇ် ၏ သာသနာ့ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် ဆယက်ဒ် မိုဟမ္မဒ် သကီ အာလေ့ ဟာရှင်မ် ၏သား ဖြစ်ပါသည်။ဆယက်ဒ် သည် သဗ်ရေဇ် တွင် မူလတန်း မှ အထက် တန်း အထိ ပညာရေးကို ပြီးမြောက်ခဲ့ပါသည်။ အာလေ့ ဟာရှင်မ် သည် သာသနာ့ပညာရပ်များ ကို ဟောင်ဇေအေလ်မီယေ သဗ်ရေဇ် မှ စတင်ခဲ့ပါသည်။ ထိုနောက်ဆယက်ဒ် သသည် ဆက်လက်ပြီး သာသနာ့ ပညာရပ်များ ကို ဆည်းပူးရန် ဟောင်ဇေအေလ်မီယေ ကွမ်း သို့ ထွက်ခွာခဲ့ပါသည်။ဆယက်ဒ် သည် ဆယက်အလီ ခါမေနာအီ ၏ ဒရ်စေ ခါရေဂျ် တွင် ၁၄ နှစ်တိုင် တက်ရောက်ခဲ့ပါ သည်။[၁] ထိုနည်းတူစွာ သဗ်ရေဇ် တွင် လည်း ဒရ်စေ ခါရေဂျ် ကို ပို့ချခဲ့သူ ဖြစ်ပါသည်။[၂]

တရားဝင်နိုင်ငံရေးရာထူးများ

အာယာသွလ္လာဟ် ခါမေနာအီ သည် အီရန် သက္ကရာဇ် ၁၃၉၆ခုနှစ် ခိုရ်ဒါဒ်လ ၁၀ ရက်နေ့ တွင် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် အား အရှေ့ အဇာဘိုင်ဂျန် ၏ ဝလီယေဖကီးဟ် ကိုယ်စားလှယ်တော် နှင့် သဗ်ရေဇ် သောကြာနမာဇ် ရှေ့ဆောင် ဆရာ တာဝန်ကို ပေးအပ်ခဲ့ပါသည်။[၃] ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ တောင်းဆိုချက် အရ သဗ်ရေဇ် သောကြာနမာဇ် ရှေ့ဆောင်ဆရာ တာဝန် ကို ထမ်းဆောင် နေစဥ် ကာလ အတွင်း အစိုးရအရာရှိများ နှင့် ပြည်သူကြား ကွာဟချက် များကို ပိတ်ပစ် နိုင်ခဲ့သူ ဖြစ်ပါ သည်။[၄] အာလေ့ ဟာရှင်မ် သည် အီရန်သက္ကရာဇ် ၁၃၈၈ ခုနှစ် သီးရ်လ ၂၈ ရက်နေ့[၅] မှ အီရန်သက္ကရာဇ် ၁၃၉၆ ခုနှစ် သီးရ်လ ၁၁ ရက်နေ့ အထိ[၆] ဝလီယေဖကီးဟ် ကိုယ်စားလှယ်တော် နှင့် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံတပ်မတော်၏ နိုင်ငံရေးအယူဝါဒဆိုင်ရာအဖွဲ့အစည်း၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပါ သည်။[၇] ဤကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ၏ဘာသာရေး အယူဝါဒဆိုင်ရာ ဌာန များတွင် တာဝန် ထမ်းဆောင် မှု တွင် ပထမနေရာကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့သူဖြစ်ပါသည်။ [၈]

ဆဋ္ဌမအကြိမ်မြောက် မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ ညီလာခံဖွင့်ပွဲတွင် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ၏ခုံ အလွတ်[၉]

အာလေ့ ဟာရှင်မ် သည် ဆဋ္ဌမအကြိမ်မြောက် မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ ၏ အရှေ့အာဇာဘိုင်ဂျန် ပြည်သူများ ကိုယ်စားလှယ်တော် အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ ၈၃၄၁၀၈ မဲဖြင့် အရှေ့ အာဇာဘိုင် ဂျန်ပြည်နယ် ဆိုင်ရာ မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ အချိန်ကာလ အမျိုးမျိုးတွင် မဲအများ ဆုံး ရရှိခဲ့ သူဖြစ်ပါ သည်။[၁၀] သို့သော် ဆဋ္ဌမအကြိမ်မြောက် မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ ၏ ပထမဆုံးညီလာခံ မစမည် ကွယ်လွန်သွားခဲ့ပါသည်။[၁၁] ဆယက်ဒ် အာလေ့ ဟာရှင်မ် ၏အခြားတရားဝင်ရာထူးများ မှ အချို့ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။[၁၂]

  • သဗ်ရေဇ်သောကြာနမာဇ် ဌာနချုပ်၏ အကြီးအကဲ
  • ကြည်းတပ်(ခ) မြေပြင်တပ်ဖွဲ့များ ပံ့ပိုးရေးသင်တန်းကျောင်း၏ အကီဒဟ် ဗျူဟာ ရေးရာအရာရှိ
  • အဇာဘိုင်ဂျန်၏ တပ်မ ၂၁ ဟမ်ဇဟ် ၏ အကီဒဟ် ဗျူဟာ ရေးရာ ဥက္ကဋ္ဌ
  • အဇာဘိုင်ဂျန် ဒေသဆိုင်ရာ အကီဒဟ် ဗျူဟာ ရေးရာ ဥက္ကဋ္ဌ
  • အဇာဘိုင်ဂျန်၏ ဒေသဆိုင်ရာ အကီဒဟ် ဗျူဟာ ရေးရာ အဖွဲ့အစည်း၏ ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံ ရေး ဒုတိယဥက္ကဋ္ဌ
  • တပ်မတော်ရေတပ်၏ အကီဒဟ် ဗျူဟာ ရေးရာဌာန ဒုတိယ ဥက္ကဋ္ဌ
  • တပ်မတော်မြေပြင်တပ်ဖွဲ့၏ အကီဒဟ် ဗျူဟာ ရေးရာဌာန ၏ ဒုတိယ ဥက္ကဋ္ဌ
  • တပ်မတော်၏ အကီဒဟ် ဗျူဟာ ရေးရာ အဖွဲ့အစည်း၏ လက်ထောက်ညှိနှိုင်းရေးမှူး
  • စစ်ဦးစီးချုပ်၏ သဘောတူညီချက်ဖြင့် တပ်မတော်၏ အကီဒဟ် ဗျူဟာ ရေးရာ အဖွဲ့အစည်းကို ဆက်ခံသူ
  • အဇာဘိုင်ဂျန်၏ သရှ်ခီးဆ် ဆေ မဆ်လဟသ် နေ နေဇာန်မ် ၏ အဖွဲ့ဝင်
  • တပ်မတော် ကြည်းတပ် ၏ အကီဒဟ် ဗျူဟာ ရေးရာ ဌာနမှူး

လက်ရာများ

ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် သည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဘာသာရေးဆရာများအတွက် အထူး စာအုပ်များ ရေးသားသီးကုံးခဲ့ပြီး အများသုံး အတွက်လည်း ရေးသားသီးကုံးခဲ့ပါသည်။[၁၃] ၎င်းရေးသားသီးကုံးခဲ့သည့် လက်ရာများမှ အချို့ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။စာအုပ်အမည်များမှာ ပါရှန်းဘာသာဖြစ်ရေးသားထား၍ အသံထွက်များကိုရေးသားလိုက်ပါသည်။

  • ရှမီးမ်မေအက်ခ်လာက်ဝသရ်ဘီယသ်သေအစ္စလာမ်မီ[၁၄]
  • စီရေဟေအက်ခ်လာက်ကီ ဝ သရ်ဘီယသ်သီ[၁၅]
  • ဘရ်ရစီယေ ဖေက်အီယေ ဂျန်က်ကေ ရဝါနီ[၁၆]
  • ဗရာမ်းမေဂျူအ်အဟ် ဒဲရ် ရှစ်ရှ်ဂျေလ်ဒ် ( ခွသ်ဗဟ်ဟာယေ အီရာဒ် ရှိုဒေဟ် ဒဲရ် နမာဇ် ဇေ ဂျူမ်အဟ် သဗ်ရေဇ် )[၁၇]

ကွယ်လွန်ခြင်း

အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ၏ စျာပန အခမ်းအနား[၁၈]

ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် မေလ ၁၉ ရက် နေ့တွင် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ (သမ္မတ) နှင့် အရှေ့ အဇာဘိုင်ဂျန် ခရီးစဉ်အတွင်း အီရန် နှင့် အဇာဘိုင်ဂျန် နယ်စပ်ရှိ ရေကာတာဖွင့်လှစ် ပြီး မှ ပြန်လည်ထွက်ခွာလာစဉ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် သည် ၎င်းနှင့်အတူ လိုက်ပါသွားခဲ့သည့် ရဟတ်ယာဉ် သည် ဝရ်ဇကာန် နှင့် ဂျိုလ်ဖာ အကြားရှိ သဗ်‌ရေဇ် မြို့ခရိုင်တွင် မတော်တဆ ပျက် ကျမှု ဖြစ်ပွားခဲ့ပြီး[၁၉] ကွယ်လွန်ခဲ့ပါသည် ။[၂၀]ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် ၎င်း၏ ကွယ်လွန်အဖော်များ ၏ ဈာပန အခမ်းအနားကို ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် မေလ ၂၁ရက် နေ့ တွင် သဗ်ရေဇ်[၂၁] နှင့် ကွမ်း တွင် ကျင်းပခဲ့ပါသည်။ ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် မေလ ၂၁ရက် နေ့ တွင် အာယာသွလ္လာဟ် ဆယက်ဒ် အလီ ခါမေနာအီ မှ တီဟီရန် တက္ကသိုလ်တွင် ၎င်းတို့၏ အလောင်းများအား ဂျနာဇဟ် နမာဇ် ဝတ်ပြုပေးခဲ့ပါသည်။[၂၂]ဂျနာဇဟ် နမာဇ် အခမ်းအနားကို တီဟီရန် တွင် လူအများအပြား တက်ရောက်ခဲ့ကြပါသည်။[၂၃]ထို့နောက် ဆယက်ဒ် အာလေ့ ဟာရှင်မ် ၏ ရုပ်အလောင်းအား သဗ်‌ရေဇ် သို့ ရွှေ့ပြောင်းခဲ့ပြီး Khordad 3 ရှိ ဝါဒီယို ရဲဟ်မသ် သုသာန်တွင် ဒဖ်နာ (သင်္ဂြိုဟ်) ခဲ့ပါသည်။[၂၄]

အောက်ခြေ မှတ်စုများ

  1. « ဇင်ဒကီနာမေ  » အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ၏ ဝဘ်ဆိုဒ်။
  2. «جلسه درس خارج امر به معروف و نهی از منکر نماینده ولی فقیه در آذربایجان شرقی در مسجد جامع تبریز»ဟောင်ဇဟ် သတင်းဌာန ။
  3. «  သဗ်ရေဇ်မြို့၏ သောကြာနမာဇ်ရှေ့ဆောင်ဆရာ နှင့် အရှေ့ အဇာဘိုင်ဂျန် ၏ ဝလီယေဖကီးဟ် ကိုယ်စားလှယ်တော် အဖြစ် ခန့်အပ်ခြင်း » ၊ ခါမေနာအီ ဝဘ်ဆိုဒ်။
  4. «امام جمعه تبریز همچنان آذربایجانی‌ها را غافلگیر می‌کند»، မရှ်ရေက်သတင်းဌာန။
  5. «ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် အား အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံတပ်မတော်၏ နိုင်ငံရေးအယူဝါဒဆိုင်ရာအဖွဲ့အစည်း၏ အကြီး အကဲ အဖြစ် တာဝန်ပေးအပ် » ခါမေနာအီ ဝဘ်ဆိုဒ်။
  6. «ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုဟမ္မဒ်ဟစန်နီ အား အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံတပ်မတော်၏ နိုင်ငံရေးအယူဝါဒဆိုင်ရာအဖွဲ့အစည်း၏ အကြီး အကဲ အဖြစ် တာဝန် ပေးအပ် » ခါမေနာအီ ဝဘ်ဆိုဒ်။
  7. «ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် အား အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံတပ်မတော်၏ နိုင်ငံရေးအယူဝါဒဆိုင်ရာအဖွဲ့အစည်း၏ အကြီး အကဲ အဖြစ် တာဝန်ပေးအပ် » ခါမေနာအီ ဝဘ်ဆိုဒ်။
  8. « ဇင်ဒကီနာမေ  » အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ၏ ဝဘ်ဆိုဒ်။
  9. «صندلی خالی شهیدان رئیسی و آل هاشم در مراسم امروز مجلس خبرگان+ عکس» ဟောင်ဇဟ် သတင်းဌာန ။
  10. « အာလေ့ ဟာရှင်မ် ၊ ခိုဘ်ရ်ဂန် စံချိန်ကို ချိုးဖျက်ခဲ့ကြောင်း » အွန်းလိုင်းသတင်း။
  11. ကြည့်ရန် «صندلی خالی شهیدان رئیسی و آل هاشم در مراسم امروز مجلس خبرگان+ عکس» ဟောင်ဇဟ် သတင်းဌာန ။
  12. « ဇင်ဒကီနာမေ  » အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ၏ ဝဘ်ဆိုဒ်။
  13. « ဇင်ဒကီနာမေ  » အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ၏ ဝဘ်ဆိုဒ်။
  14. « ဇင်ဒကီနာမေ  » အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ၏ ဝဘ်ဆိုဒ်။
  15. « ဇင်ဒကီနာမေ  » အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ၏ ဝဘ်ဆိုဒ်။
  16. « ဇင်ဒကီနာမေ  » အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ၏ ဝဘ်ဆိုဒ်။
  17. «  အရှေ့အာဇာဘိုင်ဂျန်ရှိ မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ ကိုယ်စားလှယ်လောင်းများ အဖြစ် အ‌ရွေးခံ သူများ ၏ ဘဝ နှင့် လှုပ်ရှားမှုများ ကြောင်းများကို ကြည့်ပါ» IRNA ဝဘ်ဆိုဒ်။
  18. «تشییع پیکر مطهر شهید آیت‌الله آل هاشم در تبریز» ဘရ်နာသတင်းဌာန ။
  19. «بالگرد حامل رئیس جمهور دچار سانحه شد/با ۲ نفر از سرنشینان بالگرد رئیس‌جمهور ارتباط برقرار شد»ISNA သတင်းဌာန။
  20. «ရှဟာဒသ် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အာလေ့ ဟာရှင်မ် အား အတည်ပြု »အီးလ်နာ သတင်းဌာန ။
  21. «تشییع باشکوه شهدا‌‌ در تبریز/ مردم "سید" را در آغوش گرفتند»သက်စ်နီးမ် သတင်းဌာန။
  22. «اقامه نماز رهبر انقلاب بر پیکر شهید رئیسی و شهدای خدمت» သက်စ်နီးမ် သတင်းဌာန။
  23. «بازتاب گسترده مراسم تشییع شهدای خدمت در رسانه‌های بین‌المللی» အီးစ်နာသတင်းဌာန။
  24. «آیت‌الله آل هاشم به خاک سپرده شد»အွန်းလိုင်းသတင်း။


ကျမ်းကိုးများ