ဆယက်ဒ်ဒသိုနေစာအေလ်အာလမီးန်

wikishia မှ
ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ မွေးနေ့ တွင် အေမာမ်အလီ (အ.စ) ရောင်ဇာတော် တွင် ဆယက်ဒ်ဒသို နေစာအေလ်အာလမီးန် စကားစု ပါသည့် အလံ တပ်ဆင်ထားပါသည်။ (အီရန်သက္ကရာဇ် ၁၄၀၀ခုနှစ် ဘဲဟ်မန်လ ) [1]

ဆယက်ဒ်ဒသိုနေစာအေလ်အာလမီးန် (အရဘီ : سيدة نساء العالمين ) ဆိုသည်မှာ စကြဝဠာအပေါင်းရှိ အမျိုးသမီးများ ၏ခေါင်းဆောင် ဖြစ်ပြီး ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ဘွဲ့တော်များ မှ ဘွဲ့တော် တစ်ခု နှင့် ကြီးကျယ်မြင့်မြတ်မှုများ မှ ကြီးကျယ် မြင့်မြတ် မှု တစ်ခု ဖြစ်ပါသည်။

ရှီအဟ် [2] နှင့် အဲဟ်လေ့ စွန္နသ် [3] တို့၏ ဟဒီးစ် တော် ရင်းမြစ်များအရ ဤအမည်ကို ဟဇရသ် ဖွာတွေမဟ် (စ.အ) သခင်မအား တမန်တော်မြတ် ကြီး (ဆွ) မှ ပေးတော်မူ ခဲ့ပါသည်။ အစ်ဗ်နေ အဘီ အလ်ဟဒီးဒ် ၏ အဆိုအရ ဤ စကားစု သည် တမန်တော်မြတ် (ဆွ) ထံတော် မှ သဝါသိုရ် လဖ်ဇီ သို့မဟုတ် မအ်နဝီ ဖြင့် ဆင့်ပြန်လာ သည် ဟု ဖြစ်ပါသည်။ [4]

အလ်ကာဖီ ကျမ်း၏ ဆင့်ပြန် ချက် အရ ဟဇရသ်ဖွာတွေမဟ် (စ.အ) ၏ စျာပန အတွင်း အေမာမ် အလီ (အ.စ) ၏ ခွသ်ဗဟ် ပေးချိန်တွင်လည်း သခင်မကြီး အတွက် ဤ အသုံး အနှုန်း ကို အသုံးပြုထားပါသည်။ [5] ထို့အပြင် ဤဘွဲ့တော် ဆယက်ဒ်ဒသိုနေစာအေလ်အာလမီးန် အား အချို့ ဇေယာရသ် များတွင် ပမာအား ဖြင့် အေမာမ် အလီ (အ.စ) ၏ ဇေယာရသ် [6] ဟဇရသ် ဇဲဟ်ရာ (စ.အ) ၏ ဇေယာရသ် [7] ဇေယာရသ် သေ ဝါရေစ် [8] ဇေယာရသ် သေ အာရှုရာ [9] နှင့် အေမာမ် ရေဇာ (အ.စ) ၏ ဇေယာရသ် [10] တို့တွင် ဟဇရသ် ဇဲဟ်ရာ (စ.အ) ၏ ဘွဲ့တော် အဖြစ် ဖော်ပြထားပါသည်။

စွန်နီရင်းမြစ်များတွင် ဖော်ပြထားသော အခြား ရီဝါယသ်တော်များ ၏ ဆင့်ပြန်ချက်အရ တမန်တော်မြတ် (ဆွ) သည် ဖွာတွေမဟ် (စ.အ) သခင်မအား ယုံကြည်သက်ဝင်သူ အမျိုးသမီးများ ၏ ဦးသျှောင် ဦးဆောင် ၊ အစ္စလာမ့် အမျိုးသမီးများ ၏ ခေါင်းဆောင် ၊ရှေ့ဆောင် နှင့် ဂျန္နသ် သုခဘုံ ရှိ အမျိုးသမီးများ ၏ ခေါင်းဆောင် ဟူ ၍လည်း ခေါ်ဆိုထားပါသည်။ [11]

အချို့ရီဝါယသ် တော်များတွင် ဟဇရသ် ဖွာတွေမဟ် (စ.အ) နှင့်အတူ အင်န်မရာန် ၏ သမီးတော် ဟဇရသ်အီစာ (ယေရူ ) ၏ မယ်တော် ဟဇရသ် မရ်ယန်းမ်သခင်မ နှင့် ဖေရ်အောင် ၏ ဇနီး သည် ဟဇရသ် အာစီယဟ် သခင်မ နှင့် ဟဇရသ် ခဒီဂျဟ် ဘင်န်သေ ခိုဝိုင်းလစ်ဒ် သခင်မ (တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော် သခင်မကြီး ဖွာတွေမဟ်(စ.အ) ၏မယ်တော် ) တို့ အားလည်း ဘဲ ဆယက်ဒ်ဒသိုနေစာ အေလ်အာလမီးန် ဟု ခေါ် ဆိုထားပါသည်။ [12] သို့သော် ရီဝါယသ်တော် တစ်ခု အရ ဟဇရသ် မရ်ယန်းမ် သခင်မ သည် မိမိခေတ် ကာလ အမျိုးသမီးများ ၏ ခေါင်းဆောင် ဖြစ်ပြီး သခင်မကြီး ဖွာတွေမဟ် (စ.အ) စကြဝဠာအပေါင်းရှိ အမျိုးသမီးများ ပထမ နှင့် နောက်ဆုံး အမျိုးသမီးများ ၏ ခေါင်းဆောင် အဖြစ် ရွေးချယ်သတ်မှတ်ခြင်း ခံခဲ့ရသူ ဖြစ်ပါသည်။ [13] ထိုနည်းတူစွာ အခြားအမျိုးသမီးများထက် ဖွာတွေမဟ် (စ.အ) သခင်မကြီး ၏ သာလွန်ကောင်းမွန်မှု အတွက် တမန်တော်မြတ်(ဆွ)သည် မိမိ ကိုယ်ခန္ဓာ ၏ အစိတ်အပိုင်း ဖြစ်ကြောင်း မိန့်ကြားထားသည့် ဟဒီးစ်တော် အကိုးအကားများ လာရှိပါသည်။ [14]

ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ မွေးနေ့နှင့် ရှဟာဒသ်နေ့ နှစ်ပတ်လည်နေ့ တွင် ရှီအဟ်များ အနေဖြင့် စုဝေးပွဲများကို အလှဆင် ရန် ပြင်ဆင်ရန် ဤစာစုများပါရှိ သော အလံများ သို့မဟုတ် နဖူးစည်းများကို အသုံးပြုကြ ပါသည်။ [15]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ