ဆစ်ဒီကဟ် ရှဟီးဒဟ် (ဘွဲ့တော်)
![](http://commons.wikishia.net/w/images/thumb/7/77/%D8%A7%D9%84%D8%B3%D9%84%D8%A7%D9%85_%D8%B9%D9%84%DB%8C%DA%A9_%D8%A7%DB%8C%D8%AA%D9%87%D8%A7_%D8%A7%D9%84%D8%B5%D8%AF%DB%8C%D9%82%D8%A9_%D8%A7%D9%84%D8%B4%D9%87%DB%8C%D8%AF%D8%A9.jpg/300px-%D8%A7%D9%84%D8%B3%D9%84%D8%A7%D9%85_%D8%B9%D9%84%DB%8C%DA%A9_%D8%A7%DB%8C%D8%AA%D9%87%D8%A7_%D8%A7%D9%84%D8%B5%D8%AF%DB%8C%D9%82%D8%A9_%D8%A7%D9%84%D8%B4%D9%87%DB%8C%D8%AF%D8%A9.jpg)
ဆစ်ဒီကဟ် ရှဟီးဒဟ် (အရဘီ : الصديقة الشهيدة) ဆိုသည်မှာ သခင်မကြီး ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ဘွဲ့ တော် နှစ်ခု ဖြစ်ပါသည်။ ဆစ်ဒီကဟ် ဆိုသည့် အဓိပ္ပာယ် မှာ အလွန်အမှန်ပြောကြားသူ အမျိုးသမီး[၁] ဖြစ်ပြီး ရှဟီးဒဟ် ဆိုသည့် အဓိပ္ပာယ် မှာ အလ္လာဟ် ဟို အရှင်မြတ် ၏လမ်းတော်၌ သတ်ဖြတ်ခံခဲ့ရသော အမျိုး သမီးဖြစ်ပါသည် ။[၂]ဆွဟီးဟ် ဟဒီးစ်တော်[၃]တစ်ခု အဖြစ် သတ်မှတ်ခြင်း ခံရသည့် အေမာမ် ကာဇင်းမ် (အ.စ) မိန့်ကြားတော် မူထားသည့် ဟဒီးစ်တော် တစ်ပါး တွင် « ဆစ်ဒီကဟ် » နှင့် « ရှဟီးဒဟ် » ဘွဲ့တော် နှစ်ခု အား တွဲသုံးထားပါသည်။ မိန့်တော်မူထားသည်မှာ «إنَّ فاطِمَةَ(ع) صِدّیقَةٌ شَهیدَةٌ» ၊ အဓိပ္ပာယ် မှာ ဧကန် မုချ ဖွာတွေမဟ် (စ.အ) သခင်မသည် ဆစ်ဒီကဟ် ရှဟီးဒဟ် ဖြစ်ပါသည်။[၄]
ဟဒီးစ် အရင်းအမြစ်များ တွင် ဟဇရသ် ဖွာတွေမဟ် (စ.အ) အတွက် ဤကဲ့သို့ စလာမ် ဆက်သာထားပါသည်။ السَّلامُ عَلَیکِ أَیتُهَا الصِّدِّیقَةُ الشَّهِیدَةُ » » အဓိပ္ပာယ် - အိုသခင်မကြီး ဆစ်ဒီကဟ် ရှဟီးဒဟ် ၊ သခင်မကြီးပေါ်သို့ ငြိမ်းချမ်းခြင်း မင်္ဂလာ အဖြာဖြာကျရောက်ပါစေ။[၅]သို့သော် မိုဟမ္မဒ် ဟာဒီ မာဇင်ဒရာနီ ၏အဆိုအရ ဖွာတွေမဟ် (စ.အ) သခင်မကြီး ၏ ဇေယာရသ်တော် များ အားလုံး တွင် စာရေးသူများ ကိုယ်တိုင[၆] [۶] မှဖြစ် ကြောင်း ထင်ရှားပြီး « အဆ်ဆစ်ဒီကဟ်သိုရှ် ရှဟီးဒဟ် » ပါ၀င်သည့် စလာမ် မျိုး ဟဒီးစ်မူလတွင် မရှိ ကြောင်း ဖြစ်ပါသည်။ သို့ဖြစ် ပါ၍ ရှိက်ခ် ဆူဒူက် အနေဖြင့် တမန်တော်မြတ် (ဆွ) မတ်စ်ဂျစ်ဒ် တွင် ဤကဲ့သို့ စလာမ် အား မအ်စူမ် (အ.စ) ထံ မှ ဆင့်ပြန် ခြင်း မပါဘဲ မိမိကိုယ်တိုင် စလာမ်ဆိုခဲ့ကြောင်း ဆိုထား ပါသည်။[၇]
ဟဒီးစ် တော် များ တွင် « ဆစ်ဒီကဟ် » စကားလုံး အား သခင်မကြီး ဖွတွေမဟ် (စ.အ) ၏ဘွဲ့တော် အဖြစ် သာ တင်ပြ လာရှိပါသည်။ ပမာ အားဖြင့် အေမာမ် အလီ (အ.စ) သခင်မကြီး အား ဤ အသုံး အနှုန်း နှင့် တင်ပြ ထားပါသည်။[၈] ထိုနည်း တူစွာ အေမာမ် ဆွာဒစ်က် (အ.စ) သည် အလ္လာဟ် ဟို အရှင်မြတ် အမြင် တွင် သခင်မကြီး ၏ အမည် မှ ကိုးခု ဖြစ်တော် မူကြောင်း ဆစ်ဒီကဟ် မှ ၎င်း အမည် ကိုးခု အနက် မှ တစ် ခု ဖြစ်ကြောင်း မိန့်ထားပါသည်။[၉] အေမာမ် ဟစန် အက္စ်ကရီ (အ.စ) အနေဖြင့်လည်း ဟဒီးစ်တော် တစ်ပါး တွင် ကိုယ်တော်မြတ် (ဆွ) နှင့် ကိုယ်တော်မြတ် (ဆွ) ၏ အောင်ဆီယာ များ အပေါ် သို့ မည်သို့ မည် ပုံ ဆလ်ဝသ် ပို့သရမည် ကို သင်ကြား မိန့်တော် ခဲ့ပါသည်။ သခင်မကြီး ဟဇရသ် ဖွာတွေမဟ် (စ.အ) နှင့် ပတ်သက် ၍ ဤကဲ့သို့ မိန့်ကြားတော် မူခဲ့ပါသည်။ « ... اللّٰهُمَّ صَلِّ عَلَی الصِّدّیقَةِ فاطِمَةَ الزَّکِیة » ၊ အဓိပ္ပာယ် - အို အလ္လာဟ် ဟို အရှင်မြတ် သခင် အလွန်မှန်ကန်စွာပြောဆိုသူ အမျိုးသမီး ၊ သန့်ရှင်းစင်ကြယ်သူ ဖွာတွေမဟ် (စ.အ) သခင်မကြီး ပေါ်သို့ ငြိမ်းချမ်းခြင်း မင်္ဂလာ အဖြာဖြာ ၊ ကောင်းချိးမင်္ဂလာ အဖြာဖြာ ချီးမြှင့်တော် မူပါ။[၁၀]
ရှီအဟ် မွတ်စလင်မ်များ အနေဖြင့် သခင်မကြီး ဖွာတွေမဟ် (စ.အ) သည် ရှဟာဒသ် ဖြစ်တော်မူခဲ့သည်ဟု သက်ဝင် ယုံကြည် ကြပါသည်။[၁၁] ဟဇရသ် ဖွာတွေမဟ် (စ.အ) သခင်မကြီး ၏ အိမ်တော် ကို မီးရှို့ရန် ခြိမ်းခြောက်ခြင်း၊ အိမ်တော် အား မီးရှို့ ရန် အမိန့် ပေးခြင်း ၊ တံတိုင် နှင့် တံခါး ကြား တွင် သခင်မကြီး အညပ်ခံရခြင်း ၊ သခင်မကြီး ၏ လသားအရွယ် သန္ဓေသားကို ကိုယ်ဝန်ပျက်ခဲ့ ခြင်း၊ ဟဇရသ် ဇဟ်ရာ (စ.အ) သခင်မကြီး အား ဓားအိမ် ဖြင့် ရိုက် ခဲ့ခြင်း ၊ ကြာပွတ်နှင့် ရိုက်ခဲ့ခြင်း ၊ ဤတိုက်ခိုက်မှု(များ)ကြောင့် သခင်မကြီး နံရိုးတော် များ ကျိုးသွားရခြင်း တို့သည် ဟဒီးစ်တော် နှင့် သမိုင်း အရင်းအမြစ် များ တွင် လာရှိပါ သည်။[၁၂] ဤအချက်အလက်များသည် သခင်မကြီး (စ.မ) ရှဟာဒသ် ဖြစ်တော် မူခဲ့ကြောင်း ရည်ညွှန်း ပြနေပါသည်။
ထိုနည်းတူစွာ ဆောင်းပါးများ ဖြစ်သည့် နှင့် ကို ကြည့်ရှု လေ့လာ နိုင်ပါသည်။
ဒါကိုလည်းကြည့်ပါ
- ရှဟာဒသ် ဟဇရသ် ဖွာတွေမဟ် (စ.အ)
- ဖွာတွမဟ်(စ.အ) ၏ အိမ်တော် ကို အကြမ်းဖက် ကျူးကျော်၀င် ရောက် တိုက်ခိုက်ခြင်း အဖြစ်အပျက်
အောက်ခြေ မှတ်စုများ
- ↑ ကြည့်ပါ - လိုဂသ်နာမေဟ် ဒဟ်ခိုဒါ ၊ «ဆစ်ဒစ်က် » ဆိုသည့် စကားလုံး ။
- ↑ ကြည့်ပါ - လိုဂသ်နာမေဟ် ဒဟ်ခိုဒါ ၊ «ရှဟီးဒ် » ဆိုသည့် စကားလုံး ။
- ↑ မိုဟမ္မဒ်ဒီ ရိုင်းရှဲဟ်ရီ ၊ ဟေက်မသ် နာမေဟ် ဖွာတွေမီ ၊ အီရန် သက္ကရာဇ် ၁၃၉၅ ခုနှစ် ၊ စာမျက်နှာ ၆၈၈ ။
- ↑ ကိုလိုင်းနီ ၊အလ်ကာဖီ ၊အီရန် သက္ကရာဇ် ၁၃၆၃ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၅၈ ၊ ဟဒီးစ်တော် အမှတ် ၂ ။ အလီဘင်န် ဂျအ်ဖရ် ၊ မစာအေလ် အလီ ဘင်န် ဂျအ်ဖရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ စာမျက်နှာ ၃၂၅၊ ဟဒီးစ်တော် အမှတ် ၈၁၁ ။
- ↑ ရှိက်ခ် ဆူဒူက် ၊ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ၊ အတွဲ ၂ ၊ စာမျက် မှာ ၅၇၃၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ ခုနှစ်။ မဖာသီဟိုလ်ဂျေနာန် ၊ ဒဲရ် ဇေယာရသ် ရစူလ်လေ ခိုဒါ(ဆွ) ဝ ဖွာတွေမဟ် ဇဟ်ရာ (စ.အ) ဝ အအေမဟ် ဗကီးအ် (အ.စ) ဒဲရ် မဒီနဟ် သွယိုက်ဗဟ် ၊ စာမျက်နှာ ၅၂၈။
- ↑ ကြည့်ပါ - မာဇင်ဒရာနီ ၊ ရှရ်ဟ် ဖရူအ် ကာဖီ ၊ အီရန် သက္ကရာဇ် ၁၃၈၈ ခုနှစ် ၊ အတွဲ ၅၊ စာမျက်နှာ၅၂၈ ။
- ↑ ရှိက်ခ် ဆူဒူက် ၊ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ၊ အတွဲ ၂ ၊ စာမျက် မှာ ၅၇၃၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ ခုနှစ်။
- ↑ ရှဟီးဒ် စာနီ ၊ မနီယသိုလ်မိုရီးဒ် ၊ အီရန် သက္ကရာဇ် ၁၃၆၈ ခုနှစ် ၊ စာမျက်နှာ ၁၁၅ ။ အေမာမ် အက္စ်ကရီ (အ.စ) (အေမာမ် (အ.စ) ဘက်မှ ဖြစ်ကြောင်းဆိုထား ) ၊ သဖ်စီးရ်ရိလ်အေမာမ် မေလ် အက္စ်ကရီ (အ.စ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ်၊ စာမျက်နှာ ၃၄၀ ၊ ဟဒီးစ်တော် အမှတ် ၂၁၆။
- ↑ ရှိက်ခ် ဆူဒူက် ၊ အလလွတ်ရှ်ရှရာယေအ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ စာမျက်နှာ ၁၇၈ ၊ ဟဒီးစ်တော် အမှတ် ၃ ။ ရှိက်ခ် ဆူဒူက် ၊ အလ်ခေဆွာလ် ၊ အီရန် သက္ကရာဇ် ၁၃၆၂ ခုနှစ် ၊ စာမျက်နှာ ၄၁၄ ၊ ဟဒီးစ်တော် အမှတ် ၃ ။
- ↑ ရှိက္ခ် သူစီ ၊ မစ်ဘာဟိုလ်မသဟဂျစ်ဒ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၁ ခုနှစ် ၊ စာမျက်နှာ ၃၉၉ ။ ဆယက်ဒ် အစ်ဗ်နေ သွာ အူစ် ၊ ဂျမားလိုလ်အွတ်စ်ဘူအ် ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ စာမျက်နှာ ၂၉၆။
- ↑ မိုဟမ္မဒ်ဒီ ရိုင်းရှဲဟ်ရီ ၊ ဟေက်မသ် နာမေဟ် ဖွာတွေမီ ၊ အီရန် သက္ကရာဇ် ၁၃၉၅ ခုနှစ် ၊ စာမျက်နှာ ၃၈၊ ၆၈၈ ။
- ↑ မိုဟမ္မဒ်ဒီ ရိုင်းရှဲဟ်ရီ ၊ ဟေက်မသ် နာမေဟ် ဖွာတွေမီ ၊ အီရန် သက္ကရာဇ် ၁၃၉၅ ခုနှစ် ၊ စာမျက်နှာ ၆၉၂။
ကျမ်းကိုးများ
- အေမာမ် အက္စ်ကရီ (အ.စ) (အေမာမ် (အ.စ) ဘက်မှ ဖြစ်ကြောင်းဆိုထား ) ၊ သဖ်စီးရ်ရိလ်အေမာမ် မေလ် အက္စ်ကရီ (အ.စ) ၊ ကွမ်း ၊ မဒရ်စသိုလ်အေမာမ် မေလ် မဲဟ်ဒီ (အ.ဂျ) ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ။
- ဆယက်ဒ် အစ်ဗ်နေ သွာ အူစ် ၊ ဂျမားလိုလ်အွတ်စ်ဘူအ် ၊ သဲဟ်ကီးက် ဂျဝါဒ် ကယွန်မီ ၊ အာဖါက် ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ်။
- ရှဟီးဒ် စာနီ ၊ မနီယသိုလ်မိုရီးဒ် ၊ သဲဟ်ကီးက် ရေဇာ မွတ်ခ်သာရီ ၊ ကွမ်း ၊ မတ်က်သဗိုလ်အအ်လာမေလ် အစ္စလာမ်မီ ၊ ပထမကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၆၈ ခုနှစ်။
- ရှိက်ခ် ဆူဒူက် ၊ အလ်ခေဆွာလ် ၊ သဲဟ်ကီးက် အလီအက္က်ဘရ် ဂဖါရီ ၊ ကွမ်း ၊ မိုအ်စေစသွန်နရှ်ရေ အစ္စလာမ် မီ ၊ အီရန် သက္ကရာဇ် ၁၃၆၂ ခုနှစ်။
- ရှိက်ခ် ဆူဒူက် ၊ အလလွတ်ရှ်ရှရာယေအ် ၊ သဲဟ်ကီးက် ဆယက်ဒ် မိုဟမ္မဒ် ဆွာဒစ်က် ဘဲဟ်ရိုလ်အူလူမ် ၊ နဂျဖ် ၊ အလ်မတ်က်သိုလ် ဟိုင်ဒရီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၅ ခုနှစ် ။
- ရှိက်ခ် ဆူဒူက် ၊ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ၊ သဲဟ်ကီးက် အလီ အက္က်ဘရ် ဂဖါရီ၊ ကွမ်း ၊ မိုအ်စေစ သွန်နရှ် ရေ အစ္စလာမ်မီ ၊ ဒုတိယကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ ခုနှစ်။
- ရှိက္ခ် သူစီ ၊ မစ်ဘာဟိုလ်မသဟဂျစ်ဒ် ဝစေလာဟိုလ်မိုသအဗ်ဗစ်ဒ် ၊ သဲဟ်ကီးက် အလီအဇ်ဂဲရ် အလ်မရ် ဝါရီးဒ် ၊ ဘေရွတ် ၊ မိုအ်စေစသို ဖေက်ဟ်ဟစ်ရှ် ရှီအဟ်၊ ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၁ ခုနှစ်။
- အလီဘင်န် ဂျအ်ဖရ် ၊ မစာအေလ် အလီ ဘင်န် ဂျအ်ဖရ် ဝ မွတ်စ်သဒရကာသိုဟာ ၊ သဲဟ်ကီးက် မိုအ်စေစ သိုအာလိုလ်ဘိုက်(သ) (အ.စ) ၊ မရှ်ဟဒ်၊ အလ်မိုအ်သမေရိုလ်အာလမီယိုလစ်လ်အေမာမ် မေရ်ရေဇာ (အ.စ) ၊ ပထမကြိမ် ပုံနှိပ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ်။
- ကိုလိုင်းနီ၊ မိုဟမ္မဒ် ဘင်န် ယအ်ကူးဗ် ၊အလ်ကာဖီ ၊ သဲဟ်ကီးက် အလီ အက္က်ဘရ် ဂဖါရီ ၊ တီဟီရန် ၊ ဒါရိုလ် ကိုသွဗ်ဗေ အစ္စလာမ်မီယဟ်၊ (၅) ကြိမ် မြောက် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၆၃ ခုနှစ်။
- လိုဂသ်နာမေဟ် ဒဟ်ခိုဒါ။
- မာဇင်ဒရာနီ ၊ မိုဟမ္မဒ် ဟာဒီ ၊ ရှရ်ဟ် ဖရူအ် ကာဖီ ၊ ကွမ်း ၊ ဒါရိုလ် ဟဒီးစ် ၊ အီရန် သက္ကရာဇ် ၁၃၈၈ ခုနှစ်။
- မိုဟမ္မဒ်ဒီ ရိုင်းရှဲဟ်ရီ ၊ ဟေက်မသ် နာမေဟ် ဖွာတွေမီ ၊ ကွမ်း ၊ ဒါရိုလ် ဟဒီးစ် ၊ အီရန် သက္ကရာဇ် ၁၃၉၅ ခု နှစ်။
- မဖာသီဟိုလ်ဂျေနာန်