ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င် ရောက် တိုက်ခိုက်ခြင်း အဖြစ်အပျက်

wikishia မှ


ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င်ရောက် တိုက်ခိုက်သည့် အဖြစ်အပျက် ဆိုသည်မှာ အလီ ဗင်န် အဘီသွာလီဘ်(အစ) ၊ တမန်တော်မြတ်၏ သမီး ဖွာသွေမဟ်(စအ) တို့၏ အိမ်အရှေ့တွင် အွမ္မရ် ဗင်န် ခသွာဘ် နှင့် ၎င်း၏အပေါင်းအပါများသည် ၎င်းတို့ အဘူဘက္က်ရ် အား ဘိုင်အသ် သစ္စာခံယူစေရန်အတွက် ရောက်နေခြင်းကို ရည်ညွှန်းထားသည်။ ရှီအာ နှင့် စွန္နီ ကျမ်းကိုးများ၏ ဖော်ပြချက်အရ ဤအဖြစ်အပျက်သည် တမန်တော်မြတ်(ဆွ) ဆုံးပါး (ဆွဖဲရ်လ ၂၈ ရက် ၊ ဟီဂျရီ၁၁ ရာစု)ပြီးနောက် ဖြစ်ပွားလာခဲ့သည်။ ဤအဖြစ်အပျက်၌ အွမ္မရ် ဗင်န် ခသွာဘ် သည် အကယ်၍ အိမ်၌ရှိနေသူများ အပြင်သို့ မထွက်လာပါက အိမ်အား မီးရှိမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ရှီအာတို့၏ ပထမဦးဆုံး ကျမ်းကိုးများ ဖြစ်ကြသော စလီးမ် ဗင်န် ကိန်းစ် ၊ အိစ်ဘာသွလ်၀စီယဟ် နှင့် သက်ဖ်စီးရေ အယာရှီး တို့၌ လာရှိထားသည်မှာ ဤအဖြစ်အပျက်၌ အိမ်တံခါး ရိုက်ချိုးခြင်း နှင့် အိမ်းမီးရှိခြင်းတို ဖြစ်ပွားခဲ့ပြီး (မိုဟ်စင်န်) ဖွာသွေမဟ်(စအ) သခင်မ၏ သန္ဓေသား ပျက်ကျခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် ၊ ဖွာသွေမဟ်(စအ) သခင်မသည် ရှဟီးဒ် ဖြစ်သွားခဲ့သည်။ အဲဟ်လေစွန္နသ်၏ ကျမ်းကိုး၌ အိမ်ကို မီးရှိခြင်း နှင့် ဖွာသွေမဟ်(စအ) အား ဒုက္ခအန္တရာယ်ပေးခြင်းတို့ကို ငြင်းပယ်ထားပြီး ထိုအကြောင်း ကောက်နာတ်သူများကို ရာဖီဇီ ဖြစ်သည်ဟု စွပ်စွဲထားသည်။ ဤအဖြစ်အပျက် ဖြစ်ပွားရခြင်း ၏ အကြောင်းရင်း နှင့်ပတ်သက်ပြီး ပြောထားသည်မှာ အဘူဘက္က်ရ် သည် မိမိ၏ ခေလာဖင် တည်မြဲဖိုရန်အတွက် အေမာမ်အလီ(အစ) ဘက်မှ မိမိအား ဘိုင်အသ် သစ္စာခံယူခြင်းကို လိုအပ်ပေသည်။ မိုဂမ္မဒ် ဟာဒီ ယူစွဖီ ဂရ်ဝီ (အီရာန်နှစ်၁၃၂၇ မွေဖွ) ၏ ပြောကြားချက်အရ အိစ္စလာမ့်သမိုင်း သုတေသီများသည် ဤအဖြစ်အပျက်ကို တမန်တော်မြတ်(ဆွ) ဆုံးပါးပြီး ရက်ပေါင်း ၅၀ နေပြီးနောက် ဖြစ်ပွားခဲ့သည် ဟု ယုံကြည်ထားကြသည်။

စလီးမ် ဆိုသူ နှင့် အလ်အိမာမဟ် ၀လ် စီယာစဟ် စာအုပ်၏ ဖော်ပြချက်အရ အဘုဘက္က်ရ် နှင့် အွမ္မရ် တို့သည် ဖွာသွေမဟ်(စအ) သခင်မအား တွေ့ဆုံဖိုရန် လာရောက်ကြသည့်အခါ ဖွာသွေမဟ်(စအ) သခင်မ သည် ဘဂ်အဟ် ဟုခေါ်သော ဟဒီးစ်တော်ကို မိန့်ဆိုကာ ၎င်းတို့နှစ်ဦးသည် မိနိ့အား နာကျင်စေခဲ့ပြီး ဒေါသထွက်စေခဲ့ကြောင်း သက်သေပြုခဲ့သည်။ အဲဟ်လေစွန္နသ်၏ ကျမ်းကိုး၌ အဘူဘက္က်ရ် ထံမှကောက်နုတ်ထားသည်မှာ အဘူဘက္က်ရ်သည် မိမိ၏ နောက်ဆုံး အသက်ထွက်မည့် အချိန်၌ " ဖွာ‌ေသွမဟ်(စအ) ၏ အိမ်ကို ၀င်ရောက်ဖို အမိန့် မပေးခဲ့မိရင် ကောင်းသား" ဟု ပြောခဲ့သည်။

အရိုက်အရာ နှင့် အရေးပါမှု

ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င် ရောက် တိုက်ခိုက်ခြင်း အဖြစ်အပျက်သည် စကီဖဟ် အဖြစ်အပျက် ပြီး‌သည့်‌ နောက်ပိုင်း ဖြစ်ပွားခဲ့ပြီး အဘူဘက္က်ရ် ၏‌ ခေလာဖသ်အား အေမာမ်အလီ(အစ) ဘက်မှ ဘိုင်အသ် သစ္စာခံယူစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ (1) ထိုအဖြစ်အပျက်မှ ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ဖွာသွေမဟ်(စအ) သခင်မ ရှဟာဒသ် ဖြစ်သွားခဲဘသည်။ (2) ဤအဖြစ်အပျက်သည် ရှီအာ နှင့် စွန္နီ ဆက်ဆံရေးကို ထိခိုက်စေသည့် ပြဿနာများ အနက်မှ တစ်ခုဖြစ်သည်။ ရှီအာတို့၏ ပထမဦးဆုံး ကျမ်းကိုးများ ဖြစ်ကြသော စလီးမ် ဗင်န် ကိန်းစ် စာအုပ် ၊ အိစ်ဘာသွလ်၀စီယဟ် ၊ သက်ဖ်စီးရေ အယာရှီး နှင့် ဒလာအီလွလ်အိမာမဟ် စာအုပ်များ၌ ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င် ရောက် တိုက်ခိုက်ခြင်း အဖြစ်အပျက် နှင့် ထိုအဖြစ်အပျက် နှင့် သက်ဆိုင်သော သတင်းအချက်အလက်များ လာရှိထားသည်။ (3) သို့သာ် အဲဟ်လေစွန္နသ်တို့၏ ကျမ်းကိုး၌ အိမ်တံခါးကို မီးရှိခြင်း နှင့် ဖွာသွေမဟ်(စအ) သခင်မ၏ သန္ဓေသား မိုဟ်စင်န် ပျက်ကျသွားခြင်း တို့ကို ငြင်းပယ်ထားသည်။ ထိုအကြောင်းအရာ ကောက်နုတ်သူများကို ရာဖီဇီများဖြစ်ပြီး မမှန်ကန်ပေဟု ပြောဆိုထားသည်။ (4) ရှီအာများသည် ဟဇရသ်သေ ဖွာသွေမဟ်(စအ) သခင်မ ရှဟီးဒ်နေ့ ထိုနေ့အား ဖွာသွေမဟ်(စအ) ၏ နေ့ရက်များ (အယောင်းမေဖွာသွေမီယဟ်) ဟု ခေါ်ဆိုကြပြီး ယင်းနေ့များ၌ အဇာဒါရီများ ပြုလုပ်ကြသည်။ (5)

ဖွာသွေမဟ်(စအ) ၏ အိမ် နှင့် ထိုအိမ်သူအိမ်သားများ ၏ အရိုက်အရာ

ရှီအာ နှင့် စွန္နီ ရေဝါယသ် တစ်ခု၌ လာရှိထားသည်မှာ တမန်တော်မြတ်(ဆွ) သည် ဖွာသွေမဟ်(စအ) နှင့် အေမာမ်အလီ(အစ) တို့၏ အိမ်ကို ဤအာယသ်တော် ၌လာရှိထားသည့် အကောင်းဆုံး စံဥပမာ ပေးနိုင်သည့် အိမ်အဖြစ် မိတ်ဆက်ပေးခဲ့သည်။ «فِی بُیوتٍ أَذِنَ اللهُ أَن تُرْفَعَ وَیذْکرَ فِیهَا اسْمُهُ یسَبِّحُ لَهُ فِیهَا بِالْغُدُوِّ وَالْآصَالِ ဘာသာပြန် (6) ရှီအာ နှင့် အဲဟ်လေစွန္နသ် တို့၏ ကျမ်းကိုးများ၌ ကျမ်းမြတ်ကုရ်အာ၏ အာယသ်‌ တော်အချို့ကို ဖွာသွေမဟ်(စအ) ၏ အိမ်သူအိမ်အားများ ( အေမာမ်အလီ (အစ) ၊ ဖွာသွေမဟ်(စအ) ၊ အေမာမ်ဟစန်(အသ) နှင့် အေမာမ်ဟိုစိုင်းန်(အစ) ) တိုနှင့် ပတ်သက်ပြီး ကျရောက်ခဲ့သည်ဟု ယုံကြည်လက်ခံထားကြသည်။ ဥပမာ အာယသ်သေ အိသ်ွအာမ် (7) နှင့် အာယသ်သေ သက်သ်ွဟီးရ် (8)

ဂဒီးရ် အဖြစ်အပျက် နှင့် စကီဖဟ်-ယေ- ဗနီစာအ်ဒဟ် အဖြစ်အပျက်

တမန်တော်မြတ်(ဆွ) ဆုံးပါးပြီးနောက် ၊ မိုဟာဂျီရ် အချို့နှင့် အန်ဆွာရ် အချို့တို့သည် စကီဖဟ်-ယေ- ဗနီစ အိဒဟ် ၌ တည်ထောင်ထားသော အသို့င်းအဝိုင်းတစ်ခုတွင် အဘုက္က်ရ်၏ ခေလာဖသ် အပေါ်သဘောတူညီကြကာ ၎င်းအား ဘိုင်အသ် သစ္စာခံယူခဲ့ကြသည်။ (9) အိဗ်နေကစီးရ် ၏ အဆိုအရ တမန်တော်မြတ်(ဆွ) ၏ ရုပ်ခန္ဓာ မြေမမြုပ်မီ အဘူဘက္က်ရ်၏ ဘိုင်အသ် သစ္စာခံယူမှု ပြုလုပ်ပြီးခဲ့သည်။ (10) အေမာမ်အလီ(အစ) သာ တမန်တော်မြတ်(ဆွ) ၏ ရုပ်ခန္ဓာအား မြုပ်နှံဖိုရန် အဆင်သင့် ပြုလုပ်နေသည့် အချိန်၌ ဖြစ်သည်။ (11) တမန်တော်မြတ်(ဆွ) သည် ဟီဂျကီ ၁၀ ရာစုနှစ် ၊ ဇီလ်ဟဂ်ျလ ၁၈ ရက်နေ့တွင် ၎င်း၏ နောက်ဆုံးဟဂ်ျမှ ပြန်လာစဉ် ဂဒီးရ် ဆိုသည့်နေရာ ၌ အေမာမ်အလီ(အစ) အား မိမိ၏ ကိုယ်စားလှယ်တော်အဖြစ် ခန့်အပ်ခဲ့သည်။ (12) ထိုနောက် အွမ္မရ် ဗင်န် ခသွာဘ် သည် ထိုနေ့၌ အေမာမ်အလီ(အစ) အား မိုဘာရက် စကားပြောသူများ အနက်မှ တစ်ဦးဖြစ်သည်။ (13) သက်ရှက်ယိုအ် ဒဲရ် မစီးရေ သာရီးခ် စာအုပ် ပြုစုသူ ဟိုစိုင်းန် မိုဟမ္မဒ် ဂျအ်ဖဲရီ ၏ အဆိုအရ အဘူဘက္ကရ် နှင့် အွမ္မရ်တို့သည် အီမာမ်အလီ (အစ) နှင့် ၎င်း၏ နောက်လိုက်များထံမှ ပြင်းထန်သော တုံပြန်မှုကို ကြောက်ရွံသဖြင့် ၎င်းတို့အား ဘိုင်အသ် သစ္စာခံယူရန် ပြောဆိုခဲ့သည်။ သို့သော် ၎င်းတို့ဘက်မှ ငြင်းဆိုမှုများနှင့် ရင်ဆိုင်လာရသည့်အခါ ၎င်းတို့အား အင်အားသုံး အတင်းအကျပ် ပြုလုပ်ခဲ့သည်။ (14)

အကြောင်းအရင်းများ နှင့် ဖြစ်ပေါ်လာရသည့် အခြေခံများ အိစ္စလာမ့် သမိုင်းအစ ကိုယ်ကျင့်သိက္ခာများ တမန်တော်မြတ်(ဆွ) ၊ အဘူသွာလီဘ် ၊ ဟဇရသ်ခတီဂျာ(စအ) ၊ အေမာမ်အလီ(အစ) ၊ ဟဇရသ်သေ ဖွာသွေမဟ်(စအ) ဟမ်ဇဟ် ဗင်န် အဘ်ဒွလ်မိုသွလီဘ် ၊ စလ်မာနေဖာစီ ၊ အဘူဇဲရေဂဖ္ဖာရီ ၊ မိက္က်ဒါဒ် ဗင်န် အွမ္မရ် ၊ ဂျအ်ဖဲရ် ဗင်န် အဘီသွာလီဘ် ၊ ဘိလ္လာလေ ဟဘ္ဘရှီး အဘူဘက္ကရ် ၊ အွမ္မရ် ဗင်န် ခသွာဘ် ၊ အဠစ်မာန် ဗင်န် အဖာန် ဆွဟာဘဟ် စစ်ပွဲများ ဘဒဲရ်စစ်ပွဲ ၊ အဟွဒ်စစ်ပွဲ ၊ ဗနီနဇွီးရ် စစ်ပွဲ ၊ ခန်ဒက္က် စစ်ပွဲ ၊ ‌ဗနီကရီဇွ စစ်ပွဲ ၊ ဆိုလ်ဟေ ဟိုဒိုင်ဗီယဟ် (ဟိုဒိုင်ဗီယဟ် စာချုပ်)၊ ခိုင်ဘဲရ် စသ်ပွဲ ၊ ဖက်သ်ဟေ မက္ကဟ် ( မက္ကာ အား အောင်နိုင်ခြင်း) ၊ သဘူးက် စစ်ပွဲ ၊ အခြားသော စစ်ပွဲများ။

စီးရီးရုပ်ရှင်များ မြိုများ နှင့် နေရာများ မက္ကာ ၊ ရှိအ်ဘေ အဘီသွာလီ ၊ မဒီနာ ၊ သွာအီဖ် ၊ မက်စ်ဂျီဒေ ကဘ္ဘာ ၊ မက်စ်ဂျီဒွလ်နဗီ ၊ စကီဖေဟေ ‌ဗနီ စာအိဒဟ် ၊ ခိုင်ဘဲရ် ၊ ဘက္ကီအ် သုသာန်တော်။

အဖြစ်အပျက် ဘေအ်စသ် ၊ ဟဘရှေ့ မြို သို့ ဟီဂျရသ် ထွက်ခြင်း ၊ လိုင်းလသွလ် မဘီးသ် ၊ မဒီနာမြိုသို့ ဟီဂျရသ် ထွက်ခြင်း ၊ ဟိုဒိုင်ဗီယဟ် စာချုပ်၊ ဟဂ်ျဂျွလ်ဝေဒါအ် ၊ ဂဒီးရ် အဖြစ်အပျက် ၊ စကီးဖဟ် ၊ အသာမဟ် တပ်သားများ။

ဆက်စပ်သော အသုံးအနှုန်းများ အိစ္စလာမ် ၊ အန်ဆွာရ် ၊ မိုဟာဂျေရီးန် ၊ သရှက်ယိုအ် ၊ ဟဂ်ျ ၊ ကိုရိုင်းရှ် ၊ ဗနီဟာရှင်မ် ၊ ဗနီအိုမိုင်ယာ ၊ ဂျာဟေလီယသ် နဗူဟ်

အဖြစ်အပျက်အား ရှင်းလင်းဖွင့်ဆိုခြင်း

ဟီဂျရီ သုံးရာစု၏ သုတေသီ ဖြစ်သည့် ယအ်ကူဘီ ၏ ကောက်နုတ်ဖော်ပြချက်အရ စကီဖဟ် -ဟေ- ဗနီစာအိဒဟ် အဖြစ်အပျက်၌ အချို့သော ဆွဟာဘာများ ဥပမာ အဘ္ဘာစ် ဗင်န် အဘဒွလ် မုသွလီဘ် ၊ ဖက်ဒ်ွလ် ဗင်န် အဘ္ဘာစ် ၊ စလ်မားနေဖာရ်စီ ၊ အဘူဇဲရေဂဖ္ဖာရီ ၊ အမ္မာရ် ယာစီရ် နှင့် ဘရာအ် ဗင်န် ဂါရီဘ် တို့သည် အဘူဘက္က်ရ် အား ဘိုင်အသ် သစ္စာခံယူခြင်းမှ ရှောင်ကြဉ်ခဲ့ကြပြီး အေမာမ်အလီ(အစ) နှင့်အတူ ဖွာသွေမဟ်(စအ) သခင်မ၏ အိမ်၌ နေခဲ့ကြသည်။ (16) သွီဘ်ရီ သွလ်ဟဟ် နှင့် ဇိုဘိုင်းရ် တို့ကိုလည်း ထိုအိမ်၌ နေနေကြသူများ၏ အမည်စာရင်းထဲတွင် ဖော်ပြထားသည်။ (17)

အေမာမ်အလီ(အစ) နှင့် ၎င်း၏ နောက်လိုက်သားများ ဘက်မှ ဘိုင်အသ် သစ္စာခံယူရန် အဘူဘက္က်ရ် အမိန့်ပေးခြင်း

အဘူဘက္က်ရ် သည် ဘိုင်အသ် သစ္စာခံယူခိုင်းပြီး နောက်ပိုင်း မိမိအား ဘိုင်အသ် မယူရသေးသည့် အချို့ အဆ်ွဟာဘ် များကို လိုက်လံရှာဖွေကာ ဘိုင်အသ် သစ္စာခံယူခိုင်းခဲ့သည်။ (18) အလ်အိမာမဟ် ၀လ် စီယာစဟ် စာအုပ်၌ အိဗ်နေ ကသီဘဟ် ၏ ကောက်နုတ် ဖော်ပြချက်အရ အဘူဘက္က်ရ်သည် အွမ္မရ် နှင့် ကွန်ဖုစ် တို့ကို ဖွာသွေမဟ်(စအ) သခင်မ ၏ အိမ်သို့ လေးကြိမ်တိုင် စေလွှတ်ခဲ့ပြီး အလီ (အစ) နှင့် ထိုအိမ်တွင် နေထိုင်ကြသူများကို မိမိအား ဘိုင်အသ် သစ္စာခံယူရန် ခေါ်ခဲ့သည်။ (19) ဤကောက်နုတ် ဖော်ပြချက် အရ ပထမအကြိမ် စေလွှတ်ရာတွင် ၊ ယင်းအိမ်၌ ရှိနေကြသော အမျိုးသားများ အေမာမ်အလီမှအပ အခြားကျန်ရှိသော အမျိုးသားများသည် အွမ္မရ် ၏ ချိန်းခြောက်သံကို ကြားပြီးနောက် အိမ်ထဲမှ အပြင်သို့ ထွက်လာခဲ့ကြပြီး ဘိုင်အသ် သစ္စာခံယူခဲ့ကြသည်။ အေမာမ်အလီ(အစ) သည် ကုရ်အာန်ကျမ်းတော်မြတ်ကို မစုဆောင်းမချင်း အိမ်မှ ထွက်ခွာမည် မဟုတ်ကြောင်း အရှင်မြတ်အား ကျိန်ဆိုတိုင်တည်၍ ကတိပြုခဲ့သည်။ အဘူ ဘက္က်ရ်သည် ဒုတိယ နှင့် တတိယအကြိမ် ကွန်ဖုစ်အား ဖွာသွေမဟ်(စအ) သခင်မ၏ အိမ်သို့ စေလွှတ်သည့်အခါ၌လည်း ၎င်းတို့ဘက်မှ ငြင်းဆိုမှုကိုသာ ကြားသိ့ခဲ့ရသည်။ လေးကြိမ်မြောက်၌ အွမ္မရ် သည် အပေါင်းအဖော် အချို့နှင့်အတူ ဖွာသွေမဟ်(စအ) သခင်မ၏ အိမ်သို့ သွားခဲ့ပြီး အေမာမ်အလီ(အစ) အား အပြင်သို့ခေါ်ထုတ်ကာ အဘူဘက္က်ရ် ထံသို့ ခေါ်ဆောင်သွားခဲ့သည်။ (20) အစ္စလာမ် နှင့် ရှီအာ၏ သမိုင်းပညာရှင် ဖြစ်သူ မိုဟမ္မဒ် ဟာဒီ ယူစွဖီ ဂရ်ဝီ၏ ပြောကြားချက်အရ အဘူဘက္က်ရ် သည် သုံးကြိမ်တိုင် လူထုကို ဖွာသွေမဟ်(စအ) သခင်မ၏ အိမ်သို့ စေလွှတ်ခဲ့ပြီး မိမိအား ဘိုင်အသ် သစ္စာခံယူရန် ပြောခဲ့သည်။ ပထမ နှင့် ဒုတိယ အကြိမ်၌ အေမာမ်အလီ(အစ) သည် ၎င်းတို့အား ပြန်သွားခိုင်းခဲ့သည်။ တတိယအကြိမ်၌ ခလီဖာ နှင့် ၎င်းအား ထောက်ခံသူများသည် အပြင်းအထန် လုပ်ဆောင်ခဲ့ကြသည်။ (21) အေမာမ်အလီ(အစ) သည် တမန်တော်မြတ်(ဆွ) ဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် အဖြစ်အပျက် နှင့် ပတ်သက်ပြီး မိန့်တော်မူသည်မှာ : အရှင်မြတ်၏ စေတမန်တော် မရှိတော့သည့်နောက်ပိုင်း အုပ်စုတစ်စုသည် အတိတ်သို့ ပြန်သွားကာ လမ်းအမျိုးမျိုးကို လျှောက်လှမ်းခြင်းအားဖြင့် လမ်းလွဲလမ်းမှားသို့ ရောက်သွားပြီး ၎င်းတို့၏ အပေါင်းအသင်းများ ၊ ဆွေမျိုးများ နှင့် ကင်းကွာသွားကြသည်။ ၎င်းတို့သည် တည်ဆောက်ပြီးဖြစ်သော အုတ်မြစ်ကို အရင်းမှ ဖြိုဖျက်ကာ အခြားနေရာတွင် အုတ်မြစ်ကို တည်ထောင်ခဲ့ကြသည်။ နဟ်ဂျွလ်ဗလာဂဟ် ၊ ခွသ်ဗဟ် ၁၅၀ ၊ ရှဂီးဒီး ဘာသာပြန်။ ရှဖိးခ်မိုဖီးဒ် ရေးသားထားသည့် အလ်အိခ်သေဆွာဆ်ွ စ အုပ်၌ လာရှိထားသည်မှာ အေမာမ်အလီ(အစ) အား မက်စ်ဂျီဒ် ဘက်သို့ ခေါ်ဆောင်သွားသည့်အခါ ဖွာသွေမဟ်(စအ) သခင်မ၏ အိမ်၌ ရှိနေသူများ အနက်မှ ဖြစ်သော ဇိုဘိုင်းရ် သည် ဓါးထုပ်၍ " အို အဘ်ဒွလ်မိုသွလီဘ်၏ သားသမီးများ ၊ အသင်တို အသက်ရှင်နေသေးပြီး ၊ အလီ(အစ) ကို မည်ကဲ့သို့ ဆက်ဆံ နေကြသနည်း ? ၊ ဟု ကြိမ်းမောင်းကာ အွမ္မရ် အား တိုက်ခိုက်ခဲ့သည်။ သို့သော် ခါလီဒ် ဗင်န် ၀လီးဒ် သည် ဇိုဘိုင်ရ် ဘက်သို့ ကျောက်ခဲဖြင့် ပစ်ပေါက်လိုက်ရာ ၎င်းလက်မှ ကိုင်ထားသော ဓါးသည် အောက်သို့ ပြုတ်ကျသွားခဲ့သည်။ ထိုအခါ အွမ္မရ် သည် ဓါးကို ကောက်ကိုက်လိုက်ပြီး ကျောက်တုံးဖြင့် ထုပြီး ဓားကို ချိုးလိုက်သည်။ (22) တတိယရာစု၏ သမိုင်းပညာရှင် သွီဘ်ရီး ၏အဆိုအရ ဇိုဘိုင်းရ် သည် ဖွာသွေမဟ်(စအ) ၏အိမ်မှ ထွက်လာသောအခါ ၎င်းသည် ခြေကိုချော်ပြီး လက်မှကိုင်ထားသော ဓား ပြုတ်ကျခဲ့သည်။ (23) အေမာမ်အလီ(အစ) အား အဘူဘက္က်ရ် ထံသို့ ခေါ်ဆောင်သွားပြီးနောက် အကယ်၍ အဘူဘက္ကရ်ကို ဘိုင်အသ် သစ္စာမခံယူပါက ခေါင်းဖြတ်ခံရမည်ဟု ခြိမ်းခြောက်ခဲ့သည်။ (24) စလီးမ် စာအုပ်၌ လာရှိထားသည်မှာ အေမာမ်အလီ(အစ) သည် ထိုလူစုလူဝေးပွဲတွင် မိမိဘက်မှ မှန်ကန်ကြောင်း သက်သေအထောက်များ ဖြင့်ပြောကာ ဂဒီးရ် နေ့၌ တမန်တော်မြတ်(ဆွ)၏ နှုတ်ကပတ်တော်များကို တစ်ဖန် မိန့်ဆိုပြီးနောက် မိမိသည် တမန်တော်မြတ်(ဆွ) ၏ ကိုယ်စားလှယ်တော် ဖြစ်ကြောင်းကို ထိုလူစုလူဝေး အတွက် သတိပေးခဲ့သည်။ သို့သော် အဘူဘက္က်ရ် ပြောသည်မှာ " တမန်တော်မြတ်ထံမှ ကြားသိ့ခဲ့သည်မှာ နဗူ၀သ် နှင့် ခေလာဖသ် သည် ၎င်း၏ အဲဟ်လေဘိုင်းသ်၌ စုစည်းမနေပေ" ။ (25) ရှီးခ်မိုဖီးဒ် ၏ အဆိုအရ အေမာမ်အလီသည် စကီဖဟ် နေ့၌ အဘူဘက္က်ရ် အား ဘိုင်အသ် သစ္စာမခံယူခဲ့ပေ။ သို့သော် နောက်ပိုင်းများ၌ ၎င်းအား ဘိုင်အသ် သစ္စာခံယူခဲ့သလား ဆိုသည်နှင့် ပတ်သက်ပြီး ကွဲပြားသော ကောက်နုတ်ဖော်ပြချက်များ လာရှိထားသည်။ ဥပမာ ဖွာသွေမဟ် (စအ) သခင်မ ရှဟာဒသ် ဖြစ်ပြီးနောက် ရက်လေးဆယ် သို့မဟုတ် ခြောက်လအကြာ အဘူဘက္က်ရ် အား ဘိုင်အသ် သစ္စာခံယူခဲ့သည်။ ရှီးခ်မိုဖီးဒ် လက်ခံထားသည်မှာ အလီ(အစ) သည် မည့်သည့်အခါမှ အဘူဘက္က်ရ် ကို ဘိုင်အသ် သစ္စာ မခံယူခဲ့ပေ။ (26) ရေဝါယသ် တစ်ခု အရ အလီ(အ.စ)အား ဘိုင်အသ် သစ္စာမခံယူပါက ခေါင်းဖြတ်သတ်မည်ဟု ခြိမ်းခြောက်သောအခါ တမန်တော်မြတ်၏ ဦးရီးတော် အဘ္ဘာစ် သည် အလီ(အ.စ)၏ အသက်ကို ကယ်တင်ဖိုရန်အတွက် ၎င်း၏လက်ကို ဆွဲကိုင်ကာ အဘူဘက္က်ရ်၏ လက်ပေါ်သို့ ဆွဲတင်လိုက်သည်။ ထိုအခါ ၎င်းတို့သည်လည်း အေမာမ်အလီ(အ.စ)ကို လွှတ်ပေးခဲ့သည်။ (27) သို့သော် အလ်အိမာမဟ် ၀လ်စီယာစဟ် စာအုပ်၏ ကောက်နုတ်ဖော်ပြချက်အရ အဘူဘက္က်ရ် ဘက်မှ ဖွာသွေမဟ်(စအ) သခင်မ သည် အေမာမ်အလီ(အစ) ၏အနား၌ ရှိနေသရွေ့ အလီ(အစ) အား ဘိုင်အသ် သစ္စာခံရန် အတင်းအကျပ် ဖိအားမပေးဖို ပြောကြားခဲ့သည်။ (28)

ဖွာသွေမဟ်(စအ) သခင်မ၏ တုန့်ပြန်မှု

အဘူဘက္က်ရ် သည်အေမာမ်အလီ(အစ) နှင့် ၎င်းနှင့် အတူရှိနေသူများအား ခေါ်ဆောင်ဖိုရန် မိမိ၏ အပေါင်းအပါများကို ဖွာသွေမဟ်(စအ) ၏ အိမ်သို့ ပထမအကြိမ် စေလွှတ်လိုက်ပြီးနောက် ၊ ဖွာသွေမဟ်(စအ) သည် အိမ်တံခါး အနားသို့သွားကာ "အသင်တို့သည် ဆိုးဝါးစွာ ၀င်ရောက်လာကြသူများ ဖြစ်ကြသည်။ အသင်တို့သည် တမန်တော်မြတ်(ဆွ) ဂျနာဇာ ရုပ်အလောင်းကို ကျွန်ုပ်တို ရှေ့မှောက်၌ ထားခဲ့ပြီး ခေလာဖသ်အတွက် မိမိတို့၏ ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြသည်။ ကျွန်ုပ်တို့၏ အမြင် ၊ အကြံပေးချက်များကို လက်မခံခဲ့ပေ။ ကျွန်ပ်တို့၏ ဟက္က် ရပိုင်ခွင့်ကို ကျွန်ုပ်တို ထံ ပြန်မပေးခဲ့ပေ။ " (29) လေးကြိမ်မြောက်၌ အွမ္မရ်သည် အေမာမ်အလီ(အစ) အား ခေါ်ဆောင်ရန် ရောက်လာသောအခါ ဖွာ‌သွေမဟ်(စအ) တိုင်တည်ပြောဆိုသည်မှာ " အိုဖခင် ၊ အိုရစူလ်တမန်တော် ၊ ကျွန်ုပ်တို့သည် အသင်မရှိတော့သည့် နောက်ပိုင်း ကျွန်ုပ်တို့သည် ခသွာဘ်၏သား နှင့် အဘူကဟ္ဟာဖဟ် ၏သား တို့မှ မည်သို့ဒုက္ခများကို ခံစားနေရပါသနည်း" အွမ္မရ်၏ အပေါင်းအဖော်အချို့သည် ဤစကားကို ကြားသည့်အခါ အံ့အားသင့်သွားပြီး နောက်ပြန်လှည့်သွားကြသည်။ (30) ယအ်ကူဘီ၏ အဆိုအရ ဖွာသွေမဟ်(စအ) သခင်မသည် မိမိအိမ်ထဲသို့ အတင်းအဓမ္မဖြင့် ၀င်ရောက်လာကြသူများကို မိန့်ဆိုသည်မှာ " အရှင်မြတ်အား ကျိန်ဆိုပါ၏ ၊ အကယ်၍ အပြင်မထွက်သွားပါက အရှင်မြတ်ထံ အော်ဟစ်ငိုကြွေး တိုင်တည် မည်ဖြစ်သည်" ဖွာသွေမဟ်(စအ) သခင်မ၏ ထိုစကားကြောင့် အိမ်ထဲသို့ ၀င်လာကြသူများသည် အပြင်သို့ ပြန်ထွက်သွားခဲ့ကြသည်။ (31) အဘူဘက္ကရ် ဂျောင်ဟရီ( ဟီဂျရီ၃၂၃ ကွယ်လွန်) သည် " အလ်စကီဖဟ် ဝါ ဖဒက္က်" ဟူသော စာအုပ်၌ ဖော်ပြထားသည်မှာ အွမ္မရ် သည် အေမာမ်အလီ(အစ) အား အတင်းအကျပ် အိမ်အပြင်သို့ ဆွဲခေါ်သွားသည့်အခါ ဖွာသွေမဂ် သခင်မသည် အိမ်တံခါး အနားသို့ သွားရောက်ခဲ့ပြီး အဘုဘက္က်ရ်အား ပြောသည်မှာ " အသင်သည် အရှင်မြတ် တမန်တော်၏ အိမ်သူအိမ်သားများကို အလျင်အမြန် တိုက်ခိုက်ခဲ့သည်။ အရှင်မြတ်အား ကျိန်ဆိုတိုင်တည်ပါ၏ ၊ ကျွန်ုပ် ဆုံးပါးသွားသည့်တိုင် အွမ္မရ်နှင့် စကားပြောမည် မဟုတ်ပေ။ " (32) ထိုရေဝါယသ်အရ အဘူဘက္က်ရ် သည် အကြိမ်ပေါင်းများစွာ ဖွာသွေမဟ်(စအ) သခင်မထံ သွားရောက်ကာ အွမ္မရ်အား ခွင့်လွှတ်ဖို တောင်ဆိုခဲ့သည်။ ထိုနောက် ဖွာသွေမဟ် သခင်မ သည်လည်း ခွင့်လွှတ်ကျေအေးပေးခဲ့သည်။ (33) သို့သော် ဆွဟီးဘိုခါရီ၌ လာထားသည့် ရေဝါယသ်တစ်ခု အရ ဖွာသွေမဟ်(စအ) သည် အဘူဘက္က်ရ်အား ဖဒက္က်ကို သိမ်းပိုက်ခဲ့သည့်အတွက် အမျက်ဒေါသ ထွက်ခဲ့ပြီး မိမိ အသက်ရှင်နေသည့် ကာလတစ်လျောက်လုံး ၎င်းအပေါ် မကျေနပ်ကာ ၎င်းနှင့် စကားမပြောခဲ့ပေ။ (34) သက်ဖ်စီးရေအယာရှီး ၌ လာရှိထားသည်မှာ အေမာန်အလီ(အစ) အား အိမ်အပြင်သို့ ခေါ်ဆောင်သွားကြသည့်အခါ ဖွာသွေမဟ် သခင်မသည် အဘူဘက္က်ရ် ၏ အနားသို့ သွားရောက်ပြီး ပြောသည်မှာ အကယ်၍ အလီကို မလွှတ်ပေးပါက တမန်တော်မြတ်၏ ကဗဲက်ရှိရာသို့ သွားရောက်ပြီး ဆံပင်များ ပေါ်လျက် အရှင်မြတ်ထံ တိုက်တည် ကျိန်းဝါးမည် ဖြစ်သည်။ ထိုအခါ အေမာမ်အလီ(အစ) သည် စလ်မားန်အား ဖွာသွေမဟ်(စအ) ထံစေလွှတ်ကာ ဤသို့မပြုလုပ်ရန် တားမြစ်ခဲ့သည်။ ဖွာသွေမဟ်(စအ) သခင်မသည် အေမာမ်အလီ(အစ) ၏ သတင်စကားကို ကြားသိရသည့်အခါ မိမိ၏ အိမ်သို့ ပြန်သွားခဲ့သည်။ (35)

အိမ်ကို မီးရှိရန် ခြိမ်းခြောက်ခြင်း

အဲဟ်လေစွန္နသ်၏ အချို့ကျမ်းကိုး စာအုပ်များ ဖြစ်ကြသော ဥပမာ အလ်အက္က်ဒွလ်ဖရီးဒ် (36) သာရီးခေသွီဘ်ရီ (37) အင်န်စာဖုလ်အိရှ်ရာဖ် (38) အလ်မုဆွန်နက်ဖ် (39) အလ်အိမာမဟ် ၀လ် စီယာစဟ်(40) စသည်တို့၌ လာရှိထားချက်အရ အွမ္မရ် ဗင်န် ခသွာဘ်သည် အဘူဘက္က်ရ်၏ အမိန့်ဖြင့် အလီ(အစ) နှင့် ၎င်း၏ နောက်လိုက်က်များကို ဘိုင်အသ် သစ္စာခံယူခိုင်းစေရန် ဖွာသွေမဟ်(စအ) သခင်မ၏ အိမ်သို့သွားခဲ့သည်။ ထိုနောက် ၎င်းအိမ်၌ ရှိကြသူများ၏ ငြင်းဆိုမှုကို တွေ့ရှိသောအခါ ထင်းများကို စုစောင်းရန် အမိန့်ပေးခဲ့ပြီး အိမ် နှင့် အိမ်ထဲ၌ ရှိနေသူများ အားလုံးကို မီးရှိမည် ဟူ၍ ခြိမ်းခြောက်ခဲ့သည်။ တတိယနှင့် စတုတ္ထရာစုများ၏ သမိုင်းပညာရှင် ဖြစ်သူ အိဗ်နေ အဘ်ဒရဗဟ် ၏ အဆိုအရ အဘုဘက္က်ရ် သည် အွမ္မရ် အား အကယ်၍ အိမ်ထဲ၌ ရှိနေသူများ အပြင်ထွက်ဖိုရန် ငြင်းဆန်လာပါက ၎င်းတို့ကို တိုက်ခိုက်ပါလေ ဟု ပြောခဲ့သည်။ အွမ္မရ် သည် လက်ဖြင့် မီးတုတ်အား ကိုင်ထားစဉ် အကယ်၍ အိမ်ထဲ၌ ရှိနေသူများ အပြင်သို့ မထွက်လာပါက အိမ်ကို မီးရှိမည်ဟု ခြိမ်းခြောက်ခဲ့သည်။ (41) အလ်အိမာမဟ် ၀လ်စီယာစဟ် စာအုပ်၏ ကောက်နုတ်ဖော်ပြချက်အရ အွမ္မရ်သည် ထိုသို့ ခြိမ်းခြောက်လာသည့်အခါ ၎င်းအား ဖွာသွေမဟ် အိမ်ထဲ၌ ရှိနေသည်ဟု ပြောကြသည့်အခါ အွမ္မရ် သည် " မည်မျှပင် သူမ အိမ်ထဲ၌ ရှိနေပါစေ" ဟု ‌ပြန်ဖြေခဲ့သည်။ (42) သမိုင်းကျမ်းကိုးများ၌ ဤကျူးကျော်မှုတွင် အွမ္မရ် နှင့်အတူ လိုက်ပါသွားသူ အချို့၏အမည်များကို ဖော်ပြထားသည်။ ဥပမာ အိုစိုင်းဒ် ဗင်န် ဟိုဒိုင်းရ် ၊ စလမဟ် ဗင်န် စလာမဟ် ဗင်န် ၀က္က်ရှ် ၊ စာဗီသ် ဗင်န် ကိန်းစ် ဗင်န် ရှမ်မာစ် ခက်ဇ်ရဂျီ (43) အဘ်ဒွရ်ရဟ်မားန် ဗင်န် အောင်ဖ် ၊ မိုဟမ္မဒ် ဗင်န် မက်စ်လမဟ် (44) ဇိုင်းဒ် ဗင်န် အက်စ်လမ် (45) တိုဖြစ်ကြသည်။စိုင်ယိဒ် ဂျအ်ဖဲရ် ရှဟီးဒီ ယုံကြည်လက်ခံထားသည်မှာ အဲဟ်‌ေလစွန္နသ်၏ ကျမ်းကိုးများ ဖြစ်ကြသော အင်န်စာဖုလ်အိရှ်ရာဖ် (46) နှင့် အလ်အက္က်ဒွလ်ဖရီးဒ် (47) တို့၌ ကောက်နုတ် ဖော်ပြထားသော ဖွာသွေမဟ်(စအ) ၏ အိမ်ကို မီးရှိမည် ဟူသော အွမ္မရ်၏ ခြိမ်းခြောက်မှုသည် ရှီအာများကို ထောက်ခံသူများ သို့မဟုတ် ၎င်းတို့ဘက်၌ ရှိကြသော နိုင်ငံရေးဗျူဟာသမားများ၏ လုပ်ကြံရယူထားသည့်ဇာတ်ကြောင်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပထမရာစုနှစ်များအတွင်း အာဏာမရှိသည့် အပြင် လူနည်းစုသာ ရှိနေသောကြောင့်ဖြစ်သည်။ ထိုအပြင် ဤကောက်နုတ်ဖော်ပြချသည် မဂ်ရီဘ်အိစ္စလာမီ ကျမ်းကိုးများ (ဟဒီးစ် နှင့် သမိုင်းပြုစုသူများ အဖွဲအစည်း ) ၌လည်း လာရှိထားခဲ့သည်။ ထိုအဖွဲ ၌ ရှီအာကောက်နုတ်ကိုးကားသူများ မပါရှိပေ။ ထိုကြောင့် ဤအဖြစ်အပျက်သည် ရှီအာများဘက်မှ လုပ်ကြံရယူထားသည့် ရေဝါယသ် ဟူ၍ ပြောလိုမရပေ။ (48) ရှဟီဒီ ယုံကြည်ထားသည်မှာ စကီဖဟ် ၌ ရှိနေကြသူများသည် များသောအားဖြင့် ဘာသာရေးထက် အုပ်ချုပ်မှုကို ပိုမိုအလေးထားကြပေသည်။ (49)

အိမ်တံခါးကို မီးရှိခြင်း ၊ ဖွာသွေမဟ်(စအ) သခင်မ ထိခိုက်ဒဏ်ရာ ရသွားခြင်း နှင့် သန္ဓေသား မိုဟ်စင်န် ပျက်ကျသွားခြင်း

ရှီအာရှေးဟောင်း ကျမ်းကိုးများ၌ ကောက်နုတ် ဖော်ပြထားသည်မှာ ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င်ရောက်သည့် အဖြစ်အပျက်၌ ၎င်းတို့သည် အိမ်တံခါးကို မီးရှိခဲ့ကြသည်။ ထိုနောက် ဖွာသွေမဟ်(စအ) သခင်မ ထိခိုက်ဒဏ်ရာ ရသွားပြီး သန္ဓေသား မိုဟ်စင်န် ပျက်ကျသွားခဲ့သည်။ စလီးမ် ဗင်န် ကိန်းစ် စာအုပ်၌ လာရှိထားသည်မှာ အွမ္မရ် ဗင်န် ခသွာဘ်သည် မိမိ၏ ခြိမ်းခြောက်မှုကို လက်တွေ့ကျကျ လုပ်ဆောင်ခဲ့သည်။ ထိုနောက် ဖွာသွေမဟ်(စအ) ၏ အိမ်တံခါးကို မီးရှိခဲ့ပြီး အိမ်ထဲသို့ ၀င်ရောက်ခဲ့သည်။ ထိုနောက် ဖွာသွေမဟ်(စအ)သခင်မ ၏ ခုခံမှုနှင့် ရင်ဆိုင်လာရသောအခါတွင် မိမိ၏ဓားအရိုးဖြင့် သူမ၏ နံရိုးကို ရိုက်ခဲ့သည်။ (50) ထိုအတူ လေးရာစု သုတေသီ ဖြစ်သူ အလီ ဗင်န် ဟိုစိုင်းန် မက်စ်အူဒီ ၏ အိစ်ဘာသွလ်၀စီယဟ် စာအုပ်၌ လာရှိထားသည်မှာ " ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င်ကြပြီး အိမ်တံခါးကို မီးရှိခဲ့ကြသည်။ ထိုနောက် အေမာမ်အလီ(အစ) အား အတင်းအဓမ္မ အပြင်သို့ခေါ်ဆောင်လာကြပြီး ဖွာသွေမဟ်(စအ) သခင်မကို တံခါးအနောက်၌ ထားပြီး တံခါးကို ဖိအားပေးတွန်းလိုက်ရာ သန္ဓေသား မိုဟ်စင်န် ပျက်ကျခဲ့ရသည်။" (51) ဒလာအိလုလ်အိမာမဟ် စာအုပ်၌ လာရှိထားသည်မှာ အွမ္မရ်သည် ကွန်ဖုဇ်အား ဖွာသွေမဟ်(စအ) ကို ရိုက်ရန် အမိန့်ပေးခဲ့သည်။ (52) အေမာမ်ဇမာန်(အဂျ) ခေတ္တခန ပျောက်ကွယ်သည့် အချိန်ကာလ၌ ဟဒီးစ် ကိုးကား ကောက်နုတ်သူ အယာရှီး ပြောထားသည်မှာ အွမ္မရ်သည် စွန်ပလွံခက်ဖြင့် ပြုလုပ်ထားသည့် အိမ်တံခါးကို ကန်ခဲ့ပြီး ရိုက်ချိုးကာ အိမ်ထဲသို့ ၀င်သွားပြီး အလီ(အစ) ကို ပခုံးမှကိုင်၍ ဆွဲထုတ်လာခဲ့သည်။ (52)

ဖြစ်ပွားခဲ့သည့်အချိန်

အစ္စလမ် သာသနာနှင့် ရှီအာသမိုင်းကို သုတေသီ ဖြစ်သူ မိုဟမ္မဒ် ဟာဒီ ယူစွဖ်ဖီ ဂရ်ဝီ သည် ဖွာသွေမဟ် (စအ) သခင်မ၏ အိမ်တော်အား အကြမ်းဖက် ကျူးကျော်၀င်ရောက် တိုက်ခိုက်သည့် အချိန်သည် စကီဖာ နှင့် အဘူဘက္က်ရ် အား ဘိုင်အသ်သစ္စာခံယူကြပြီးနောက် ချက်ခြင်း ဖြစ်ပွားခဲ့ခြင်း မဟုတ်ပဲ တမန်တော်မြတ်(ဆွ) ကွယ်လွန်ပြီးနောက် ရက်ပေါင်း (၅၀)ခန့် သို့မဟုတ် ထိုထက်ပိုများေသာ ရက်ပေါင်း၌ ဖြစ်ပွာခဲ့ ကြောင်းကို သက်သေဘအထောက်အထားများအား အခြေခံ၍ ယုံကြည်ထားသည်။ (53) ၎င်းထောက်ထားခဲ့သော သက်သေများ အနက်မှ တစ်ခုမှာ ဗိုရိုင်းဒဟ် ဗင်န် ဟိုဆိုင်းဘ် အက်စ်လမီ အမည်ရှိသူသည် အစာမဟ် တပ်သားများနှင့်အတူ မူသဟ် ဟုခေါ်သော နေရာသို့ သွားခဲ့သည်။ ထိုမှ မဒီနာသို့ အပြန် ၊ စကီဖဟ် နှင့်ပတ်သက်သည့် သတင်းကို ကြားသိပြီးနောက် မိမိအဖွဲထဲမှ အချို့သူများနှင့်အတူ အေမာမ်အလီ (အ.စ.) ကို ထောက်ခံပြီး အကယ်၍ အလီ(အစ) ကိုယ်တိုင် အသင့်အား ဘိုင်အသ် သစ္စာမခံယူမချင်း ကျွန်ုပ်တို့သည်လည်း ဘိုင်အသ် သစ္စာခံယူမည် မဟုတ်ဟု ပြောခဲ့ကြသည်။ ထိုအဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း ခလီဖာ နှင့် ၎င်း၏ အပေါင်းအပါများသည် အေမာမ်အလီ(စအ) ဘိုင်အသ် သစ္စာခံယူခိုင်းရန် အတွေးပေါ်လာကြသည်။ မိုဟမ္မဒ် ဟာဒီ ယူစွဖ်ဖီ ဂရ်ဝီ၏ အဆိုအရ စစ်တပ် ပြန်လည်ရောက်ရှိလာချိန် နှင့် အဖြစ်အပျက် မတိုက်ခင် နှင့် အဖြစ်အပျက် ပြီးသည့်နောက်ပိုင်း အချိန်များကို ထောက်ထားခြင်းအားဖြင့် တမန်တော်မြတ်(ဆွ) ဆုံးပါးပြီး နောက် ရက်(၅၀)ခန့်အကြာတွင် အဆိုပါ ကျူးကျော် ၀င်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ (54)

သတင်းအချက်အလက်များ

ဖွာသွေမဟ် (စအ) ၏ အိမ်တော်ကို အကြမ်းဖက် ကျူးကျော် ၀င်ရောက်တိုက်ခိုက်ခဲ့သည့် အတွက် ရရှိလာသည့်အကျိုးဆက်များကို ဖော်ပြထားသည်။

ဖွာသွေမဟ်(စအ) သခင်မ ဘက်မှ အဘူဘက္က်ရ် နှင့် အွမ္မရ် တိုအား မနှစ်မြိုခြင်း

စလီးမ် ဗင်န် ကိန်းစ် စာအုပ် ၊ အလ်အိမာမဟ် ၀လ်စီယာစဟ် စာအုပ် နှင့် ဒလာအီလုလ်အိမာမဟ် စာအုပ်၌ လာရှိထားသည်မှာ ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င်ရောက် တိုက်ခိုက်သည့် အဖြစ်အပျက် ပြီးနောက် အဘူဘက္က်ရ် နှင့် အွမ္မရ် တို့သည် ဖွာသွေမဟ်(စအ) သခင်မအား တောင်းပန်ပြီး သူမ ၏ ကျေနပ်မှုကို ရယူရန်အတွက် သူမအား တွေ့ဆုံရန် သွားရောက်ခဲ့ကြသည်။ သူမ သည် ၎င်းတို့အား လက်မခံခဲ့ပေ။ ထိုအခါ ၎င်းတို့ နှစ်ယောက်သည် အေမာမ်အလီ(အစ) ၏ အကူအညီဖြင့် ဖွာသွေမဟ်(စအ) အား တွေ့ဆုံခဲ့ကြသည်။ .ဤသို့ တွေ့ဆုံမှု၌ ဖာသွေမဟ် (စအ) သည် ၎င်းတို့နှစ်ဦးအား ကျောပေးပြီး တမန်တော်မြတ်၏နှုတ်ကပတ်တော် ဖြစ်သော “ဖွာေသွမဟ် သည် ကျွန်ုပ်၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းဖြစ်သည်၊ သူမကို နှိပ်စက်သောသူသည် ကျွန်ုပ်ကို နာကျင် အောင် ပြုလုပ်ခြင်းပင် ဖြစ်၏” ဟူသော ဟဒီးတော်ကို ပြန်လည် မိန့်ဆိုပြခဲ့သည်။ ထိုနောက် မိန့်တော်မူသည်မှာ အရှင်မြတ်အား သက်သေထားပါ၏ ၊ အသင်တို နှစ်ဦးသည် ကျွန်ုပ်အား နာကျင်စေခဲ့ပြီး အမြတ်ဒေါသ ထွက်စေခဲ့သည်။ (55)

သန္ဓေသား မိုဟ်စင်န် ပျက်ကျခြင်း နှင့် ဖွာသွေမဟ်(စအ) သခင်မ ရှဟီးဒ် ဖြစ်ခြင်း

ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င်ရောက် တိုက်ခိုက်သည့် အဖြစ်အပျက်၌ သန္ဓေသား မိုဟ်စင်န် ပျက်ကျခြင်း နှင့်ပတ်သက်ပြီး ကောက်နုတ်ဖော်ပြထားခဲ့သော ရှေးအကျဆုံး ကျမ်းကိုးမှာ ပထမဟီဂျရီ ကျမ်းကိုးများမှဖြစ်‌ေသာ စလီးမ် ဗင်န် ကိန်းစ် စာအုပ် ပင်ဖြစ်သည်။ ရှီအာ၏ အခြားကျမ်းကိုး အများစုသည် ဥပမာ အဟ်မဒ် ဗင်န် အလီ သွီဘ်ရိစီး၏ အလ်အိဟ်သေဂျာဂ်ျ စာအုပ် ၊ စိုင်ယိဒ် ဟာရှင်မ် ဘဟ်ရာနီ၏ ဂါယသုလ်အိမာမ် စာအုပ် နှင့် အလ္လာမဟ် မဂ်ျလေစီ၏ ဗေဟာရွလ်အန်ဝါရ် စာအုပ် ၌ ဤအဖြစ်အပျက်ကို ထိုရှေးအကျဆုံးသော ကျမ်းကိုးစာအုပ်မှ ‌ကောက်နုတ်ရယူဖော်ပြထားသည်။ (56)

အဘူဘက္က်ရ်၏ နောင်တ

အဲဟ်လေစွန္နသ်၏ အချို့ ကျမ်းကိုးများဖြစ်သော အိဗ်နေအစာကီရ် ပြုစုရေးသားထားသည့် သာရီးခေ မဒီနေယေ ဒမီရှ်က် (57) သွီဘ်ရာနီ ပြုစုရေးသားထားသည့် အလ်မိုအ်ဂျမုလ်ကဘီးရ်(58) ဇဟဘ္ဘီ ပြုစုရေးသားထားသည့် သာရီးခုလ်အိစ္စလာမ် စာအုပ်(59) တို့၌ လာရှိထားသည်မှာ အဘူဘက္က်ရ်သည် ၎င်း မဆုံးမီ နောက်ဆုံးအချိန်များ၌ ၎င်းပြုလုပ်ခဲ့သည့် အရာသုံးခုမှ နောင်တရကြောင်း ထုပ်ဖေါ်ပြောကြားခဲ့သည်။ ထိုအရာသုံးခု အနက်မှ တစ်ခုမှာ " အို၊ ဖွာသွေမဟ်(စအ) ၏ အိမ်ကို ၀င်ခွင်ရန် အမိန့်မ‌ပေခဲ့မိရင် ကောင်းသား" ဟူ၍ ဖြစ်သည်။

အဲဟ်လေစွန္နသ် တို့၏ အမြင်

ဖွာသွေမဟ်(စအ) သခင်မ၏ အိမ်တံခါးကို မီးရှိမည် ဟူသော အွမ္မရ် ဗင်န် ခသွာဘ်၏ ခြိမ်းခြောက်မှုသည် အဲဟ်လေစွန္နသ်တို့၏ ကျမ်းကိုးများဖြစ်ကြသော အန်စာဖုလ်အိရှ်ရာဖ် (60) ၊ သာရီးခေသွီဘ်ရီ (61) အလ်အက္က်ဒုလ်ဖရီးဒ် (62) အလ်မိုဆွန်နက်ဖ်(63) နှင့် အလ်အိမာမဟ် ၀လ် စီယာစဟ် (64) စာအုပ်များ၌ လာရှိထားသည်။ သို့သော် ၎င်းတို‌ကြောင့် အိမ်တံခါးကို မီးရှိခြင်း ၊ တံခါးကို တွန်းအားပေးမှုကြောင့် ဖွာသွေမဟ် (စအ) ဒဏ်ရာရခဲ့ခြင်း နှင့် သန္ဓေသား မိုဟ်စင်န် ပျက်ကျခြင်း တို့ကို ငြင်းပယ်ထားပြီး ဤသို့ ရေဝါယသ် ကောက်နုတ်သူများကို ရာဖေဇီ ဟူ၍ စွတ်စွဲသွားမုတ်ကြသည်။ မိုဟမ္မဒ် ဗင်န် အဘ်ဒုလ်ကရီးမ် ရှဟ်ရီစ်သာနီ ၊ အက်ရှ်အရီ ဘာသာရေးဂိုဏ်းဂဏ္ဌ သိကျွမ်းသူ (ဟီဂျရီ၅၄၈ကွယ်လွန်) သည် အာရာအေ အဘူဟဇီးလ် (မိုအ်သဇီလဟ် ဂိုဏ်းမှ ဟဇီလီယဟ် ဂိုဏ်းကို တည်ထောင်သူ) အား မိတ်ဆက်ပေးရာ၌ ပြောသည်မှာ" ၎င်းတို့သည် အွမ္မရ် သည် ဘိုင်အသ် သစ္စာခံယူသည့်နေ့၌ ဖွာသွေမဟ် အား နာကျင်အောင် ပြုလုပ်ခဲ့ပြီး သူမ၏ သန္ဓေသား မိုဟ်စင်န်ကို ပျက်ကျစေခဲ့သည် ဟု ယုံကြည်ထားကြသည်။ ရှဟ်ရီစ်သာနီသည် ဤကောက်နုတ်ဖော်ပြချက်ကို အလိမ်အညာ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (65) ခလီးလ် ဗင်န် အဘီးက် ဆွက်ဖ်ဒီ (ဟီဂျရီ ၇၄၆ ကွယ်လွန်) သည် အလ်ဝါဖီ ဘီလ်၀ဖီယားသ် စာအုပ်၌ မိုအ်သဇီလဟ်ဂိုဏ်း၏ အကြီးအကဲမှဖြစ်သည့် နဇ်ဇားမ် ဟု ကျော်ကြားသော အီဗ်ရာဟီးမ် ဗင်န် စယားရ် အား မိတ်ဆက်ပေးရာတွင် ၎င်းကို ရာဖီဇေဟ်မှ ဖြစ်သည်ဟု သတ်မှတ်ကာ ‌၎င်းပြောကြားထားသည့် အွမ္မရ်သည် ဖွာသွေမဟ်(စအ) အား နာကျင်အောင် ပြုလုပ်ခဲ့ပြီး သူမ၏ သန္ဓေသား မိုဟ်စင်န်ပင် ပျက်ကျခဲ့ရသည် ဟူသော အဆိုအား ကောက်နုတ်ဖော်ပြခဲ့သည်။ (66)

စာအုပ်များ

ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င်ရောက်သည့် အဖြစ်အပျက် နှင့်ပတ်သက်ပြီး စာအုပ်များ ရေးသားထားခဲ့သည်။ ဥပမာ မဲဟ်ဒီ အဘ်ဒွဇ်ဇဲဟ်ရာ ဖာရ်စီ စကားဖြင့် ရေးသားထားသည့် အလ်ဟိုဂျူးမု အလာ ဘိုင်းသု ဖွာသွေမဟ် အာလိုင်းဟိစ္စလာမ် စာအုပ်။ စာအုပ်၏ ရည်ရွယ်ချက်မှာ ၊ အကြမ်းဖက် ကျူးကျော် ၀စာအုပ်များ ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င်ရောက်သည့် အဖြစ်အပျက် နှင့်ပတ်သက်ပြီး စာအုပ်များ ရေးသားထားခဲ့သည်။ ဥပမာ မဲဟ်ဒီ အဘ်ဒွဇ်ဇဲဟ်ရာ ဖာရ်စီ စကားဖြင့် ရေးသားထားသည့် အလ်ဟိုဂျူးမု အလာ ဘိုင်းသု ဖွာသွေမဟ် အာလိုင်းဟိစ္စလာမ် စာအုပ်။ စာအုပ်၏ ရည်ရွယ်ချက်မှာ ၊ အကြမ်းဖက် ကျူးကျော် ၀င်ရောက် တိုက်ခိုက်မှု၏ အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ထင်ပေါ်ကျော်ကြပြီး ယုံကြည်စိတ်ချရသော ရှီအာနှင့် အဲဟ်လေစွန္နသ် တို့၏ ကျမ်းကိုးများမှ ဖော်ပြခဲ့သည်။ ဤစာအုပ်၏ ကောက်နုတ်ချက်မှာ " ဟီဂျရီ ပထမ ရာစု မှ ယခုခေတ် အထိဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င်ရောက်သည့် အဖြစ်အပျက် နှင့်ပတ်သက်ပြီး အထောက်အထား များကို လေ့လာစူးစမ်းကြည့်ရှုခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြထားပြီး ယင်းအား ဘာသာပြန်ဆိုထားကာ အမျိုးမျိုးသော ထုတ်ဝေသူများဘက်မှ ထုတ်ဝေခဲ့သည်။ (67) ဂျအ်ဖဲရ် သီဘ်ရီဇီး ဖာရ်စီ စကားဖြင့် ရေးသားပြုစုထားသည့် အဲဟ်လေစွန္နသ် ကျမ်းကိုးမှ ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င်ရောက်သည့် အဖြစ်အပျက်အမှန် စာအုပ်။ စာအုပ်ပြုစုသူ၏ အဆိုအရ ၊ ဤစာအုပ်သည် တမန်တော်မြတ်(ဆွ) ကွယ်လွန်ပြီးနောက် ဟဇရသ် ဖွာ‌ေသွမဟ် (စအ) သခင်မ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့် ဖိနှိပ်မှုအားလုံးကို ဖော်ပြပေးထားသည်။ ဤစာအုပ်သည် ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င်ရောက်သည့် အဖြစ်အပျက်ကို အဲဟ်လေစွန္နသ်၏ ကျမ်းကိုးများမှ ကောက်နုတ်ရယူထားပြီး ၎င်းနှင့်သက်ဆိုင်သည့် စောဓကများကို ဖြေဆိုပေးထားသည်။ (68) ဤစာအုပ်သည် " အလ်ဟိုဂျူးမု အလာ ဘိုင်းသုလ် စိုင်ယိဒဟ် ဖွာသွေမဟ် ဇဲဟ်ရာ(စအ) မိနက်လ် အိအ်သေဒါအ် အလက်လ် အိအ်သေရားဖ် (ဘိလ်စာန် မိုဆွာဒီရ် အဲဟ်လွလ်စွန္နဟ် ၀လ် ဂျာ အဟ်) " ဟူသော ခေါင်းစဉ်ဖြင့် အာရဗီ စကားဖြင့် ဘာသာပြန်ဆိုထားသည်။ (69)င်ရောက် တိုက်ခိုက်မှု၏ အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ထင်ပေါ်ကျော်ကြပြီး ယုံကြည်စိတ်ချရသော ရှီအာနှင့် အဲဟ်လေစွန္နသ် တို့၏ ကျမ်းကိုးများမှ ဖော်ပြခဲ့သည်။ ဤစာအုပ်၏ ကောက်နုတ်ချက်မှာ " ဟီဂျရီ ပထမ ရာစု မှ ယခုခေတ် အထိဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င်ရောက်သည့် အဖြစ်အပျက် နှင့်ပတ်သက်ပြီး အထောက်အထား များကို လေ့လာစူးစမ်းကြည့်ရှုခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြထားပြီး ယင်းအား ဘာသာပြန်ဆိုထားကာ အမျိုးမျိုးသော ထုတ်ဝေသူများဘက်မှ ထုတ်ဝေခဲ့သည်။ (67) ဂျအ်ဖဲရ် သီဘ်ရီဇီး ဖာရ်စီ စကားဖြင့် ရေးသားပြုစုထားသည့် အဲဟ်လေစွန္နသ် ကျမ်းကိုးမှ ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င်ရောက်သည့် အဖြစ်အပျက်အမှန် စာအုပ်။ စာအုပ်ပြုစုသူ၏ အဆိုအရ ၊ ဤစာအုပ်သည် တမန်တော်မြတ်(ဆွ) ကွယ်လွန်ပြီးနောက် ဟဇရသ် ဖွာ‌ေသွမဟ် (စအ) သခင်မ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့် ဖိနှိပ်မှုအားလုံးကို ဖော်ပြပေးထားသည်။ ဤစာအုပ်သည် ဖွာသွေမဟ်(စအ) ၏ အိမ်ကို အကြမ်းဖက် ကျူးကျော်၀င်ရောက်သည့် အဖြစ်အပျက်ကို အဲဟ်လေစွန္နသ်၏ ကျမ်းကိုးများမှ ကောက်နုတ်ရယူထားပြီး ၎င်းနှင့်သက်ဆိုင်သည့် စောဓကများကို ဖြေဆိုပေးထားသည်။ (68) ဤစာအုပ်သည် " အလ်ဟိုဂျူးမု အလာ ဘိုင်းသုလ် စိုင်ယိဒဟ် ဖွာသွေမဟ် ဇဲဟ်ရာ(စအ) မိနက်လ် အိအ်သေဒါအ် အလက်လ် အိအ်သေရားဖ် (ဘိလ်စာန် မိုဆွာဒီရ် အဲဟ်လွလ်စွန္နဟ် ၀လ် ဂျာ အဟ်) " ဟူသော ခေါင်းစဉ်ဖြင့် အာရဗီ စကားဖြင့် ဘာသာပြန်ဆိုထားသည်။ (69)