စဂျာဒ်(ဂုဏ်ပုဒ်)

wikishia မှ
قطعه خوشنویسی یا سجاد

စဂျာဒ် ဆိုသည်မှာ စဂ်ျဒါ များစွာပြုလုပ်သူ ဟူ၍ဖြစ်သည်။[၁] ယင်းသည် အေမာမ် ဇိုင်နွလ်အာဘေဒီးန်(အစ)၏ အကျော်ကြားဆုံးသော ဂုဏ်ပုဒ်များ အနက်မှ တစ်ခု ဖြစ်သည်။[၂] ရှီအာများ၏ စတုတ္ထမြောက် အေမာမ်အား များစွာ အေဘာဒသ် ပြုလုပ်မှု ၊ အရှင်မြတ် အပေါ် အလွန်ချစ်မြတ်နိုးမှု၊ များစွာသော စဂ်ျဒါပြုလုပ်မှု တိုကြောင့် စဂျာဒ် ဟုခေါ်တွင်ကြသည်။ [၃] အိလက်လ္လုပ်ရှရာယေအ် ၌ လာရှိထားသည့် ‌‌‌‌အေမာမ်ဘာကရ်(အစ) ၏ ရေဝါယသ်တစ်ခုအရ ‌အေမာမ်စဂျာဒ်(အစ) သည် ‌ဤအချိန်အခါများ၌ စဂ်ျဒါပြုလုပ်ပေသည် ၎င်းတိုမှာ အရှင်မြတ်၏ နေအ်မသ် ကောင်းချီးများကို အောင့်မေ့သတိရသည့်အခါ ၊ စဂ်ျဒါ ပါရှိသည့် အာယသ်တော်များကို ဖတ်ရွတ်သည့်အခါ ၊ အရှင်မြတ်သည် ၎င်းထံမှ မကောင်းမှုများကို ပယ်ဖျက်လိုက်သည့်အခါ ၊ အရှင်မြတ်သည် ၎င်းထံမှ မကောင်းအကြံသမားတစ်ယောက်ကို ဖယ်ရှားလိုက်သည့်အခါ ၊ နမာဇ်ဖတ်ပြီးနောက် နှင့် လူနှစ်ဦးအကြား သင့်မြတ်မှုကို အောင်မြင်စွာ ဆောင်ရွတ်ပေူပြီးသည့်အခါ တို၌ ဖြစ်သည်။ အေမာမ်စဂျာဒ်(အစ) ၏ စဂ်ျပြုလုပ်သော ကိုယ်ခန္ဓာ အစိတ်အပိုင်းများအားလုံး၌ စဂ်ျဒါအရာ ၊ အသားဖိုများ ရှိပေသည်။ ထိုကြောင့် ၎င်းအား စဂျာဒ် ( များစွာစဂ်ျဒါပြုလုပ်သူ) ဟု ခေါ်တွင်ကြသည်။[၄] ဟီဂျရီ လေးရာစု၏ ရှီအာ ကဗျာဆရာ ဖြစ်သူ အိဗ်နေ ဟမာဒ်သည် အေမာမ်စဂျာဒ်(အစ) ၏ အေဘာဒသ် ပြုလုပ်မှု နှင့် စဂ်ျဒါပြုလုပ်မှုကို ဤသို ကဗျာရွတ်ဆိုထားသည်မှာ

و راهب أهل البیت کان و لم یزل *** یلقّب بالسجاد حسن تعبد
یقضی بطول الصوم طول نهاره *** منیباً و یفنی لیله بتهجّد
فأین به من علمه و وفائه *** و أین به من نسکه و تعبّد

ဘာသာပြန် ။ ။ ၎င်းသည် သီလသမာဓိ ရှိသော အဲဟ်လေဘိုင်းသ်(အစ) မှဖြစ်ပြီး ၎င်း၏ ကောင်းမွန်သော ဝတ်ပြုကိုးကွယ်မှုကြောင့် စဂျာဒ် ဟုခေါ်တွင်သည်။ ၎င်းသည် အရှင်မြတ်ထံမှ ခွင့်လွှတ်မှုကို တောင်းခံပြီး နေ့အချိန်များတွင် ရိုဇာဥပုဒ်ဆောက်တည်ကာ ညအချိန်တွင် စဂျ်ဒါ ၌ ရှိခဲ့သည်။ အသိပညာနှင့် သစ္စာစောင့်သိခြင်း၌ မည်သူသည် ၎င်းနှင့်တူသနည်း ? ။ ကဲ့သို ဝတ်ပြုဆုတောင်းခြင်းတွင် အဘယ်မှာ ရှိနိုင်သနည်း ? ။[၅]

မှတ်စုများ

  1. Rūzbahān, Wsīlat al-khādim, p. 182.
  2. Qarashī, Ḥayāt al-Imām, vol. 1, p. 40.
  3. Qarashī, Ḥayāt al-Imām, vol. 1, p. 38-40.
  4. Ṣadūq,ʿIlal al-sharāʾiʿ, vol. 1, p. 233.
  5. Ibn Shahrāshūb, Manāqib, vol. 4, p. 152.

ကျမ်းကိုးမျာ

  • Al-Jazāʾirī, Niʿmat Allāh b. ʿAbd Allāh. Riyāḍ al-abrār. Beirut: Muʾassisah-yi al-Tārīkh al-ʿArabī, 1427 AH.
  • Ibn Shahrāshūb, Muḥammad b. ʿAlī. Manāqib Āl Abī Ṭālib. Edited by Ḥāshim Rasūlī. Qom: Nashr-i ʿAllāma, 1379 Sh.
  • Qarashī, Bāqir Sharīf al-. Ḥayāt al-Imām al-Zayn al-ʿĀbidīn. Beirut: Dār al-Aḍwāʾ, 1409 AH.
  • Rūzbahān, Faḍl Allāh. Wsīlat al-khādim ilā al-makhdūm: dar sharḥ ṣalawāt chāhārdah maʿṣūm. Edited by Rasūl Jaʿfarīyān. Qom, 1375 Sh.
  • Ṣadūq, Muḥammad b. ʿAlī al-. ʿIlal al-sharāʾiʿ. Edited by Sayyid Muḥammad Ṣādiq Baḥr al-ʿUlūm. Najaf: Manshurāt al-Maktaba al-Ḥaydariyya, 1385 AH/1966.