ဂိုဏ်းတရား၏ အရေးကြီးလိုအပ်ချက်

wikishia မှ

ဂိုဏ်း(မဇ်ဟဗ်)တရား၏ အရေးကြီးလိုအပ်ချက် ဆိုသည်မှာ အဲဟ်ကာမ် (ရှရီအီ ဥပဒေသများ နှင့် အကာ ယေက် (ယုံကြည်ချက်များ) ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ဂိုဏ်း(မဇ်ဟဗ်) တစ်ခု ၏ နောက်လိုက်များ သည် ထိုဂိုဏ်း (မဇ်ဟဗ်) နှင့် ဘာသာသာသနာ ၏ အစိတ်အပိုင်း အဖြစ်သိရှိကြပါသည်။ သာသနာ့ ပညာရှင် အများစု ၏ အမြင်တွင် တစ်ဦးတစ်ယောက်သည် ဂိုဏ်း (မဇ်ဟဗ်) တရား ၏ အရေးကြီး လိုအပ်ချက်များကို ငြင်းဆို လက်မခံခြင်းသည် ၎င်း ဂိုဏ်း(မဇ်ဟဗ်) တရား မှ ထွက်သွားခြင်းဖြစ်ပါသည်။ သို့သော် ဘာသာ သာသနာ မှ ထွက်သွား ခြင်း မဟုတ် ချေ။ အေမာမ်မီယဟ် ဂိုဏ်း(မဇ်ဟဗ်) တရား ၏ အရေးအကြီး တကာ အကြီးဆုံး လိုအပ်ချက်မှာ အေမာမ် ဆယ့်နှစ်ပါးအေမာမ်မသ် အား အလ္လာဟ်ဟို အရှင်မြတ် ဘက် မှဟု ယုံကြည် သက်ဝင် ခြင်း ဖြစ်ပါသည်။

ပညာရပ်ဆိုင်ရာ အသုံးအနှုန်း ကို နားလည်ခြင်း

အရေးကြီးလိုအပ်ချက် ဆိုသည်အဓိပ္ပာယ်မှာ ရှင်းလင်းထင်ရှားပြီး အရေးကြီးလိုအပ်ချက်ဖြစ်ပြီး ရှရီအီ ဓမ္မသတ် ဆိုင်ရာ ပညာရပ် အသုံးအနှုန်း သုံးမျိုး ဖြစ်သည့် “ ဘာသာသာသနာ တရား၏ အရေးကြီး လိုအပ်ချက်“ “ ဂိုဏ်း(မဇ်ဟဗ်) တရား၏ အရေးကြီးလိုအပ်ချက်“ နှင့် “ ဖေက်ဟ် (ရှရီအီ ဓမ္မသတ်) ၏ အရေး ကြီးလို အပ်ချက်“ သုံးထား ပါသည်။ (1)

ဘာသာသာသနာ တရား၏ အရေးကြီးလိုအပ်ချက်

မူရင်းဆောင်းပါး - ဘာသာသာသနာ တရား၏ အရေးကြီးလိုအပ်ချက် ဘာသာသာသနာ(ဒီးန်) တရား၏ အရေးကြီးလိုအပ်ချက် ၊ အဲဟ်ကာမ် (ရှရီအီ ဥပဒေသများ) ၊ အကာယေက် (ယုံကြည်ချက်များ) ဖြစ်ပါသည်။ အစ္စလာမ် အုပ်စုများစု နှင့် ဂိုဏ်း(မဇ်ဟဗ်) ခွဲများသည် ပမာအားဖြင့် ရုပ်ပိုင်းဆိုင်ရာ‌ ကေယမသ် နှင့် နမာဇ်ဖတ်ရန် ဝါဂျစ်ဘ် ဖြစ်ကြောင်းကို ထင်ရှားဖြတ်သားသည့် ဘာသာသာသနာ တရား၏ အရေးကြီးလိုအပ်ချက် ၏ အစိတ်အပိုင်း အဖြစ်ခံယူထားကြပါသည်။ ဘာသာ သာသနာ တရား၏ အရေးကြီးလိုအပ်ချက် ကို ငြင်းပယ်ခြင်းသည် အမှန်တကယ် အလ္လာဟ်ဟို အရှင်မြတ် အား သို့မဟုတ် တမန်တော်မြတ် (ဆွ) ကို လိမ်ညာသူဟု ဆိုခြင်း ဖြစ်သွားပေမည်။ ပြီးနောက် အိရ်သေဒါးဒ် (ဇာတ်ပျက်ခြင်း၊အစ္စလာမ်ဘာသာကိုကျောခိုင်းခြင်း) ဖြစ်စေသည့် အကြောင်း အရာများ မှ တစ်ခု ကို ကျူး လွန်ခြင်း ဖြစ်ပေမည်။

ဂိုဏ်းတရား၏ အရေးကြီးလိုအပ်ချက်

ဂိုဏ်း(မဇ်ဟဗ်) တရား၏ အရေးကြီးလိုအပ်ချက် ဂိုဏ်းတရား၏ အရေးကြီးလိုအပ်ချက် ဆိုသည်မှာ အဲဟ်ကာမ် (ရှရီအီ ဥပဒေသများ နှင့် အကာယေက် (ယုံကြည်ချက်များ) ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ဂိုဏ်း*မဇ်ဟဗ်) တစ်ခု ၏ နောက်လိုက်များ သည် ထို ဂိုဏ်း နှင့် ဘာသာသာသနာ ၏ အစိတ်အပိုင်း အဖြစ်သိရှိရပါသည်။ ဂိုဏ်း ကဏ္ဍ တိုင်း၏ နောက်လိုက်များသည် မိမိတို့၏ ဂိုဏ်းကိုစစ်မှန်သည့် သာသနာ အဖြစ် လက်ခံထားကြပါသည်။ ဖေက်ဟ် ပညာ ရှင်များ အနေဖြင့် လည်း ပမာအားဖြင့် ဂျဝါဟေရ် ကျမ်းရှင် သည် ဂိုဏ်းတရား၏ အရေးကြီး လိုအပ်ချက် သည် ဘာသာသာသနာ တရား၏ အရေးကြီးလိုအပ်ချက် ကဲ့သို့ လူသားများ အတွက်လည်း အရေးကြီး လိုအပ်ကြောင်းဆိုထားပါသည်။ (2)

ဖေက်ဟ် (ရှရီအီ ဓမ္မသတ်) ၏ အရေးကြီးလိုအပ်ချက်

ဖေက်ဟ် (ရှရီအီ ဓမ္မသတ်) ၏ အရေးကြီးလိုအပ်ချက် အား နည်းလမ်း နှစ်မျိုး ဖြင့် ရှင်းလင်းတင်ပြထား ပါသည်။ (3) (၁)ရှရီအီဓမ္မသတ်ပညာရှင်များ အားလုံး အနေဖြင့် အေဂျ်မာအ် (ရှရီအီဓမ္မသတ်ပညာရှင်များ အများစု၏ သဘော တူခြင်း) ပြုထားသည့်အရာများ ဖြစ်ပါသည်။ ပြီးနောက် ရှရီအီဓမ္မသတ်ပညာရှင်များ သဘောတူ လက်ခံ ထား ပါသည်။ (၂) ဖေက်ဟ် နှင့် အူဆူလေဖေက်ဟ် အခြေခံအုတ်မြစ် ဖြစ်သည့် အရာများဖြစ်ပါသည်။ ၎င်းတို့ မပါဘဲ ဖွဲ့စည်း၍ မရချေ။

နမူနာများ

အေမာမ်မီယဟ် ဂိုဏ်း(မဇ်ဟဗ်) တရား၏ အရေးကြီးလိုအပ်ချက် ၏ အရေးအကြီးဆုံး အချက်မှာ အေမာမ်မသ် အပေါ် သက်ဝင်ယုံကြည် မှု နှင့် အေမာမ် များကို မအ်စူးမ် (ပြစ်မဲ့ ) များ ဟု သက်ဝင် ယုံကြည် ခြင်း ဖြစ်ပါသည်။ (4) ရှီအဟ် ဂိုဏ်း တရား ၏ အခြား အရေးကြီး မရှိမဖြစ် လိုအပ်ချက်များ မှ “ဟိုင်ယာ အလာ ခိုင်းရေလ်အမလ်” အား အဇါန်၏ အစိတ်အပိုင်းအဖြစ်သက်ဝင်ယုံကြည်ခြင်း နှင့် မိုသအ်ဟ် အား ဟလာလ် ဖြစ်ကြောင်း သက်ဝင် ယုံကြည် ခြင်းတို့ ဖြစ်ကြောင်း ဖော်ပြ နိုင်ပါသည်။ (5)

ဂိုဏ်းတရား၏ အရေးကြီးလိုအပ်ချက် ငြင်းဆိုခြင်း အတွက် ရှရီအီအမိန့်

ရှရီအီဓမ္မသတ်ပညာရှင်အများစု အနေဖြင့် ဂိုဏ်း(မဇ်ဟဗ်)တရား၏ အရေးကြီးလိုအပ်ချက် များ မှ တစ်ခုကို ငြင်းဆို သူသည် ရှီအဟ် မဇ်ဟဗ်(ဂိုဏ်း) မှ ထွက်သွားစေကြောင်း သက်ဝင် ယုံကြည်ထားကြပါသည်။ (6) အခြားတစ်ဖက်တွင် ဟဒါအေက် ကျမ်းရှင် ကဲ့သို့ ရှရီအီဓမ္မသတ်ပညာရှင် သည် ဂိုဏ်းတရား၏ အရေးကြီးလိုအပ်ချက် ကို ငြင်းဆိုသူ အား ဇတ်ပျက်သူ (အစ္စလာမ်ဘာသာအားကျောခိုင်းသွားသူ ) ဖြစ် သည်ဟု လက်ခံဆိုထားပါသည်။ (7) ထိုနည်းတူစွာ ဂျဝါဟေရ် ကျမ်းရှင် သည် ဂိုဏ်းတရား၏ အရေးကြီး လိုအပ်ချက် ကို ငြင်းဆိုသူ အား ဘာသာသာသနာ တရား၏ အရေးကြီးလိုအပ်ချက်ကဲ့သို့ ဖြစ်ပြီး ဇတ်ပျက်သူ ဟု လက်ခံဆိုထားပါသည်။ (8) အချို့ ( ပမာအား ဖြင့် ဆယက်ဒ် အဗ်ဒိုလ်အအ်လာ စဗ်ဇဝါရီ ) ဂိုဏ်းတရား၏ အရေးကြီး လိုအပ်ချက် ကို ငြင်းဆိုခြင်း သည် ရေစာလာသ် နှင့် သောင်ဟီးဒ် ကို ငြင်းဆိုခြင်းသာလျှင် ဇတ်ပျက်ကြောင်း လက်ခံ ယုံကြည်ထားပါသည်။ (9) (10)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ