ခါဆေဖိုန်နအ်လ် (ဘွဲ့တော် )
- ဤဆောင်းပါးသည် ခါဆေဖိုန်နအ်လ် (ဘွဲ့တော် ) အကြောင်းဖြစ်ပါသည်။ ဤခေါင်းစဉ်နှင့်ပတ်သက်သည့် ဟဒီးစ် တော်အကြောင်း လေ့လာရန် ဟဒီးစ် ခါဆေဖိုန်နအ်လ် တွင် ဝင်ခွင့်ကို ကြည့်နိုင်ပါသည်။

ခါဆေဖိုန်နအ်လ် (ဘွဲ့တော် ) ( အရဘီ : ا خاصِفُ النَّعْل ) ဆိုသည်မှာ ( ဖိနပ်ချုပ်သူ ဟု အဓိပ္ပါယ်ရသော ) သည် ရှီအဟ် များ၏ ပထမဆုံးသော အေမာမ် အလီ (အ.စ) ၏ ဘွဲ့တော်များထဲ မှ တစ်ခုဖြစ်ပါသည်။ [۱] ဤဘွဲ့တော် သည် ခါဆေဖိုန်နအ်လ် ၏ ဟဒီးစ် မှဆင်းသက်လာခြင်း ဖြစ်ပါသည်။ အစ္စလာမ့် တမန်တော်မြတ် (ဆွ) သည် ဤဘွဲ့တော် ဖြင့် အေမာမ် အလီ (အ.စ) အား ရည်ညွှန်းကိုးကားခဲ့ပါသည်။အကြောင်း မှာ ထိုအချိန်တွင် အေမာမ် အလီ (အ.စ.) သည် တမန်တော် မြတ် (ဆွ) ၏ ဖိနပ် ချုပ်ပေးသည့်အတွက်ကြောင့် ဖြစ်ပါသည်။
ခဆ်ဖ် ဆိုသည်မှာ အရာဝတ္ထုများကို စုစည်း၍ ပေါင်းစည်းခြင်း [۳] ဖြစ်ပြီး ဖိနပ်အပိုင်းအစများကို စုဆောင်း ပြီး ပြန်လည် ၍ ပထမအတိုင်း ဖြစ်လာအောင် ချုပ်ပေးသူ ကို ခါဆေဖိုန်နအ်လ် ( ဖိနပ်ချုပ်သူ ) ဟုခေါ် ဆိုပါသည်။ [۴] အေမာမ် အလီ (အ.စ) မှ တမန်တော်မြတ် (ဆွ) ဖိနပ်တော် အား ချုပ်ပေးခြင်းသည် မောင်လာအလီ (အ.စ) ၏ ကျိုးနွံ နှိမ့်ချမှု ကိုပြသည့် လက္ခဏာ ဖြစ်ပြီး [۵] မောင်လာအလီ (အ.စ) ရိုးရှင်းသည် ဘဝ တည်ဆောက်မှု ကို ပြနေခြင်း ဖြစ်ပါသည်။ [۶]
တမန်တော်မြတ် (ဆွ) သည် ခါဆေဖိုန်နအ်လ် ဟူသော ဘွဲ့တော် ဖြင့် အေမာမ် အလီ (အ.စ) အား ရည်ညွှန်း တော်မူထားသည့် ဟဒီးစ်တော် တစ်ခုစီတိုင်းသည် မောင်လာအလီ (အ.စ) ၏ ကြီးကျယ်မြတ် မှု တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဖော်ပြထားသည်။ ပမာအားဖြင့် အေမာမ် အလီ (အ.စ) ၏ အေမာမ်မသ် နှင့် ခေလာဖသ် အကြောင်း မွတ်ရှ်ရေက်များ နှင့် ဇွာလင်မ်များ အား ဆန့်ကျင်တိုက်ခိုက်ခြင်း ပါဝင်ပါသည်။ [۷] ဤ ရီဝါယသ်တော် များ သည် ရှီအဟ် ၏ အစောပိုင်း ဟဒီးစ် ကျမ်းများဖြစ်သည့် ပမာအား ဖြင့် ကိုသွဗ် ဘေအရ်ဗအ် [۸] ထိုပြင် စွန်နီ ၏ ဆေဟာဟ် (ကျမ်းကြီးခြောက်ကျမ်း ) [۹] မစာနီးဒ် [۱۰] နှင့် စိုနန် ကျမ်း တို့ တွင် လာရှိပါသည်။ ရှီအဟ် နှင့် စွန်နီ ဟဒီးစ်ပါရဂူများ မှ ထိုဟဒီးစ်တော် များ ထဲမှ အချို့ကို စစ်မှန်၍ ယုံကြည်စိတ်ချရသည်ဟု ဆိုထားကြပါသည်။[۱۲] ရှရဖိုဒ်ဒီးန် နှင့် ကာရှစ်ဖ်ဖိုလ်ဂေသွာ ကဲ့သို့သော ရှီအဟ် ပညာရှင် အချို့က အဆိုပါ ဟဒီးစ်တော် များသည် မိုသဝါသေရ် ဟဒီးစ်တော် များ ဖြစ်သည်ဟု ဆိုထားပါ သည်။ [۱۳]
ရှီအဟ် နှင့် စွန်နီ ဟဒီးစ် ရင်းမြစ်များတွင် ဖော်ပြထားသော ရီဝါယသ်တော် များအနက်မှ တမန်တော်မြတ် (ဆွ) သည် ခါဆေဖိုန်နအ်လ် ဟူသော ဘွဲ့တော် ဖြင့် အေမာမ် အလီ (အ.စ) အား ရည်ညွှန်းထားတော် မူသည် မှာ အောက် ပါအတိုင်းဖြစ်ပါသည်။ တမန်တော်မြတ်(ဆွ) က မိမိ ၏ သာဝကတော် များ အား ဤ သို့မိန့်ကြား တော်မူခဲ့ပါသည်။ «إِنَّ مِنْکمْ مَنْ یقَاتِلُ عَلَی تَأْوِیلِ هَذَا الْقُرْآنِ کمَا قَاتَلْتُ عَلَی تَنْزِیله » အဓိပ္ပာယ် - ဧကန်စင်စစ် ငါမရှိတော်သည့်နောက်ပိုင်း တွင် ကျမ်းတော်မြတ် ကုရ်အာန် ၏ အနက် အဓိပ္ပာယ် ဖွင့်ဆို ချက်အတွက်ငါ တိုက်ပွဲ ဝင်ခဲ့ သလို တိုက်ပွဲ ဝင်မည့် သူတစ်ဦးတစ်ယောက် ရှိပါသည်။ ရှိနေသည့် သာဝကတော်များ မှ အချို့ က ထိုသူသည် ဤ ပုဂ္ဂိုလ် များ မှ ဖြစ်ပါသနည်း ? ဟု လျှောက်ထားမေးမြန်းကြလေ၏။ တမန်တော်မြတ် (ဆွ) မှ မဟုတ်ကြောင်း အဖြေပေးတော်မူပြီး ဖိနပ်ချုပ်နေသည့် သူ တစ်ဦး ဘက်သို့ ညွှန်း၍ ဤသူဖြစ် ကြောင်း မိန့်တော် မူလေ၏။ ထိုအချိန် တွင် အေမာမ် အလီ (အ.စ.) သည် တမန်တော် မြတ် (ဆွ) ၏ ဖိနပ် ကို ချုပ်ပေး သည့် အချိန် ဖြစ်ပါသည်။ [۱۴]
အောက်ခြေ မှတ်စုများ