အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ်

wikishia မှ

အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် သို့မဟုတ် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝက်ဒ် (ဟီဂျရီ ငါးရာစု၌ အသတ်ခံရသူ)) ဆိုသူသည် ခန်ဒက် စစ်ပွဲတွင် အေမာမ်အလီ(အစ) ၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရသော အကောင်းဆုံး ကိုရိုင်းရှ် စစ်သည်များထဲမှ တစ်ဦးဖြစ်သည်။ အချို့ရေဝါယသ်များအရ၊ တမန်တော်မြတ်(ဆွ) သည် ဤစစ်ပွဲ၌ အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် ကို တိုက်ခိုက်ခဲ့သည့် အေမာမ်အလီ (အစ)) ၏ တိုက်ခိုက်ချက်အား ဂျင်န်များ နှင့် လူသားများအားလုံး ကိုးကွယ်မှုထက် သာလွန်သည်ဟု လက်ခံယူဆထားသည်။ အိဗ်နေသိမ်မီယဟ် ၊ အဟ်လေစွန္နသ် ပညာရှင် ၊ စလဖီဂိုဏ်း အယူဝါဒကို တည်ထောင်သူ သည် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် ၏ တည်ရှိမှုကို ငြင်းပယ်ထားသည်။ အချို့သုတေသီများသည်၊ အိဗ်နေသိမ်မီယဟ် ၏ ရည်ရွယ်ချက်ကို အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုကို ငြင်းပယ်ရန် ဖြစ်သည်ဟူ၍ ယူဆထားကြသည်။

အိဗ်နေရှဟ်ရ်အာရှုဘ် ရေးသားထားသည့် အနာကီဘုလ်အာလေ အဘီသွာလီဗ် စာအုပ်၌ လာရှိထားသည့် ရေဝါယသ်အရ၊ အေမာမ်အလီ (အစ)) နှင့် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် တို့ တိုက်ခိုက်နေစဉ်အတွင်း ၊ အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ်သည် အေမာမ်အလီ (အစ ၏ မျက်နှာကို တံတွေးထွေးပြီးနောက်၊ အေမာမ်အလီ (အစ သည် မျနိ့ဒေါသကို ဖြေဖျောက်ရန် ခဏတာ ရပ်နားလိုက်ပြီးနောက် အွမ်ရိုဗင်န် အဗ္ဗ်ဒိဝူဒ် ကို သတ်ပစ်လိုက်သည်။

ခန်ဒက် စစ်ပွဲ၌ အသတ်ခံရခြင်း

အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် မွေးဖွားမှုနှင့် ပတ်သက်ပြီး ၊ ၎င်းသည် ကိုရိုင်းရှ် မျိုးနွယ် ရှိ သီရေသ် ဗနီအာမီရ် ဗင်န် လူအ်ယ် မှ ဖြစ်သည်လွဲ၍ သမိုင်းနှင့် ရေဝါယသ် ကျမ်းကိုးများတွင် ၎င်း၏ ဘဝအကြောင်း အချက်အလက်မျ မရှိပေ။ (1) ၎င်းသည် ရှီအဟ် နှင့် စွန္နီ ကျမ်းကိုးများ၌ လာရှိထားသည့်အတိုင်း၊ ခန်ဒက် (အဟ်ဇာဘ်)) စစ်ပွဲ၌ဟီဂျရီ ငါးရာစုတွင် ၊အက်ရမဟ် ဗင်န် အဘီဂျဟ်လ်၊ ဟဘီရဟ် ဗင်န် အဘီဝဟက်ဘ်၊ နိုဝိုင်ဖိလ် ဗင်န် အ‌ဗ္ဗ်ဒုလ္လာဟ် ဗင်တ် မိုဂိုင်းရဟ် နှင့် ဇွေရာရ် ဗင်န် ခသွာဘ် တို့နှင့်အတူ မွတ်စ်လင်မ်များ ခတ်ခတ်ခဲခဲ တူးထားသော ကတုတ်ကျင်း (ခန်ဒက်)) ကို ဖြတ်ကျော်ခဲ့ကြသည်။ (2) ကိုရိာင်းရှ်၏ တတိယစစ်သည်တော် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် (3) ၏ ခွန်အားသည် စစ်သည်တစ်ထောင်နှင့် ညီမျှသည် (4) ဟု ယူဆထားရာ ၎င်းသည် တိုက်ခိုက်ရေးသမားကို လိုချင်ပြီး မွတ်စ်လင်မ်များကို အရှက်ရစေသည့် စကားများ ပြောခဲ့သည်မှာ : အသင့်တို့ အနက်မှ တိုက်ခိုက်မည့်သူကို တောင်းနေရတာ ငါ့အသံတောင် ဝင်နေပြီး တော်ပီ မတောင့်တော့ဘူး (ဆိုလိုသည်မှာ အသင်တို့သည် သတ္တိမရှိသူများ) ၊ ငကြောက်များ ဖြစ်သည်)) (5) ကျမ်းကိုးများ၏ အ‌ေထာက်အထားအရ၊ အလီ ဗင်န် အဘီသွာလီဘ် သည် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် ၏ စိန်ခေါ်မှု ပြီးတိုင်း ၎င်းနှင့် တိုက်ခိုက်ရန် မတ်တပ်ရပ်ခဲ့သော်လည်း တမန်တော်မြတ်၏ အမိန့်တော်ဖြင့် ပြန်ထိုင်လိုက်ရပေသည်။ ထို့နောက် တမန်တော်မြတ် သည် အေမာမ်အလီအား တိုက်ခိုက်ခွင့်ပေးခဲ့သည်။ တမန်တော်မြတ် သည် မိမိ၏ အမာမဟ်ကို အေမာမ်အလီ၏ ဦးခေါင်းတွင် ပတ် ပေးကာ မိမိ၏ ဓားကိုပေးပြီး အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် ဖြင့် တိုက်ခိုက်စေခဲ့သည်။ (6)

အေမာမ်အလီ (အစ)) ၏ တိုက်ခိုက်ချက်

အေမာမ်အလီ (အစ)) သည် ဦးစွာ အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် အား တစ်ပါးတည်းသာ ရှိတော်မူသော အရှင်မြတ် နှင့် ရေစာလသ် အပေါ် ရှဟာဒသ် ပေးရန် ဖိတ်ခေါ်ခဲ့သည်။ ၎င်းလက်မခံသည့်နောက်ပိုင်း၊ ၎င်း လာရာလမ်းမှ ပြန်လှည့်သွားရန် ပြောခဲ့သည်။ ၎င်းဘက်မှ လက်မခံသည့်နောက်ဆုံး ၊ ၎င်းအား မြင်းအပေါ်မှ ဆင်းလာပြီး မျမိနှင့် တိုက်ခိုက်ရန် ပြောလေသည်။ ၎င်းသည် လက်ခံခဲ့သည်။ အိဗ်နေ အဘီလ် ဟဒီးဒ်၏ ဖော်ချက်အရ အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် သည် မိမိ့မြင်းကိုပင် ရှာတွေ့ခဲ့သည် (7) သို့မဟုတ် မြင်း၏ မျက်နှာကို ရိုက်လိုက်ရာ မြင်းသည် ဒဏ်ရာများရရှိကာ ထွက်ပြေးသွားခဲ့သည်။ (8) အေမာမ်အလီ အစ နှင့် အတူရှိနေခဲ့သော ဂျာဘီရ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် အန်ဆွာရီ ၏ ဖော်ပြချက်အရ၊ အေမာမ်အလီ အစ နှင့် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် အကြား တိုက်ခိုက်မူသည် အရှိန်ပြင်းလာခဲ့သည်။ ထို့နောက် အေမာမ်အလီ အစ ၏ သက္က်ဘီးရ် ရွတ်ဆိုသံ ထွက်ပေါ်လာကာ မွတ်စ်လင်မ်များလုံးသည် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် အသတ်ခံလိုက်ရပြီ ဖြစ်ကြောင်းကို နားလည်သွားခဲ့ကြသည်။ (9) ထိုအဖြစ်အပျက်ကို ကိုယ်တိုင် မြင်တွေ့ခဲ့သည့် ဂျာဘီရ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် အန်ဆွာရီ သည် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် အသတ်ခံရပြီးနောက် အခြာား မုရှ်ရီက်များ ထွက်ပြေးခြင်းကို ဒါဝူးဒ် လက်ချက်ဖြင့် ဂျာလူးသ် အသတ်ခံရပြီးနောက် ဂျာလူးသ် တပ်သားများ ၏ ရှုံးနိမ့်မှုနှင့် နှိုင်းယှဥ်ထားသည်။ (10) သမိုင်းအထောက်အထားအရ၊ အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် အပြင် ၊ ၎င်း၏သားဖြစ်သူ ဟိစ်လ် သည်လည်း အေမာမ်အလီ အစ ၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရသည်။ (11) အချို့ ဖော်ပြချက်များ၌ လာရှိထားသည်မှာ အေမာန်အလီ အစ သည် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် သေဆုံးပြီးနောက့် သူ့၏ ‌ဦးခေါင်းကို တမန်တော်မြတ်၏ ရှေ့မှောက်၌ ချပေးခဲ့သည်။ ထိုအချိန် အဘူဘကရ် နှင့် အွမ္မရ် တို့သည် မတ်တပ်ရပ်ပြီး အေမာမ်အလီ အစ ၏ မျက်နှာကို နမ်းခဲ့ကြသည်။ တမန်တော်မြတ် ဆွ ၏ မျက်နှာတော်၌ ဝမ်းသာပီတိ ဖြစ်မူသည် ထင်းရှားနေကာ မိန့်တော်မူသည်မှာ ဤသည်မှာ (အစစ်အမှန်) အောင်ပွဲဖြစ်သည် သို့မဟုတ် မိန့်တော်မူသည်ကား၊ ဤသည်မှာ ပထမဆုံးသော အောင်ပွဲဖြစ်ပြီး မုရှ်ရီက် တုဖက်နှိုင်းယှဉ် ကိုးကွယ်သူ များ၏ ဘုန်းအသရေ ပျောက်ကွယ်သွားပြီး ယနေ့မှစ၍ ငါတို့ကို တိုက်ခိုက်တော့မည် မဟုတ်ပေ၊ ကျွန်ုပ်တို့သည် ၎င်းတို့ကို တိုက်ခိုက်မည့် သူများဖြစ်ပေသည်။ (12) အိဗ်နေ ရှဟ်ရ် အာရှုဘ် မာဇင်န်ဒရာနီ (ဟီဂျရီ ၅၈၈ ကွယ်လွန်) ) ရေးသားထားသည့် မနာကီဘုလ် အာလေအဘီသွာလီဘ် စာအုပ်၌ ဖော်ပြထားချက်အရ၊ အေမာမ်အလီ (အစ)) နှင့် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် တို့ တိုက်ခိုက်နေစဉ်အတွင်း ၊ အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ်သည် အေမာမ်အလီ (အစ ၏ မျက်နှာကို တံတွေးထွေးခဲ့သည်။ အေမာမ်အလီ အစ သည် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် အား မိမိ၏ ဒေါသကြောင့် မသတ်မိစေရန် သူ့ကို ခဏတာ ထားခဲ့သည်။ ဒေါသကို ငြိမ်းသတ်ပြီးနောက် သူ့ထံပြန်သွားကာ ၎င်းအား အရှင်မြတ်၏ လမ်းတော်၌ သတ်ခဲ့လေသည်။ (13) မောင်ဝ်လဝီ (ဟီဂျရီ ၆၇၂ ကွယ်လွန်) ) ကဗျာ၌ (သန့်ရှင်း၍ ရိုးရှင်းသော ကျင့်ဆောင်မှုကို အလီထံမှ သင်ယူရပေမည် ) ဟူ၍ ဤသို့အစပြုထားပြီး အထက်ပါသည့် ရေဝါယသ်ကို ဖော်ပြထားသည်။ (14) သန့်ရှင်း၍ ရိုးရှင်းသော ကျင့်ဆောင်မှုကို အလီထံမှ သင်ယူရပေမည် ၊ အမှန်တရား၏ ခြင်္သေ့ကို တွေံရှိခဲ့သည်။ ဓားတစ်ချောင်းကို အမြန်ကောက်ကိုင်လိုက်ပြီး သူ့ဆီ ပြေးသွား၏ ၊ ထိုကဲ့သို့ ဒေါသကို ပြေပျောက်စေသော သူသည် “ငါသည် ဓားထက် ထက်မြက်သူ ၊ အမှန်တရား အတွက်သာ တိုက်ခိုက်သူ ၊ ငါ၏ အလိုစိတ်အတွက် မတိုက်ပေ၊ ငါသည် အမှန်တရား၏ ခြင်္သေ့ ဖြစ်သည် ၊ ငါ့၏ လုပ်ဆောင်ချက်တိုင်းသည် သာသနာအတွက်သာ ဖြစ်ရစေမည် ၊ ” ဟုဆိုလေသည်။ (15) ရေဝါယသ် ကျမ်းကိုးများ၌၊ တမန်တော်မြတ် (ဆွ)) ထံမှ ကောက်နုတ်ထားသည်မှာ ၊ ခန်ဒက် စစ်ပွဲ၌ အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် ကို တိုက်ခိုက်ခဲ့သည့် အေမာမ်အလီ (အစ)) ၏ တိုက်ခိုက်ချက်အား ဂျင်န်များ နှင့် လူသားများအားလုံး ကိုးကွယ်မှုထက် သာလွန်ပေသည်။ (16) အဟ်လေစွန္နသ် တို့၏ ကျမ်းကိုး၌ လာရှိထားသည့် တမန်တော်မြတ် ဆွ ၏ ရေဝါယသ်တွင်၊ အီမာမ်အလီ အစ မှ အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် တမန်‌ေတာ်မြတ် မိန့်တော်မူသည်မှာ အို အလီ၊ ယနေ့ တိုက်ခိုက်ချက် ကျွန်ုပ်အွမ္မသ်၏ လုပ်ရပ်ထက် သာလွန်ပြီး ပိုမိုမြင့်မြတ်ကြောင်း သတင်းကောင်း ပါးပါသည်။ (17) အခြားရေဝါယသ်တစခု ၊ ဟာကင်မေနီရှာဘူရီး သည် မုစ်သဒ်ရကုလ် အလက်လ် ဆွဟီးဟိုင်း၌ ၊ တမန်တော်မြတ် ဆွ ထံမှ ကိုးကားထားသည်မှာ အလီ (အစ) ၏ တိုက်ခိုက်ချက်သည် ကေယာမသ်နေ့အထိ ကျွန်ုပ် အွမ္မသ်၏ ကျင့်ဆောင်မူများထက် ပိုမိုသာလွန်မြင့်မြတ်မူ ရှိပေသည်။ (18) အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် ကို သတ်ပြီးနောက်၊ အေမာမ်အလီ (အစ) သည် ၎င်း၏ ကိုယ်ပိုင်ပစ္စည်းများကို မယူခဲ့ပေ။ ထိုအခါ အာရဗ်လူမျိုးများတွင် စံနမူနာမရှိသော သူ၏ချပ်ဝတ်တန်ဆာကို အဘယ်ကြောင့် မယူခဲ့သနည်း ဟု မေးသောအခါ ၊ မိန့်တော်မူသည်မှာ ကျွန်ုပ် ဝမ်းကွဲညီအကို ၏ ခန္ဓာကိုယ်‌ေပါ်တွင် အကျည်းတန်မှုများကို ပြသရမည်ကို ရှက်မိသည်။ « إنّي استحيتُ أن أكشِفَ عن سوأة ابن عمّي » (19) အွမ်ရို၏ ညီမဖြစ်သူသည်လည်း ထိုအဖြစ်အပျက်ကို ကြားပြီးနောက် ငါ့အစ်ကို အသတ်ခံရတာကို နောင်တရမည် မဟုတ်‌ေပ အဘယ်ကြောင့်ဆိုသော် ငါ့အကိုသည် မြင့်မြတ်သူ၏ လက်ချက်ဖြင့် ၊ အသတ်ခံရသောကြောင့် ဖြစ်သည်။ ဤသို့ မဟုတ်ပါက ငါအသက်ရှင်နေသရွေ့ မျက်ရည်ကျလိမ့်မယ်။ ဟု ပြောခဲ့သည်။ (20)

အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် ၏ တည်ရှိမှု၌ သံသယရှိခြင်း

အိဗ်နေသိမ်မီယဟ် ၊ အဟ်လေစွန္နသ် ပညာရှင် ၊ စလဖီဂိုဏ်း အယူဝါဒကို တည်ထောင်သူ သည် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် ၏ တည်ရှိမှုကို ငြင်းပယ်ထားသည်။ (21) ၎င်းယုံကြည်ထားသည်မှာ ၊ ဘဒဲရ် နှင့် အဟ္ဒ် စစ်ပွဲများအပြင် အခြားသောတိုက်ပွဲများနှင့် စီးရီးများတွင်အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် ၏အမည်သည် သဲလွန်စမရှိသည့်အပြင် ခန်ဒက်စစ်ပွဲတွင် သူ့အကြောင်းပြောပြထားသည်များကို ဆွဟီဟိုင်းန် ဆိုလိုသည်မှာ ဆွဟီးဟ် မွတ်စ်လင်မ် နှင့် ဆွဟီးဟ် ဘိုခါရီ ကျမ်းများ တွင်ဖော်ပြထားခြင်းမရှိပေ။ (22) သို့သော်များလည်း ၊ ခန်ဒက်စစ်ပွဲတွင် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် ၏ တည်ရှိမှုနှင့်ပတ်ပြီး သမိုင်းကျမ်းကိုးများ ဖြစ်သည့် သာရီးခေသွီဘ်ရီ (23) နှင့် သာရီးခုလ် အစ္စလာမ် ဇီဟ်နီ (24) တို့တွင် ဖော်ပြထားပြီး အဟ်လေစွန္နသ် ပညာရှင် ဟာကင်မေနီရှာဘူရီး သည်၊ မုစ်သဒ်ရကုလ် အလက်လ် ဆွဟီးဟိုင်းန် စာအုပ်တွင် ဘဒရ်စစ်ပွဲ၌ အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် ၏ ရှိခဲ့ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုးကားဖော်ပြထားသည်။ (25) ထို့အတူ ၊ သမိုက်းကျမ်းကိုးတွင်၊ ဟစ္စာန် ဗင်န် စာ‌ဗီသ် ဆွဟာဘီ မှ တမန်တော်မြတ် သည် အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် သည် အေမာမ်အလီ ၏ ဓားချက်ဖြင့် အသတ်ခံရခြင်း နှင့်ပတ်သက်ပြီး ဂုဏ်ယူသည့် ကဗျာများ (26) ဝမ်းနည်းစရာကဗျာများ (27) မိုစာဖအ် ဗင်န် အဗ္ဗ်ဒုလ်မိုနာဖ် (28) ဟိုဘိုင်းရဟ် ဗင်န် အဘီဝဟက်ဘ် (29) ခန်ဒက် ကုတ်ကျင်းကို ဖြတ်ကျော်ခဲ့ကြသော အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် နှင့် အဖွဲ့သားများ (30) အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် ၏ ညီမ (31) တို့နှင့်ပတ်သက်ပြီး ဖော်ပြထားသည်။ အချို့သုတေသီများသည်၊ အိဗ်နေသိမ်မီယဟ် မှ အွမ်ရို ဗင်န် အဗ္ဗ်ဒိဝူဒ် ၏ တည်ရှိမှုကို ငြင်းပယ်ရခြင်း၏ ရည်ရွယ်ချက်မှာ အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုကို ငြင်းပယ်ရန် ဖြစ်သည်ဟူ၍ ယူဆထားကြသည်။ (31)