အောင်စ် ဗင်န် စာဘီသ်

wikishia မှ

အောင်စ် ဗင်န် စာဘီသ် ခဇ်ရဂျီ သည် တမန်တော်မြတ်(ဆွ) ၏ အန်ဆွာရ် ဆွဟာဘဟ် များအနက်မှ ဖြစ်ပြီး အဟွဒ် စသ်ပွဲ၌ ရှဟီးဒ် ဖြစ်သွားခဲ့သည်။ အချို့ အလင်းဖွင့်ဆိုသည့် ပညာရှင်များ၏ အဆိုအရ၊ စူရဟ် နိစာအ် အာယသ် ၇ သည် အမွေခွဲဝေခြင်း နှင့်ပတ်သက်ပြီး လာရှိထားပြီး ၊ ၎င်းရှဟီးဒ် ဖြစ်ပြီးနောက် ၎င်း၏ ပစ္စည်းဥစ္စာများကို အမွေခွဲဝေမှု နှင့်ပတ်သက်ပြီး ကျရောက်ခဲ့သည်။

ပုဂ္ဂိုလ် မိတ်ဆက်

အောင်စ် ဗင်န် စာဘီသ် မန်ဇဲရ် သည်၊ တမန်တော်မြတ်(ဆွ) ခေတ်ကာလ၌ ကျော်ကြားသော ကဗျာဆရာ ဟစာန် ဗင်န် စာဘီသ် ၏ ညီအကို ဖြစ်သည်။ ၎င်းသည် ဗနီ အွမ်ရို ဗင်န် မာလီက် မိသားစုမှ ဖြစ်ပြီး ၊ ဗနီနဂျာရ် မျိုးနွယ်မှ ဆင်းသက်လာကာ ခဇ်ကဂ်ျ မျိုးနွယ်ဝင်ဖြစ်သည်။ ၎င်းသည် အုက္က်ဗဟ် ဘိုင်အသ်တွင် ရှိခဲ့သည် ။ (1) တမန်တော်မြတ်(ဆွ) မဒီနဟ်သို့ ဟီဂ်ျရသ် လုပ်လာခြင်းဖြင့် ၎င်းသည် အန်ဆွာရ် များထဲမှ တစ်ဦးဖြစ်လာခဲ့သည်။ (2) ၎င်းသည် မဒီနဟ်ရှိ မိမိ၏ အိမ်တွင်၊ အွစ်မာန် ဗင်န် အဖ္ဖာန်ကို ဧည့်ခံခဲ့သည်။ (3) ကျော်ကြားသော အဆိုအရ၊ အောင်စ် သည် အဟွဒ် စသ်ပွဲ၌ ရှဟီးဒ် ဖြစ်ခဲ့သည်။ (4) အခြားရေဝါယသ် တစ်ခုတွင်၊ ၎င်းအား ဘဒဲရ် ၊ အဟွဒ် နှင့် ခန်ဒက္က် ၏ မိုဂျာဟီဒ် များအနက်မှ ဖြစ်သည်ဟု မိတ်ဆက်ထားကာ အဠစ်မာန် ဗင်န် အဖ္ဖာန် ခေလာဖသ် ခေတ်ကာလ၌ ဆုံးပါးသွားသည်ဟု သတ်မှတ်ထားသည်။ (5)

အမွေဆက်ခံခြင်း အဖြစ်အပျက်

ကုက်အာန် အလင်းဖွင့်ဆိုသူများသည်၊ စူရဟ် နိစာအ် အာယသ် ၇ အား အလင်းဖွင့်ဆိုရာ၌၊ နှင့် ဤအာယသ်သည် အောင်စ် ဗင်န် စာဘီသ် ရှဟီးဒ် ဖြစ်ပြီးနောက် ကျရောက်ခဲ့သည်။ သို့ဖြစ်ရာ ဂျာဟေလီယသ်၏ ဓလေ့တွင် အိမ်ထောင်ဖက် ဇနီးမယား နှင့် သားသမီးငယ်များကသည် အမွေဆက်ခံခြပိုင်ခွင့် မရှိပေ။ (6) ဇနီး နှင့် သမီးများသည် အမွေမဆက်ခံ‌ရပေ။ (7) အောင်စ် ရှဟီးဒ် ဖြစ်ပြီးနောက်၊ ၎င်း၏ ဝမ်းကွဲညီအကိုများသည် ၎င်း၏ ပိုင်ဆိုင်မှု အားလုံးကို သိမ်းပိုက်ခဲ့သည်။ (8) သမီးငယ် သုံးယောက်ရှိသော အောင်စ် ၏ ဇနီးသည် တမန်တော်မြတ် ထံတော်သို့ သွားရောက်ခဲ့သည်။ တမန်တော်မြတ်(ဆွ)သည် အောင်စ် ၏ ဝမ်းကွဲညီအကိုများအား ဤကိစ္စနှင့်ပတ်သက်ပြီး အာယသ်တော် ကျရောက်လာသည်အထိ အောင်စ်၏ အမွေဆက်ခံမှုကို ရယူခြင်းမှ ရှောင်ကြဉ်ရန် အမိန့်ပေးခဲ့သည်။ (9) ၎င်းတို့သည်လည်း စူရဟ် နိစာအ် အာယသ် ၇ ကျရောက်လာသည့်မထိ တမန်တော်မြတ်(ဆွ)၏ အမိန့်တော်ကို နာခံလိုက်နာခဲ့သည်။ (10)